Saturday, February 22, 2014

Window8 ရဲ့ “Operation System not found” ကိုဖြေရှင်းနည်း



Window8 ရဲ့ “Operation System not found”  ကိုဖြေရှင်းနည်း


ဖြစ်ပုံက တစ်နေ့ ကျွန်တော်လည်း ကျွန်တော့်ဆရာအိမ်မှာ စက်တွေသွား
ဆင်နေတုန်း Customer တစ်ယောက်က ဖုန်းလှမ်းဆက်လို့ သူ့ဝင်းဒိုး၈ ကြီး
က ဘာမှ မတက်လာတော့ပဲ “Operation system not found” ဆိုပီးတော့ပဲ
ပေါ်နေတယ်ဆိုလို့ ကျွန်တော် Customer Site ထဲကိုရောက်သွားတယ်။ဟို
ရောက်တော့ ကျွန်တော်လည်း စက်ကိုဖွင့်ကြည့်လိုက်တယ်။ ဟုတ်ပါတယ်။


“Operation system not found” ဆိုပီး နောက်ခံ Screen အမဲရောင်ကြီး
နဲ့ ပဲ ပေါ်နေတော့ ကျွန်တော်လည်း Window 8 ဆိုတော့ အခွေကို Drive
ထဲထည့်ပီး Boot တက်ပီး System Repair လုပ်မယ်ဆိုပီးတက်လိုက်တယ်။
အခွေကို မဖတ်ပဲ “Operation system not found” ဆိုတာပဲပေါ်နေတယ်။
ကျွန်တော်လည်း အခွေမကောင်းဘူးထင်ပီး နောက်ထပ် ၀င်းဒိုးအခွေကိုထပ်
ထည့်ပီး Boot တက်ကြည့်တယ်။ မရပြန်ဘူးဗျ။ ဒါနဲ့ ထုံးစံအတိုင်းပေါ့........
Hiren’s Boot CD ကိုထည့်ပီး Boot တက်ကြည့်တော့လည်းမရဘူး။ဖြစ်ချင်
ရာဖြစ်ဆိုပီး Window7 ကိုတန်းတင်မယ်ဆိုပီး Window7 အခွေထည့်ပြန်
တော့လည်း Boot မတက်လာဘူး။ ဒါနဲ့ အခွေကိုမဖတ်တော့ ODD မကောင်း
ဘူးထင်ပီး ကျွန်တော့ Services လက်ဆွဲတော် Portable Linux သွင်းထားတဲ့
USB Stick ကိုတပ်ပီး Boot တက်ကြည့်ပြန်တော့လည်း ဘယ်လိုမှ Boot တက်
မလာဘူး... ကျွန်တော်လည်း တော်တော်လေး ခေါင်းခြောက်သွားတယ်ဗျ....

ဒါနဲ့ FB မှာ Status (Post) တင်လိုက်တယ်။ ကျွန်တော့် နည်းပညာညီအကို
မောင်နှမတွေဝင်ဖြေပေးကြပါတယ်။ ကျွန်တော်လည်းသူတို့ Comment တွေ
အတိုင်းကြိုးစားကြည့်တယ်။ ကျွန်တော့်ဘာသာ Googling လုပ်ပီး ထွက်လာတဲ့
Result တွေအတိုင်းကြိုးစားကြည့်တယ် မရဘူး။ ဘာလို့လည်းဆိုတော့ဘယ်
လိုမှ Boot Devices တွေကို Boot မလုပ်တဲ့အတွက်ကြောင့်ပေါ့။ ဒါနဲ့ ကျွန်တော်
Hardware Error တက်တယ်ထင်ပီး စက်ကိုဖွင့်လိုက်တယ်။ ပီးတော့ အရင်ဆုံး
CMOS Battery ကိုဖြုတ်ပီး CMOS Clear လုပ်ကြည့်တယ်။ မရဘူး။ HDD, RAM
တွေကိုလည်း Replacement လုပ်ကြည့်တယ်။ ဘယ်လိုမှမရဘူး။ဒါနဲ့ ပဲ တစ်ရက်
ပြစ်ထားလိုက်တယ်။ နောက်နေ့မနက်ကျတော့ ပြန်စမ်းကြည့်တယ်။ အလားတူပါ
ပဲ။ ဘာမှ ထူးမလာဘူး.. ဒီလိုနဲ့ FB ပေါ်တစ်ချက်တက်ကြည့်လိုက်တယ်။ ကျွန်တော့
Post အောက်မှာ အန်တီဝမ်း (စပါယ်ရှယ်ဝမ်း) Comment ပေးထားတာလေးကို
သွားတွေ့တယ်။ UEFI ဆိုတာလေးကိုပေါ့... ဒါနဲ့ ကျွန်တော်လည်း စက်ကို ချက်ချင်း
ဖွင့်ပီး BIOS ထဲကိုဝင်လိုက်တယ်။ပီးတော့

Boot menu အောက်မှာရှိတဲ့ Boot Mode: မှာ Default အတိုင်းဖြစ်နေတာက
UEFI Mode ပါ။ ကိုကြီးဝင်း (၀င်းကမ္ဘာကျော်)ပြောတာက UEFI Mode ဖြစ်နေရင်
ဘယ် Boot Devices ကိုမှ Enable မပေးဘူးဆိုတာကြောင့် ကျွန်တော်လည်း
လက်ရှိ Default mode ဖြစ်တဲ့ UEFI ကို Legacy BIOS Mode ကိုပြောင်းပီး


First Boot Devices မှာ ကျွန်တော့ USB  ကိုပေးပီး ပါဝါကိုပိတ်ပီး ပြန်ဖွင့်လိုက်တဲ့
အခါမှာ Stick ကို Boot လုပ်တဲ့အတွက်ကြောင့်ပျော်သွားပီး ပါဝါပြန်ပိတ်ပီး ၀င်းဒိုး
၈ အခွေကို ထည့်လိုက်တယ်။ ပီးတော့ Boot Device ကို DVD ကို ပြန်ပီး Forword
လုပ်ပီး ပါဝါပြန်တက်လိုက်တယ်။ ၀င်းဒိုး ၈ ရဲ့ ဖိုင်တွေကို စတင်ပီး Loading ဆွဲလာပါ
ပီ။ ဒါနဲ့အောက်ပါပုံအတိုင်း


Window Setup အပိုင်းရောက်တဲ့အခါမှာကျွန်တော်တို့က Next ကိုနှိပ်လိုက်ပါမယ်။
ဒါဆိုရင်အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။


ဒီနေရာမှာ ကျွန်တော်တို့က Window System ကိုပဲ Repair လုပ်မှာဖြစ်ပါတယ်။
ဒီလိုပြဿနာမျိုးက Window XP မှာဆိုရင် NTLDR Missing ပြဿနာဖြစ်ပီး
Window7 မှာဆိုရင်တော့ Bootmgr ပျောက်သွားတာမျိုးဖြစ်ပီး ယခု Window8
မှာကတော့ Operation system not found ဆိုပီးပြတာပါ ဒါကိုကျွန်တော်တို့က
System Repair လုပ်လိုက်ရုံနဲ့ ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Install Now
ဆိုတာကိုမနှိပ်ပဲ Repair your computer ဆိုတာကို နှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့
အောက်ပါပုံအတိုင်း


ပေါ်လာတဲ့အခါမှာတော့ ကျွန်တော်တို့က Troubleshoot ဆိုတဲ့ Menu ထဲကို
ဝင်လိုက်ပါမယ်။ဒီအခါမှာတော့



ဆက်ပီး Advanced options ဆိုတဲ့ Tab ထဲကို ထပ်ဝင်လိုက်ပါမယ်။ပီးသွားရင်တော့

 
Command Prompt ဆိုတာကိုနှိပ်လိုက်တဲ့အခါမှာတော့


\
Recovery Consol ပေါ်လာပါတယ်။ ဒီနေရာမှာသူက  Command Prompt  မြင်
ကွင်းမှာ X:\Sources>ဆိုပီးတော့ပဲပေါ်နေမှာပါ ဒီနေရာမှာကျွန်တော်တို့ရိုက်ရမယ့်
Command က “Bootrec /fixmbr “ ဆိုပီးရိုက်ပီး Enter ခေါက်လိုက်တဲ့အခါမှာတော့
The operation completed successfully ဆိုပီးပြပါမယ်။ ကျွန်တော်တို့က နောက်ထပ်
Command တွေကိုထပ်ရိုက်ရပါဦးမယ်။ဒီတော့ကာ....


ဆက်ပီးရိုက်ရမယ့် Command က “Bootrec /fixboot ” ဆိုပီးထပ်ရိုက်ပီး
Enter ခေါက်လိုက်ပါမယ်။ ဒီနေရာမှာလည်း Operation completed successfully
ဆိုပီးတော့ ပြနေရပါမယ်။ အကယ်လို့များမပြဘူးဆိုရင်တော့ အခွေကိုပြောင်းပီး
တော့ ထပ်စမ်းရမှာဖြစ်ပါတယ်။ဒီနောက် နောက်ထပ် ထပ်ရိုက်ရမယ့် Command
ကတော့

Bootrec /rebuildbcd” ဆိုပီးထပ်ရိုက်ရပါမယ်။ ဒီနေရာမှာတော့ Operation
System မှာ Missing ဖြစ်သွားတဲ့ ဖိုင်တွေကို လိုအပ်တဲ့အစိတ်အပိုင်းတွေ
Copy လုပ်နေတာဖြစ်ပါတယ်။ သူ့အတွက်ကြာချိန်ကတော့ တစ်မိနစ်သာ
သာပဲရှိပါတယ်။ အကယ်လို့ Successfull ဖြစ်သွားမယ်ဆိုရင်တော့ အောက်ပါ
ပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။


ဒီအခါမှာတော့ ကျွန်တော်တို့က Operation System fail ဖြစ်တာကို
Recovery Consol အောက်ကနေ Command Line Interface ကိုသုံး
ပီး ပြင်ဆင်လိုက်ပီးဖြစ်လို့ အဆင်ပြေသွားပါပီ ဒီတော့ ကျွန်တော်တို့
က ပြန်ထွက်မှာဖြစ်တဲ့အတွက်ကြောင့်


CLI Mode ထဲကနေပဲ “exit” လို့ရိုက်လိုက်ပါမယ်။ဒါဆိုရင်တော့


အထက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့က
ကွန်ပျူတာကိုပိတ်ဖို့အတွက် Turn off your PC ဆိုတာကိုရွေးပေးလိုက်ပီး
ဝင်းဒိုးပြန်တက်လာတဲ့အခါမှာသင့်ရဲ့ “Operation system not found” ဆို
တဲ့ ၀င်းဒိုး ၈ ကြီးမှာကြုံတွေ့နေရတဲ့ ပြဿနာကို ရှင်းလင်းပီးသွားပီးပုံမှန်
အတိုင်းပဲ ၀င်းဒိုးတက်လာမှာဖြစ်ပါတယ်။ အားလုံးပဲအဆင်ပြေမယ်လို့
ယုံကြည်မျှော်လင့်ပါတယ်။ သြ... Recovery Consol မှာ ရိုက်ရမယ့် Command
ကို သုံးခုထဲနော်...
၁- Bootrec /fixmbr
၂- Bootrec /fixboot
၃- Bootrec /rebuildbcd
ဆိုတဲ့ သုံးခုတည်းနော်....... ယခု Post ကိုဖြေရှင်းဖို့အတွက် Adivce
Source ကို ပေးသော အန်တီဝမ်း (ခ)စပယ်ရှယ်ဝမ်းနှင့် အခြားအခြားသော နည်းပညာညီအကိုမောင်နှမအားလုံးတို့အား ဂုဏ်ပြုလျှက်......
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

Thursday, February 6, 2014

သင့် Computer ကို Desktop Gadget လှလှလေးတွေဖန်တီးရအောင်



သင့် Computer ကို Desktop Gadget လှလှလေးတွေဖန်တီးရအောင်



အထူးသဖြင့် ကွန်ပျူတာကို အလှဆင်လိုသူများအတွက်ဖြစ်ပါတယ်။
သာမာန်အားဖြင့် ကျွန်တော်တို့ ကွန်ပျူတာရဲ့မျက်နှာပြင်ကို RainMeter
တို့ ၊ Skin Pack တို့ဖြင့် အလှဆင်ကြတာများပါတယ်။ သာမာန်ထိုကဲ့
သို့သော Software များကို မသုံးပဲ ၀င်းဒိုးမှာ Default ပါတဲ့ Third Party
Utility ဖြစ်တဲ့ Gadgets များဖြင့်လည်း အလှဆင်လို့ရပါတယ်။ လုပ်ဆောင်
ပုံကတော့ ကျွန်တော်တို့ Desktop အလွတ်နေရာမှာ Right Click နှိပ်ပီး
Gadgets ဆိုတာကိုဝင်လိုက်ရင်


အထက်ပါပုံအတိုင်းပဲ Gadgets က ၀င်းဒိုးမှာ ပါတဲ့အတိုင်းပဲ  ၉ ခုလောက်ပဲတွေ့ရမှာ
ပါ။ အခုကျွန်တော်ပေးမယ့်ဖိုင်ထဲကနေ မိမိစိတ်ကြိုက် Gadgets တွေကို စိတ်ကြိုက်
သွင်းလိုက်တဲ့အခါမှာတော့


အထက်ပါပုံအတိုင်း အမြောက်အမြား ရရှိလာမှာဖြစ်ပီး မိမိနှစ်သက်ရာ Gadgets
ကို သင့်ကွန်ပျူတာမျက်နှာပြင်တွင် အလှဆင်နိုင်မှာဖြစ်ပါတယ်။လိုအပ်တဲ့
ဖိုင်ကိုတော့ ဒီနေရာမှာဒေါင်းမယ်  ဖိုင်စိုက်ဒ်အားဖြင့်လည်း 3MB လောက်
သာရှိတဲ့အတွက် အလွယ်တကူပင်ဒေါင်းလုပ်ဆွဲယူနိုင်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

Tuesday, February 4, 2014

Boot Camp သုံးပြီး Window 7 ကို MAC မှာ Install လုပ်မယ်



Boot Camp သုံးပြီး Window 7 ကို MAC မှာ Install လုပ်မယ်

 
ကျွန်တော်တို့ ၀င်းဒိုးအသုံးပြုသူနဲ့ ကွန်ပျူတာအသုံးပြုသူအများစုက
Microsoft Platform ပေါ်မှာပဲ Dual Window အကြောင်းကို ရေးသား
ကြတာများပါတယ်။ ဥပမာ- Linux + Window XP, Linux + Window7
Window7 + Window 8 စသဖြင့်ပေါ့... အခုကျွန်တော်ပြောမယ့်အကြောင်း
အရာကတော့မတူညီတဲ့ Platform နှစ်ခုမှာပဲ Dual Boot အကြောင်းဖြစ်ပါတယ်။
MAC + Window7 ဖြစ်ပါတယ်။
လိုအပ်ချက်တွေကတော့..
  1. သင့်ရဲ့ MAC မှာ Firmware တွေအားလုံးကို Update ဖြစ်နေရပါမယ်။
  2. Window 7 နှစ်သက်ရာ Version အခွေတစ်ချပ်
  3. A Mac OS X Snow Leopard သို့မဟုတ် Mac OS X Lion installation DVD
  4. Boot Camp version 3.3 (4.0 for Mac OS X Lion) တို့ဖြစ်ပါတယ်။
အသိပေးချက်
ဒီလုပ်ဆောင်ချက်ကိုမလုပ်ဆောင်မှီမှာ အခု ရေးသားပေးထားသော Post
ကို Reference လုပ်ဖို့ Print Out ထုတ်ပီးလုပ်ဆောင်စေလိုပါတယ်။
1.  အောက်ပါပုံအတိုင်းမှ  Finder and Applications ကိုဝင်လိုက်ပါ။
ပီးသွားရင်တော့Utilitiesကိုဝင်ပီးBoot Camp Assistant ကို
Double Click နှိပ်လိုက်ပါ။



2.  ဒီ့နောက်ပေါ်လာမယ့် မြင်ကွင်းမှာContinue ကိုနှိပ်လိုက်ပါမယ်။

3. ဒီနေရာမှာ ကျွန်တော်တို့က၀င်းဒိုး ၇ ကိုအသုံးပြုဖို့အတွက် Partition
တစ်ခုသတ်မှတ်ပေးရပါမယ်။ဝင်းဒိုး ၇ကို အသုံးပြုဖို့အတွက် အနည်းဆုံး
16 GB Hard disk Space ရှိကိုရှိနေရပါမယ်။ဘာကြောင့်လည်းဆိုတော့
ဝင်းဒိုး၇ ကိုတင်ပီးသွားတဲ့အချိန်မှာ အခြား အခြားသော Program တွေ
ကိုထပ်မံသွင်းဖို့အတွက် နေရာတစ်ခါတည်းသတ်မှတ်ပေးရမှာမို့လို့ပါ
သင့်ရဲ့ MAC မှာ HDD Space သာများများစားစားရှိနေမယ်ဆိုရင်ဒီထက်
မကလည်း သတ်မှတ်ပေးလို့ရပါတယ်။ဥပမာအနေနဲ့ သင်ဟာ Microsoft
Office 2010 Professional Version ကိုအသုံးပြုမယ်ဆိုရင် သူ့တစ်ခုတည်း
အတွက်တင် Space က 3GB ၀န်းကျင်လောက်နေရာယူမှာမို့လို့ပါ။


 
4.  တစ်ချိန်တည်းမှာပဲ သင်ဟာ ၀င်းဒိုး ၇ အတွက် Drive Space ဘယ်လောက်
ထားမလည်းဆိုတာသတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့
အောက်ပါပုံအတိုင်း Space ကို သတ်မှတ်ထားပီး Partition button ကို နှိပ်လိုက်
ပါတယ်။အလားတူပဲ Divide Equally Button ကိုလည်း နှိပ်ပီး Partition ကိုသတ်
မှတ်ပေးလို့ရပါတယ်။ထို့နောက်တော့ အောက်ပါပုံအတိုင်းသင်သတ်မှတ်ထားတဲ့
Partation Size အတွက် Creating လုပ်နေပါပီ။


5. Partition ကို Created လုပ်ပီးသွားတဲ့အချိန်မှာတော့ အောက်ပါပုံအတိုင်း
သင့်ရဲ့ Desktop မှာ သင်သတ်မှတ်ထားတဲ့ Partition Size အတိုင်း
BOOTCAMP ဆိုတဲ့ Drive Icon လေးပေါ်လာမှာဖြစ်ပါတယ်။


6. ဒီ့နောက်တော့ သင့်ရဲ့ CD Drive ထဲသို့သင်နှစ်သက်ရာ Window7 DVD
ကို ထည့်ပီး အောက်ပါပုံအတိုင်းတက်လာတဲ့အခါကျရင် Start Installation
Button ကို နှိပ်ပေးလိုက်ပါမယ်။


7. ဒီအချိန်မှာ သင့်ရဲ့ MAC OS ကို restart ကျသွားပီး Window7 DVD ကို
Boot လုပ်နေပါမယ်။ဒီအချိန်မှာ ကျွန်တော်တို့ ပုံမှန် Microsoft Platform
မှာ Window Install လုပ်သလိုပဲ ဘယ် Partition မှာ Install လုပ်မှာလည်း
ဆိုတာကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ခုနက
Created လုပ်ထားတဲ့ BOOTCAMP ကို Click နှိပ်ပီး အောက်ဖော်ပြပါပုံအတိုင်း
Drive Options (Advanced) ဆိုတာကို နှိပ်လိုက်ပါမယ်။


8. တစ်ချိန်တည်းမှာ ကျွန်တော်တို့က BOOTCAMP ဆိုတဲ့နေရာမှာပဲ Selected
မှတ်ထားပီးသားဖြစ်နေပါမယ်။ ဒီနောက် အောက်ပါပုံအတိုင်းမှ Format ဆိုတာကို
နှိပ်လိုက်ပါမယ်။


9. ထိုအခါ အသိပေးတဲ့အနေနဲ့ Message Box တက်လာပါမယ်။ ကျွန်
တော်တို့က OK ကိုပဲ နှိပ်လိုက်ပါမယ်။


10. ဒါဆိုရင်တော့ ကျွန်တော်တို့ ပုံမှန် Window 7 ကိုတင်နေသလိုပဲ Progress
က သွားနေမှာပါ။၁၀၀ % ပြည့်သွားတဲ့အခါမှာ System က Auto Reboot လုပ်
ပါလိမ့်မယ်။ ဒီအချိန်မှာ အရေးကြီးဆုံးက သင့်ရဲ့ Window7 DVD ကို ဖယ်ထား
ပေးရမှာဖြစ်ပါတယ်။




11. Window7 DVD ကိုဖယ်ပီးသွားတာနဲ့ သင့်ရဲ့ Mac က အလိုအလျောက်
Windows7 ကို အလိုအလျောက် Boot back လုပ်သွားပီးပုံမှန် Window7 ကို
သွင်းသလိုပဲ Language, Keyboard Layout, Product ID စသည့် Settings
များကို သတ်မှတ်ပေးလိုက်ပါမယ်။

12. Windows7 ကို Installation ပိုင်း ပြီးမြောက်သွားတဲ့အခါမှာတော့သင့်ရဲ့
မူရင် MAC OS DVD ကို Drive ထဲထည့်လိုက်ပါမယ်။ အောက်ပါပုံအတိုင်း
AutoPlay Service တက်လာတဲ့အခါမှာတော့ RunSetup.exe ဆိုတာကို
နှိပ်ပေးလိုက်ပါမယ်။ 


13. ဒီအခါမှာတော့အောက်ပါပုံအတိုင်းမှ Boot Camp Installer တက်လာပီ
ဆိုရင် Next ကို နှိပ်ပေးလိုက်ပါမယ်။ 


14.ထုံးစံအတိုင်းI accept the terms in the license agreementကိုရွေးပီး
Next ကို နှိပ်လိုက်ပါမယ်။


15.ဒီနေရာမှာတစ်ခုပြောချင်တာကApple Software Updatefor Windows
ကို အမှန်ခြစ်လေးပေးထားပီးမှ Install ကို နှိပ်ပေးလိုက်ပါမယ်။


16. ထိုအခါမှာတော့ Boot Camp Installer က လိုအပ်တဲ့ Driver များကို
Install လုပ်နေပါလိမ့်မယ်။ အောက်ပါပုံအတိုင်းပေါ့.....


17.ထိုကဲ့သို့ Install လုပ်နေချိန်နှင့်တစ်ပြိုင်တည်း Notification Bar မှာလည်း
Driver တွေ Install လုပ်နေကြောင်းကို ပြပါလိမ့်မယ်။ 


18. လိုအပ်တဲ့ Driver တွေသွင်းပီးသွားတဲ့အခါမှာတော့ အောက်ပါပုံအတိုင်း
မှ Finish ဆိုတာကို နှိပ်ပေးလိုက်ပါမယ်။


19. ဒီအခါမှာအောက်ပါပုံအတိုင်း သင့်ရဲ့ System ကို Restart ချဖို့အတွက်
တောင်လာပါလိမ့်မယ်။ ကျွန်တော်တို့က ခုနက ထည့်ထားတဲ့ OS X DVD ကို
Drive ထဲကနေ ဖယ်ထားပီးတော့ Yes ဆိုတာကို နှိပ်ပေးလိုက်ပီး System ကို
Restart ချလိုက်ပါမယ်။ 


20.Operating System ပြန်တက်လာတဲ့အခါမှာတော့ ကီးဘုတ်ကနေ
Alt Key ကိုဖိနှိပ်ထားပီး မိမိတက်ချင်တဲ့ OS ကိုရွေးချယ်ပေးပီး အလွယ်တကူ
အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အကယ်လို့ သင်ဟာ ALT Key ကို မနှိပ်ထားဘူး
ဆိုရင်တော့ Mac OS ကပဲ Default အနေနဲ့ တက်လာမှာဖြစ်ပါတယ်။
ကဲ အားလုံးပဲ အဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ နားမလည်မှု
များရှိရင် အရင်ဆုံး အစ အဆုံးနောက်တစ်ခေါက် သေချာပြန်ဖတ်စေလို
ပါတယ်။ ပုံနှင့်တကွ အသေးစိတ်ဖော်ပြပေးထားတာမို့လို့ပါ။

အားလုံးပဲ အဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်...
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်