Sunday, January 5, 2014

Event Viewer အကြောင်း တစေ့တစ်စောင်း




ကျွန်တော်အခုပြောချင်တဲ့ အကြောင်းအရာကတော့
Computer Services သမားအများစုကတော့ သိကြ
မှာပါ... ဒါပေမယ့် သာမာန် End User တွေအတွက်လည်း
သိထားသင့်တယ်ထင်လို့ ရေးလိုက်ရခြင်းဖြစ်ပါသည်။

ဘာလည်း Event Viewer ????
တစ်ကယ်တော့ Event Viewer ဆိုတာကတော့ကျွန်တော်
တို့ Window တွေ Run ထားတဲ့အချိန်မှာ System Error
တွေ၊ Application Error တွေ၊ Security Error ပိုင်းတွေ
ကို အချိန်၊ နေ့စွဲအလိုက် ပြန်လည် စစ်ဆေးပီးနောက်
၎င်းတွင်းဖော်ပြသော Error Message တွေ၊ Warnning
Message တွေကို ဖတ်ရှုပီးတော့ ပြင်ဆင်နိုင်သည့်နေရာ
ဖြစ်ပါတယ်။ ကဲ စကားပလ္လင်တွေများသွားပီ စလိုက်ရအောင်
အရင်ဆုံးကျွန်တော်တို့ Run Box ထဲကနေပီးတော့
“eventvwr” ဆိုပီးရိုက်လိုက်ပါမယ့်



ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း ပေါ်လာပါ့မယ်



ဒီနေရာမှာ ကျွန်တော်တို့က Windows Logs ဖိုင်ကနေပီးတော့
ဘယ်အချိန်မှာ ဘယ်လို Error Message တွေ Warnning Message
တွေရှိသလည်းဆိုတာကို စစ်ဆေးပါမယ်။ဒါကြောင့် အရင်ဆုံး လေးထောင့်
ကွင်းထဲကနေ System ဆိုတာကို တစ်ချက် Expend လုပ်လိုက်ပါမယ်။
ဒီအခါမှာတော့ကျွန်တော်တို့က System ရဲ့ Number of Event ဆိုတဲ့
Box ထဲကနေ Scroll Bar ကိုဆွဲပီး ကြည့်လိုက်တဲ့အခါမှာတော့
အောက်ဖော်ပြပါ Error Message ပေါ်နေတာကိုတွေ့ရပါတယ်



စာဖတ်သူတို့ဆီမှာကတော့ယခုလို Error Message အပြင် အခြားသော
Error Message တွေကိုလည်းဖော်ပြပေးမှာဖြစ်ပါတယ်။ အခုတော့ ကျွန်တော့
စက်ထဲမှာရှိတဲ့ Error Message တွေနဲ့ ပတ်သက်ပီးတော့ ရှင်းပြပေးပါ့မယ်။
ယခုလက်ရှိ အထက်ပါပုံအရ မှာတော့ Error ရဲ့ အပေါ်ဆုံးမှာကတော့ Level
ဖြင့် ဖော်ပြပေးပီး အလယ်ကတော့ Date & Time ဆိုတာက ၄င်း Error ကို
ဖြစ်ခဲ့တဲ့ အချိန်နှင့် နေ့စွဲကို အတိအကျဖော်ပြပေးခြင်းဖြစ်ပီးနောက်ဆုံးတစ်ခု
Disk ရဲ့ အပေါ်မှာကတော့ Source ဖြစ်ပါတယ်။ သူကတော့ ထို Error ရဲ့
မူရင်းဇစ်မြစ်ကိုဖော်ပြပေးတာဖြစ်ပါတယ်။ ဒီ့နောက်ကျွန်တော်တို့က ၄င်း
Error ကို Double Click နှိပ်လိုက်တဲ့အခါမှာတော့



အထက်ပါပုံအတိုင်းမှ General Tab အတွင်းတွင် မှင်အနီနှင့် ပြထားပါတယ်
အဓိကဖြစ်တဲ့ Error ကတော့ မိမိတို့ ကွန်ပျူတာအတွင်းမှာ CD Drive အတွင်း
အခွေဖတ်နေတုန်းမှာ ရုတ်တရက် အခွေထုတ်လိုက်တဲ့အချိန်မျိုးမှာ ဖြစ်သွားတာ
ပါ။ နောက်တစ်ချက် ဒီထက်ကြီးမားတဲ့ Error မျိုး ဆိုလျှင် မျှားအနီလေးပြထားသော
Event ID ဆိုတဲ့ နေရာမှ ID ကိုယူပီး Online မှာလည်း “how to fix event id 11
On windows 7” ဆိုပီးတော့လည်း ရိုက်ပီးရှာလို့ရပါတယ်။ ဒါကတော့ Disk နှင့် ပတ်
သက်ပီးတော့ Error Message အကြောင်း သိကောင်းစရာလေးဖြစ်ပါတယ်။
နောက်တစ်ခုကတော့



အထက်ပါပုံမှာတော့ Warning Message ဖြစ်ပါတယ်။ သူ့ရဲ့ Source ကတော့
Time-Serive ဖြစ်ပါတယ်။ သူ့ကို Double Click နှိပ်ပီး ကြည့်ကြည့်သော်....



ဖြစ်ပျက်ခဲ့တဲ့ Error Message အရ ကျွန်ပျူတာမှာ အင်တာနက်သုံးနေတုန်း
မှာ ရုတ်တရက် Internet Connection ပြတ်တောက်သွားခြင်းဖြစ်ပါတယ်။
မိမိက Web Site တစ်ခုခုကို Searching လုပ်နေတုန်းမှာ Connection ရုတ်
တရက် မရတော့ သောကြောင့် ပေါ်လာခြင်ဖြစ်ပါတယ်။ ၄င်းကိုလည်းအသေး
စိတ်သိလိုသောအခါ Event ID ကိုယူ၍ အွန်လိုင်းတွင်လည်း ရှာဖွေကြည့်ရှု
နိုင်ပါတယ်။ဘာကြောင့် အွန်လိုင်းပေါ်မှာ ရှာခိုင်းသလည်းဆိုတော့ တစ်ခါတစ်
လေ မိမိ မတွေ့ဖူးသော Error Message တွေ ကြုံလာတဲ့အခါမှာ မိမိက အမြဲ
တမ်းရှာဖွေကြည့်နေပါက အလွယ်တကူပင် မည်သည့် ID ဆိုလျှင် မည်သည့်
Error ဆိုတာကို ရုတ်တရက် ဆုံးဖြတ်နိုင်အောင် ဖြစ်ပါတယ်။နောက်ထပ်
Message တစ်ခုကတော့



သူ့ရဲ့ Source က DNS Client Events ဖြစ်ပါတယ်။ သူ့အား Double Click
ဖြင့် Error Detail Checking လုပ်ကြည့်သော်...



အထက်ပါပုံအရ Error Message အတွငးမှာတော့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်း
အရာက store.winzip.com သို့ Searching လုပ်နေသည့်အခါမှာ ၄င်း စိုက်ဒ်
က request time out ပုံစံဖြစ်သွားတာကို ပြထားတာဖြစ်ပါတယ်။ အသေးစိတ်
သိလိုသော Event ID ကိုယူ၍ ကြည့်ရှုပါရန်....



အထက်ပါပုံအရ Error Message ကတော့ ၀င်းဒိုးရဲ့ အသံစနစ်ချွတ်ယွင်းခြင်း
ကိုဖော်ပြခြင်းဖြစ်ပါတယ်။ဒီလောက်ဆိုရင် Error Message ကို Detail အကြမ်း
ဖျဉ်းဖတ်တတ်လောက်ပီလို့ထင်ပါတယ်။ အလားတူပင် မူရင် Home Page
အတွင်းရှိသော Application , Security, Setup စသည်တို့ကိုလည်း ကြည့်ရှု
ပီး မည်သည့်အချိန် မည်သည့်ရက်အတွင်း မည်သို့သော Error ကို ဖြစ်သွားသည်
ကို အလွယ်တကူသိရှိနိုင်ပါတယ်။ယခုဖော်ပြပါ Post အတွင်း မရှင်းလင်းမှုများ
အား Suggest လုပ်ပါက လည်း Suggest လုပ်နိုင်ပါတယ်။ အားလုံးပဲ အဆင်
ပြေပါစေလို့ မျှော်လင့် ဆုတောင်းရင်း..
Cristiano Zarni@ ဦးဇာနည်