Thursday, February 19, 2015

Windows 7 32 Bit နဲ့ 64 Bit Printer Sharing ပြဿနာရှင်းနည်း

Windows 7 32 Bit နဲ့ 64 Bit Printer Sharing ပြဿနာရှင်းနည်း


Windows 7 Printer Sharing မှာ အဓိက ပြဿနာတစ်ခုက
LAN ထဲမှာ Operation System အားလုံးက 32 Bit တွေချည်းပဲဆိုရင်
ပြဿနာမရှိပေမယ့် LAN ထဲက Operation System တွေက 32 ရော
64 ကော ရောနေမယ်ဆိုရင် အဲ့ဒီမှာစတွေ့မှာဖြစ်ပါတယ်။ ဆိုလိုတာက
32 အချင်းချင်းကတော့ LAN ထဲမှာ Printer Sharing အတွက် အဆင်
ပြေတယ်ဆိုပေမယ့်64 က LAN ထဲမှာတင်မဟုတ်ပါဘူး Driver Install
လုပ်ရတာကိုကလည်း သူ့ကို သီးသန့် သက်သက်ကြီးပြန်လုပ်ရပါတယ်
ဒီတော့ ကျွန်တော်တို့က တစ်ခါတည်း Printer Sharing လုပ်တဲ့အချိန်
မှာတည်းကိုက မိမိ Share မယ့် Printer မှာ 32 ကော 64 Driver ကော
ကို တစ်ခါတည်းသွင်းထားပါမယ်။ ဆိုကြပါစို့ ကျွန်တော်တို့က 32 ကိုပဲ
အရင်သွင်းထားတယ်လို့မှတ်ယူပြီး လိုအပ်တဲ့ 64 ကိုထပ်သွင်းပါမယ်။
အရင်ဆုံး Control Panel > Devices & Printers ထဲကို ၀င်ပါမယ်။
ပြီးသွားရင် မိမိ Share ထားမယ့် Printer ကို Right Click နှိပ်ပါမယ်။
ထို့နောက်တော့ အောက်ပါပုံအတိုင်း



Sharing ဆိုတဲ့ Tab ထဲကိုသွားပါမယ်။ Drivers ဆိုတဲ့ နေရာမှာ
Additional Drivers.. ဆိုတာကို နှိပ်လိုက်ပါမယ်။



အထက်ပါပုံအတိုင်းပေါ်လာပြီးဆိုရင် Additional Drivers နေရာမှာ
ကျွန်တော်တို့က x86 ဆိုတဲ့နေရာမှာပဲ အမှန်ခြစ်နဲ့ Installed နေရာ
မှာ Yes ဖြစ်နေပါမယ်။ x86 ဆိုတာက Operation System မှာ 32
ကိုဆိုလိုပြီး x64 ဆိုတာကတော့ 64 ကိုဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့်
ကျွန်တော်တို့က 64 ကို ထပ်ထည့်ဖို့အတွက် 64 ဆိုတဲ့နေရာမှာ အမှန်
ခြစ်လေးကို ခြစ်ပေးလိုက်ပါမယ်။




ဒီအခါမှာ အထက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။ ဒါကတော့64 အတွက်
လိုအပ်တဲ့ Driver ကို ထပ်သွင်းဖို့ဖ်ြစပါတယ်။ ကျွန်တော်က CannonLBP2900
ကို အခြေပြုပြီး ပြထားတာဖြစ်ပါတယ်။ ဒါကြောင့် Cannon LBP 2900 Driver
ခွေကို ODD ထဲထည့်လိုက်ပါမယ်။ ပြီးသွားရင် Browse ထဲကနေတဆင့်
အောက်ပါပုံအတိုင်း




English ဆိုတာကတော့ Driver သွင်းရင် ပြမယ့် ဘာသာစကားဖြစ်ပြီး
X64 ဆိုတာကတော့ 64 Bit Driver ဖိုင်ဖြစ်ပါတယ်။ Driver ဆိုတာက
တော့ လိုအပ်တဲ့ ဖိုင်ရှိတဲ့နေရာဖြစ်ပါတယ်။သူအတွက်လိုအပ်တဲ့ဖိုင်
နာမည်ကိုကိုတော့



အထက်ပါပုံအတိုင်း File Name ထဲမှာ ဖော်ပြထားပေးတာဖြစ်ပါတယ်။
အဲ့ဒီဖိုင်လေးကို ရွေးပီး Open နှိပ်ပေးလိုက်ရမှာဖြစ်ပါတယ်။ဒါဆိုရင်
64 အတွက်လိုအပ်တဲ့ Driver ကို Install လုပ်သွားမှာဖြစ်ပါတယ်။
အားလုံးပြီးသွားတဲ့အခါမှာတော့ လက်ရှိ 32 မှာ Share ထားတဲ့
Printer ကို 64 ကနေလှမ်းယူပြမှာဖြစ်ပါတယ်။ ဒီတော့ 64 ကွန်ပျူ
တာပေါ်ကနေ



 Network အတိုင်း ပတ်လမ်းပေးပြီး သွားလိုက်ပါမယ်။




အထက်ပါပုံအတိုင်းကတော့ ကျွန်တော့် 32 ထဲက Share ထားတဲ့ ဖိုလ်ဒါနဲ့
ပရင်တာတွေပဲဖြစ်ပါတယ်။ ဒီတော့ LPB 2900 ကို အရင်ချိတ်ဆက်မှာဖြစ်
တဲ့အတွက် ထို ပရင်တာအမျိုးအစားမှာ Right Click နှိပ်ပြီး Connect လုပ်
လိုက်ရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ထို 64 ကွန်ပျူတာထဲမှာ လိုအပ်တဲ့
Printer Driver ကို




အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင်  Install Driver ဆိုတာကို နှိပ်ပေးလိုက်
ပါမယ်။ပြီးသွားရင်တော့



အထက်ပါပုံအတိုင်း ပေါ်လာပြီဆိုရင်တော့ OK ကိုနှိပ်ပေးပြီး သင့်စိတ်ကြိုက်
32 ကွန်ပျူတာက Share ထားတဲ့ Printer ကို 64 ကနေ လှမ်းပြီးလွယ်လင့်
တကူ Print ထုတ်နိုင်မှာဖြစ်ပါတယ်။ အားလုံးပဲ အဆင်ပြေမယ်လို့မျှော်
လင့်ပါတယ်။ အဆင်မပြေမှုများရှိပါကလည်း ကျွန်တော့် ထံတွင် FB မှ
ဖြစ်စေ Replay Box မှဖြစ်စေ အချိန်မရွေးမေးမြန်းနိုင်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်


Wednesday, December 17, 2014

DriverPack Solution အကြောင်း တစ်စေ့တစောင့်း….

DriverPack Solution အကြောင်း တစ်စေ့တစောင့်း….



Computer ကို ၀င်းဒိုးတင်ဖူးသူတိုင်း အများဆုံးသိကြမှာပါ
Deriver Pack Solution ဆိုတာကိုပေါ့… အရင်ဆုံး XP က
နေခရီးဆက်ရပါလိမ့်မယ်၊ ယခင် ကျွန်တော်တို့ Window XP
SP-1 မှာစသုံးတုန်းကတော့ MB (Mother Board) က 478
Board အမျိုးအစားတွေအများစုပါ။ အဲ့ဒီမှာ အဓိကကွဲပြားခြား
နားတာက Chip Set တွေပဲဖြစ်ပါတယ်။ ဆိုလိုတာက AMD
Chip Set, Intel Chip Set စသဖြင့် အခြားသော Chip Set
တွေလည်းရှိပါတယ်။ပြည်တွင်းမှာဝယ်ယူတဲ့ Computer တွေ
အတွက်ကတော့ Driver ကိစ္စ စိတ်မပူရပါဘူး ဘာလို့လည်း
ဆိုတော့ ကွန်ပျူတာ ၀ယ်လိုက်တဲ့ဆိုင်ကနေ Laptop ပဲဝယ်
ဝယ်၊ Desktop ပဲဝယ်ဝယ် ထို စက်နှင့် ပက်သက်တဲ့ Driver
CD ကိုတပါတည်းထည့်ပေးလိုက်ပါတယ်။အကယ်လို့များ
ပြည်ပမှာဝယ်မယ်ဆိုရင် သူတို့က မိမိကွန်ပျူတာရဲ့ Window
စနစ်ကို Recovery Partition တစ်ခုလုပ်ပေးပီး ဘာအခွေမှ
ပေးလိုက်မှာမဟုတ်ပါဘူး။ ဒီတော့ မိမိက မိမိစက်ကို ၀င်းဒိုး
ပြန်တင်တဲ့အခါမှာ တိုင်စပတ်တာက Driver ပြဿပါပဲ…
စကားတွေများသွားပီ လိုရင်းပဲပြောတော့မယ်ဗျာ…
အထူးသဖြင့် ယခင်တုန်းက ကွန်ပျူတာ Services လုပ်တဲ့
Services သမားတွေအများစုကြုံတွေ့ရတာ Customer Site
ထဲမှာ ၀င်းဒိုးမဖြစ်မနေပြန်တင်ရတဲ့အခါမျိုး၊ Customer က
ဝင်းဒိုးပဲ ပြန်တင်ချင်တဲ့အခါမျိုးမှာ ကြုံတွေ့ရတဲ့ အခက်အခဲ
တစ်ခုက Driver ပြန်သွင်းရတာပါပဲ။ ဒီတော့ ဘယ်လိုနည်းနဲ့
လုပ်ကြသလည်းဆိုတော့ Driver Genius လိုမျိုး Driver Backup
& Restore လုပ်လို့ရတဲ့ Software နဲ့ ကွန်ပျူတာရဲ့ Driver တွေကို
Backup & Restore လုပ်ရပါတယ်။ အကယ်လို့များ backup မလုပ်
ပဲ ၀င်းဒိုးကို တင်လိုက်မယ်ဆိုရင်တော့ အချို့ Driver တွေက မသိပဲ
(အထူးသဖြင့် BUS Driver, VGA Chip Driver, Sound Driver) စက်
ရဲ့ လုပ်ဆောင်မှုတွေ နှောင့်နှေးစေတတ်ပါတယ်။ ဒါကြောင့် ကျွန်တော်
တို့က Cobra , Driver 150000 လိုမျိုး Driver ခွေတွေကိုစုစည်းပြီး
ရှာရတာမျိုးတွေ။ ဒါပေမယ့်လည်း တစ်ခါတစ်လေ 478 ကနေ 775
ထိဖြစ်လာတဲ့ ဘုတ်မျိုးတွေမှာဆို တစ်ချို့ Driver တွေကို လုံးဝရှာလို့
မရတော့တာမျိုးတွေတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ယခုဆိုရင်
အဲ့ဒီ Driver အတွက် အများစုက စိတ်မပူရတော့ပါဘူးဘာကြောင့်လည်း
ဆိုတော့ Driver Pack Solution ဆိုတဲ့ အခွေပေါ်လာကတည်းက
Driver တော်တော်များများကို တစ်ခါတည်းသွင်းလို့ရလာပါတယ်။
Ati (Radeon), Nvidia (GeForce), Realtek, Intel, Amd, Atheros,
တိုကလိုမျိုးပေါ့…၄င်းမှာ Version အလိုက် ကျွန်တော်စသုံးဖူးခဲ့တာကတော့
Version 11, 12, 12.3, 13, 14, 14.9 တို့ပဲဖြစ်ပါတယ်။ သူနဲ့ Driver
မိတဲ့ Brand တွေကတော့ Asus, Acer, Sony, Samsung, HP, Lenovo, 
Toshiba, Fujitsu-Siemens, DELL, eMachines,MSI... စသဖြင့် တခြား
သော Brand တော်တော်များများကို လည်း မိနိုင်ါပတယ်။ဘယ်လို
Devices အမျိုးအစားတွေကို အဓိကထားပြီး Driver ရနိုင်သလည်းဆို
USB, နဲ့ အခြားသော Devices တော်တော်များများကို ဖမ်းမိနိုင်ပါတယ်။
ကဲ ဒီလောက်ဆိုရင် Driver Pack ရဲ့ အားသာချက်တွေကို သိလောက်
ပြီလို့ ထင်ပါတယ်။ ဒါဆိုရင် ကျွန်တော် အားနည်းချက်ကို ဆက်ပြော
ပေးပါ့မယ်။

အဓိက အားနည်းချက်ကတော့ Version 12 နောက်ပိုင်းကနေစပြီး
အထူးသဖြင့် Version 13 မှာစတွေ့တာပါပဲ။ ကျွန်တော်တို့က
Driver တွေတော်တော်များများသိတယ်ဆိုပြီး ပီတိတွေဝေဆာနေတဲ့
အချိန် Version 13 မှာ Malware ကပ်ပါလာပါတယ်။ အဲ့ဒီ နှစ်ကောင်
က Runouce.exe နဲ့ Reservx.exe ဆိုတဲ့ နှစ်ကောင်ဖြစ်ပါတယ်။
သူက Window ရဲ့ System မှာလည်း Default အနေနဲ့ ရှိနေတာ
မှန်ပေမယ့် အကယ်လို့ သင်ဟာ သင့်ကွန်ပျူတာကို Driver Pack
နဲ့ Driver Update လုပ်ထားတာဆိုရင် ပိုသိသာပါလိမ့်မယ်။ သင့်
ရဲ့ Task Manager ကို ဖွင့်ကြည့်လိုက်ပါ။ runouce.exe နဲ့
Reservx.exe ဆိုတဲ့ နှစ်ကောင်က RAM, CPU ရဲ့ Process တော်
တော် စားနေတာကိုတွေ့ရပါလိမ့်မယ်။ အကယ်လို့ သင်ဟာ Driver
ကို Driver Pack မသုံးပဲ Original Driver CD သို့မဟုတ် ၀န်လိုင်းက
နေ Official ဒေါင်းပီး တင်ထားတဲ့စက်ဆိုရင် သင့်ရဲ့ ကွန်ပျူတာထဲမှာ
ထိုနှစ်ကောင်က Process အများကြီးမယူထားတာကိုတွေ့ရမှာဖြစ်သလို
တစ်ချို့စက်တွေမှာ လုံးဝတွေ့ရမှာမဟုတ်ပါဘူး။ ဒါဟာလည်း ကျွန်တော်
ကိုယ်တိုင်း စက်တော်တော်များများကို စမ်းသပ်ထားပါတယ်။ဒီနေရာမှာ
ဘယ်အပိုင်းကနေအဓိက၀င်သလည်းဆိုတော့ တစ်ချို့ Driver တွေကို
Install လုပ်နေချိန်မှာ Continue Install Anyway ဆိုတဲ့ Message Box
ပေါ်လာတဲ့အချိန်မှာ အများဆုံးညိတတ်ပါတယ်။ ဒီတော့ သင်ကော ဘယ်
လိုနည်းလမ်းဖြင့် သင့်ရဲ့ ကွန်ပျူတာ Driver ကို သွင်းမလည်း…….

အကြံပြုချက်…..
 ကျွန်တော့်ဘလော့ထဲမှာပဲ Driver pack နဲ့ မိမိစက်ထဲက Driver တွေကို
ဘယ်လို Backup လုပ်ထားမလည်းဆိုတာလေး အကြောင်းရေးပေးထား
ထိုနည်းကို မလုပ်ဆောင်ရင် အရင်ဆုံးမိမိစက်ကို Anti
Virus နဲ့အရင်စစ်ဆေးပီး လ်ုပဆောင်ပါလို့ အကြံပြုပါရစေ

အားလုံးကို အစဉ်လေးစားလျှက်
Cristiano Zarni@ဦးဇာနည်



Sunday, December 14, 2014

"dwm.exe" Process ဆိုတာဘာလည်း ?

"dwm.exe" Process ဆိုတာဘာလည်း ?


ကဲ.. အားလုံးပဲ ၀င်းဒိုးအသုံးပြုသူတိုင်း Task Manager ကို
ကောင်းကောင်း အသုံးပြုသူတိုင်း သိကြမှာပါ။ သူကတော့
Desktop Window Manager ဆိုတဲ့ Process ပဲဖြစ်ပါတယ်။
သူဘယ်လိုအလုပ်လုပ်သလည်း…..
အဓိက ကတော့ Window ရဲ့ Desktop Themes တွေကနေ
အဓိက နေရာယူပြီး Explorer ပေါ်မှာ အများဆုံး တက်ပြီး Run
နေတာဖြစ်ပါတယ်။ တစ်ခါတစ်လေ စက်က အရမ်းလေးကန်လာ
တာမျိုးတွေလည်းကြုံတွေ့ရမှာပါ. အထူးသဖြင့် Desktop ကို
အလှအပကြိုက်တဲ့ ကိုကို မမတွေပို ခံစားရမှာပါ…
RAM ပေါ်မှာ Size ဘယ်လောက်ယူနေသလည်း…..



သူ့ရဲ့ Process မှာ Memory ပေါ်ယူထားတဲ့ ပမာဏက 30MB
ကနေ 50MB လောက်ထိနေရာယူထားတတ်ပါတယ်။ဒီလိုအခြေ
အနေရောက်လာပြီဆိုရင်တော့ သင့်စက်ဟာ Performance အနည်း
ငယ်ကျဆင်းလာမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ 9000 နဲ့ 10000
K ကြားပဲယူပါတယ်။
ဒီ Process ကို ဘယ်လိုပိတ်မလည်း……
လွယ်ပါတယ်။ အရင်ဆုံး Run Box ထဲကနေ "services.msc" လို့
ရိုကလိုက်ပါမယ်။



ဒါဆိုရင်တော့အောက်ပါပုံအတိုင်း



Services ဆိုတဲ့ Box ပေါ်လာရင် Desktop Window Manager
Session Manager ဆိုတဲ့ Services ကို Right Click နှိပ်ပြီး
Properties ထဲကိုဝင်လိုက်ပါမယ်။ပြီးသွားရင်တော့



အထက်ပါပုံအတိုင်းမှ လက်ရှိဖြစ်နေတဲ့ Automatic ဆိုတာကို
Disabled လို့ရွေးပေးလိုကပါမယ်။ ထို့နောက်တော့ Apply/
OK နှိပ်ပေးလိုက်ပါမယ်။ဒီလိုဆိုရင် Services Mode ထဲကနေလုပ်
ဆောင်လို့ပြီးသွားပါပြီ။ အကယ်လို့ သင်ဟာ Services Mode ထဲ
ကနေ မလုပ်ချင်ဘူးဆိုရင်လည်း CLI (Command Line Interface)
Mode ထဲကနေလုပ်မယ်ဆိုရင်တော့ CMD ကို ဖွင့်လိက်ပါမယ်။
ထို့နောက်တော့ ရိုကရမယ့် Command က >net stop uxsms



ဆိုပြီး အထက်ပါပုံအတိုင်းရိုက်ရမှာဖြစ်ပါတယ်။ ထို့နောက် ထပ်ရိုက်
ရမယ့် Command ကတော့ >sc config uxsms start= disabled



ဆိုပြီးတော့ဖြစ်ပါတယ်။ ဒါဆိုရင်သင့်ရဲ့ Task Manager ကိုပြန်
ဖွင့်ကြည့်တဲ့အခါ ထို dwm.exe ဆိုတဲ့ Services မရှိတော့ဘူး
ဆိုတာကိုတွေ့မြင်ရမှာပါ။အကယ်လို့ သင်ဟာ ပြန်ပြီးဖွင့်ချင်တယ်
ဆိုရင်တော့ရိုက်ရမယ့် Command တွေက
>net start uxsms နဲ့
>sc config uxsms start= auto
တို့ပဲဖြစ်ပါတယ်။
ဒီ Process ကိုပိတ်လိုက်လို့ ဘာတွေဆိုးကြိုးဖြစ်မလည်း…..
ဘာမှ မဖြစ်ပါဘူး ယခင် ထို Services ကိုဖွင့်ထားတဲ့အခါမှာ သင်
အသုံးပြုနေတဲ့ Program တွေ ဖွင့်ထားတဲ့ Folder တွေကို Pointer
လေးတင်တဲ့အခါမှာ Shadow အနေနဲ့ Shade လေးတွေဖော်ပြပေး
တာလေးပဲ မမြင်ရတော့မှာဖြစ်ပါတယ်။ ဒါဟာလည်း သင့်စက်ကို
ပေါ့ပါးစေမယ့်အချက်ဆိုလည်း လုံးဝမမှားပါဘူး… ကဲ….အားလုံးပဲ
အဆင်ပြေကြမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ယခုရေးသားသော
Post နှင့်ပတ်သက်ပြီး မရှင်းလင်းပါက ကျွန်တော် ဦးဇာနည်ထံတွင်
အချိန်မရွေး မေးမြန်းနိုင်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ဦးဇာနည်

Tuesday, December 9, 2014

Window တက်တက်ချင်းမှာ Check Disk ကို Disable လုပ်ခြင်း

Window တက်တက်ချင်းမှာ Check Disk ကို Disable လုပ်ခြင်း
ကျွန်တော်တို့ ၀င်းဒိုး XP မှာကတည်းက ခုချိန်ထိ ကွန်ပျူတာကို
ပါဝါဖွင့်လိုက်တယ်ဆိုရင် အောက်ပါပုံအတိုင်း

 

Checking Disk ဆိုပြီးမြင်ဖူးကြမှာပါ။ ဒီလိုအချိန်မှာ ကျွန်တော်တို့က
ကီးဘုတ်ကနေ ESC Key ကို မနှိပ်မိဘူးဆိုရင် အချိန်အနည်းငယ်ကြာ
မြင့်စွာစောင့်ဆိုင်းရတတ်ပါတယ်။ ဘာကြောင့် ဒီလိုမျိုး Check Disk
ဖြစ်ရသလည်းဆိုတဲ့ အကြောင်းရင်းကို အနည်းငယ်ရှင်းပြရရင် သင့်ရဲ့
HDD မှာ ပုံမှန် Defragments မလုပ်ထားတာတွေရယ် နောက်ပြီး Data
တွေ သွင်းလိုက် ဖျက်လိုက်များတာတွေရယ်၊ အဆိုးဆုံးတစ်ခုကတော့
သင့်ရဲ့ HDD မှာ အနည်းငယ် Error တက်လာလို့တို့ပဲဖြစ်ပါတယ်။
ဒါကြေ င့် တစ်ကြိမ်တစ်ခါလော်ကတော့လုပ်သင့်ါပတယ်။ သို့ပေသော်
ညားလည်း အမြဲတမ်းကြီး အဲ့လိုတက်နေရင် User အတွက် စိတ်အနှောက်
အယှက်ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် အခုကျွန်တော်က ဒီလို Disk Check
ကိုဘယ်လိုပတ်မလည်းဆိုတာကို Registry ကနေတစ်မျိုး၊ Commend Line
ကနေတစ်မျိုး လွယ်ကူစွာလုပ်ဆောင်နိုင်အောင် ရေးသားပေးပါ့မယ်။
ကဲစလိုက်ရအောင် အရင်ဆုံး Run Box ထဲမှာ "regedit" လို့ရိုက်လိုက်ပါမယ်။



ထို့နောက်တော့ Enter ခေါက်လိုက်တဲ့အခါမှာ ကျွန်တော်တို့က အောက်ပါ
ပုံအတိုင်း



Registry Editor ပေါ်လာမှာဖြစ်ပါတယ်။ သွားရမယ့် Location ကတော့
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control
\Session Manager အတိုင်းဖြစ်ပါတယ် အထက်ပါပုံအတိုင်းပေါ့…
ထို့နောက်တော့ ကျွန်တော်တို့က BootExcute ဆိုတာကို Double
Click နှိပ်လိုက်ပါမယ်။လက်ရှိအတိုင်းဖြစ်နေမှာကအောက်ပါပုံအတိုင်း



ဖြစ်ပြီးတော့ ကျွန်တော်တို့ပြင်ရမှာကတော့ ထို စာသားထဲမှာ * နဲ့ k ကြား
ထဲမှာ ပြင်ရမှာဖြစ်ပါတယ်။ဘယ်လိုပြင်ရမလည်းဆိုတော့



အထက်ပါပုံအတိုင်း /K:C ဆိုပြီး ဖြစ်ပါတယ်။ /K ရဲ့ အဓိပ္ပါယ်ကတော့
Switch to Disable ဖြစ်ပြီး :C ဆိုတာကတော့ လက်ရှိ သင့်ရဲ့ကွန်ပျူ
တာစနစ်လုပ်ဆောင်နေတဲ့ System Partition ဖြစ်ပါတယ်။ အကယ်လို့
သင်ဟာ အခြား Data Partition တွေကိုလည်း Check Disk လုပ်တာ
ပိတ်ထားချင်တယ်ဆိုရင်တော့



အထက်ပါပုံအတိုင်း နောက်တစ်ကြောင်း ရိုက်ပေးရမှာဖြစ်ပါတယ်။ D
ဆိုတာကတော့ Data Partition ကို ရည်ညွန်းတာဖြစ်ပါတယ်။ ပြီးသွား
ရင်တော့ OK ကိုနှိပ်ပေးလိုက်ရုံပါပဲ။နောက်တစ်နည်းကတော့ CLI Mode
ထဲကနေလုပ်ဆောင်မှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ဟာ ကီးဘုတ်ကနေ
Run Box ကိုဖွင့်လိုက်ပါ။ ပြီးသွားရင်



အထက်ပါပုံအတိုင်းရိုကလိုက်ပါမယ်။ ဒါဆိုရင် Command Prompt ကို
Administrator Mode ဖြင့် Run တာကိုတွေ့ရမှာပါ။ ထို့နောက် ရိုက်ရ
မယ့် Command ကတော့



အထက်ပါပုံအတိုင်းဖြစ်ပါတယ်။ အကယ်လို့ သင်ဟာ Data Partition
တွေကိုပါ ပိတ်ချင်တယ်ဆိုရ်ငတော့ ရိုက်ရမှာက



အထက်ပါပုံအတိုင်း ဖြစ်ပါတယ်။ ကဲအားလုံးပဲ အဆင်ပြေမယ်ထင်ပါတယ်
ယခုတင်သော Post နှင့်ပတ်သက်ပြီးမရှင်းလင်းသည်များကို အချိန်မရွေး
မေးမြန်းနိုင်ပါတယ်။ ဒီ Post လေးကို ဟိုးအရင် ဆရာ အောင်သန်းဦး မဆုံးပါး
ခင်က ကျွန်တော် အဲ့ဒီ Error ကိုဖြစ်လို့ ဆရာက ဘယ်လိုရှင်းရမလည်းဆို
တာကို ပြောပြထားခဲ့ဖူးပြီးသားပါ သို့သော်လည်း အခုမှ ကျွန်တော်ဂရုတစ်ခု
မှာမေးထားတာတွေ့လို့ ဆရာ့ကို သတိရတဲ့စိတ်ဖြစ်လာပြီး ရေးဖြစ်သွားတာ
ပါ။
အားလုံးကိုလေးစားလျှက်

Cristiano Zarni@ဦးဇာနည်

Thursday, November 20, 2014

USB Stick ကို ဘာ Software မှ မသုံးပဲ Lock ချမယ်

USB Stick ကို ဘာ Software မှ မသုံးပဲ Lock ချမယ်



ကျွန်တော်တို့ Memory Stick ဆိုတာ Portable လုပ်ဆောင်ရတဲ့
Data Transfer တစ်ခုပါ။ တစ်ခါတစ်လေမှာ မိမိက အရေးကြီးသော
လုပ်ငန်း Data တွေ၊ Personal Data တွေ လည်းသိမ်းထားတတ်ကြ
ပါတယ်။ ဒီလို မျိုးအ ရေးကြီးတဲ့ ဒေတာတွေအတွက် ကို့စက်မဟုတ်
သော သူများ စက်မှာ သွားထိုးတဲ့အခါမျိုး၊ မတော်တဆ ပျောက်ရှသွား
တဲ့အခါမျိုးမှာ အရမ်းကို အရေးကြီးဆုံးအရာကိုဆုံးရှုံးလိုက်ရသလိုခံစား
ရတတ်ပါတယ်။ ဒီတော့ သာမာန် End User အတွေးနဲ့ပဲတွေးပြီး လုပ်
ဆောင်ကြရအောင် ။ ဒီလုပ်ဆောင်ချက်က Microsoft Platform မှာ
ပဲ Support လုပ်မှာပါ ဘာလို့လည်းဆိုတော့ ၀င်းဒိုးမှာပါတဲ့ Third
Party Utility ကို အသုံးချပြီးလုပ်ဆောင်သွားမှာမို့လို့ပါ။ ကဲ ဆက်
လိုက်ရအောင်။ အရင်ဆုံး သင် Password ပေးမယ့် USB Stick ကို
သင့်အပေါက်ထဲ (ကွန်ပျူတာ) ထိုးလိုက်ပါ။ ပြီးသွား၇င်



အထက်ပါပုံအတိုင်း သင့် Stick ကို Click ထောက် Right Click နှိပ်ပြီး
Turn on BitLocker ဆိုတာကိုရွေးပေးလိုက်ပါ။ဒါဆိုရင်အောက်ပါပုံအ
တိုင်း



ပေါ်လာပြီဆိုရင်တော့ သင်သတ်မှတ်ချင်တဲ့ Password ကိုသတ်မှတ်
ပေးရမှာဖြစ်ပါတယ်။ ပြီးသွားရင်တော့



Save the recovery key to a file ဆိုတာကို တစ်ချက်နှိပ်ပေးလိုက်ပါမယ်။



ဒါဆိုရင် အထက်ပါပုံအတိုင်း  သင့် Drive အတွက် Recovery Key
ကို TXT ဖိုင်အဖြစ်သိမ်းပေးပါလိမ့်မယ်။ ဒါကတော့ အကယ်လို့များ
သင် Password မေ့သွားတဲ့အခါမှာ ပြန်ပြီး Recovery လုပ်ဖို့အတွက်
ဖြစ်ပါတယ်။ပြီးသွားရင်တော့ Save ဆိုတာ နှိပ်လိုက်ရင်အောက်ပါပုံအတိုင်း



ပေါ်လာပြီဆိုရင်တော့ Yes ကို ရွေးပေးလိုကပါမယ်။ထို့နောက်
ကျွန်တော်တို့က Next ကိုနှိပ်ပေးလိုက်တဲ့အခါမှာ



အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင် Start Encrypting ကို ရွေးပေးလိုက်
ပါမယ်။ ဒီနောက်တော့ သူက အောက်ပါပုံအတိုင်း



စတင် Encrypting လုပ်နေပါလိမ့်မယ်။ ဒီနေရာမှာ Drive ရဲ့ Size ပေါ်မူတည်
ပြီး အချိန်ကြာမြင့်မှာဖြစ်ပါတယ်။



အားလုံးပြီးသွားရင်တော့ အထက်ပါပုံအတိုင်း ပေါ်လာရင် Close ကိုနှိပ်ပေးလိုက်
ပါမယ်။ဒီနောက်တော့ သင့်ရဲ့ Stick က Password ခံထားပြီးသားဖြစ်သွားပါပြီ
အကယ်လို့ သင်ဟာ သူများကွန်ပျူတာမှာ သွားထိုးမယ်ဆိုရင် သင့်Stick ကိုမြင်
ရမှာက



အထက်ပါပုံအတိုင်းဖြစ်ပါတယ်။ ဒါကို သင်က Double Click ဖြင့် ဖွင့်
ကြည့်သောအခါမှာတော့အောက်ပါပုံအတိုင်း



Password တောင်းတဲ့နေရာကိုတွေ့ပြီး သင်သတ်မှတ်ထားတဲ့ Password
ကို မှန်ကန်အောင်ရိုက်ထည့်ပြီး Unlock နှိပ်ပေးရမှာဖြစ်ပါတယ်။ဒါမှသာ
သင့်ရဲ့ Drive ကို Computer က စတင် Detected သိမှာ



ဖြစ်ပါတယ်။ ဒါဆိုရင် သင့် Stick ကို ဖွင့်ကြည့်တဲ့အခါမှာအောက်ပါပုံ
အတိုင်း



ပေါ်မှာဖြစ်ပါတယ်။ ကဲ အားလုံးပဲ အဆင်ပြေကြမယ်ထင်ပါတယ်။
ဒီနေရာမှာ တစ်ခုမှာချင်တာကတော့ Microsoft Platform နဲ့
Linux Platform လုံးဝမတူညီသောကြောင့် အကယ်လို့များနား
လည်တဲ့ သူတစ်ယောက်ယောက်က သင့် BitLocker ကို အသုံးပြု၍
Password ခံထားသော Stick ကို Linux မှာဖွင့်မယ်ဆိုရင်တော့
အထဲက Data တွေအားလုံးကို Access လုပ်နိုင်မှာဖြစ်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ဦးဇာနည်