Friday, January 10, 2014

PDF To Word Converter (Unlimited Page by Z4RN1)



ကျွန်တော်တို့ တစ်ခါတစ်လေမှာ E-book (PDF) တွေကို
ဖတ်ပီး မိမိစိတ်ကြိုက် ပြန်ပီး Edit လုပ်ချင်တဲ့အခါမှာ ၄င်း
PDF File များကို Convert လုပ်ဖို့ အခက်အခဲတွေကြုံဖူး
ကြမှာပါ.. ကျွန်တော်ကိုယ်တိုင်လည်း ကြုံခဲ့ဖူးပါတယ်..
အွန်လိုင်းမှာတော့ တိုက်ရိုက်တန်းလုပ်လို့ရပေမယ့် အင်
တာနက်ကော်နပ်ရှင် မကောင်းတဲ့အခါမှာ အချိန်ကုန်၊
ငွေကုန်၊ လူပင်ပန်းတွေဖြစ်တတ်ပါတယ်။ အချို့သော
PDF 2 Word Converter များကြတော့လည်း စာမျက်
နှာအရည်အတွက် ကန့်သတ်ချက်တွေရှိပါတယ်။ ဆိုလို
တာက ရွက်ရည် ၂၀ လောက်ထိပဲ ရပီး ကျန်တဲ့ရွက်ရေ
တွေကို ဆက်လက် Convert မလုပ်ပေးတာမျိုးတို့ဖြစ်ပါ
တယ်။ အခုကျွန်တော်ပေးမယ့်ဖိုင်ကတော့ စာရွက်အရေ
အတွက်ကို အကန့်အသတ်မရှိ Convert လုပ်ပေးတဲ့အပြင်
အတွင်းရှိ Font, Page Set up များကိုလည်း မူရင် PDF
ဖိုင်အတွင်းအတိုင်းပင် Convert လုပ်ပေးပါတယ်။ထုံးစံ
အတိုင်း



အထက်ပါပုံမှ PDF2Word v3.0.exe ဆိုသော ဖိုင်ကို Install
လုပ်လိုက်ပါမယ်။အားလုံးပီးသွားရင်တော့



Crack ဖိုင်ကို အထက်ပါပုံအတိုင်း Run ပီးသွားတာနဲ့ Version
အမျိုးအစားကိုရွေးချယ်ပေးလိုက်ပီး အောက်ဖော်ပြပါ Registration
နေရာမှာ



မိမိစိတ်ကြိုက် E-mail လိပ်စာကိုထည့်ပီး  Crack File မှ ဖော်ပြပေးသော
Key ကိုထည့်ပီး OK နှိပ်လိုက်ပါမယ်။ ဒါဆိုရင်တော့အောက်ပါအတိုင်း
အဆင်သင့် သုံးစွဲနိုင်အောင် ပေါ်လာမှာဖြစ်ပါတယ်။ဒီ့နောက်တော့ မိမိ
Convert လုပ်ချင်သော PDF File ကို Drag ဆွဲထည့်လိုက်ပါကအောက်ပါ



ပုံအတိုင်းမှာ 
 
ဘာမှ မပြောင်းလည်းပဲ OK ကိုပဲနှိပ်ပေးလိုက်ပါ။
အားလုံးပီးသွားတဲ့အခါမှာတော့အောက်ဖော်ပြပါပုံအတိုင်း
Conversion Finished ဆိုတဲ့အခါမှာတော့




ဒီ့နောက်တော့ သင့်စက်ထဲမှာသွင်းထားတဲ့ Microsoft Office Version
အတိုင်း တန်းပီးပွင့်လာပါလိမ့်မယ်။ ၄င်းဖိုင်အားလည်း သင် Convert
လုပ်လိုက်တဲ့ Location မှာပဲ ပြန်လည်ရှာဖွေရယူနိုင်မှာဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။လိုအပ်တဲ့
Software ကိုတော့ ဒီမှာဒေါင်းမယ်
Cristiano Zarni@ ဦးဇာနည်

Wednesday, January 8, 2014

SQL Injector ကောင်းလေးတစ်ခုပေးချင်လို့

SQL Injection အကြောင်းကိုတော့ အများကြီးမပြောတော့ပါဘူး..
ကျွန်တော်ကိုယ်တိုင်လည်း တစ်ချို့ ဦးဦးကြီးတို့လို ဟက်ကလာ
ကြီးမဟုတ်လို့ပါ... အခုတော့ Web တစ်ခုကို Inject လုပ်ဖို့တစ်
ကယ်ကောင်းတဲ့ Tools လေး ပေးချင်လို့ပါ. အခုပေးမှာကတော့
နှစ်မျိုါ်ဖြစ်ပါတယ်. တစ်မျိုးက Window Platform အတွက်ဖြစ်ပီး
နောက်တစ်မျိုးကတော့ Linux Platform အတွက်ဖြစ်ပါတယ်။
အရင်ဆုံး Linux Platform အတွက်ကိုတော့ ဒီမှာယူပါ
နောက်တစ်ခု Windows Platform အတွက်ကိုတော့
ဒီမှာယူပါ စမ်းသပ်ဖို့အတွက်ရည်ရွယ်ပီး တော့တင်ပေးလိုက်တာပါ
အများသူငါ ထိခိုက်နစ်နာအောင် လုပ်ဆောင်ခြင်းမျိုး အထူး
သဖြင့် ရှောင်ကျဉ်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်...
တစ်ကယ်တမ်း အရင်ကတော့ ကျွန်တော်လည်း Tools တွေသုံး
တာကို အထင်မကြီးခဲ့ပါဘူး။ ဒါပေမယ့် Manual Coding တွေနဲ့
သွားဖို့က Tools တွေကို အရင် သုံးသင့်တယ်လို့ နားလည်လိုက်
ပါတယ်။ ဒါမှ ၄င်း Tools တွေဘယ်လို အလုပ်လုပ်တယ်။ ဘယ်လို
Script တွေနဲ့ Run တယ်ဆိုတာကိုနားလည် လာတဲ့အခါမှာတော့
Manual Hacking လိုင်းဘက်ကို အလွယ်တကူ ရောက်ရှိလာမှာဖြစ်
ပါတယ်။ နည်းပညာစိတ်ဝင်စားသူအားလုံး နည်းပညာတွေ စထက်
တစ်ပိုး အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ...လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

Sunday, January 5, 2014

Event Viewer အကြောင်း တစေ့တစ်စောင်း




ကျွန်တော်အခုပြောချင်တဲ့ အကြောင်းအရာကတော့
Computer Services သမားအများစုကတော့ သိကြ
မှာပါ... ဒါပေမယ့် သာမာန် End User တွေအတွက်လည်း
သိထားသင့်တယ်ထင်လို့ ရေးလိုက်ရခြင်းဖြစ်ပါသည်။

ဘာလည်း Event Viewer ????
တစ်ကယ်တော့ Event Viewer ဆိုတာကတော့ကျွန်တော်
တို့ Window တွေ Run ထားတဲ့အချိန်မှာ System Error
တွေ၊ Application Error တွေ၊ Security Error ပိုင်းတွေ
ကို အချိန်၊ နေ့စွဲအလိုက် ပြန်လည် စစ်ဆေးပီးနောက်
၎င်းတွင်းဖော်ပြသော Error Message တွေ၊ Warnning
Message တွေကို ဖတ်ရှုပီးတော့ ပြင်ဆင်နိုင်သည့်နေရာ
ဖြစ်ပါတယ်။ ကဲ စကားပလ္လင်တွေများသွားပီ စလိုက်ရအောင်
အရင်ဆုံးကျွန်တော်တို့ Run Box ထဲကနေပီးတော့
“eventvwr” ဆိုပီးရိုက်လိုက်ပါမယ့်



ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း ပေါ်လာပါ့မယ်



ဒီနေရာမှာ ကျွန်တော်တို့က Windows Logs ဖိုင်ကနေပီးတော့
ဘယ်အချိန်မှာ ဘယ်လို Error Message တွေ Warnning Message
တွေရှိသလည်းဆိုတာကို စစ်ဆေးပါမယ်။ဒါကြောင့် အရင်ဆုံး လေးထောင့်
ကွင်းထဲကနေ System ဆိုတာကို တစ်ချက် Expend လုပ်လိုက်ပါမယ်။
ဒီအခါမှာတော့ကျွန်တော်တို့က System ရဲ့ Number of Event ဆိုတဲ့
Box ထဲကနေ Scroll Bar ကိုဆွဲပီး ကြည့်လိုက်တဲ့အခါမှာတော့
အောက်ဖော်ပြပါ Error Message ပေါ်နေတာကိုတွေ့ရပါတယ်



စာဖတ်သူတို့ဆီမှာကတော့ယခုလို Error Message အပြင် အခြားသော
Error Message တွေကိုလည်းဖော်ပြပေးမှာဖြစ်ပါတယ်။ အခုတော့ ကျွန်တော့
စက်ထဲမှာရှိတဲ့ Error Message တွေနဲ့ ပတ်သက်ပီးတော့ ရှင်းပြပေးပါ့မယ်။
ယခုလက်ရှိ အထက်ပါပုံအရ မှာတော့ Error ရဲ့ အပေါ်ဆုံးမှာကတော့ Level
ဖြင့် ဖော်ပြပေးပီး အလယ်ကတော့ Date & Time ဆိုတာက ၄င်း Error ကို
ဖြစ်ခဲ့တဲ့ အချိန်နှင့် နေ့စွဲကို အတိအကျဖော်ပြပေးခြင်းဖြစ်ပီးနောက်ဆုံးတစ်ခု
Disk ရဲ့ အပေါ်မှာကတော့ Source ဖြစ်ပါတယ်။ သူကတော့ ထို Error ရဲ့
မူရင်းဇစ်မြစ်ကိုဖော်ပြပေးတာဖြစ်ပါတယ်။ ဒီ့နောက်ကျွန်တော်တို့က ၄င်း
Error ကို Double Click နှိပ်လိုက်တဲ့အခါမှာတော့



အထက်ပါပုံအတိုင်းမှ General Tab အတွင်းတွင် မှင်အနီနှင့် ပြထားပါတယ်
အဓိကဖြစ်တဲ့ Error ကတော့ မိမိတို့ ကွန်ပျူတာအတွင်းမှာ CD Drive အတွင်း
အခွေဖတ်နေတုန်းမှာ ရုတ်တရက် အခွေထုတ်လိုက်တဲ့အချိန်မျိုးမှာ ဖြစ်သွားတာ
ပါ။ နောက်တစ်ချက် ဒီထက်ကြီးမားတဲ့ Error မျိုး ဆိုလျှင် မျှားအနီလေးပြထားသော
Event ID ဆိုတဲ့ နေရာမှ ID ကိုယူပီး Online မှာလည်း “how to fix event id 11
On windows 7” ဆိုပီးတော့လည်း ရိုက်ပီးရှာလို့ရပါတယ်။ ဒါကတော့ Disk နှင့် ပတ်
သက်ပီးတော့ Error Message အကြောင်း သိကောင်းစရာလေးဖြစ်ပါတယ်။
နောက်တစ်ခုကတော့



အထက်ပါပုံမှာတော့ Warning Message ဖြစ်ပါတယ်။ သူ့ရဲ့ Source ကတော့
Time-Serive ဖြစ်ပါတယ်။ သူ့ကို Double Click နှိပ်ပီး ကြည့်ကြည့်သော်....



ဖြစ်ပျက်ခဲ့တဲ့ Error Message အရ ကျွန်ပျူတာမှာ အင်တာနက်သုံးနေတုန်း
မှာ ရုတ်တရက် Internet Connection ပြတ်တောက်သွားခြင်းဖြစ်ပါတယ်။
မိမိက Web Site တစ်ခုခုကို Searching လုပ်နေတုန်းမှာ Connection ရုတ်
တရက် မရတော့ သောကြောင့် ပေါ်လာခြင်ဖြစ်ပါတယ်။ ၄င်းကိုလည်းအသေး
စိတ်သိလိုသောအခါ Event ID ကိုယူ၍ အွန်လိုင်းတွင်လည်း ရှာဖွေကြည့်ရှု
နိုင်ပါတယ်။ဘာကြောင့် အွန်လိုင်းပေါ်မှာ ရှာခိုင်းသလည်းဆိုတော့ တစ်ခါတစ်
လေ မိမိ မတွေ့ဖူးသော Error Message တွေ ကြုံလာတဲ့အခါမှာ မိမိက အမြဲ
တမ်းရှာဖွေကြည့်နေပါက အလွယ်တကူပင် မည်သည့် ID ဆိုလျှင် မည်သည့်
Error ဆိုတာကို ရုတ်တရက် ဆုံးဖြတ်နိုင်အောင် ဖြစ်ပါတယ်။နောက်ထပ်
Message တစ်ခုကတော့



သူ့ရဲ့ Source က DNS Client Events ဖြစ်ပါတယ်။ သူ့အား Double Click
ဖြင့် Error Detail Checking လုပ်ကြည့်သော်...



အထက်ပါပုံအရ Error Message အတွငးမှာတော့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်း
အရာက store.winzip.com သို့ Searching လုပ်နေသည့်အခါမှာ ၄င်း စိုက်ဒ်
က request time out ပုံစံဖြစ်သွားတာကို ပြထားတာဖြစ်ပါတယ်။ အသေးစိတ်
သိလိုသော Event ID ကိုယူ၍ ကြည့်ရှုပါရန်....



အထက်ပါပုံအရ Error Message ကတော့ ၀င်းဒိုးရဲ့ အသံစနစ်ချွတ်ယွင်းခြင်း
ကိုဖော်ပြခြင်းဖြစ်ပါတယ်။ဒီလောက်ဆိုရင် Error Message ကို Detail အကြမ်း
ဖျဉ်းဖတ်တတ်လောက်ပီလို့ထင်ပါတယ်။ အလားတူပင် မူရင် Home Page
အတွင်းရှိသော Application , Security, Setup စသည်တို့ကိုလည်း ကြည့်ရှု
ပီး မည်သည့်အချိန် မည်သည့်ရက်အတွင်း မည်သို့သော Error ကို ဖြစ်သွားသည်
ကို အလွယ်တကူသိရှိနိုင်ပါတယ်။ယခုဖော်ပြပါ Post အတွင်း မရှင်းလင်းမှုများ
အား Suggest လုပ်ပါက လည်း Suggest လုပ်နိုင်ပါတယ်။ အားလုံးပဲ အဆင်
ပြေပါစေလို့ မျှော်လင့် ဆုတောင်းရင်း..
Cristiano Zarni@ ဦးဇာနည်

Monday, December 30, 2013

Driver Package Installer (*.exe) တစ်ခုဖန်တီးခြင်း




ကျွန်တော်တို့ ကွန်ပျူတာတစ်လုံးမှာ ၀င်းဒိုးပြန်တင်တဲ့အခါမှာ
အဓိက အာရုံနောက်ရတဲ့အချက်က Driver ပြဿနာပါ။
အကယ်လို့ Online ချိတ်ဆက်ထားတယ်ဆိုရင်တော့အကြောင်း
မဟုတ်ပေမယ့်။ Online ချိတ်ဆက်ထားမှုမရှိတဲ့အခါမျိုးမှာ လက်ရှိ
ဝင်းဒိုး စနစ်တစ်ခုမှာ ရှိထားပီးသော Driver တွေကိုတော့ ပြန်လည်
သွင်းရမှာ အနည်းငယ်နှောင့်နှေးခက်ခဲမှုရှိပါတယ်။ ဒါကြောင့် ကျွန်တော်
တို့က Driver Backup လုပ်နည်းများစွာထဲမှာမှ Driver Pack
Solution 2013 ဖြင့် လက်ရှိ Driver များကို EXE ဖိုင်အဖြစ်
Backup & Convert လုပ်နည်းဖြစ်ပါတယ်။ကဲ စကားတွေလည်းများ
သွားပီဆိုတော့ ဆက်လိုက်ရအောင် အရင်ဆုံး သင့် ကွန်ပျူတာထဲကို
Driver Pack Solution13 ကိုထည့်လိုက်ပါပီးရင်တော့ ထုံးစံအတိုင်း



မျှားအနီပြထားသော DriverPackSolution.exe ဆိုတဲ့ ဖိုင်ကို Double
Click နှိပ်လိုက်ပါမယ်။ဒီအခါမှာတော့ Driver Pack Solution 13 Run
လာတဲ့အခါမှာတော့ အောက်ပါပုံအတိုင်းမှ



Backup ဆိုတာကိုနှိပ်လိုက်ပါမယ်။ဒီအခါမှာတော့



အထက်ပါပုံအတိုင်းမှ Backup from the Datebase ဆိုတဲ့ဘေးမှာ
မှင်အနီဝိုင်းပြထားတဲ့နေရာလေးမှာ အမှန်ခြစ်တပ်ထားပေးရမှာဖြစ်
ပါတယ်။ ဘာလို့လည်းဆိုတော့ သူက .EXE format ကို တန်းပီး Convert
လုပ်ဖို့ဖြစ်ပါတယ်။ အလားတူပဲ Backup from the sytem မှာလည်း အမှန်
ခြစ်ထားပေးရပါမယ်။ ဒီနေရာမှာတစ်ခုပြောချင်တာက နှစ်မျိုးရှိပါတယ်။
Database ကနေကော  System ကနေကော Backup လုပ်တာမှာ
ပါတယ်။ ဒါကြောင့် နှစ်မျိုးလုံးကို တစ်ခုချင်းစီ Backup လုပ်ပီးသွားတဲ့
အခါမှာတော့



အထက်ပါပုံအတိုင်း drp.exe နဲ့ win.exe ဆိုပီး ပေါ်လာမှာဖြစ်ပါတယ်။
၎င်းဖိုင်နှစ်ဖိုင်အား CD ဖြင့် ဘမ်းထားပီး သင့် စက်ရဲ့ Driver ခွေအဖြစ်
သိမ်းဆည်းထားပီး သင့်စက်အားဝင်းဒိုးတင်လိုက်တဲ့အချိန်တိုင်းမှာ ၄င်း
Exe ဖိုင်နှစ်ခုအား Install လုပ်ပေးခြင်းဖြင့် Driver များကို အလိုအလျောက်
သွင်းပေးမှာဖြစ်ပါတယ်။ကဲ ဒီလောက်ဆိုရင်သင့်ကွန်ပျူတာ Laptop ပဲ
ဖြစ်ဖြစ် Desktop ပဲဖြစ်ဖြစ် Driver ကိစ္စများအတွက် အာရုဏ်နောက်ခြင်း
မှ ကင်းဝေးပီး အလွယ်တကူ Driver Backup လုပ်နိုင်ကြမှာဖြစ်ပါတယ်
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်