Wednesday, December 30, 2015

Mail Account Hacked ခံလိုက်ရတာကို သိသိချင်း ပြန်လိုက်နည်း

Mail Account Hacked ခံလိုက်ရတာကို သိသိချင်း ပြန်လိုက်နည်း



မင်္ဂလာပါ အများစုစိတ်ဝင်စားစေမယ့် Topic လေးဖြစ်မယ်လို့အရင်
မျှော်လင့်ပါတယ်။ ခေါင်းစဉ်အတိုင်းပါပဲ။ ကျတော်တို့ သုံးနေတဲ့
Mail ကို တစ်စုံတစ်ယောက်က Hacked သွားတဲ့အခါမှာ ပြန်လိုက်
နည်းဖြစ်ပါတယ်။ ကျတော်ဒီတစ်ခါပြောမယ့် ပြန်လိုက်နည်းက
မိမိအကောင့်ကို ၁၂ ရက်ကျော်လောက် ဟက်ခံလိုက်ရတဲ့အချိန်
ထိကို ရအောင် ပြန်လိုက်နည်းဖြစ်ပါတယ်။ ရအောင် ပြန်လိုက်နည်း
လို့ ဆိုတဲ့နေရာမှာလည်း သင်ဟာ သင့်မေးလ်ရဲ့ Information
ကိုတော့ သိထားရပါမယ်။ ဘာလို့လည်းဆိုတော့ ကျတော် အရင်
အခါတွေက Mail Security အပိုင်းတွေကို ရေးပေးထားသလိုပဲ
မိမိအကောင့်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မိမိချစ်သူ
ရည်းစားကဲ့သို့ အသေးစိတ်မသိထားတာတောင်မှ အနည်းအကျဉ်းတော့
သိထားရပါမယ်။ လုံးဝမရှိမဖြစ် သိထားသင့်တဲ့အချက်လေးတွေကို
ပြောပါ့မယ်။
၁။ မိမိအကောင့်ကို နောက်ဆုံးဝင်ခဲ့တဲ့ Password
၂။ မိမိအကောင့်ကို ဖွင့်ခဲ့တဲ့ ခုနှစ်၊ လ (ခန့်မှန်းခြေ)
၃။ မိမိအကောင့်ကို နောက်ဆုံးသုံးခဲ့တဲ့ ရက်၊ လ၊ နှစ်
၎။ မိမိအကောင့်ကို ဖွင့်သုံးခဲ့တဲ့ Browser (Save Browser)
၅။ မိမိအကောင့်ထဲက ဆက်သွယ်ဖူးတဲ့ အကောင့် ၅ခု (မရှိလျှင်ထည့်စရာမလို)
၆။ မိမိအကောင့်ကို Recovery ထည့်ထားတဲ့ မေးလ်
စသည်တို့က သင့်အကောင့်ပါသွားလျှင် ချက်ချင်းပြန်လိုက်နိုင်မယ့် အချက်
တွေဖြစ်လို့ လုံးဝ (လုံးဝ)ကို မှတ်သားထားရမှာဖြစ်ပါတယ်။ဒီတော့
ကျတော်တို့ စလိုက်ရအောင်။
အရင်ဆုံး မိမိအကောင့်ကို စ၀င်လိုက်ပါမယ်။



ဒီနေရာမှာ ကျတော်တို့ မိမိအကောင့်ကို ပုံမှန်သုံးနေကျ
Password နဲ့ဝင်လိုက်ပေမယ့် မှားနေတယ်လို့ပဲပြောပြီး
ကျန်ခဲ့တဲ့ 12 ရက်က မင်းရဲ့ Password က ပြောင်းထားပါတယ်
ဒီ Password ကို မင်း ပြောင်းထားသလားဆိုပြီးတော့ မေးပါတယ်
ဒီနေရာမှာ ကျတော်တို့က အားသာချက်တစ်ခုကိုပြောပါ့မယ်။
အဲ့ဒီအားသာချက်က ဘာလည်းဆိုတော့ သင့်အကောင့်တွေ
ဘယ်အကောင့်ဖြစ်ဖြစ်ပေါ့… Mail, Facebook , Any Any….
ဘာနေနေပေါ့ဗျာ…. သင်က Password access လုပ်လိုက်ပြီ
ဆိုရင် မည်သည့် Browser ကမဆို Save မှတ်မှာလားလို့
မေးပါတယ်။ ဒီနေရာမှာ သင့်အကောင့် ဟက်ခံလိုက်ရရင်
ကယ်နိုင်တာဒီနည်းလမ်း အသက်သွေးကြောတစ်ခုပါပဲ။
ဘာလို့လည်း ဆိုတော့ သင်က သင့်အကောင့်တွေကို Access
လုပ်ထားတဲ့အခါမှာ သင်မှတ်လိုက်တဲ့ Password တွေက
သင်သုံးနေတဲ့ Browser ရဲ့ Cache အနေနဲ့ တည်ရှိထားပါတယ်။
ဆိုလိုတာက Registry ရဲ့ String Volume တွေမှာ သွားမှတ်ထားပြီး
သားဖြစ်ပါတယ်။ ဒါကြောင့် သင့်အကောင့်ကို အသုံးပြုတဲ့အခါမှာ
Save Browser ဆိုတဲ့ Services ကို အသုံးပြုသင့်ပါတယ်။ ဒီနေရာမှာ
တစ်ခါတည်း Save Browser လုပ်ခြင်းရဲ့ အားနည်းချက်ကိုထပ်ပြော
ပါမယ်။ ဒီအချက်ကတော့ မိမိက မိမိအကောင့်ကို အသုံးပြုတဲ့အခါမှာ
မိမိကိုယ်ပိုင် ကွန်ပျူတာမဟုတ်ဘူးဆိုရင်တော့ လုံးဝ (လုံးဝ) မလုပ်
ဆောင်သင့်ပါဘူး။ကဲ ဆက်သွားရအောင် ….
ကျတော်တို့က Didn’t change your password? ဆိုတာကို နှိပ်လိုက်
ပါမယ်။ဒါဆိုရင်တော့ အောက်ပါအတိုင်း



ပေါ်လာတဲ့အခါမှာတော့ ကျတော်တို့က မိမိအကောင့်ရဲ့ Password
Reset Link ပြန်ပို့ပေးနိုင်ဖို့အတွက် ဆက်သွယ်ရမယ့် Mail ကို ထည့်
လိုက်ပါမယ်။



ဒီနောက်တော့ အထက်ပါပုံအတိုင်းမှ သင့်အကောင့်ကို ဘယ်နေ့က
နောက်ဆုံးဝင်ထားသလည်းဆိုတဲ့ When was the last time you
Were able to sign in to your Google Account? ဆိုတဲ့နေရာမှာ
သင်က သင့်အကောက်ကို မှတ်မိသလောက် နောက်ဆုံး ၀င်သုံးတဲ့
ရက်ကို ထည့်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ချက်ပြောချင်တာက
ကျတော်တို့ အကောင့်က ကျန်ခဲ့တဲ့ ၁၂ ရက်က Password အချိန်း
ခံထားရတာပါ။ ဒါပေမယ့် ဘယ်လိုပဲ နေနေ ဘာနေနေ အကောင့်
တစ်ခုကို လိုက်တဲ့အခါမှာနောက်ဆုံးဝင်သုံးတဲ့ရက်ကို ထည့်ရင်
လက်ရှိရောက်နေတဲ့ ရက်စွဲရဲ့ အနောက်တစ်ရက်ကိုပဲ ထည့်ရမှာ
ဖြစ်ပါတယ်။ ဆိုလိုတာက Only one back date ပေါ့….  ထို့နောက်
When did you create your Google Account? ဆိုတဲ့နေရာမှာ
ကတော့ သင့်အကောင့်ကို စတင်ဖွင့်လှစ်သုံးစွဲခဲ့တဲ့ လ၊ ခုနှစ်ကို
ထည့်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျတော်က လုံးဝမမှတ်မိတဲ့
အတွက် ခန့်မှန်းခြေ လကိုထည့်လိုက်ပါတယ်။ပြီးသွားရင်တော့
Enter ခေါက်လိုက်ပါမယ် ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း



ပေါ်လာတဲ့အခါမှာ ကျတော်အပေါ်ကပြောခဲ့သလို ဆက်သွယ်နေကျ
အကောင့် ၅ခုထည့်ရမယ်လို့ ပြောတဲ့နေရာမှာ အချို့က COC account
ဖြစ်တဲ့အတွက်ကြောင့် မည်သည့် မေးလ်ကိုမှဆက်သွယ်ထားဖူးမှာမဟုတ်
ပါဘူး။ ဒါကြောင့် ကျတော်တို့ ကျော်ပြီး What’s the first recovery
Email address you remember? ဆိုတဲ့နေရာမှာ ကျတော်တို့က
သင့်အကောင်ကို ထည့်ထားတဲ့ သင်မှတ်မိသလောက် Recovry Mail ကို
ထည့်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Continue ပေါ့….ထို့နောက်



အထက်ပါပုံအတိုင်းမှာတော့ သင်ခုနက ထည့်ခဲ့သလို အကောင့်ကို
စဖွင့်ခဲ့တဲ့ လ၊ ခုနှစ်အတိုင်း ထည့်ရမှာဖြစ်ပြီး ရွေးချယ်မှုအပိုင်းကိုတော့
၁။ Gmail
၂။ Hangouts
၃။ Calendar
၎။ Android
စသဖြင့် ရွေးချယ်ပေးပြီး Submit လုပ်လိုက်ပါ့မယ်။ ဒါဆိုရင်တော့



သင်ဟာ သင့်အကောင့်ကို Information အမှန်သိထားတယ်။
အကောင့်ကို ဟက်ခံလိုက်ရလို့ ၁၂ ရက်ကြာသွားတာတောင်မှ
သင်သုံးခဲ့ဖူးခဲ့တဲ့ Save Browser ကနေတဆင့် လွယ်ကူစွာနဲ့
သင့်အကောင့်ကို Password Reset Link ကို ခုနက သင်ထည့်ခဲ့တဲ့
ဆက်သွယ်ရမယ့် Mail Address သို့ ပို့လိုက်မှာဖြစ်ပါတယ်။ ဒါဆိုရင်တော့
ကျတော်တို့က ဘာတွေဆက်လုပ်ရမလည်း ?????သင့်ကိုပို့လိုက်တဲ့
Password Reset Link ကနေတဆင့် ၀င်ပြီး



အထက်ပါပုံအတိုင်း Password အသစ်ကို Strong Password
ဖြစ်အောင် သတ်မှတ်ပေးပြီး Change password နှိပ်ပေးလိုက်ပါမယ်။
ပြီးသွားရင်တော့ သင်ဘာတွေထပ်လုပ်ရမလည်း???? လွယ်ပါတယ်။
စိတ်ချရအောင် အကောင့်ကို 2 Step ခံထားပါ့မယ်။ ဒါကြောင့် သင့်
အကောင့်ကို ဖွင့်ပြီး My Account ကနေတဆင့် Security & Privacy
ကိုသွားပြီး



အထက်ပါပုံအတိုင်းမှ 2-Step Verification ကို နှိပ်လိုက်ပါမယ်။
ပြီးသွားရင်တော့ အောက်ပါပုံအတိုင်း



Start setup ကိုနှိပ်လိုက်ပါ့မယ်။ ပြီးသွားရင်တော့



အထက်ပါပုံအတိုင်းမှ သင့်အကောင့်ရဲ့ လုံခြုံရေးအတွက် ခံထားမယ့်
ဖုန်းနံပါတ်တစ်ခုကိုရိုက်ထည့်လိုက်ပါမယ်။ ပြီးသွားရင်တော့ ကျတော်
တို့က Send code ဆိုတာကို နှိပ်ပေးလိုက်ပါ့မယ်။ထို့နောက်တော့
သင့်ဖုန်းထဲဝင်လာတဲ့ Code ကို



အထက်ပါပုံအတိုင်း Enter Verification code ဆိုတဲ့ Box လေးထဲမှာ
ထည့်လိုက်ပြီး Verify နှိပ်ပေးလိုက်ပါမယ်။ထို့နောက် အောက်ပါပုံ
အတိုင်းမှ Trust this computer ကို အမှန်ခြစ်လေးခြစ်ပြီး



အထက်ပါပုံအတိုင်း Next ကိုနှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း



Step 2 Verification အတွက် Confirm လုပ်ခိုင်းပါတယ်။ ကျတော်တို့က
Confirm ကိုနှိပ်လိုက်ပါ့မယ်။ ပြီးသွားရင်တော့
အောက်ပါပုံအတိုင်းမှ ရောက်ဖို့အတွက် Account, My Account ကနေ



အထက်ပါပုံအတိုင်း 2 Step ခံထားတဲ့နေရာကိုသွားပြီး ကျတော်တို့က
Third Party Utility ဖြစ်တဲ့ Google Authenticator ကို အသုံးပြုဖို့
Swittch to app ကို နှိပ်လိုက်ပါ့မယ်။ ပြီးသွားရင်တော့အောက်ပါပုံအတိုင်း



မိမိအသုံးပြုမယ့် Device ကိုရွေးပေးလိုက်ပါ့မယ်။ ဒီနေရာမှာ ကျတော်က
Android သုံးတဲ့အတွက် Android ကိုရွေးပေးလိုက်ပြီး Continue ကိုနှိပ်
လိုက်ပါမယ်။ပြီးသွားရင်





အထက်ပုံအတိုင်းမှပေါ်လာပြီးဆိုရင် သင့်ဖုန်းထဲမှာရှိတဲ့ Google Auntenticator
Application ကနေပြီးတော့



အထက်ပါပုံအတိုင်း Enter Provided Key ဆိုတာကို နှိပ်လိုက်ပီး
အပေါ်မှာ ပြထားတဲ့ ပုံမှ Enter your key ဆိုတဲ့နေရာမှ ကီးတွေကို
မှတ်သားပြီးအောက်ပါအတိုင်း



ရိုက်ထည့်၍ Add လုပ်လိုက်ပါမယ်။ ထို့နောက်တော့ အပေါ် တစ်ပုံကျော်
မှာရှိတဲ့ Code နေရာမှာ စက္ကန့် ၃၀ တစ်ခါဖော်ပြတဲ့ ကုဒ်ကိုထည့်ပေးလိုက်
ပါမယ်။ ထို့နောက်တော့ကွန်ပျူတာမှာလည်း အောက်ပါပုံအတိုင်း



ဖော်ပြလာတဲ့အခါမှာ OK နှိပ်လိုက်ပါမယ်။ ဒါဆိုရင်တော့ သင့်အကောင့်ကို
ပြန်ပြီး လုံခြုံစွာအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။အဆင်ပြေမယ်လို့ ယုံကြည်
မျှော်လင့်ပါတယ်။
Cristiano Zarni@ဦးဇာနည်



Monday, December 21, 2015

သင့်ဖွက်ထားတဲ့ G-mail က လုံခြုံနေပြီလား ?

သင့်ဖွက်ထားတဲ့ G-mail က လုံခြုံနေပြီလား ?



မင်္ဂလာပါ။ ဒီနေ့အကြေင်းအရာကတော့ Facebook ပေါ်မှာ တော်တော်များများ
လည်းသိပြီးသားဖြစ်တဲ့ Facebook Account ရဲ့ ID သို့မဟုတ် Account နှင့်ချိတ်
ဆက်ထားသော Mail (G-mail or Any Mail) ကို သိရှိနည်းဖြစ်ပါတယ်။ Facebook
ပေါ်မှာ အများစုက Security အနေဖြင့် ထိုသူတို့ရဲ့ အကောင့်ကို Hack ခံမရအောင်
ဆိုလိုတာက Forget Password ဖြင့် ရိုက်လျှင် Mail ကနေတဆင့် လုပ်ကြတာဖြစ်
တဲ့အတွက် အများစု ထိုသူတို့ရဲ့ အသုံးပြုတဲ့ Mail ကိုဖွက်ထားလေ့ရှိကြပါတယ်။
ဒီနေရာမှာကျတော်က Security ပိုင်းကိုတော့ ဟိုးအရင်က ပြောခဲ့ပြီးပါပြီ။ အခု
တစ်ခါမှာတော့ Attack ပိုင်းကိုပြောမှာဖြစ်ပါတယ်။ ဆိုလိုတာက ဖွက်ထားတဲ့
မေးလ်ကို ရအောင်ကြည့်နည်းဖြစ်ပါတယ်။ မေးလ်သိရင် ဘာလုပ်ကြမလည်း ?
အဲ့တာကတော့ သင်တို့အပိုင်းပါ။ ကျတော်က Attack ပိုင်းဆိုပေမယ့် တစ်ကယ်
တမ်းက Security and recovery ပိုင်းကို မကင်းမကင်း တွဲဖက်ဖော်ပြပေးသွားမှာ
ဖြစ်ပါတယ်။ကဲ စလိုက်ရအောင် Target အနေနဲ့ အကောင့်တစ်ခုကိုပြပါ့မယ်။
ဒီတော့ ထိုအကောင့်ကို ကျတောတို့က Mail မသိဘူးဆိုတော့ သူ့ရဲ့ Account
ID ကို တစ်ချက် ကော်ပီကူးလိုက်ပါမယ့် အကောင့် ID ဆိုတာကတော့



အထက်ပါပုံအတိုင်းမှ www.facebook.com/ ရဲ့ အနောက်က phXXXXXX58ဆို
တာဖြစ်ပါတယ်။ ဒါကတော့ User ID ဖြစ်ပါတယ်။ ဒီတော့ ထို User ID ကို ကျတော်
တို့က ကော်ပီကူးယူပြီးတော့  Browser အသစ်တစ်ခုမှာ



အထက်ပါပုံအတိုင်း Forgot your password? ဆိုတာကို နှိပ်လိုက်ပါမယ်
ပြီးရင်တော့



အထက်ပါပုံအတိုင်း Find your account ဆိုတဲ့ နေရာမှာ ခုနက ကော်ပီကူးထားတဲ့
ID ကို ထည့်ပြီး Search နှိပ်လိုက်ပါ့မယ်။ ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း



ထိုသူ့အကောင့်ကို Password Reset ချဖို့သတ်မှတ်ထားတဲ့နေရာကိုရောက်
သွားပါလိမ့်မယ်။ ဒီနေရာမှာ သူသုံးထားတာက v*********2@gmail.comဆိုတဲ့
Mail တစ်ခုကိုသုံးထားတာဖြစ်ပါတယ်။ ဒါကြောင့် ကျတော်တို့ကအောက်
ပါပုံအတိုင်း



No Longer Access This account ဆိုတာကိုနှိပ်လိုက်ပြီး How can we reach you?
ဆိုတဲ့နေရာမှာ သင့်ဆီကိုရောက်မယ့် Mail တစ်ခုကို ထည့်လိုက်ပါမယ်။



ပြီးသွားရင်တော့ Continue ကိုနှိပ်လိုက်ပါ့မယ်။ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း



Security Question ဖြေမယ့်အပိုင်းရောက်လာရင် မျှားအနီရောင်လေးပြထားတဲ့
Recover your account with help from friends. ဆိုတာလေးကိုနှိပ်ပေးလိုက်
ပါမယ်။ ဒါဆိုရင်တော့



အထက်ပါ့ပုံအတိုင်း 3 Trusted Friends ရွေးချယ်ခိုင်းမယ့်အပိုင်းပေးလာမှာဖြစ်ပါတယ်။
ဒါဆိုရင်ကျတော်တို့က Continue ကိုနှိပ်လိုက်ပါ့မယ်။ ပြီးသွားရင်တော့ သင့်မျက်လုံးထဲ
မြင်သမျှ တွေ့သမျှ လူသုံးယောက်ကိုရွေးပေးလိုက်ပမယ်။







ထိုကဲ့သို့ ၃ယောက်ကိုရွေးချယ်ပီးသွားရင်တော့ မြင်ရမှာကအောက်ပါပုံအတိုင်း
ဖြစ်ပါတယ်။



ဒါဆိုရင်ကျတော်တို့က ထို ၃ယောက်ကို အကြောင်းပြုပြီး Code လှမ်းတောင်းမှာ
ဖြစ်ပါတယ်။ ဒီတော့ Send codes to friends ဆိုတာကို နှိပ်ပေးလိုက်ပါ့မယ်။
ဒီအချိန်မှာ သင်ဟာ ခုနက How we can reach you? ဆိုတဲ့နေရာမှာ ထည့်ထားခဲ့
တဲ့ Mail ကို ဖွင့်ထားပြီး Inbox ရဲ့ Social Tab မှာ သွားစစ်ဆေးပါ့မယ်။



ဒါဆိုရင် ခုနက သင်ရွေးချယ်ပေးလိုက်တဲ့ လူ၃ ယောက်ကို Code ပို့လိုက်ပြီ
ဆိုတဲ့အကြောင်း Facebook က လှမ်း အသိပေးပြီး သင့်အကောင့်ကို ၀င်ဖို့အတွက်
Link ပါတစ်ခါတည်းချပေးလိုက်ပါမယ်။ ဒါဆိုရင်ကျတော်တို့က ထို လင့်ခ်ကိုနှိပ်လိုက်
ပါမယ်



ဒါဆိုရင်အထက်ပါပုံအတိုင်း Tab တစ်ခုအနေနဲ့ ထွက်လာမှာဖြစ်ပါတယ်။
ဒီနေရာမှာ ကျတော်တို့က ထို ပေးထားတဲ့ လင့်ခ်ကို ကော်ပီကူးယူပြီး
ဘရောက်ဇာ အသစ်တစ်ခုမှာသွားပြီးအောက်ပါပုံအတိုင်း



ကူးထည့်ပြီး Enter ခေါက်လိုက်ပါ့မယ်။ ဒါဆိုရင်တော့ ခုနက သူဖွက်ထားခဲ့တဲ့
V*********2@gmail.com ဆိုတာက အောက်ပါပုံအတိုင်း



အပြည့်အစုံဖော်ပြပေးတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါဆိုရင် သင်ဖွင့်ထားတဲ့
သို့တည်းမဟုတ် သင် Hide ထားတဲ့ G-mail တစ်ခုက တစ်ကယ်လုံခြုံစွာ ဖွက်
ထားနိုင်ပြီလားဆိုတာ မေးစရာတွေဖြစ်လာပါတော့တယ်………..
လေးစားစွာဖြင့်

Cristiano Zarni@ဦးဇာနည်


Sunday, December 13, 2015

ဖုန်းသို့မဟုတ် ကွန်ပျူတာကနေလုပ်ဆောင်ရန် 2 Step Verification Update

ဖုန်းသို့မဟုတ် ကွန်ပျူတာကနေလုပ်ဆောင်ရန် 2 Step Verification Update



2 Step Verification အကြောင်းကိုတော့ ရေးပေးခဲ့ဖူးတာ တော်တော်ကြာပါပြီ။
ဒါပေမယ့် G-mail ရဲ့ Themes တွေ Policy တွေ Privacy တွေပြောင်းသွားတာ
ကြောင့် နောက်ပိုင်းလူငယ်လေးတွေ မိမိအကောင့်ကို Security အတွက် 2 Setp
လုပ်တဲ့အခါမှာ ဘယ်နေရာကသွားပီး လုပ်ဆောင်ရမှန်းမသိမှာစိုးလို့ ပြန်လည်
ရေးသားပေးလိုက်ပါတယ်။ ဘာကြောင့်ဒီလိုလုပ်ရလည်းဆိုတာမရှင်းပြခင်မှာ
ဘာကြောင့်လုပ်သင့်သလည်း (လုပ်ကိုလုပ်ရမလည်း) ဆိုတာကိုပြောခွင့်အရင်
ပြုပါ။ ကျတော်တို့ မည်သို့သော Facebook Recovery သမားတွေမဆိုအကောင့်
တစ်ခုကို Recovery ဆွဲတော့မယ်ဆိုရင် အရင်ဆုံး Target က G-mail ကိုအဓိက
ထားပီး တိုက်ခိုက်တာဖြစ်ပါတယ်။ အများစုက Facebook ကိုသာ Security ပိုင်း
ကို အသားပေးကြပေမယ့် G-mail မှာကြတော့ Weak ဖြစ်နေပီး အလွယ်တကူ
ပေါက်သွားကြတာမျိုးတွေရှိပါတယ်။ မည်သို့သော အကြောင်းတွေကြောင့်လည်း
ဆိုရင်တော့ သင့်ရဲ့ Mail က COC တစ်ခုတည်းသိုမဟုတ် Facebook သုံးဖို့
တစ်ခုတည်းအတွက်သာသတ်မှတ်ထားတယ်ဆိုရင် သင့်အကောင့်က လုံခြုံမှုအဆင့်
10% လောက်ပဲရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ Mail တစ်ခုကို Recovery
ဆွဲရင် 5 Frequency E-mail ဆိုတဲ့နေရာမှာ Skip လုပ်သွားနိုင်လို့ပါ။ ကဲ စကား
တွေများနေမှာစိုးလို့ အခု ကျတော်က သာမာန် အသုံးပြုသူတွေအတွက် ဖုန်းက
နေရာ ကွန်ပျူတာကနေပါဘယ်လိုလုပ်ဆောင်ရမလည်းဆိုတာကိုရှင်းပြပါ့မယ်။
ကွန်ပျူတာကနေလုပ်ဆောင်ချင်လျှင်
အရင်ဆုံး မိမိ မေးလ်ထဲကိုဝင်ထားပါမယ်။ ထို့နောက်တော့အောက်ပါပုံအတိုင်း



My account ဆိုတာကိုနှိပ်လိုက်တဲ့အခါမှာတော့ Tab တစ်ခုအနေနဲ့ တက်လာမှာ
ဖြစ်ပါတယ်။ အဲ့ဒီနေရာမှာတော့




အထက်ပါပုံအတိုင်း Sign-in & security ဆိုတာကို နှိပ်လိုက်ပါမယ်။ပြီးသွားရင်တော့



အထက်ပါပုံအတိုင်းမှ 2-step Verification ဆိုတဲ့ တန်းလေးမှာ အနီရောင်အကွက်
လေးကို တစ်ချက်နှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့ အောက်ပါအတိုင်း



2 Step ကို Enable လုပ်ဖို့ ပေါ်လာရင် Start set up ဆိုတဲ့ အနီရောင်အကွက်လေး
ကို နှိပ်ပေးလိုက်ပါမယ်။ထို့နောက်တော့



အထက်ပါပုံအတိုင်း Phone number ဆိုတဲ့နေရာမှာ မိမိအကောင့်ကိုတစ်ခါဝင်တိုင်း
တစ်ခါ Code ပြန်ပို့နိုင်မယ့် အမြဲတမ်းသုံးမယ့် ဖုန်းနံပါတ်ကိုထည့်လိုက်ပါမယ်။
ဒီနေရာမှာ တစ်ခုပြေချင်တာက သင်ဟာ English စကားကို ကောင်းမွန်စွာနားလည်
နိုင်မယ်ဆိုရင်တော့ Voice Call ကို ရွေးချယ်ပီး Send Code ဆိုတာကိုနှိပ်လိုက်ပါမယ်။
ဒါဆိုရင် သင့်ဖုန်းကို Google Server ကနေ ဖုန်းလှမ်းခေါ်ပီး Code ကို သင့်ကိုပြောပါ
လိမ့်မယ်။ ဒီရောမှာ ကျတော်ကတော့ Text Message (SMS) ဆိုတာကိုရွေးချယ်ပေးပီး
တော့ Send code ဆိုတာကိုရွေးလိုက်ပါမယ်။ ဒီနေရာမှာ သင့်ဖုန်းထဲသို့ Google Verify
Code ကိုလှမ်းပို့ပါလိမ့်မယ်။ထို့နောက်တော့



သင့်ဖုန်းထဲ ၀င်လာတဲ့ Code ၆ လုံးကို Enter verification code ဆိုတဲ့ နေရာမှာ
ရိုက်ထည့်ပီးတော့ Verify ဆိုတာကိုနှိပ်လိုက်ပါမယ်။ထို့နောက်တော့အောက်ပါ
အဆင့်တွေကို




Next…. Confirm ဆိုတာကို နှိပ်ပေးလိုက်ပါမယ်။ဒီလိုအချက်တွေလုပ်ဆောင်ပီးပီ`
ဆိုရင်တော့ သင့်အကောင့်ကို 2 step verification ဖွင့်ထားပီးလို့ လုံခြုံသွားပါပြီ။
ဒါပေမယ့် ဒီနေရာမှာ တစ်ခုပြောချင်တာက သင်က သင့်အကောင့်ကို Security
အတွက် ဖုန်းခံလိုက်ပေမယ့် အကယ်လို့များ သင့်ဖုန်းနံပါတ်ပျောက်သွားတယ်
ဆိုရင် အဲ့ဒီမှာ ပြန်ပီး တိုင်စပတ်ပါလိမ့်မယ်။ သင့်ဖုန်းကို တစ်ခြား Devices, Browser
တွေကနေပြန်ဝင်တဲ့အခါ ဖုန်းနံပါတ်ကို Code လှမ်းပို့ပေမယ့် သင့်ဖုန်းက ပျောက်
နေတယ်ဆိုရင် ဘယ်လိုမှ Access လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကျတော်တို့
က ဖုန်းမပါပဲ Code ၁၀ လုံးကို အရယူထားပါမယ်။ ဒါကြောင့်



Backup codes ဆိုတဲ့နေရာမှာ Perint or download ဆိုတာကို နှိပ်လိုက်ရင်
Tab တစ်ခုအနေနဲ့ အောက်ပါအတိုင်းပေါ်လာမှာဖြစ်ပါတယ်။



ထိုအခါမှာ သင့်မျက်စိရှေ့မှာမြင်ရတဲ့ Code ၁၀ လုံးကို Print ထုတ်ထားပီး
သင့်အိမ်မှာဖြစ်ဖြစ် သင်ကိုင်နေတဲ့ ပိုက်ဆံအိတ်ထဲမှာဖြစ်ဖြစ်သိမ်းထားပီး
အရေးပေါ်အသုံးပြုနိုင်ပါတယ်။ ကဲ ဒါကတော့ ကွန်ပျူတာကနေလုပ်ဆောင်
ရတာပါ။
ဖုန်းကနေလုပ်ဆောင်ရအောင်
အရင်ဆုံး သင့်ဖုန်းထဲမှ ဘရောက်ဇာတစ်ခုခုကိုဖွင့်လိုက်ပမယ်



ထိုကနောက်တော့ မှင်အနီရောင်လေးဝိုင်းပြထားတဲ့နေရာမှာ Sign In ဆိုတာကို
နှိပ်လိုက်ပါမယ်။ ပြီးသွား၇င်တော့



သင့်အကောင့်ကို ရိုက်ထည့်ပါမယ်။



ထိုကနောက်တော့ အောက်ပါပုံအတိုင်းပေါ်လာရင်တော့



မျှားအနီလေးနဲ့ မှင်အနီရောင်လေးဝိုင်းပြထားတဲ့နေရာမှရှိတဲ့ Desktop ဆိုတာလေးကို
နှိပ်လိုက်ပါမယ်။ဒါဆိုရင် လက်ရှိ Mobile View ကနေ Desktop View ကို ပြန်ပြောင်း
သွားတဲ့အတွက်  Refresh ပြန်လုပ်သွားပါလိမ့်မယ်



ထိုကနောက်တော့ အောက်ပါ့အတိုင်း



My account ဆိုတာလေးကို နှိပ်ပေးလိုက်ပါမယ်။ ဒီနေရာမှာလည်း ကွန်ပျူတာတုန်းကလို
မျိုး Tab တစ်ခုအနေနဲ့ ပြန်တက်လာမှာဖြစ်ပါတယ်။



ထို့နောက် အထက်ပါပုံအတိုင်းမှာ Sign-in & security ကိုနှိပ်ပေးလိုက်ပမယ်။
ပီးရင်တော့ အောက်ပါအတိုင်းမှ



2-step Verification ဆိုတဲ့ အနီရောင်ဝိုင်းပြထားတဲ့နေရာလေးကိုနှိပ်လိုက်
ပါမယ်။ထို့နောက်တော့အောက်ပါအတိုင်း



ပေါ်လာရင်တော့ အနီရောင် အ၀ိုင်းလေးမှ Start set up ကိုနှိပ်ပီး



အထက်ပါအတိုင်း မိမိဖုန်းနံပါတ်ကို ထည့်လိုက်ပါမယ်။ပီးရင်တော့ Text message(SMS)
ကိုပဲ ရွေးပီး Send code ကို နှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့ သင့်ဖုန်းထဲဝင်လာတဲ့ Code
၆လုံးကို



အထက်ပါ Box အထဲမှာရိုက်ထည့်လိုက်ပီး Verify လုပ်လိုက်ပါမယ်။ဒါဆိုရင်တော့



အထက်ပါအတိုင်းမှ Next ကိုနှိပ်ပါမယ်။ထပ်ပေါ်လာရင်တော့ Confirm နှိပ်လိုက်ရုံပါပဲ… ဒါဆိုရင်တော့သင့်ရဲ့ အကောင့်က



အထက်ပါအတိုင်း 2 Step verification နေရာမှာ မီးစိမ်းလေးနဲ့ On ဆိုတာဖြစ်နေရင်
စိတ်ချရပါပီ…. အခုကျတော်ပြောတဲ့နည်းကတော့ 2 Step verification ကို ကွန်ပျူတာ
ကနေသော်လည်းကောင်း ဖုန်းကနေသော်လည်း ကောင်းလုပ်ဆောင်တဲ့နည်းကို ပြန်လည်
Update လုပ်ပေးထားတာဖြစ်ပါတယ်။အားလုံးပဲ အဆင်ပြေမယ်လို့ ယုံကြည်မျှောင်လင့်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ဦးဇာနည်