Sunday, August 4, 2013
Timelines & Tagging Services ဘယ်လိုပိတ်မလည်း
Timelines & Tagging Services ဘယ်လိုပိတ်မလည်း
ကျွန်တော်တို့ Facebook သုံးစွဲသူ User အများစု ကြုံတွေ့
ရတဲ့ ပြဿနာလေးတစ်ခုပါ။ မိမိ သူငယ်ချင်း List ထဲမှ တစ်
ချို့ က မိမိ Timeline ပေါ်မှာ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ Status
တွေကို ရမ်း လာလာတင်ကြတာမျိုးကြောင့် မိမိ Timeline ထဲ
မှာ ပွထနေတာမျိုးကြုံဖူးကြမှာပါ။ ထိုသို့ Tagging လုပ်ခြင်း
များကို ပိတ်ထားဖို့အတွက် နည်းလမ်းလေးဖြစ်ပါတယ်။
ကဲအရင်ဆုံးကျွန်တော်တို့ကို ထုံးစံတိုင်း Facebook ကိုဖွင့်
ထားပါမယ်။ ပီးသွားရင်တော့ အောက်ဖော်ပြပါပုံအတိုင်း
Settings ထဲကနေ Account Settings ကိုသွားမှာဖြစ်ပါတယ်။
ဒါဆိုရင် အောက်ဖော်ပြပါပုံအတိုင်း Account Setting ထဲကို
ရောက်သွားပါမယ်။
ထိုအခါမှာ နံပါတ် ၁ ဖြစ်တဲ့ Timeline & Tagging ကိုအရင်နှိပ်ပါမယ်။
ထိုနောက် နံပါတ် ၂ဖြစ်တဲ့ Who can add things to my timeline? ဆို
တဲ့နေရာမှာ Edit ကိုနှိပ်ပါမယ်။ထို့နောက်မှာတော့ အောက်ပါပုံအတိုင်း
Who can post on your  timeline? ဆိုတဲ့နေရာမှာ မိမိတစ်ဦးတစ်ယောက်
တည်းက သာတင်ချင်တယ်ဆိုရင် Only Me ကိုရွေချယ်ပေးပီး သူငယ်ချင်းတွေ
ကိုတင်ခွင့်ပေးမယ်ဆိုရင်တော့ Friends ဆိုတာကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။
ထိုနောက် မှာတော့ Post Previes Services ကို တစ်ချက်ဖွင့်ပေးထားရမှာဖြစ်ပါ
တယ်
အထက်ပါပုံမှာ မျှားအနီလေးပြထားတဲ့နေရာကို တစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်။
ဒါဆိုရင်အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။
အဲဒီမှာ Enabled နဲ့ Disabled ဆိုပီး နှစ်မျိုးရှိပါတယ် Enable= on ဖြစ်ပီး
Disabled=off ဖြစ်ပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်တော့ မိမိက on ထား
မယ်ဆိုရင်မည်သူတစ်ဥိးတစ်ယောက်က မိမိ Timeline ကိုလာပီး By Name
နဲ့ပဲ Tag လုပ်လုပ် မိမိ Timeline ပေါ်ကိုချက်ချင်းမတက်ပဲ Notification
မှာ ရင် လာပီး Message ပြမှာဖြစ်ပါတယ်။ ထိုအခါမိမိက တင်ခွင့်ပြုမယ်
ဆိုရင် Add To timeline ကိုနှိပ်ပေးပီး မိမိက တင်ခွင့်မပြုဘူးဆိုရင်တော့
Hide ဆိုတာလေးကိုနှိပ်ပေးရုံပါပဲ။ဒီနေရာမှာတစ်ချက်ပြောချင်တာက မိမိ
က Timeline Services မှာ Friend ပဲရွေးထားရွေးထား Only Me ပဲရွေးထား
ရွေးထား Preview Post services ကိုဖွင့်ထားပေးသင့်ပါတယ်။ ဒါမှ မိမိက
တင်ခွင့်ပြုမယ်။ မပြုဘူးဆိုတာကိုမိမိကိုယ်တိုင်ဆုံးဖြတ်ပေးနိုင်မှာပါ။ထို
Services ကိုပိတ်ထားမယ်ဆိုရင် သင့်ဝေါထဲကို သင်က Only Me လုပ်
ထားတာတောင်မှ တစ်ဘက်လူက By Name နဲ့ Tag လုပ်လိုက်တဲ့အခါ
မှာ သင့် Time line မှာလာပေါ်နေမှာဖြစ်ပါတယ် အသေးစိတ်ကိုတော့
အောက်ဖော်ပြပါဗွီဒီယိုဖိုင်မှာ လေ့လာကြည့်ရှုပါ။
Friday, August 2, 2013
Window တက်တက်ချင်းမှာ Desktop.ini တက်နေတာကိုရှင်းမယ်
Window တက်တက်ချင်းမှာ Desktop.ini တက်နေတာကိုရှင်းမယ်
=====================================
ဒီပြဿနာကိုဖြေရှင်းခန်းမထုတ်ခင်မှာ ဒီပြဿနာဖြစ်ရတဲ့အကြောင်း
ရင်းကိုအရင်ပြောချင်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ Windows
7 Build 7057 မှာ System Start သို့မဟုတ် Reboot လုပ်တိုင်းမှာ
ရံဖန်ရံခါ Notepad ဖိုင်အဖြစ်အောက်ဖော်ပြပါ Code တွေနဲ့ဖော်ပြပီး
ဝင်းဒိုးတက်တက်ချင်းမှာပြတတ်ပါတယ်။
[.ShellClassInfo]
LocalizedResourceName=@%SystemRoot%\system32\shell32.dll,-21787
သူက အဓိကအားဖြင့် Desktop.ini အတွက် Location မှားပီး Created
လုပ်မိတဲ့ အတွက်ကြောင့် Bug ဖိုင်အဖြစ် ၀င်းဒိုး တက်တိုင်းမှာ ဖော်
ပြနေမှာပါ။၎င်းကိုဖြေရှင်းဖို့အတွက် ကျွန်တော်တို့ “msconfig” ထဲက
နေလည်း သွာဖြုတ်လို့မရပါဘူး ဘာလို့လည်းဆိုတော့ အဲဒီထဲမှာလည်း
ရှိမနေလို့ပါ။သူ့ကိုဖြေရှင်းဖို့နည်းလမ်းကတော့ အရမ်းကိုပဲရိုးရှင်းလွယ်
ကူပါတယ်။သွား၇မယ့် နေရကတော့
၁= အရင်ဆုံး RUN Box ထဲမှာ “control folders” ဆိုပီးရိုက်ပါ။ဒါဆိုရင်
     Folder Options ဆိုတဲ့ Sub Box ပေါ်လာပါလိမ့်မယ်။အဲဒီထဲကမှ
     View Tab ထဲကိုသွားပီး အောက်ဖော်ပြပါပုံအတိုင်းမျှားအနီလေးပြ
ထားတဲ့ Hide protected operating system files (recommended)
ဆိုတာလေးကို အမှန်ခြစ်လေးလုပ်ပေးလိုက်ပါ။
ဒါဆိုရင်လုပ်ဆောင်အဆင့် ၁ ပီးသွားပါပီ။ထို့နောက်လုပ်ဆောင်ချက်
၂ အနေနဲ့ C:\ProgramData\Microsoft\Windows\Start Menu\
Programs\Startup Folder ထဲကိုသွားပါ။ဒီနောက် ၄င်း Folder
ထဲမှာရှိသော “Desktop.ini” ဖိုင်ကို Delete လုပ်လိုက်ပါ။
အောက်ပါပုံအတိုင်းပေါ့
အဲဒီလိုမှမသွားချင်ဘူးဆိုရင်နောက်တစ်နည်းကတော့ ကီးဘုတ်
ကနေ Windwos Key+ F ကိုနှိပ်လိုက်ပါ ဒါဆိုရင် Window
Search Function ပေါ်လာပါမယ် အဲဒီမှာ အောက်ကပုံအတိုင်း
Search Box ထဲမှာ “shell:common startup” လို့ရိုက်ပီး Enter
 နှိပ်လိုက်ပါ။ဒါဆိုရင်လည်း အဲဒီဖိုင်ကိုတွေ့မှာပါ။ပီးသွားရင်တော့
ချလိုက်ပါ။ ဒီတစ်ခါမှာတော့ အ၇င်ဝင်းဒိုးတက်တက်ချင်း Desktop
 ဆိုတဲ့ Notepad ဖိုင်ကနောက်နောင် ဘယ်တော့မှတက်လာမှာ
မဟုတ်တော့ပါဘူး။ကဲအားလုံးပဲအဆင်ပြေမယ်လို့ယုံကြည့်မျှော်
လင့်ပါတယ် အခုဖော်ပြပါ Post လေးဖြစ်မြောက်ဖို့အတွက် ကျွန်
တော့အား Chat Box ထဲမှာ မေးမြန်းလာသော ကိုမင်းသိန်းအား
ကျေးဇူးတင်ရှိကြောင်းဒီနေရာလေးမှ ပြောကြားလိုပါတယ်။
လေးစားစွာဖြင့်
အာရှသား (သို့မဟုတ်) Cristiano Zarni@ ဦးဇာနည်
Thursday, August 1, 2013
APK ဖိုင်တွေကို ကိုယ်တိုင်ဖန်တီးကြမယ်
How to Create the any blog to APK File
ကဲကျွန်တော်ဒီတစ်ခါပြောမယ့်အကြောင်းအရာကတော့
Web Site တွေ Facebook Group တွေ၊ Facebook
Page တွေကို Android Application (APK) လုပ်တဲ့နည်း
လေးဖြစ်ပါတယ်။အဓိက ကတော့ ကျွန်တော်တို့ ကိုယ်တိုင်
APK ဖိုင်တွေကို ရေးဖို့ဆိုတာမလွယ်ပါဘူး။မိမိက Developer
တစ်ယောက်ဖြစ်နေတယ်ဆိုရင်တော့အကြောင်းမဟုတ်ဘူးပေါ့
အခုကျွန်တော်ပြောမယ့်နည်းလေးက Developer တစ်ယောက်
ဖြစ်စရာလည်းမလိုပါဘူး။ မိမိ နှစ်သက်ရာ၊ မိမိဖတ်နေကျဘလော့
လိပ်စာ၊ Web Site လိပ်စာလေးတွေကို APK ဖိုင်လုပ်။ အွန်လိုင်း
သုံးတဲ့အချိန်မှာ ဖွင့်ပီး Cache ရအောငသွင်း ဆိုလိုတာက ဒေတာ
များကိုဖတ်ထားခြင်းကိုဆိုတာပါ။ဒါဆိုရင် Offline မှာလည်း မိမိဖတ်
ချင်တာလေးတွေ ပြန်ပီးဖတ်လို့ရပါတယ်။ကဲ စကားတွေများသွားပီ
နဲ့တူတယ် ဆက်လိုက်ရအောင် ….
အရင်ဆုံးကျွန်တော်တို့ http://www.appsgeyser.com/ လင့်ခ်ကို
သွားပါဒါဆိုရင် APK Create လုပ်ဖို့အတွက် Page ကိုရောက်သွားပါ
လိမ့်မယ်။ဒါဆိုရင် အောက်မှာမျှားအနီနဲ့ပြထားတဲ့ Create APP Now
ဆိုတာလေးကိုနှိပ်လိုက်ပါ။
ဒါဆိုရင် အောက်ပါပုံအတိုင်း ထပ်မံပေါ်လာမှာဖြစ်ပါတယ်
အထက်ပါပုံအတိုင်းမျှားအနီလေးကိုကျွန်တော်တို့ကရွေးပေး
ရမှာဖြစ်ပါတယ် ဘာလို့လည်းဆိုတော့ ကျွန်တော်တို့က မိမိ
နှစ်သက်ရာ Website လိပ်စာ၊ Blog လိပ်စာကိုကို APK လုပ်
မှာဖြစ်လို့ဖြစ်ပါတယ်။ ကဲဆက်သွားရအောင်လားဗျာ………..
ကဲကျွန်တော်က ကျွန်တော့်ဘလော့လေးကို APK ဖိုင်လုပ်ပုံ
လေးပြပေးမယ် ဒီတော့ ကျွန်တော်က ကျွန်တော့်ဘလော့
လိပ်စာလေးကိုကော်ပီကူးလိုက်မယ်အောက်ကပုံအတိုင်းပေါ့
ပီးသွားရင် ကျွန်တော်က ကူးလိုက်တဲ့ Blog လိုပ်စာလေးကို
အောက်ဖော်ပြပါပုံထဲမှ နံပါတ် ၁ နေရာမှာ ကူးထည့်လိုက်ပါ
မယ်
နံပါတ် ၂နေရာမှာတော့ မိမိ နှစ်သက်ရာအမည်ကိုပေးလို့ရ
ပါတယ်။နံပါတ် ၃နေရာမှာလည်း မိမိ နှစ်သက်ရာအမည်ကိုပေးလို့
ရပါတယ်။ ကဲဆက်သွား၇အောင် အခုက APK အတွက် ICON ထည့်
မှာဖြစ်ပါတယ်။ဒီတော့ သင်တို့က မိမိ နှစ်သက်ရာ Icon ကိုထည့်လို့
ရပါတယ်။ကျွန်တော်တို့က Icon နေရာမှာ Custom Icon ကိုရွေးပေး
လိုက်ပါ ဒါဆိုရင် အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။
ဒီအခါမှာ Choose File ဆိုတဲ့နေရာမှ မိမိ နှစ်သက်ရာ Icon ကိုရွေးပေး
ရမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ PNG ဖိုင် ဖော်မတ်က ပိုကောင်း
ပါတယ်။ ဒါကြောင့် PNG ဖိုင်ကိုရွေးပေးစေလိုပါတယ်။ ပီးသွား၇်ငတော့
Regtangle tools နဲ့ မိမိ နှစ်သက်ရာ Area ကိုသတ်မှတ်ပေးပီး SUBMIT
ဆိုတာကိုနှိပ်လိုက်ပါ ဒါဆိုရင်အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။
ပီးနောက်  Category: ဆိုတဲ့နေရာမှ မိမိနှစ်သက်ရာအကြောင်းအရာကို
ရွေးပေးလို့ရပါတယ်။ကျွန်တော်ကတော့ Blogs လို့ပဲရွေးပေးထားပါတယ်။
ဒီ့နောက် ကျွန်တော်တို့က ညာဘက်ခြမ်းမှအောက်ဖော်ပြပါပုံမှာ
Click Here to see the preview ဆိုတာကိုနှိပ်ပီး တစ်ချက် Preview
ကြည့်ပါမယ်။
ဒါဆိုရင်အထက်ပါပုံအတိုင်း သင်ဖန်တီးမယ့် APK ဖိုင်မှာဖော်ပြမယ့်
စာမျက်နှာပြင်ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ကအောက်မှာပြ
ထားတဲ့ပုံအတိုင်း
မျှားအနီလေးနေရာ CREATE APP ဆိုတာကိုနှိပ်လိုက်ပါမယ်။
ဒါဆိုရင်သူက အောက်ဖော်ပြပါပုံအတိုင်း
အကောင့်ဖွင့်ခိုင်းပါလိမ့်မယ် ကျွန်တော်တို့က အလုပ်ရှုပ်လို့တစ်ခါ
တည်းအဆင်ပြေအောင် မျှားအနီပြထားတဲ့နေရကနေ Facebook
နဲ့ Connect လှမ်းလုပ်မှာဖြစ်ပါတယ်။
သင်က Facebook Account ကိုဖွင့်ထားတယ်ဆိုရင် အထက်ပါပုံ
အတိုင်းတန်းပွင့်လာမှာဖြစ်ပီး မဖွင့်ထားဘူးဆို၇င်တော့သင့် Facebook
Account ကို ၀င်ပေးရမှာဖြစ်ပါတယ်။ စိတ်ချလက်ချဝင်နိုင်ပါတယ်ဒါဟာ
Attacking Site မဟုတ်သလို Pushing Page လည်းမဟုတ်ပါဘူး။
ပီးသွားရ်ငတော့ မှင်အနီရောင်လေးဝိုင်းပြထားတဲ့နေရာမှာ Download
ဆိုတာကိုနှိပ်ပေးလိုက်ပါ။ ဒါဆိုရင်သင် Create လုပ်ထားတဲ့ APK File
ကိုဒေါင်းလုပ်ဆွဲနေပါလိမ့်မယ်။ပီးသွားရင်တော့ သင့် Android Phone
ထဲမှာ Install လုပ်လိုက်ပါ။ နောက်ဆုံးမှာတော့ သင့် Android Phone
ထဲမှာ အောက်ပါပုံအတိုင်း
မိမိ Create လုပ်ပီး Install လုပ်ထားတဲ့ APK ဖိုင်က သင့် Android
ထဲရောက်နေမှာဖြစ်ပါတယ်။ ကျွန်တော်တို့က အဲဒီကောင်ကိုဖွင့်လိုက်
တဲ့အချိန်မှာတော့အောက်ပါပုံအတိုင်း
သင့်ဖုန်းအတွင်းမှာ အလွယ်တကူ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ဒီ Post လေးကိုရေးဖို့အတွက် “ရုပ်ရှင်ချစ်သူ” ဂရုမှ Admin
Geo Nev အားလည်း ကျေးဇူးတင်ရှိကြောင်း ဒီ Post လေးမှ
တဆင့် ပြောကြားလိုပါတယ်။အဆင်မပြေမှုများရှိပါကလည်း
Comment Box အတွင်း မေးမြန်းနိုင်သလို ကျွန်တော့်FB
Account ကိုလည်း မေးမြန်းနိုင်ပါတယ်။
ကျွန်တော်ချစ်သော ကျွန်တော့်ပရိတ်သတ်အား
အစဉ်လေးစားလျှက်..............
အာရှသား
(သို့မဟုတ်)
Cristiano Zarni@ ဦးဇာနည်
နည်းပညာတိုးတက်ထွန်းကားနေတဲ့အချိန်မှာ မည်သူတစ်ဦးတစ်ယောက်ကိုမှ ခေတ်နောက်မှာ မကျန်ခဲ့စေလိုပါ
MalwareBytes ဗားရှင်းနှစ်မျိုး
ကျွန်တော်တို့ ကွန်ပျူတာဝင်းဒိုးစနစ်ထဲမှာ Malware တွေဝင်လာတဲ့
အခါမျိုးမှာ သာမာန် Malware တွေကို အလွယ်တကူထိရောက်လွယ်
ကူလျှင်မြန်စွာ နှိမ်နှင်းပေးနိုင်တဲ့ ကောင်လေးပါ။ သုံးဖူးသူတော်တော်
များများလည်းသိကြပါတယ်။ အခုကျွန်တော်ပေးမှာကတော့ ဖိုင်အမျိုး
အစားနှစ်မျိုးဖြစ်ပါတယ်။ ကွန်ပျူတာအတွင်း Install လုပ်ရမယ့်ဖိုင်
ရယ် USB Stick တွေထဲထည့်သွားပီး အလွယ်တကူ အသုံးပြုလို့ရနိုင်
မယ့် Portable Version လေးရော အပါအ၀င်ဖြစ်ပါတယ်။
ကွန်ပျူတာအတွင်း Install သွင်းဖို့အတွက် Full Version ကို
ဒီမှာဒေါင်းမယ် ဖိုင်စိက်ဒ်က 11MB ရှိပါတယ်။
USB Stick အတွင်းထည့်သွင်းအသုံးပြုနိုင်မယ့် Portable Version
ကိုတော့
ဒီမှာဒေါင်းမယ် ဖိုင်စိုက်ဒ်က 10MB ရှိပါတယ်။
Wednesday, July 31, 2013
How to Registry Backup & Restore without Software
How to Registry Backup & Restore without Software
ကဲ ခေါင်းစဉ်ကတော့ မြင်တဲ့အတိုင်းပဲ မိမိကွန်ပျူတာရှိသော
Registry Settings တွေကိုအကြောင်းအမျိုးမျိုးကြောင့် မပြင်
ခင်၊ လက်တဲ့မစမ်းခင်မှာ backup လုပ်ထားဖို့လိုပါတယ်။အခု
ကျွန်တော်ပြောမယ့်အကြောင်းရာကတော့ Registry ကို ဘာ
Registry Backup Software မှာမသုံးပဲ အ၇ိုးရှင်းဆုံး Backup
လုပ်နည်းနဲ့ Restore လုပ်နည်းဖြစ်ပါတယ်။ဒီတော့က ကျွန်တော်
တို့ အရင်ဆုံးကီးဘုတ်ကနေ Window Key + R ကိုနှိပ်လိုက်ပါ
မယ်။ဒါဆိုရင် RUN Box ပေါ်လာပါလိမ့်မယ်။ဒီအခါမှာ Run Box
ထဲမှာ “regedit” လို့၇ိုက်လိုက်ပါ။
ဒီအခါမှာအောက်ပါပုံအတိုင်း Registry Editor ပေါ်လာမှာဖြစ်ပါတယ်။
ဒီနောက်မှာတော့ကျွန်တော်တို့က အောက်ဖော်ပြပါပုံအတိုင်း Fileထဲမှ
Export ဆိုတာကိုနှိပ်ပေးရမှာဖြစ်ပါတယ်။
ထိုနောက်မှာတော့ အောက်ဖြော်ပပါပုံအတိုင်း
မိမိသိမ်းချင်တဲ့နေရာမှာ မိမိပေးချင်တဲ့နာမည်ကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ်
ပီးသွားရင်တော့ Save ဆိုတာကိုနှိပ်လိုက်ရုံပါပဲ။ဒါဆို၇င်
မိမိ Save လုပ်ထားတဲ့ Registry Backup File က မိမိပေးထားတဲ့
အမည်နာမအတိုင်းပေါ်နေမှာဖြစ်ပါတယ်။ ထိုအခါမှာ မိမိလက်တဲ့
စမ်းချင်သမျှကို Registry Settings ထဲမှာစမ်းလို့ရပါတယ်။ တစ်
ခုခု အကြောင်းတစ်စုံတစ်ရာကြောင့် လွှဲမှားမှုရှိသွားရင် မိမိသိမ်း
ထားတဲ့ Reg Backup ဖိုင်ကို Double Click နှိပ်ပေးလိုက်ခြင်းဖြင့်
အလွယ်တကူ Restore ဖြစ်သွားပါလိမ့်မယ်ကဲအားလုံးပဲအဆင်ပြေမယ်
လို့ယုံကြည့်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်
PDF Password Remover With Serial Key
ဂရုလေးတစ်ခုမှာ မန်ဘာတစ်ယောက်က PDF Password Remover
လေးတစ်ခုတောင်းတာတွေ့လို့ အားချင်းပဲ ရှာပီး ချက်ချင်းစမ်းပီး
တင်လိုက်တာပါ။ Full Version လေးပါ။ Serial Key လည်းပါပါတယ်။
Installation လုပ်ပုံကတော့ အရင်ဆုံး PDF Password Remover 3.12.exe
ဆိုတာလေးကိုအရင် Run လိုက်ပါ။ ပီးသွားရင် "cypthon22.dll" ဖိုင်
ကိုကော်ပီကူးပီး Program Location မှာသွားပီးထည့်ပေးပါ။ ၄င်း
ဖိုင်ကို Program Location မှာထည့်ပီးပီဆိုတော့မှ  Key ဖိုင်ကို
သွင်းပါ ဒါဆိုရင်တော့ အဆင်ပြေချောမွေ့စွာအသုံးပြုနိုင်ပါပီ
ဖိုင်စိုက်က 1MB ပဲရှိလို့ စိတ်ဝင်စားလို့ဒေါင်းချင်သပဆိုရင်တော့
ဒီမှာဒေါင်းမယ်
Tuesday, July 30, 2013
You Tube ကနေ ဗွီဒီယိုဖိုင်တွေဒေါင်းမယ်
တစ်ခါတစ်လေ ကျွန်တော်တို့ Internet Download Manager တို့
သွင်းထားပေမယ့် တစ်ချို့ ဗွီဒီယိုဖိုင်တွေက ဒေါင်းလုပ်ပေးမဆွဲတာ
တွေရှိပါတယ် ဆိုလိုတာက www. နေရာမှာ "ss" လည်းထည့်လို့မရ
"save" လည်းထည့်လို့မရ Maxton မှာပါတဲ့ Popup Save နဲ့လည်း
ဒေါင်းလို့အဆင်မပြေတာမျိုးကြုံဖူးကြမှာပါ။ အထူးသဖြင့် ကျွန်တော်က
တော့ အဒေါင်းသမားဆိုတော့ ခဏခဏကြုံရတယ်။ ဒါပေမယ့် ဒီလို
ဒေါင်းလို့မရတဲ့ UT က ဗွီဒီယိုဖိုင်တွေကို အထက်ဖော်ပြပါ Software
လေးနဲ့တော့ မရဘူးဆိုတာ ဘာမှမရှိဘူးလို့တောင်ပြောရမလိုပါပဲ။
ဖိုင်စိုက်ကတော့  11MB ရှိတယ် ဗျာ။ Install လုပ်ပုံကတော့ရိုးရှင်း
လွယ်ကူတော့ အထွေအထူးကြီးမပြောလိုတော့ဘူး။ စိတ်ဝင်စားလို့
ဒေါင်းချင်သပဆိုရင်တော့
ဒီနေရာမှဒေါင်းမယ်