Thursday, March 13, 2014

သင့် Laptop ကို ခေါက်လိုက်ရင်တောင် သီချင်းဆက်ပီးနား ထောင်ရ အောင် (Lid Fuction on Window7)



အခုကျွန်တော်ပြောမယ့် နည်းပညာအကြောင်းလေးကတော့ တော်တော် လည်းလေးလည်း နောက်ကျနေတယ်ဆိုပေမယ့် အများစု သတိမထားမိ တဲ့အချက်လေးတစ်ချက်ဖြစ်ပါတယ်။ ဘာအကြောင်းအရာလည်းဆိုတော့ အထူးသဖြင့် Laptop ကိုင်တဲ့သူတွေအတွက်ဖြစ်ပါတယ်။ နောက်တစ်ချက် ကလည်း Window7 မှာပဲစမ်းသပ်ထားတဲ့နည်းလေးဖြစ်ပါတယ်။ဆိုလိုတာ က ကျွန်တော်တို့ iPad တွေ အရမ်းခောတ်စားလာတဲ့အချိန်မှာ အများစုက သာမာန် Tablet လေးသုံးတာက အစ Ear Peace လေးနဲ့ တွဲသုံးလာတာ များကြပါတယ်။ အခုကတော့ iPad တွေ Tablet တွေထက် အများကြီးကြီး တဲ့ Laptop နဲ့ Portable Player ပုံစူံမျိုးလေးလုပ်ဆောင်မှာဖြစ်ပါတယ်။ ကဲ စလိုက်ရအောင် စမ်းသပ်ကြည့်မှပဲ ဘယ်လို အသုံးဝင်မယ်ဆိုတာကို အသေးစိတ်သိနိုင်မှာဖြစ်ပါတယ်။ သင်တို့လည်း စမ်းသပ်ကြည့်လိုက်ပါဦး အရင်ဆုံး ထုံးစံအတိုင်းပေါ့ Start, Control Panel ထဲကနေသွားကြပါ မယ်။ ထိုအထဲကမှ Power Option ဆိုတဲ့နေရာကို အောက်ပါပုံအတိုင်း သွားပါမယ်


ထို့နောက်တော့


မှင်အနီရောင်လေးဝိုင်းပြထားတဲ့နေရာဖြစ်တဲ့ Change when the com puter sleeps ဆိုတဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါမယ်။


ထို့နောက်အလားတူပဲ မှင်အနီရောင်လေးဝိုင်းပြထားတဲ့နေရာဖြစ်တဲ့ Change advanced power settings ကို နှိပ်လိုက်ပါမယ်။ ဒါဆိုရင်တော့ အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။


အဓိက ကတော့ Power buttons and lid ဆိုတဲ့ Main Menu ထဲကို Expend လုပ်လိုက်ပါမယ်။ ဒါဆိုရင်တော့ Lid close action နှင့်ပတ်သက် တဲ့ Sub Menu နှစ်ခုထပ်မံပီးတော့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီနောက် တော့


အထက်ပါပုံအတိုင်းမှာမြင်ရမယ့်အတိုင်း Lid close action ဆိုတဲ့နေရာမှာ ရွေးချယ်စရာ Menu နှစ်ခု ထပ်မံပြီးတော့ပေါ်လာမှာဖြစ်ပါတယ်။ ဒီအထဲမှာ On Battery ဆိုတာရယ် Plugged in ဆိုတာရယ်ဆိုပီး နှစ်မျိုးရှိပါတယ်။ On Battery ဆိုတာကတော့ သင့် Laptop ကို Power ကြိုးမထိုးထားပဲ အလွတ်သုံးနေတဲ့အနေအထားကို ဆိုလိုပီးတော့ Plugged in ဆိုတာက တော့ သင့်ရဲ့ Laptop ကို Power ကြိုးတပ်ပီးသုံးနေတဲ့ အနေအထားကို ဆိုလိုတာဖြစ်ပါတယ်။ဒီနေရာ နှစ်ခုလုံးမှာ Default အနေအထားအရ Sleep Mode ဖြစ်နေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီအနေအထားကို ကျွန်တော်တို့က ပြောင်းပေးရမှာကတော့ Do nothing ဆိုတာကို နှစ်ခုလုံး မှာရွေးပေးရမှာဖြစ်ပါတယ်။ အားလုံး ရွေးပေးပီးသွားတဲ့အခါမှာတော့ Apply, OK ဆိုတာကို နှိပ်ပေးလိုက်ရမှာဖြစ်ပါတယ်။ ဒီလိုအနေအထားကို ရွေးပေးပီးသွားပီဆိုရင်တော့ သင်က ဥပမာအနေနဲ့ သင့်ရဲ့ Laptop ထဲကနေ Player တစ်ခုခု သို့မဟုတ် အထူးသဖြင့် IDM နဲ့ Data တစ်ခုခု ကို Downloading လုပ်နေရင်တောင် ၄င်းရဲ့ Process က ရပ်မသွားပဲ  ဆက်လက်အလုပ်လုပ်နေမှာဖြစ်ပါတယ်။ ဒီနည်းလမ်းဖြင့် တစ်ခြား အကြိုး ရှိမယ့် အကြောင်းအရာတွေကိုလည်း သင်ကိုယ်တိုင်ဆက်လက်တွေ့ရှိနိုင် ပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်
လေးစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

Wednesday, March 5, 2014

Phone Hardware Services သမားတွေအတွက် Color Code အကြောင်း



Phone Hardware Services သမားတွေအတွက် Color Code အကြောင်း

ဖုန်းဆားဗစ်လောကမှာ အထူးသဖြင့် Hardware သမားတွေအတွက်နဲ့
Phone Electronic ပိုင်းကိုလေ့လာနေတဲ့သူတွေအတွက်ဖြစ်ပါတယ်။
ကျွန်တော်တို့ ကွန်ပျူတာမှာလည်း PowerSupply မှာ Color Code
တွေနဲ့ သတ်မှတ်ပီး Volt တန်ဖိုးတွေကိုအလွယ်တကူသိရှိနိုင်သလိုပဲ
ဖုန်းရဲ့ Main Board ထဲမှာရှိတဲ့ Resistors, Capicitors တွေရဲ့ Ohms
တန်ဖိုးတွေကို ကာလာ Code အရဖော်ပြပေးမယ့် Program လေးတစ်
ခုဖြစ်ပါတယ်။ဖိုင်စိုက်ဒ်အားဖြင့် အလွန်သေးငယ်သောကြောင့် ဒေါင်းလုပ်
ဆွဲရာမှာလည်း လွယ်ကူအဆင်ပြေပီး လေ့လာမယ့်သူများနှင့် လုပ်စား
မယ့်သူများအတွက် အထူးသင့်လျော်ပါမယ်။ စိတ်ဝင်စားလို့ဒေါင်းချင်
သပဆိုရင်တော့ ဒီနေရာမှာဒေါင်းမယ်
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

Window8 ကို ဘာကြောင့်သုံးချင်တာကြတာလည်း



Window8 ကို ဘာကြောင့်သုံးချင်တာကြတာလည်း


အများစုကတော့ ဘာပေါ်လည်း ပေါ်သမျှ သုံးမယ်ဆိုတာပါပဲ.. ကျွန်တော် လည်း အလားတူပါပဲ။ ကျွန်တော်ကတော့ အသစ်ထွက်သမျှတွေကို လိုက်ပီး မသုံးကြည့်လို့မရဘူးဗျ ဘာလို့လည်းဆိုတော့ နည်းပညာနောက် ကျကျန်ခဲ့မှာစိုးလို့ပေါ့လေ.. အခုဒီရက်ပိုင်းဆို ကျွန်တော် Customer Site ထဲမှာပဲဖြစ်ဖြစ် သူငယ်ချင်းတွေပါးစပ်ဖျားမှာဖြစ်ဖြစ် အမြဲတမ်းကြားနေရတဲ့ စကားလေးတစ်ခွန်းပါ။ Window 8 Window8 ဆိုတာတွေချည်းပဲဗျ။ ဘာ ကြောင့် သုံးချင်ရတာလည်းဆိုတာကိုတော့ ကျွန်တော်လေ့လာကြည့်ပါ တယ်။ Microsoft ရဲ့ နည်းပညာပေါင်းစု တစ်ခုအဖြစ်လည်းကောင်း၊ ယခင် ၀င်းဒိုး Version တွေမှာရှိတဲ့ အားနည်းချက်တွေကို အသစ်ပြန်လည် Modify လုပ်ထားတာကတစ်ကြောင်း၊ Feautre အသစ်တွေပါဝင်လာပီး Themes တွေပြောင်းသွားတာကတစ်ကြောင်း၊ နောက်တစ်ချက်က Touch ပိုင်းဆိုင်ရာ Computer များမှာ သုံးရတာအလွယ်ကူတာကြောင့် တစ်ကြောင်း စသဖြင့် အကြောင်းအချင်းအရာတွေအများကြီးကိုတွေ့လိုက် ပါတယ်။ ဒါပေမယ့် Window8 ကို ကျွန်တော်တို့ ဘယ်လိုသုံးကြမလည်း။ ဆိုလိုတာက မိမိ စက်နဲ့ ကော ကိုက်ညီမှုရှိရဲ့လားဆိုတာကိုမသိပဲ သုံးရင် တော့ ကြာလာတာနဲ့ အမျှ မိမိစက်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
ပထမအချက်
CPU (Central Processing Unit) ဖြစ်ပါတယ်။ Window8 ကိုသုံးမယ်ဆို ရင် အနိမ့်ဆုံး CPU အမျိုးအစား Corei3 လောက်မဟုတ်ရင်တောင် i3 Performance လောက်ရှိတဲ့ CPU အမျိုးအစားဖြစ်ရပါမယ်။ ဆိုလိုတာက လူအများစုက CPU ဆိုရင် Dual Core, Core 2 Duo, Core 2 Quad, Quad Core , Corei3, 5 ,7 စသဖြင့်ပဲသိကြပါတယ်။ ဆိုလိုတာက 64bit Support လုပ်နိုင်မယ့် CPU အမျိုးအစားနဲ့ ဆိုပိုပီး သင့်လျှော်လျောက်ပတ် ပါမယ်။ ဒီတော့ အနိမ့်ဆုံး CPU Speci ကတော့ 64 ကို Support လုပ်မယ့် ကောင်နဲ့ ပဲတွဲသုံးစေချင်ပါတယ်။
ဒုတိယအချက်
RAM (Random Access Memory) ဖြစ်ပါတယ်။ ဒီကောင်ကလည်း Operation System တစ်ခုကောင်းမွန်စွာ Run နိုင်ဖို့အတွက် အရေးဆုံး Process လုပ်တဲ့ ကောင်တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ကျွန်တော်တို့က 64 Support လုပ်တဲ့ CPU ကို Run ခိုင်းထားတဲ့အတွက်ကြောင့်ပုံမှန် Window 7 မှာဆိုရင်တော့ 2 GB အနည်းဆုံးနဲ့ RUN လို့ရတယ်ဆိုပေမယ့် 4GB လောက်မှ ပိုပီး Performance ကောင်းမွန်မှာဖြစ်ပါတယ်။ဘာကြောင့် အနည်းဆုံး 2GB လောက်ထိရသလည်းဆိုတော့ ကျွန်တော်တို့ Window7 မှာဆိုရင် System Reversed အတွက် ယူထားတဲ့နေရာ Size က 100MB ပဲရှိပီးတော့ အကယ်လို့များ ကျွန်တော်တို့က Window8 ကို သုံးမယ်ဆိုရင် System Reversed အတွက် ယူထားမယ့် Space က 350MB ရှိပါတယ်။ နောက်ပီး ၀င်းဒိုး ဗားရှင်းတွေမြင့်လာလေလေသူ့ရဲ့ Size တွေလည်းကြီး လာလေလေဖြစ်ပီး။ Process လုပ်ရမယ့် Porcess List တွေလည်း များလာ ပါတယ်။ဒါကြောင့် Window8 ကိုသုံးမယ်ဆိုရင်တော့ အနည်းဆုံး RAM 4GB လောက်တော့ရှိသင့်ပါတယ်။
တတိယအချက်
Storage Device ဒီအချက်ကတော့အရမ်းကိုအရေးကြီးပါတယ်။ အခုလက် ရှိမြန်မာနိုင်ငံမှာ ကွန်ပျူတာအရောင်းဆိုင်တိုင်းမှာတွေ့ရမှာပါ။ အနိမ့်ဆုံး CPU Corei3 လောက်ဆိုရင် Window 8 ကိုသွင်းပီးရောင်းချနေကြတာကို တွေ့ရမှာမလွဲမသွေပါပဲ။ သူတို့ကတော့ ဟုတ်ပါတယ်။ စက်ကလည်း အမြင့်၊ ၀င်းဒိုးစနစ်ကလည်း အမြင့်ဆိုပီးအဆင်သင့်လုပ်ပီးရောင်းကြတယ်။ တစ်ကယ်တမ်း သတိမထားမိတဲ့အချက်တစ်ချက်ကတော့ SSD (Solid State Drive) ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ၀င်းဒိုး၈ မှာ System Administration အရ ဘာမှ ထပ်ပီးပြင်စရာမလိုအောင် ကောင်းပါတယ်။ အနီးစပ်ဆုံးဗျာ Window Shutdown လုပ်လို့ကြာမယ့်ကြာချိန်ကို ယခင် Window7 မှာတုန်းက 30 Second ပေးထားပီး ယခု Window8 မှာကတော့ 3 Second အတွင်းမှာ ကျသွားမယ်ဆိုပီး လုပ်ထားပီးသားပါ။ အဲဒီအချက် အတွက်လည်း အခြားလိုအပ်တဲ့ System ပိုင်းတွေမှာလည်း Administrate လုပ်ထားပီးသားဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ၀င်းဒိုး ၈ ကို ပိတ် လိုက်ပီဆိုရင် ချက်ချင်းဆိုသလို ၀င်းဒိုးကျသွားတယ်လို့ခံစားရပါတယ်။ ဟုတ်ပါတယ်။ တစ်ကယ်တမ်းလည်း ၀င်းဒိုးကျသွားတယ်။ ဘာလို့လည်းဆို တော့ သူသတ်မှတ်ထားတဲ့ အချက်တွေကြောင့်ပေါ့။ အခုကျွန်တော်ပြောချင် တဲ့အပိုင်းရောက်လာပီဗျ ဒါကတော့ HDD (Hard Disk Drive) နဲ့ SSD (Solid State Drive) ဖြစ်ပါတယ်။ အကယ်လို့ သင်ဟာ ၀င်းဒိုး ၈ ကို HDD နဲ့ သုံးနေတဲ့သူတစ်ယောက်ဆိုရင် HDD ရဲ့ RPM (Revolutoin Per Munite) ကိုမမေ့သင့်ပါဘူး။ သင်သုံးနေတဲ့ HDD ရဲ့ RPM က 7200 rpm ရှိပါတယ်။ ဆိုလိုတာက HDD ရဲ့ မော်တာလေးက တစ်မိနစ်မှာ အပတ်ရေ ၇၂၀၀ လည်တယ်ဆိုတာပါ။ သင့်ရဲ့ ၀င်းဒိုး ၈ စနစ်ကြီးက သုံးစက္ကန့် အတွင်း ပိတ်သွားမယ်လို့ စီစဉ်ထားတဲ့ ဇတ်ဆရာအလိုကျနောက်ကို တစ်မိ နစ်မှာ ၇၂၀၀ ပတ်လည်တဲ့ HDD က သင်္ချာကိန်းဂဏာန်းအရ ပြန်တွက်လျှင် တစ်စက္ကန့်မှာ အပတ်ရေ ၁၂၀ ရှိပီး သုံးစက္ကန့်စာမှာ ၃၆၀ ရှိ ပါတယ်။ ဒီလို ၃ စက္ကန့်အတွင်း ၃၆၀ ပတ်လည်နေတဲ့ HDD ကြီးရုတ်တရက် ရပ်တန့်သွားရင် ကြာလာရင်ဘာတွေဖြစ်လာမယ်ထင်သ လည်း။ အရင်က ကြားဖူးကြမလားသိဘူး HDD Crunk ဖြစ်တယ် Crunk ဖြစ်တယ်ဆိုတာပေါ့။ ဒါဟာ Platter နဲ့ Arm ထိခိုက်မိပီးဖြစ်တာပါ။ ဒီတော့ ကြာလာတာနဲ့ အမျှ ပထမဦးဆုံးကြုံရမယ့် Error က “Operation system not found” ဆိုတာတွေ့ရမယ်။ ဒါဟာ ပထမတစ်ကြိမ် Crunk ဖြစ်သွားတာ ပါ။နောက်ထပ် Crunk ဖြစ်နှုန်းတွေများလာရင် သင့် HDD ကြာလာတာနဲ့ အမျှ Physical Dimage တွေဖြစ်လာဖို့ ရာခိုင်နှုန်း ၉၀% ရှိပါတယ်။ဒီတော့ ဒီရက်ပိုင်းကျွန်တော်တွေ့ရတဲ့ ၀င်းဒိုး ၈ မှာ Operation System Not Found” ဆိုတာနဲ့ ပတ်သက်ပီး Facebook မှာ Post တင်ကြည့်လိုက်တဲ့ အခါမှာ  Comment တော်တော်များများက HDD ကို တစ်ခြား External သို့မဟုတ် Secondary အနေဖြင့် တွဲသုံးကြည့်ရင် မရဘူးဆိုတာကို ကြား ရတယ်။ HDD လည်းလိုက်ရင် ကောင်းသွားတယ်ဆိုတာကိုလည်းကြား၇ တယ်။ ဒီတော့အကယ်လို့ သင်တို့သုံးနေတဲ့ Window 8 Operation System ကို သင့်စက်မှာ SSD မရှိပဲ HDD နဲ့ သာရေရှည်သုံးနေမယ်ဆိုရင် တော့ ဘာတွေဆက်ဖြစ်လာနိုင်သလည်း သင်တို့ကိုယ်တိုင်သာ စဉ်းစား ကြည့် ပါ။
ကောက်နှုတ်ချက်
ဘာကြောင့် Window 8 ကို SSD Support လုပ်တဲ့ Computer နဲ့ ပဲသုံး သင့်သလည်းဆိုတာကိုပြေပါမယ်။ SSD ဟာ တစ်ကယ်တော့ Flash တစ်ခု ပါ။ သူကတော့ ကျွန်တော်တို့ HDD လိုမဟုတ်ပဲ Flash ဖြစ်တဲ့အတွက် ကြောင့် သူ့ကို လည်ပတ်ဖို့ Motor မပါဘူး။ ဘာ RPM သတ်မှတ်ချက်မှ မရှိဘူး။ ဒါကြောင့် ၀င်းဒိုးတက်ဖို့အချိန်၊ ၀င်းဒိုးကျဖို့အချိန်တွေကို တစ်ခါ ကြော်ငြာတစ်ခုမှာတွေ့လိုက်ရတာက Free Fall ခုန်တာကို သိကြမှာပါ။ လေယာဉ်ပေါ်ကနေ Laptop ကို အရင်ပစ်ချလိုက်တယ်။ ပီးတော့ Free Fall သမားက လေထီးမဖွင့်ခင်မှာပဲ Laptop က Power ခလုတ်ကိုနှိပ်လိုက် တယ်။ ၈စက္ကန့်ကျော်လောက်မှာ ၀င်းဒိုးတက်လာတယ်။ဒါဟာ SSD ကြောင့် ပါ။HDD နဲ့သာဆိုရင် အဲဒီ Free Fall သမားက ၀င်းဒိုးအတက်ကို စောင့်နေရင်းနဲ့ မြေကြီးပေါ် လေထီးမပါပဲ အရင်ဆင်းနှင့်ရတော့မှာပါ။
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်
အထက်ပါ Post နှင့်ပတ်သက်ပီး မရှင်းလင်းလို့ ဝေဖန်ဆွေးနွေးအကြံပြု ချက်များကိုလည်း ဖြေရှင်းပေးဖို့ စောင့်မျှော်ဖိတ်ခေါ်လျှက်ပါ။

Wednesday, February 26, 2014

Audio Audition ကိုအသုံးပြုပီး MP3 အသံတိုးနေတာကိုချဲ့မယ်



Audio Audition ကိုအသုံးပြုပီး MP3 အသံတိုးနေတာကိုချဲ့မယ်

အခုကျွန်တော်ပြောမယ့်အကြောင်းအရာလေးက Ring Tone လုပ်ချင်တာ
ပဲဖြစ်ဖြစ်၊ အခြားမည်သည့် MP3 ဖိုင်ကိုမဆို အသံတိုးနေတာကို အသံချဲ့
ပီး ပြန်လုပ်တဲ့နည်းလေးဖြစ်ပါတယ်။ ဒီ Software လေးကိုတော့ ကျွန်တော်က
အိမ်မှာနေရင် ကာရာအိုကေ ဆိုချင်တဲ့အခါမှာဖြစ်ဖြစ်၊ Ring Tone တွေလုပ်
ချင်တာပဲဖြစ်ဖြစ် အဓိကထားသုံးပါတယ်။ ဘာလို့လည်းဆိုတော့ သီချင်းတွေ
ကိုလုပ်ချင်သလိုလုပ်လို့ရလို့ပါ။ ကျွန်တော်ကိုယ်တိုင်ကတော့ Stero Mixer
တစ်ယောက်မဟုတ်ပါဘူး.. Song Engineer လည်းမဟုတ်ပါဘူး ခိုင်မြဲသာ
ကိုမမှီပေမယ့်.. လေ့လာနေတုန်းပေါ့... :::P   ကဲ စလိုက်ကြရအောင် အရင်
ဆုံး သင်လုပ်ချင်တဲ့ MP3 ဖိုင်ကို Audio Audition ထဲကို ဆွဲထည့်လိုက်ပါမယ်။


အထက်ပါပုံအတိုင်းမှ အနီရောင်လိုင်းလေးတားပြထားတာကတော့ ထိုသီ
ချင်းရဲ့ Tempo Rate တွေကို သတ်မှတ်ပြထားတာပါ။ ဒါဟာ Ori ဖြစ်ပါတယ်။
လက်ရှိ အနေအထားအရ အသံတိုးနေတယ်လို့ ထင်မိတဲ့အခါမှာ မိမိက
အသံကိုလိုသလောက်ပြန်ချဲ့လို့ရပါတယ်။ ဘာမှမခက်ပါဘူး အခုလက်ရှိ
ဖွင့်ထားတဲ့ Tempo ကိုပဲ Keyboard မှနေပီး Ctrl_+A ကိုနှိပ်လိုက်ပါမယ်။


အထက်ပါပုံအတိုင်း Tempo Line ကလည်း အရောင်ပြောင်းသွားမယ်။
နောက်ပီး လေးထောင့်ကွင်းထဲက အတိုင်းပေါ်လာတဲ့အခါမှာ Pointer
လေးက လက်ပုံစံနဲ့ ဘယ်ညာ မျှားလေးပေါ်လာပါမယ်။ ဒါဆိုရင်ကျွန်တော်
တို့ ညာဘက်ကို Click ထောက်ပီါ်ဆွဲလိုက်တဲ့အခါမှာ လက်ရှိတန်ဖိုး “0”
ကိုကျော်လွန်ပီး


အထက်ပါပုံအတိုင်းသတ်မှတ်လိုက်တဲ့အခါမှာ ပထမပုံမှာတုန်းက Tempo Rate
ကိုလိုင်းအနီပြထားတဲံ အနေအထားထက် Rate တက်လာတာကိုတွေ့မြင်ရမှာပါ
ဒီလို Rate တက်လာတယ်ဆိုရင် သင့်ရဲ့ သီချင်း ကလည်းအသံပိုကျယ်လာတာကို
တွေ့မြင်ရမှာပါ။ သင့်စိတ်ကြိုက် အသံကို ချဲ့ပီးသွားတဲ့အခါမှာတော့ Right Click
ကိုနှိပ်ပီးတော့


Save Selection ကို ရွေးလိုက်တဲ့အခါမှာ


သင်သိမ်းချင်တဲ့နေရာကိုရွေးချယ်ပီးတော့ Save လုပ်လိုက်ရုံပါပဲ.....
အားလုံးပဲအဆင်ပြေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။Software
ကတော့ဖိုင်စိုက်ဒ်ကြီးလို့ လင့်ခ်မချပေးတော့ဘူး ဗျာ.... အသုံးပြု
နည်းလေးပဲပြောပြလိုက်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်