Tuesday, August 5, 2014

RUN Box ထဲက သတိမထားမိသော Command အချို့



RUN Box ထဲက သတိမထားမိသော Command အချို့


ကျွန်တော်တို့ Run Box ကိုအဓိကအသုံးပြုရတဲ့ရည်ရွယ်ချက်ကတော့
အချို့သော Services Mode တွေကို Delay မဖြစ်ပဲ လျှင်လျှင်မြန်မြန်နဲ့
သွားနိုင်အောင် အသုံးပြုကြတာပါ။ ဒီလို အသုံးပြုကြတဲ့အထဲမှာ အများစု
ကတော့ ရေးထားတာတွေရှိပါတယ်။ ဒါပေမယ့် ကျွန်တော်က အများစု
မရေးထားတဲ့ အကြောင်းအရာလေးအချို့ကိုဖော်ပြချင်ပါတယ်။
အရင်ဆုံး %appdata% ဆိုတာလေးဖြစ်ပါတယ်။ သူကတော့ Program
တွေတစ်ကယ်အလုပ်လုပ်တဲ့ဖိုင်တွေကိုသိမ်းထားတဲ့နေရာဖြစ်ပါတ ယ်။
နောက်တစ်ခုကတော့ %homedrive%  နဲ့ %systemdrive%ဖြစ်ပါတယ်။
သူကတော့ သင့်ရဲ့System Partition  (C:) ကိုတန်းသွားချင်တဲ့အခါမျိုးမှာ
အသုံးပြုတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ %homepath% ဖြစ်ပါတယ်။
 သူကတော့သင့်ရဲ့ System Partitoin နဲ့ ပတ်သက်သမျှ ပတ်လမ်းအားလုံး
ဖြစ်ပါတယ်။အချို့က ပြောကြတယ်ဗျ ၀င်းဒိုးတင်တော့မယ်ဆိုရင် Data တွေ
 Backup လုပ်ပြီးပြီလားဆိုသဖြင့်ပေါ့... တစ်ကယ်တမ်း Data တွေ Backup
 လုပ်မယ်ဆိုရင် အဲဒီ ပတ်လမ်းအောက်ကရှိသမျှ User Data တွေကို Backup
  လုပ်ရမှာပါ။ နောက်တစ်ခုကတော့ %logonserver% ဖြစ်ပါတယ်။ သူကတော့
Network အတွင်းမှာ ရှိနေတဲ့ မိမိကွန်ပျူတာရဲ့ Location ကိုသွားတာဖြစ်
ပါတယ်။ နောက်တစ်ခုကတော့ %systemroot% နဲ့ %windir%ပါ...သူကတော့
ဝင်းဒိုးစနစ်တစ်ခုလုံးရဲ့ အသက်ဖြစ်ပါတယ်။ Virus Creator အများစု မျက်လုံးကျတဲ့နေရာ
ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ၀င်းဒိုးစနစ်တစ်ခုလုံး ကောင်းမွန်စွာအလုပ်
လုပ်နိုင်ဖို့ အရေးကြီးသော ဖိုင်တွေအကုန်လုံးက ဒီထဲမှာ အဓိကရှိပါတယ်။
နောက်ဆုံးတစ်ခုပြောချင်တာကတော့ %comspec% ဖြစ်ပါတယ်။ သူကတော့
CMD ထဲကို သွားချင်တဲ့အခါမှာ Run As Administrator အနေနဲ့ တန်းပြီးသွား
တာဖြစ်ပါတယ်။အောက်ပါပုံအတိုင်းပေါ့... 


ပုံမှန်ကျွန်တော်တို့က Run Box ထဲကနေ “cmd” လို့ပဲရိုက်မယ်ဆိုရင်တော့


အထက်ပါပုံအတိုင်း User Level ထဲကိုပဲရောက်မှာဖြစ်ပီး အထက်ပါ
အတိုင်းရိုက်မယ်ဆိုရင်တော့ ပုံမှန်အားဖြင့် ကျွန်တော်တို့က Start Menu
ထဲက cmd ပြီးတော့ အဲဒါကို Right Click နှိပ်ပြီး Run As Administrator
ဆိုပြီးနှိပ်စရာမလိုပဲ တန်းပြီး ၀င်ရောက်နိုင်အောင်ဖြစ်ပါတယ်။ ကဲ.... ဒီနေ့
တော့ဒီလောက်ပါပဲဗျာ... နောက်ထပ်လည်း ကျွန်တော့်စာဖတ်ပရိတ်သတ်
တွေအတွက် စာတွေများများလေ့လာနိုင်အောင် ကျွန်တော် စာများများရေး
နေပါတယ်လို့ ပြောကြားရင်း.....
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်

Monday, August 4, 2014

သင့်ရဲ့ Web Cam ကို CCTV အဖြစ်အသုံးချမယ်



သင့်ရဲ့ Web Cam ကို CCTV အဖြစ်အသုံးချမယ်
ဒီနည်းလေးကိုတော့ ကျွန်တော် ဟိုးအရင် ၂၀၀၉ခုနှစ်လောက်က
ရေးသားခဲ့ဖူးတယ်ဗျ။ uzarni.co.cc ဆိုတဲ့ Blog နဲ့တုန်းကပေါ့...
အဲဒီတုန်းက .webs.com Domain နဲ့ တင်ထားတာပါ။ အခုတော့
အဲဒီထဲကိုလည်း ၀င်ဖို့ ID & Pass တွေမေ့သွားလို့ လုံးဝမရတော့
ပါဘူး။ ဒါပေမယ့်ယနေ့ခေတ်ကာလမှာ CCTV ဆိုတဲ့ Close Circuit
Television ဆိုတာကြီးက လုပ်ငန်းဌာန၊ ၀န်ကြီးဌာန၊ အိမ်သုံး၊ ကျောင်း
သုံး၊ ရုံးသုံးတွေက အစ ခေတ်စားလာလို့ အလွယ်တကူနဲ့ ငွေကုန်ကျေး
ကျသက်သာအောင် ပြန်လည်ရေးသားပေးလိုက်ပါတယ်။ ဒီနည်းလမ်းဟာ
လည်း အရမ်းကိုလွယ်ကူပြီး အရမ်းကိုလည်း ငွေကုန်သက်သာပါတယ်။
ကဲဒီတော့ စလုပ်ရအောင် အရင်ဆုံး ကျွန်တော်ဒီ Post အတွက်လိုအပ်
တဲ့အ ဓိက Software ကတော့ VZO Chat Softwar Version 6 ကိုအ
သုံးပြုထားပါတယ်။ ဘာကြောင့် ဗားရှင်းအမြင့်ကိုမသုံးလည်းလို့မေးလာ
ခဲ့ရင်တော့ ဒီဗားရှင်းက ဟောင်းပေမယ့်ကောင်းပြီး User Family ဖြစ်သော
ကြောင်ဖြစ်ပါတယ်။ ကဲ အရင်ဆုံး သင်တို့ရဲ့ စက်ထဲမှာ VZO Chat ကို
သွင်းထားလိုက်ပါမယ်။ နောက်ပြီးရင်တော့ Web Cam ကိုသင့်ရဲ့ Computer
ထဲမှာတပ်ဆင်ထားလိုက်ပါမယ်။ USB ရဲ့ Data Transfer Rate က အများ
ဆုံး Distance ကို 5M အထိပဲကောင်းပါတယ်။ ဘာလို့လည်းဆိုတော့
သင့်ရဲ့ Web Cam ရဲ့ USB Version က 2.0 ဖြစ်နေလို့ပါ။ ဒီတော့ ကျွန်တော်
တို့က Capture ဖမ်းမယ့်အကွာအဝေး အများဆုံး 6M ထိရပါမယ်။ ကဲ ဒီလို
ဆိုရင် VZO ကိုဖွင့်လိုက်ပါမယ်။


အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင်တော့ ကျွန်တော်တို့က
Settings ထဲကနေ Hardware Setup... ထဲကိုဝင်လိုက်ပါမယ်။
ဒီအခါမှာတော့အောက်ပါပုံအတိုင်းမှ


Video Capture: မှာ မိမိက ဘယ် Camera နဲ့ Capture ဖမ်းမှာလည်း
ဆိုတာကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ဒီတော့ ကျွန်တော်က အခုစက်မှာ
ချိတ်ထားတာက A4 TECH SUB2.0 Camera ဖြင့် လုပ်ဆောင်မှာပြမှာဖြစ်
လို့ ရွေးချယ်လိုက်ပါတယ်။ ဒါဆိုရင်တော့ ခုနက VZO Software မှာ Black
Screen မဟုတ်တော့ပဲ အောက်ပါပုံအတိုင်း ကင်မရာကပွင့်သွားပြီး မိမိလှည့်
ထားသော Direction ကို မြင်ရတော့မှာဖြစ်ပါတယ။်


ဒါဆိုရင်တော့ Camera ကပွင့်သွားပါပြီ ဒါပေမယ့်ကျွန်တော်တို့က
Web Cam ကိုအသုံးပြုထားတဲ့အတွက်ကြောင့် Resolution က
အ၇မ်းနည်းပါတယ်။ ဒီအခါမှာတော့ Camera အတွက် လိုအပ်မယ့်
အလင်းအမှောင်တွေကို မိမိစိတ်ကြိုက်ပြန်လည်သတ်မှတ်ပေးရမှာ
ဖြစ်ပါတယ်။


ကျွန်တော်အသုံးပြုထားတဲ့ Camera ပေါ်မှာပဲ Base လုပ်ပြီး Settings
ပိုင်းကိုဆက်လက်ရှင်းပြသွားပါ့မယ်။ Video Proc Amp ဆိုတာကတော့
ကျွန်တော်တို့ Camera တစ်လုံးမှာဆိုရင်တော့ ISO, Apcture, White
Balance တို့ကိုချိန်သလိုပဲ မိမိ Target ထားတဲ့ Direction ရဲ့ အနေအ
ထားကိုကြည့်ပြီး မိမိစိတ်ကြိုက်ချိန်ညှိရမှာဖြစ်ပါတယ်။ နောက်တစ်ခု


Camera Control ဆိုတာကတော့ ကင်မရာကို Zoom in Zoom out
တို့ကိုလုပ်ဆောင်နိုင်သလို အလင်းအမှောင်တွေကိုလည်း လိုသလို
ချိန်ညှိနိုင်မှာဖြစ်ပါတယ်။ ကဲဒီတော့ လူကြီးမင်းတို့က မိမိစိတ်ကြိုက်
Camera Setting တွေကို ချိန်ညှိပြီးပြီလို့ သတ်မှတ်လိုက်ပါပြီ။ ကဲ
Let’s start the Record........ 


အထက်ပါပုံရဲ REC ဆိုတဲ့ Buttom လေးကို နှိပ်ပေးလိုက်ပမယ်။


အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင်တော့ ကျွန်တော်တို့က Japan Flag
အဲလေ... Record ဆိုတာလေးကိုနှိပ်ပေးထားလိုက်ပါမယ်။မနှိပ်ခင်မှာ
တစ်ခုပြောချင်တာကတော့ ဘယ်မှာသိမ်းမှာလည်းဆိုတာပဲဖြစ်ပါတယ်
ဒီအတွက်ကြောင့် ကျွန်တော်တို့က စက်သွားပုံစံလေးကိုနှိပ်လိုက်ပါမယ်
ဒါဆိုရင်တော့


အထက်ပါပုံအတိင်းမှ Browse မှာ မိမိစိတ်ကြိုက် Location ကိုသတ်
မှတ်ပေးလိုက်ပြီး OK လုပ်ပေးထာလိုက်ပါမယ်။ ဒီနောက် Record ကို
နှိပ်ထားလိုက်ရင်တော့ အောက်ပါပုံအတိုင်း


ကင်မရာရဲ့ Direction ကို Auto Record လုပ်နေမှာဖြစ်ပါတယ်။
စိတ်ချလက်ချသာလွှတ်ထားလိုက်ပါ။ တစ်နေ့စာတစ်နေ့ Record
လုပ်ပြီးသွား၇င်တော့ Stop ကိုနှိပ်လိုက်ရင် ရပ်သွားမှာဖြစ်ပါတယ်။
သူ့ရဲ Record လုပ်ထားတဲ့ဖိုင်ရဲ့ Location ကိုသွားပြီးဖွင့်ကြည့်တဲ့
အခါမှာတော့


လက်ရှိ Record လုပ်ထားတဲ့ဖိုင်ရဲ့ နာမ်ညနဲ့ Location တွေကို
အနီရောင်အကွက်အတွင်းမှာတွေ့ရမှာဖြစ်ပါတယ်။ ကဲ အားလုံး
ပဲ အဆင်ပြေမယ်ထင်ပါတယ်။ ယခုရေးသားထားသော Post နှင့်
ပတ်သက်ပြီးမရှင်းလင်းမှုများရှိပါက အချိန်မရွေးမေးမြန်းနိုင်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

Wednesday, June 25, 2014

Kali ပေါ်က RF-kill Error နှင့်တစ်ထောင့်တစ်ည


Kali ပေါ်က RF-kill Error နှင့်တစ်ထောင့်တစ်ည
ယခု Post ကိုမရေးခင်မှာ တစ်ခုပြောချင်တာကတော့ ကျွန်တော်
က Linux ကို မနေ့တစ်နေ့ကမှ စသုံးတဲ့သူတစ်ယောက်ပါ။ ဒါ
ကြောင့် အရမ်းကလိပါတယ်။ တစ်ရက် Online မှ Command
အချို့ကို Terminal ထဲမှာ လျောက်ကလိရင်းကနေကျွန်တော့်
Laptop လေးမှာ Wifi Connection လုံးဝမရတော့ဘူးဖြစ်သွား
ပါတယ်။ Wifi မရတော့ Wifi Cacking အတွက် လည်းလုံးဝကို
အဆင်မပြေဘူးဖြစ်သွားတာပေါ့။ ဒါနဲ့ ကျွန်တော်လည်း ဖြစ်ဖြစ်
ချင်းပဲ ၀န်လိုင်းတက်ရှာတယ်။ Error ကို ရှင်းဖို့အတွက် တိုင်ပတ်
နေတာပေါ့ အဲဒီနေ့ကတော့ မနက်မိုးလင်းသွားတယ်။ ကျွန်တော်
ကြုံခဲ့သလိုမျိုး စာဖတ်ပရိတ်သတ်လည်း ကြုံတွေ့ရမယ်ဆိုရင်
ကျွန်တော့်လို မိုးလင်းပေါက် ခေါင်းမခြောက်ရလေအောင် ရေးသား
လိုက်ခြင်းဖြစ်ပါတယ်။ ကဲစလိုက်ရအောင် ဖြစ်ပုံက System Setting
ထဲက Network ထဲမှာ Wireless ကို ဘယ်လိုမှ Enable လုပ်လို့မရ
တာပေါ့ဗျာ

လက်ရှိအနေအထားအရ Off ဖြစ်နေပါတယ်။ ဒါကို On ဖြစ်အောင်
ဆွဲလည်း ဘယ်လိုမှကိုဆွဲလိုက်မရပါဘူး။ ဒီလိုနဲ့ နောက်နေ့ညနေ
ဘက်ကျမှ ပြန်ပီး ၀န်လိုင်းပြန်တက်တော့ ဘယ်လိုရှင်းရမယ်ဆိုတာ
ကို တိကျသေချာတဲ့ Link လေးတစ်ခုကိုတွေ့လိုက်ပါတယ်။ ထိုထဲ
မှာ ရှင်းလင်းထားပုံကတော့ အရင်ဆုံး System Setting ထဲက
Network မှာ Airplane Mode ကို အရင်ဆုံးဖွင့်လိုက်ရပါမယ်


အထက်ပါပုံအတိုင်းဖွင့်ပြီးသွားပြီဆိုရင်တော့ ကျွန်တော်တို့ကီးဘုတ်
ကနေပြီးတော့ Ctrl+Alt+T (Terminal) ကိုဖွင့်လိုက်ပါမယ်။ရိုက်ရမယ့်
Command ကတော့ “lspci” 


ဆိုပြီး အထက်ပါပုံအတိုင်းရိုက်လိုက်ပါမယ်။ ထို့နောက် ထပ်မံရိုက်
ရမယ့် Command ကတော့ “ iwconfig “ လို့ရိုက်လိုက်ပါမယ်။


ထို့နောက် “ ifconfig wlan0 up” ဆိုပြီး


အထက်ပါပုံအတိုင်းရိုက်လိုက်ပါမယ်။ ဒီအချိန်ထိ RF-Kill Error
တက်နေဦးမှာပါ။ဒီတော့ ကျွန်တော်တို့ဆက်ပြီးရိုက်ရမယ့် Command
ကတော့ “ rfkill list “ ဆိုပြီးအောက်ပါပုံအတိုင်း


ရိုက်လိုက်ပါမယ်။ ဒီနေရာမှာ ကျွန်တော့်ဆီမှာက Wifi ကို
Physical အရကော Logical အရကော ဘယ်လိုမှဖွင့်လို့
မရတဲ့အတွက်ကြောင့် Soft Blocked Hard Blocked တွေ
မှာ Yes တွေပဲဖြစ်နေတာပါ။ဒီတော့ ကျွန်တော်တို့က Block
ခံထားရတာတွေ ပြန်ဖြည်ဖို့အတွက်


အထက်ပါပုံအတိုင်း “ rfkill unblock all “ ဆိုပြီး၇ိုက်လိုက်ပါမယ်။
ထို့နောက်ထပ်ရိုက်ရမယ့် Command ကတော့ “ rfkill list “ ဖြစ်ပါ
တယ် အောက်ပါပုံအတိုင်းပေါ့...


ဒီနောက်ကျွန်တော်တို့ဆက်ပြီးရိုက်ရမယ့် Command ကတော့
“lsmod” ဆိုပြီးရိုက်လိုက်ပါမယ်။ အောက်ပါပုံအတိုင်းပေါ့...



ထို့နောက် ထပ်ရိုက်ရမယ့် Command ကတော့ “dmesg | egrep ‘wmi|ath|hp’ “
ဖြစ်ပါတယ်။ ဒီနေရာမှ  Space ခြားရမယ့်နေရာတွေနဲ့မခြား
ရမယ့်နေရာတွေရှိပါတယ်။ ပုံကိုအသေအချာလေးကြည့်ပေးပါ


ထို့နောက်တော့ ကျွန်တော်တို့ Hardware Button ဖြစ်တဲ့ Wifi
ခလုပ်ကို ကီးဘုတ်ကနေ တစ်ချက် On ကြည့်လိုက်ပါ ပြန်လည်
လင်းလာတာကိုတွေ့မြင်ရပြီး System Setting ထဲမှာလည်း


အထက်ပါပုံအတိုင်း ပြန်လည်ပေါ်ပြီး အဆင်ပြေသွားမှာဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ယခု တင်
သော Post နှင့် ပတ်သက်ပြီး မရှင်းလင်းသည်များကိုလည်း အချိန်
မရွေးမေးမြန်းနိုင်ပါသည်။
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်