Sunday, December 22, 2013

Shortcut Virus ကို Command Line ကနေသတ်မယ်




Shortcut Virus ကို Remover ဖြင့် အလွယ်တကူသတ်လို့ရ
နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော်ကြုံတွေ့
ရတဲ့ Customer Site ထဲမှ အဖြစ်အပျက်များ ဇတ်လမ်းသွားအ
ရနည်းနည်းတော့ရှင်းပြချင်ပါသေးတယ်။ ဒီလိုဗျ တစ်ရက် ကျွန်တော်
Services အတွက် Customer Site နှစ်ခုကို Run ပီးတော့ အပြန်
နောက်ထပ်စိုက်ဒ်တစ်ခုက အရေးကြီးလို့ ဖုန်းလှမ်းဆက်ခေါ်တော့
ကျွန်တော်ရောက်သွားတယ် ဟိုရောက်တော့ External Stick
တွေအကုန်လုံးမှာ Shortcut Virus တွေဝင်နေတာကိုတွေ့လိုက်
တယ်။ အို….. လွယ်လွယ်လေးပေါ့ ဆိုပီး ကျွန်တော်လည်းရှိသမျှ
Stick တွေထုတ်လိုက်တယ်။ ကံဆိုးတာက Shortcut Virus
Remover က မရှိတော့ဘူး ကျွန်တော်ပျောက်သွားတဲ့ Stick
ထဲပါသွားတယ်။ဒါနဲ့ ဖုန်းထဲကနေ အင်တာနက်ဖွင့်ပီးတော့
ဒေါင်းမယ်လုပ်ပြန်တော့လည်း ကျွန်တော်ချစ်သော မြန်မာ့
ဆက်သွယ်ရေးက ကော်နပ်ရှင်ကျနေတယ် ဒါနဲ့ လာထားအာဘွား
အဲလေ.. ဓာတ်ရှင်ကားတွေနဲ့ မှားကုန်ပီ။။ လာထားဆိုပီး
Command Line ထဲကနေသတ်မယ်ဆိုပီး Customer ဆီမှာ
ရှိသမျှ Stick တွေအကုန်လုံးကိုထိုးပလိုက်တယ်။ ပီးတော့
အောက်ပါပုံအတိုင်းမှ



Start ထဲမှာ “cmd” လို့ရိက်ပီး Right Click ထောက် Run as administrator
အနေဖြင့် ဖွင့်လိုက်ပါတယ်။



ဒီနေရာမှာတစ်ခုပြောချင်တာက ပုံမှန် Run Box ထဲကနေ “cmd” လို့ရိုက်
ရင် သူက User Level အနေဖြင့်သွားပီး User Location ကိုပဲပြမှာဖြစ်ပါ
တယ်။ အခုကျွန်တော်တို့က Run as administrator အနေဖြင့် သွားထား
တဲ့အတွက်ကြောင့် System Location ကိုပြနေတာဖြစ်ပါတယ်။ ဘာကွာ
သလည်းဆိုတော့ သင်ဟာ သာမာန် run box ထဲကနေသာရိုက်လိုက်ရင်
နောက်ပိုင်းလုပ်ဆောင်ချက်တွေကို ဘာမှလုပ်လို့ရမှာမဟုတ်တော့လို့ပါ
ကဲဆက်သွား၇အောင်ဒီနောက်တော့ Shortcut Virus ၀င်နေတဲ့ Stick
ရဲ့ Drive Letter ကို၇ိုက်ထည့်လိုက်ပါမယ်။


ကျွန်တော့ဆီမှာဝင်နေတာက Drive Letter G ပါ ဒါကြောင့် G: ဟုရိုက်လိုက်
ပါတယ်။ ပီးနောက် Enter ကိုနှိပ်လိုက်ပါတယ်။ထိုအခါအမှာတော့အောက်ပါ
အတိုင်း သင့် Stick ထဲကိုရောက်သွားပါပီ။



ထိုအခါ သင်အရင်ဆုံးရိုက်ရမယ့် Command က >del *.lnk /s/f/a ဆိုပီးတော့ဖြစ်ပါ
တယ်။ အောက်ပါပုံအတိုင်းပေါ့…



ပီးရင်တော့ Enter ကိုနှိပ်လိုက်ပါ ဒါဆိုရင် သင့် Stick ထဲမှာရှိသမျှ Shortcut
တွေအကုန်လုံးကို ဖျက်ပလိုက်ပါ့မယ်။ထိုနောက် ထပ်မံရိုက်ရမယ့် Command
ကတော့ >del *.tmp /s/f/a ဖြစ်ပါတယ်။ ဒါကတော့ တစ်ခါတည်း TEMP ဖိုင်
တွေကိုပါဖျက်ပလိုက်တာပါ။ နောက်တစ်ခါထပ်ရိုက်ရမှာကတော့
>del *.db /s/f/a ဖြစ်ပါတယ် သူလည်း Temporary တွေကိုဖျက်ပလိုက်တာ
ပါ။ဒီလိုမျိုးတွေ ဖျက်ပီးသွားပီဆိုရင်တော့ သင့် Stick ထဲမှာ Hidden ဖြစ်နေတဲ့
ဖိုင်တွေကိုဖော်ဖို့အတွက် ရိုက်ရမယ့် Command ကတော့
>attrib –s –h –r *.* ဆိုပီးအရင်ရိုက်လိုက်ပါ့မယ်။ ဒါကတော့ ဖိုင်တွေကို
ဖော်ဖို့အတွက် ဖြစ်ပါတယ်။ ထို့နောက်တော့ >dir /ah ဆိုပီးရိုက်လိုက်တဲ့
အခါမှာတော့ ပျောက်နေတဲ့ Folder တွေကို အစဉ်လိုက်ဖော်ပြပေးပါ့မယ်။
၎င်းဖိုလ်ဒါနာမည်တွေကိုမှတ်သားပီးတော့ ပြန်ဖော်ရမယ့် Command က
>attrib –s –h –r [Folder Name] ဖြစ်ပါတယ် Foler Name ဆိုတာက
တော့သင် dir /ah လို့ရိုက်လိုက်တဲ့အချိန်မှာဖော်ပြပေးတဲ့ Folder List
တွေထဲကဖြစ်ပါတယ်။ ကဲ ဒီလောက်ဆိုရင် အဆင်ပြေလောက်မယ်
လို့မျှော်လင့်ကြည့်ပါတယ်။ ဒီ Post မှာ ကျွန်တော် တစ်ခု ထူးခြား
အောင်လုပ်ထားပါတယ်။ အဲဒါကတော့ နောက်ပိုင်းပုံတွေကိုဆက်
မထည့်ထားတာပါ။ ကျွန်တော့ကိုအားပေးတဲ့ ကျွန်တော့ စာဖတ်
ပရိတ်သတ်ရဲ့ နားလည်နိုင်မှုစွမ်းရည်လေးကို သိချင်လို့ပါ…….
အဆင်မပြေဘူးဆိုရင် အချိန်မရွေးမေးမြန်းနိုင်ပါတယ်။ စာမေး
လို့ ဘယ်တော့မှစိတ်မဆိုးတတ်ပါဘူး ကျွန်တော့ကို အသက်မေး
ရင်သာ စိတ်ဆိုးတာပါ။ ကျွန်တော်က အခုမှ ၁၈ နှစ်တောင်မပြည့်
သေးပါဘူးခင်ဗျာ….
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်

သင့် G-Mail Account ကိုလုံခြုံအောင်လုပ်ထားမယ်




အခုကျွန်တော်ပြောမယ့်နည်းလမ်းလေးကတော့ 2 Step
Vercificationအကြောင်းပဲဖြစ်ပါတယ်။ IT Field
ထဲမှာ Pro Level တိုင်းကတော့ အလွယ်တကူသိနိုင်ပေမယ့်
လေ့လာခါစလူတွေနဲ့ အမျိုးသမီးငယ်လေးများအတွက်အထူး
ရည်ရွယ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သင်တန်ဖိုးထား
တဲ့ G-mail Account ကိုအလွယ်တကူ Hack လုပ်ခံရခြင်းမှ
ကာကွယ်နိုင်ရန်အတွက်ဖြစ်ပါတယ်။ဤနည်းဖြင့် သင့် G-mail
ကို ပြုလုပ်ထားခြင်းဖြင့်လည်းသင့် Facebook Account ကိုလည်း
ကာကွယ်နိုင်ဖို့ ၇၅% ကျိန်းသေပါတယ်။ ဘာကြောင့် ၁၀၀% ဟု
မပြောသလည်းဆိုတော့ သင့် Facebook Account ကိုတစ်စုံ
တစ်ယောက်ကဖောက်ယူ (ခိုးယူ)သွားနိုင်ပါကထိုသူသည်
သင့်အကောင့် (G-mail) ဖြင့် ၀င်နေသော အမည်အား Primary
E-mail Address မှာချိန်းလိုက်ခြင်းဖြင့် သင့် Facebook အကောင့်
ကိုအလစ်သုတ်သွားနိုင်ပါတယ်။ သင့် Facebook Account ပါသွား
ပေမယ့်လည်းသင့်ရဲ့ G-mail Address ကိုတော့ လုံးဝရမည်မဟုတ်
ပါဟု ၁၀၀% ဆိုလိုနိုင်ပါသည်။ကဲကျွန်တော်လည်းစကားတွေများ
သွားပီဆက်လိုက်ရအောင်လားဗျာထုံးစံအတိုင်းပေါ့ အရင်ဆုံး
သင့်ရဲ့ G-mail ကို ၀င်လိုက်ပါထို့နောက် Account Setting ထဲသို့
သွားပီးအောက်ပါပုံအတိုင်းမှ

အရင်ဆုံး Security ဆိုတဲ့ Tab ကိုနှိပ်လိုက်ပါ။ ပီးသွားရင်တော့
နောက်ထပ်မျှားတစ်ခုဖြစ်တဲ့ 2-step verification မှာ Setup ဆို
တာကို နှိပ်လိုက်ပါမယ် ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း

ပထမမျှားအနီပြထားတဲ့နေရာမှာတော့ သင်အခုလက်ရှိကိုင်နေတဲ့
သင့်ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ပီးသွားရင်တော့
How should we send you code? ဆိုတဲ့နေရာမှာ Voice Call
ဆိုတာကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော်
ကျွန်တော်ချစ်သောအမိမြန်မာနိုင်ငံသို့ ပြည်ပမှ မည်သို့သော
Message များ Phone Services ဖြင့် မရောက်ရှိနိုင်ပါ။ ဒါကြောင့်
ကျွန်တော်တို့ Viberအကောင့်ဖွင့်လျှင်လည်း Voice Call ဖြင့်သာ
Activate လုပ်ကြရပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Voice Call
ကိုသာရွေးချယ်ပီး Send Code ဟုနှိပ်လိုက်ပါမယ်။ တစ်မိနစ်အတွင်း
မှာပဲသင့်ဖုန်းသို့ “0041” သို့မဟုတ် တစ်ခြားနံပါတ်ဖြင့် သင့်ဖုန်းအ
တွင်းသို့ ၀င်လာတဲ့အခါမှာ ချစ်စဖွယ်ကောင်းသောအသံဖြင့်
“ဟယ်လို” ဟုဖြေကြားလိုက်တဲ့အခါမှာတော့ သင့်အားအင်္ဂလိပ်လို
စကားတွေစပြောပါ့မယ်။ နားမလည်လည်းထားလိုက်ပါ ကိတ်စနမရှိ
ပါဘူးအဓိကနားထောင်ရမယ့်နေရာကတော့ “Your verification code
isXXXXXX ”ဆိုပီးဂဏာန်းခြောက်လုံးကိုအင်္ဂလိပ်လိုပြောပါလိမ့်မယ်
တစ်ခါတည်းကြားလျှင်အဆင်မပြေမှာဆိုးသဖြင့် သဘောကောင်းစွာဖြင့်
နောက်တစ်ကြိမ်ပြန်ပြောပါလိမ့်မယ်။ ထိုသို့ပြောကြားသောဂဏန်း ၆ လုံး
အား

အထက်ဖော်ပြပါ အောက်လေးထောင့်အနီရောင်အကွက်လေးအတွင်းသို့
ရိုက်ထည့်ပါမယ်။ အပေါ်ကအနီရောင်အကွက်လေးကတော့ သင် Verification
လုပ်တဲ့ ဖုန်းနံပါတ်ဖြစ်ပါတယ်။ဒီနောက်တော့ အောက်ဖော်ပြပါပုံအတိုင်း

ပေါ်လာပီဆိုရင်တော့ Next ကိုနှိပ်လိုက်ပါ့မယ်။ဒီနောက်တော့ သင် Verification
လုပ်တာကိုသင့်Mail အားအတည်ပြုဖို့အတွက်အောက်ပါပုံအတိုင်းပေါ်လာပီ
ဆိုရင်တော့

Confirm ကို နှိပ်လိုက်ပါမယ်။ဒီနောက်မှာတော့ အောက်ဖော်ပြပါအတိုင်း

မြင်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခုပြောချင်တာကအခုသင်လက်ရှိလုပ်
ထားတဲ့ 2-step verification ကိုဖုန်းနံပါတ်တစ်လုံးတည်းဖြစ်ပါတယ် အကယ်
လို့များအဲဒီဖုန်းနံပါတ် သို့မဟုတ် ဖုန်းပျောက်သွားတဲ့အခါမှာ Backup သို့မဟုတ်
Recover Phone နံပါတ်တစ်ခုထပ်ထည့်ရန်အတွက် ကျွန်တော်တို့က

အထက်ပါပုံအတိုင်းမှ Backup Phone Number ဆိုတဲ့နေရာမှာသင့်
မိသားစုဝင်သို့မဟုတ် သင်ကိုင်တဲ့နောက်ထပ်နံပါတ်တစ်ခုကိုရိုက်ထည့်ပီး
Voice Call ဆိုတာကိုပဲရွေးထားပီးSave Number ဆိုတာကိုပဲ နှိပ်လိုက်
ပါ့မယ်။ဒီ့နောက် သူကအောက်ပါပုံအတိုင်းမှ

Password ပြန်ရိုက်ခိုင်းပါလိမ့်မယ် မှန်ကန်အောင်ပြန်ရိုက်ထည့်လိုက်ပါမယ်
ထို့နောက်ကျွန်တော်တို့ ထပ်မံပီးလုံခြုံရေးတိုးမြှင့်ချင်သပဆိုရင် သင်ကိုင်
နေတဲ့ Hand Set အမျိုးအစားဖြင့်လည်းထပ်မံ၍ လုံခြုံမှုအဆင့်တိုးမြှင့်သတ်
မှတ်လို့ရပါ့တယ်။ ဒါကြောင့်အောက်ပါပုံအတိုင်းမှ


Get codes via our mobile app instead ဆိုတာမှ Switch to app
ဆိုတာကိုနှိပ်လိုက်ပါ့မယ်။ ဒီနောက်တော့အောက်ပါပုံအတိုင်းမှ


မိမိအသုံးပြုနေသည့် Hand Set အမျိုးအစားအားရွေးချယ်သတ်မှတ်
လိုက်ပါမယ် ကျွန်တော်ကတော့ ဆင်းရဲတော့ Android လေးကိုပဲ
ရွေးချယ်လိုက်ပါတယ်။ စာဖတ်သူတွေကတော့ iPhone ဖြစ်ရင်ဖြစ်မှာပေါ့
ကဲနောက်တာပါပီးသွားရင်တော့ Continue ဆိုတာကိုနှိပ်လိုက်ပါ့မယ်။

ဒီနေရာမှာတစ်ခုပြောချင်တာက နံပါတ်၂ နေရာဖြစ်တဲ့ Download from the
Google Play Store ဆိုတာကိုနှိပ်လိုက်ပါ့မယ်။ထိုအခါအောက်ပါပုံအတိုင်း

မှ Install ဆိုတာကိုနှိပ်လိုက်တဲ့အခါမှာတော့


သင့် ဖုန်းနဲ့ Match ဖြစ်မဖြစ်ကိုစစ်ဆေးပီးတာနဲ့ Install ဆိုတာကိုနှိပ်
လိုက်ပါမယ်ဒါဆိုရင် ကျွန်တော်တို့ Facebook မှာ Code Generator
Services ပုံစံအတိုင်းသင့်ဖုန်းထဲမှာလည်း G-mail အတွက် လုံခြုံရေး
တာဝန်ခံတစ်ယောက်ကို လစာတစ်ပြားမှမပေးပဲခန့်အပ်လိုက်ပါပီ။
ကဲပိုပီးတော့ လုံခြုံချင်သေးသလား…. ???????? ဟီးဟီးတော်ကြာ
တားအကောင့်က ဒီလိုတွေလုပ်ထားတယ် စာဖတ်သူတွေကလည်း
ဒီလိုတွေလုပ်ထားတယ်ဆိုပီး Script Kiddies (ဟိုမရောက်ဒီမရောက်
တတ်ရောင်ငါး၊ Pushing Techniques သုံး၍ အကောင့်ခိုးသူများ)
လိုက်လာဦးမယ်….. လာပါစေ… သင်သာ မြင်မြင်သမျှ ကလစ်မနှိပ်
ဖို့ပဲလိုတယ်နော်.. ကဲဆက်လိုက်ရအောင်…အောက်ပါပုံအတိုင်းမှ

Name ဆိုတဲ့အကွက်ထဲမှာသင်ကြိုက်တဲ့ နာမည်ကိုရိုက်ထည့်
SPACE ပါလည်းလျှော့မချိဝူး..အဲလေ..ကိစ္စမရှိဘူး

ကျွန်တော်ကတော့ ကျွန်တော့်နာမည်နဲ့ထည့်ပီးတော့ Generate Password
ဆိုတာကိုနှိပ်လိုက်ပါပီ။ဒီအခါမှာတော့သင့်အတွက်အောက်ပါပုံအတိုင်း

ကိန်းဂဏန်းလေးလုံးအစုံဖြင့် ၁၆လုံးဖော်ပြပေးတဲ့အခါမှာတော့ Done ကိုနှိပ်လိုက်
ပါ့မယ်။ အဲဒီမှာတစ်ခုရှိတာကအဲဒီ ၁၆ လုံးကိုမှတ်ထားပါဘာလို့လည်းဆိုတော့
အဲဒီဂဏန်းတွေကသင့်အတွက် Password တွေဖြစ်နေလို့ပါ..ထို့နောက် သင်
ဟာအပြင်ကွန်ပျူတာတွေမှာသုံးတတ်တဲ့အကျင့်ရှိတဲ့ လူတစ်ယောက်ဆိုရင်
အထက်တွင်ဖော်ပြခဲ့သောပုံများမှ ပုံ (၁) ဟုသတ်မှတ်ပါဆိုသောပုံမှာ Backup
Codes ဆိုသော Tab တွင် Print or Download ဆိုတာကိုနှိပလိုက်ပါဒါဆို
ရင်တော့အောက်ပါပုံအတိုင်း


Backup Verification codes ဆယ်ခုဖော်ပြပေးပါမယ် ဒါကတော့ သင့်
အကောင့်တစ်ခုခုဖြစ်သွားတိုင်းမှာဂဏန်း ၈လုံးပါတဲ့ Verification Code
တောင်းတဲ့အခါမှာသုံးဖို့အတွက်ဖြစ်ပါတယ်။ အဲဒီဂဏန်းများမှ တစ်စုံခြင်း
စီတိုင်းသည် တစ်ကြိမ် တစ်ခါတည်းစီသာအသုံးပြုခွင့်ရှိသောကုဒ်များလည်းဖြစ်
သောကြောင့် မမေ့နိုင်စေရန် မှတ်သားထားဖို့လိုပေသည်။ကဲဒီလောက်ဆို
ဆိုရင် သင့်အကောင့်သည် လုံခြုံစိတ်ချရတဲ့အနေအထားတစ်ခုသို့ရောက်
သွားသောကြောင့် စိတ်ချမ်းသာကိုယ်ချမ်းသာသုံးစွဲနိုင်ပေတော့မည်ဖြစ်သည်။
နားမလည်မှုများရှိခဲ့ပါကနောက်တစ်ခေါက်ပြန်ဖတ်စေလိုသည်။ ပြန်ဖတ်လို့
မှ နားမလည်သေးပါက ကျွန်တော့်အားအချိန်မရွေးမေးမြန်းနိုင်ပါသည်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်





Tuesday, December 10, 2013

ဆရာလွတ် Hardware စာအုပ်ဖတ်မယ်


ဦးစွာပထမ ကျွန်တော်ဒီစာအုပ်လေးကိုရေးထားတာ
ကြာပါပီ။ ဒါပေမယ့် အခုတော့ ဒီစာအုပ်လေးကို Modify
ပြန်လုပ်ပီးတော့ အကောင်းဆုံးဖြစ်အောင်ပြန်လုပ်ထား
ပါတယ်။ အရေးအသားများအားလည်း အတတ်နိုင်ဆုံး
နားလည်လွယ်အောင်လို့ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး
ရေးသားထားပါတယ်။ အဓိက ကတော့ Hardware ကို
အဓိကထားပီးရေးသားထားတယ်ဆိုပေမယ့်လည်း
Network အကြောင်းလည်း အကြမ်းဖျဉ်းပါပါတယ်။
စာအုပ်ထဲမှာ မပါတဲ့ အကြောင်းအရာများကိုတော့
ကျွန်တော် စာသင်တဲ့ အခါကျတော့မှပဲ အသေးစိတ်
လက်တွေ့လုပ်ဆောင်မှုများဖြင့် သင်ကြားပေးသွားမှာ
ဖြစ်ပါတယ်။ လောလောဆယ်တော့ဒီစာအုပ်လေးဖတ်
ရုံမျှဖြင့် သင်တို့စိတ်ထဲမှာ အသိပညာလေးတစ်ခုလောက်
ရသွားရင်ဖြင့် ကျေနပ်မိပါကြောင်း......
စာအုပ်ကို ဒီမှာဒေါင်းမယ်

HUAWEI C8813 အား Firmware Update ပြန်လုပ်ခြင်း






ကျွန်တော့ အခု Post လေးကအားလုံးသိပီးသားလည်းဖြစ်မှာပါ။
ကျွန်တော့်အတွက်ကတော့ ဖုန်းလောကထဲကို အခုမှစ၀င်တာဖြစ်
တဲ့အတွက်ကြောင့် ကျွန်တော် (ကိုယ်တိုင်စမ်းသပ်မိသမျှ) သိသမျှ
လေးကို ဖြန့်ဝေချင်တဲ့ စိတ်ဆန္ဒကြောင့် ရေးသားလိုက်ခြင်းဖြစ်ပါတယ်
ကျွန်တော်ကိုယ်တိုင်းလည်းအခုချိန်ထိဖုန်းနဲ့ ပတ်သက်လာရင်လူပိန်း
တစ်ယောက်ပါ။ ဒါကြောင့်ဖုန်းနဲ့ ပတ်သက်ပီးဘာမှ မသိတာတောင်မှ
လုပ်ဆောင်နိုင်တတ်စေရန် ရည်ရွယ်ပီးရေးသားလိုက်ပါတယ်လို့ဦးစွာ
ပထမပြောပါရစေ….ကဲ ဖြစ်တဲ့ ပြဿနာက Customer တစ်ယောက်
က သူ့ဖုန်းကို Super User ကနေ System Application တစ်ချို့ကို
ဖျက်မိလိုက်တယ်။ ဒီ့နောက်ဖုန်းကို ပါဝါပိတ်ပီး ပြန်ဖွင့်တော့ Huawei
Logo ပေါ်လာပီးနောက် အောက်ပါပုံအတိုင်းကနေဆက်မတက်တော့
ဘူးဆိုပီးဖြစ်သွားတဲ့ ပြဿနာပါ။



ဒါကြောင့် ကျွန်တော်လည်း Factory Reset ချရန်အတွက် ဖုန်းကို
Battery ၁၀ စက္ကန့်လောက်ဖြုတ်ပီး ပြန်တပ်လိုက်ပါတယ်။ ဒီနောက်
Volume Up + Power Button လေးကို နှိပ်ပီး



“wipe data/factory reset” ဆိုပီး Factory Reset ချကြည့်ပါတယ်။
ဒါပေမယ့် Factory Reset သာကျသွားတယ် Error က မပျောက်သွား
ပါဘူး။ ဒါကြောင့် Firmware Zip File လေးကို ဖြည်လိုက်ပီး ၄င်းအတွင်း
မှ dload file ကို Micro SD Card ထဲကိုသီးသန့်တစ်ခုတည်းကော်ပီကူး
ထည့်ထားလိုက်ပါတယ်။ မှတ်ချက် (သင့်ဖုန်းရဲ့ SD Card Slot နှင့် SD Card
သည်ကောင်းမွန်နေရမည်)။၎င်း dload File အတွင်းမှာတော့ အောက်ဖော်ပြပါ
အတိုင်း




ဖိုင်နှစ်ခုမှ UPDATE.APP ဆိုတာလေးရှိနေရပါမယ်။၎င်းဖိုင်စိုက်ဒ်သည်လည်း
1.02 GB ၀န်းကျင်ရှိနေရပါမယ်။ ဒါမှ အမှန်အကန်ဖြစ်မည်ဖြစ်သည်။ဒီ့နောက်မှာ
တော့ သင့်ဖုန်းအား Battery ဖြုတ်ပီးသင့်ဖုန်းမှ Voulme Up+ Volume Down+
Power Button စတဲ့ ခလုပ် သုံးခုလုံးကိုတစ်ပြိုင်တည်းနှိပ်လိုက်ပါမယ်။ဒီ့နောက်မှာ
တော့ အောက်ပါပုံအတိုင်းသင့် SD Card ထဲကdload File ကို Unpacking 



လုပ်နေပါမယ်။ ဒါဟာ Step 1 ဖြစ်ပါတယ်။ပီးသွားလို့ ၄၅ စက္ကန့်လောက်ကြာ
ပီးသွားပီဆိုတာနဲ့ Step 2 ဖြစ်သောအောက်ပါပုံပေါ်လာမှာဖြစ်ပါတယ်။



ဒီနေရာမှာတစ်ခုပြောချင်တာကတရုတ်ဖုန်းအများစုကို Firmware ပြန်တင်တဲ့အခါ
မှာ Step 2 မှာအခန့်မသင့်လျှင် Fail ဖြစ်တတ်ပါတယ်။နောက်တစ်ချက်က Step
2 Fail မဖြစ်ပဲတစ်ခါတစ်ရံမှာ SIM Fail ဖြစ်တတ်ပါတယ်။ ဆိုလိုတာက Process
ပီးသွားတယ် ဒါပေမယ့် Phone ခေါ်ဆိုလို့မရဘူး။ SIM Card Detected မသိတော့
တာမျိုးဖြစ်တတ်ပါတယ်။အဲဒီအတွက်လည်းမပူပါနဲ့ ၄င်းကို Firmware တင်လို့ဖြစ်
လာမှုမျိုးများအတွက် ဖြစ်တတ်တဲ့ Error များကိုဖြေရှင်းရန်



အထက်ပါပုံအတိုင်း ကျွန်တော့ဆီမှာအဆင်သင့်ရှိပီးအခမဲ့ ရယူနိုင်ပါတယ်။ကဲဆက်လိုက်
ရအောင် ကျွန်တော်တို့ Step 2 ကို Installing ပီးသွားရင်တော့အောက်ပါပုံအတိုင်း



Update Complete ဆိုပီးပေါ်လာမှာဖြစ်ပါတယ်။ ဒီနောက်သင့်ဖုန်းက Restart ကျ
သွားမှာဖြစ်ပါတယ်။ပြန်တက်လာတဲ့အထိခဏစောင့်ပါပီးးသွားလို့ Logo မှာဆက်ပီး
မသွားဘူးဆိုရင် ဖုန်းမှ Battery ကို ၅ စက္ကန့်လောက်ဖြုတ်ထားပီးမှ ပါဝါကို ပြန်ဖွင့်
ကြည့်လိုက်ပါ။



အထက်ပါပုံအတိုင်းသင့်ဖုန်းမှာတရုတ်ဖုန်းဖြစ်သောကြောင့် အရာအားလုံး
Menu အားလုံးကတရုတ်စာတွေနဲ့ ဖြစ်နေမှာဖြစ်ပါတယ်။အားလုံးပဲအဆင်
ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ နောက်တစ်ချက်အရေးကြီးဆုံးက
သင့်ဖုန်းကို Firmware Update ပြန်လုပ်နေချိန် သင့်ဖုန်းအတွင်းတွင် Battery
အားအပြည့်ဖြစ်နေရင်ပိုကောင်းပါတယ်။ စိတ်မချရရင်လည်း Power ကို
Process လုပ်နေစဉ်အတွင်းတိုက်ရိုက်ဆက်သွယ်ထားနိုင်ပါတယ်။ဤPost
ဖြစ်မြောက်ဖို့အတွက် လမ်းညွှန်ပြသပေးသော ကျွန်တော့ ဆရာဦးရဲကြီး
အားဒီ Post လေးဖြင့် ကျေးဇူးတင်လိုက်ပါသည်။
Cristiano Zarni@ ဦးဇာနည်