Thursday, November 20, 2014

USB Stick ကို ဘာ Software မှ မသုံးပဲ Lock ချမယ်

USB Stick ကို ဘာ Software မှ မသုံးပဲ Lock ချမယ်



ကျွန်တော်တို့ Memory Stick ဆိုတာ Portable လုပ်ဆောင်ရတဲ့
Data Transfer တစ်ခုပါ။ တစ်ခါတစ်လေမှာ မိမိက အရေးကြီးသော
လုပ်ငန်း Data တွေ၊ Personal Data တွေ လည်းသိမ်းထားတတ်ကြ
ပါတယ်။ ဒီလို မျိုးအ ရေးကြီးတဲ့ ဒေတာတွေအတွက် ကို့စက်မဟုတ်
သော သူများ စက်မှာ သွားထိုးတဲ့အခါမျိုး၊ မတော်တဆ ပျောက်ရှသွား
တဲ့အခါမျိုးမှာ အရမ်းကို အရေးကြီးဆုံးအရာကိုဆုံးရှုံးလိုက်ရသလိုခံစား
ရတတ်ပါတယ်။ ဒီတော့ သာမာန် End User အတွေးနဲ့ပဲတွေးပြီး လုပ်
ဆောင်ကြရအောင် ။ ဒီလုပ်ဆောင်ချက်က Microsoft Platform မှာ
ပဲ Support လုပ်မှာပါ ဘာလို့လည်းဆိုတော့ ၀င်းဒိုးမှာပါတဲ့ Third
Party Utility ကို အသုံးချပြီးလုပ်ဆောင်သွားမှာမို့လို့ပါ။ ကဲ ဆက်
လိုက်ရအောင်။ အရင်ဆုံး သင် Password ပေးမယ့် USB Stick ကို
သင့်အပေါက်ထဲ (ကွန်ပျူတာ) ထိုးလိုက်ပါ။ ပြီးသွား၇င်



အထက်ပါပုံအတိုင်း သင့် Stick ကို Click ထောက် Right Click နှိပ်ပြီး
Turn on BitLocker ဆိုတာကိုရွေးပေးလိုက်ပါ။ဒါဆိုရင်အောက်ပါပုံအ
တိုင်း



ပေါ်လာပြီဆိုရင်တော့ သင်သတ်မှတ်ချင်တဲ့ Password ကိုသတ်မှတ်
ပေးရမှာဖြစ်ပါတယ်။ ပြီးသွားရင်တော့



Save the recovery key to a file ဆိုတာကို တစ်ချက်နှိပ်ပေးလိုက်ပါမယ်။



ဒါဆိုရင် အထက်ပါပုံအတိုင်း  သင့် Drive အတွက် Recovery Key
ကို TXT ဖိုင်အဖြစ်သိမ်းပေးပါလိမ့်မယ်။ ဒါကတော့ အကယ်လို့များ
သင် Password မေ့သွားတဲ့အခါမှာ ပြန်ပြီး Recovery လုပ်ဖို့အတွက်
ဖြစ်ပါတယ်။ပြီးသွားရင်တော့ Save ဆိုတာ နှိပ်လိုက်ရင်အောက်ပါပုံအတိုင်း



ပေါ်လာပြီဆိုရင်တော့ Yes ကို ရွေးပေးလိုကပါမယ်။ထို့နောက်
ကျွန်တော်တို့က Next ကိုနှိပ်ပေးလိုက်တဲ့အခါမှာ



အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင် Start Encrypting ကို ရွေးပေးလိုက်
ပါမယ်။ ဒီနောက်တော့ သူက အောက်ပါပုံအတိုင်း



စတင် Encrypting လုပ်နေပါလိမ့်မယ်။ ဒီနေရာမှာ Drive ရဲ့ Size ပေါ်မူတည်
ပြီး အချိန်ကြာမြင့်မှာဖြစ်ပါတယ်။



အားလုံးပြီးသွားရင်တော့ အထက်ပါပုံအတိုင်း ပေါ်လာရင် Close ကိုနှိပ်ပေးလိုက်
ပါမယ်။ဒီနောက်တော့ သင့်ရဲ့ Stick က Password ခံထားပြီးသားဖြစ်သွားပါပြီ
အကယ်လို့ သင်ဟာ သူများကွန်ပျူတာမှာ သွားထိုးမယ်ဆိုရင် သင့်Stick ကိုမြင်
ရမှာက



အထက်ပါပုံအတိုင်းဖြစ်ပါတယ်။ ဒါကို သင်က Double Click ဖြင့် ဖွင့်
ကြည့်သောအခါမှာတော့အောက်ပါပုံအတိုင်း



Password တောင်းတဲ့နေရာကိုတွေ့ပြီး သင်သတ်မှတ်ထားတဲ့ Password
ကို မှန်ကန်အောင်ရိုက်ထည့်ပြီး Unlock နှိပ်ပေးရမှာဖြစ်ပါတယ်။ဒါမှသာ
သင့်ရဲ့ Drive ကို Computer က စတင် Detected သိမှာ



ဖြစ်ပါတယ်။ ဒါဆိုရင် သင့် Stick ကို ဖွင့်ကြည့်တဲ့အခါမှာအောက်ပါပုံ
အတိုင်း



ပေါ်မှာဖြစ်ပါတယ်။ ကဲ အားလုံးပဲ အဆင်ပြေကြမယ်ထင်ပါတယ်။
ဒီနေရာမှာ တစ်ခုမှာချင်တာကတော့ Microsoft Platform နဲ့
Linux Platform လုံးဝမတူညီသောကြောင့် အကယ်လို့များနား
လည်တဲ့ သူတစ်ယောက်ယောက်က သင့် BitLocker ကို အသုံးပြု၍
Password ခံထားသော Stick ကို Linux မှာဖွင့်မယ်ဆိုရင်တော့
အထဲက Data တွေအားလုံးကို Access လုပ်နိုင်မှာဖြစ်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ဦးဇာနည်

Friday, November 14, 2014

Windows 7 မှာ User Account ကိုဖွက်ထားမယ်

Windows 7 မှာ User Account ကိုဖွက်ထားမယ်

ဒီတစ်ခါ ကျွန်တော်က Window 7 Login မှာ User Account
တွေဘယ်လောက်ပဲရှိရှိ ဖွက်ထားမယ့်နည်းလေးကို ပြောချင်
ပါတယ်။ဟိုးအရင် 2007 လောက်တုန်းက ကျွန်တော်ဝင်းဒိုး
XP SP-1 ကိုသုံးတုန်းကတော့ အလွယ်တကူပဲဗျ.. ခုက XP
ကိုလည်း မသုံးဖြစ်တာကြာလာတော့ အဲ့ဒီက Registry တောင်
နည်းနည်းမေ့ချင်သလိုဖြစ်နေပီ။ တစ်ကယ်တမ်း Registry ကို
အရမ်းကလိလို့ (ပြင်ဆင်)ကောင်းတာက Window XP ပေါ့။
Windows7 မှာကျတော့ သိပ်ပြီးပြင်စရာမလိုတော့ဘူး။ ဒါ
ပေမယ့်လည်း အချို့ နေရာလေးတွေ ကတော့ ရှာဖွေရင်းနဲ့
လုံးဝပြင်သင့်တဲ့နေရာလေးတွေရှိပါတယ်။ ကဲ စကားတွေများ
နေပီ အလုပ်နဲ့ သက်သေပြရအောင်.. အရင်ဆုံး ကျွန်တော်တို့
Run Box ထဲမှာ "regedit" လို့ရိုက်လိုက်ပါမယ်။



ထို့နော်ကတော့ Registry ထဲရောက်ပြီဆိုရင်တော့အောက်ပါ Location
အတိုင်း သွားလိုက်ပါမယ်
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon\SpecialAccounts\UserList



ဒီနေ့တော့ အထက်ပါပုံအတိုင်းမြင်ရပြီဆိုရင်တော့ ကျွန်တော်တို့က
မိမိ ရဲ့ ကွန်ပျူတာထဲမှာ သတ်မှတ်ထားတဲ့ User Account တွေထဲက
မှ မိမိ Hide လုပ်ချင်တဲ့ User Account name ကိုရိုက်ထည့်ပေးရမှာ
ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ညာဘက်ခြမ်း အလွတ်တစ်
နေရာမှာ Right Click နှိပ်လိုက်ပါမယ်။



ပြီးသွားရင် New ကိုနှိပ် DWORD (32-bit) Value ဆိုတာကိုရွေးပေး
ပါမယ်။ထို့နောက်တော့



အထက်ပါပုံအတိုင်း ပေါ်လာပြီဆိုရင် မိမိ Computer ထဲက မိမိ
ဖွက်ချင်တဲ့ Account နာမည်ကို ရေးပေးလိုက်ပါမယ်။ပြီးသွားရင်
တော့



အထက်ပါပုံအတိုင်းမှာ သူ့ရဲ့ Value Data ကို 0 အဖြစ်ပဲသတ်မှတ်
ပေးထားရမှာဖြစ်ပါတယ်။ "0" ဟုသတ်မှတ်လျှင် Hide လုပ်မှာဖြစ်ပီး
အကယ်လို့ သင်က ပြန်ပြီး ဖော်ချင်တယ်ဆိုရင် "1" ဟုသတ်မှတ်ပေး
ရမှာဖြစ်ပါတယ်။ပြီးသွားရင်တော့ OK ကိုနှိပ်လိုက်ပါမယ်။ ဒီနောက်
ကျွန်တော်တို့က Effect ဖြစ်အောင်လို့ Run Box ထဲမှာ



အထက်ပါပုံအတိုင်း "gpupdate /force" ဟုရိုက်ပေးလိုက်ပါမယ်။
ထို့နောက် သင့်ကွန်ပျူတာကို Win+L ဖြင့် Log Off သို့မဟုတ်
Switch User လုပ်ကြည့်လျှင် ယခင် အကောင့် နှစ်ခု သုံးခု ပေါ်နေ
ရာကနေ သင်ဖွက်ထားတဲ့ အကောင့်တွေက Login Screen မှာ ပျောက်
နေမှာဖြစ်ပါတယ်။။ အားလုံးပဲ အဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါ
တယ်။
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်



FB Account ကို De ထားရင်တောင် Noti ယူမယ်

FB Account ကို De ထားရင်တောင် Noti ယူမယ်


ခေါင်းစဉ်ကတော့ တိုတိုလေးပါပဲ… ကျွန်တော်ပြောချင်တဲ့အကြောင်း
အရာကတော့ တစ်ခါတစ်လေ မိမိသုံးနေတဲ့ အခါမျိုးမှာ Facebook
Account ကို Deactivated လုပ်ကြတာနှင့်ပတ်သက်ပြီးတော့ဖြစ်ပါ
တယ်။ မိမိက ကို့ အကောင့်ကို Deactivated လုပ်လိုက်ပေမယ့်လည်း
မိမိနှင့်ပတ်သက်သော Friend တွေ၊ Following လုပ်ထားတဲ့သူတွေ
မိမိကို Following လုပ်ထားတဲ့သူတွေရဲ့ လှုပ်ရှားမှုတွေနဲ့ အချို့
အချို့သော Notification များကို သင်ကိုယ်တိုင်း Facebook Account
မသုံးပဲ၊ အင်တာနက်လုံးဝမသုံးပဲနဲ့ Notification ရအောင် ယူနည်း
ဖြစ်ပါတယ်။ဘယ်နည်းနဲ့ ယူမလည်းဆိုတော့ ကျွန်တော်တို့က
Phone Operator ဖြစ်တဲ့ MPT နှင့်တော့မရယူနိုင်ပါ။ ဘာကြောင့်
လည်းဆိုတော့ MPT က International Roaming Services ကို
မဖွင့်ထားသောကြောင့် ပြည်ပတိုင်းပြည်များမှ ၀င်လာသော SMS
Services ကို လက်မခံနိုင်ပါ။ ဒါကြောင့် ကျွန်တော်က Telenor
ဖုန်းကဒ်ကိုအသုံးပြုပြီး စမ်းသပ်ထားပါတယ်။ Ooredoo ကတော့
မစမ်းသပ်ရသေးပါဘူး အချိန်မရတာရယ်။ တခြားအကြောင်းအရာ
ရယ်ကြောင့်ပါ။ ကဲထားလိုက်ပါ လိုရင်းကိုပြောကြတာပေါ့…
အရင်ဆုံး သင့် Facebook Account ကိုဖွင့်လိုက်ပြီး Settings ထဲကို



အထက်ပါပုံအတိုင်းဝင်လိုက်ပါမယ်။ ဒါဆိုရင် ကျွန်တော်တို့က Settings
ထဲကိုရောက်သွားတဲ့အခါမှာတော့



Mobile ဆိုတဲ့ Menu ထဲကိုဝင်လိုက်ပါမယ်။ ဒီနောက်တော့ အနီရောင်
လေးထောင့်ကွက်လေးလုပ်ထားတဲ့ +Add another Mobile Phone
Number ဆိုတာကို နှိပ်လိုက်ပြီး သင့်ရဲ့ Telenor Phone No ကိုထည့်
လိုက်ပါမယ်။



ဒီနောက်တော့ သင့်ဖုန်းထဲကို Verification Code လှမ်းပို့ပေးမှာ
ဖြစ်ပါတယ်။ ဒီအခါမှာ သင့်ဖုန်းထဲဝင်လာတဲ့ Code ကို မျှားအနီရောင်လေး
ပြထားတဲ့အကွက်ထဲထည့်ပြီး Confirm လုပ်ပေးလိုက်ပါမယ်။ဒါဆိုရင်
အောက်ပါ လေးထောက်အနီရောင်အကွက်ကြီးထဲက အတိုင်း Settings
ချထားလိုက်ပါမယ်။ထို့နောက်အောက်ပါပုံအတိုင်း



Text message Services ကိုလည်း ဖော်ပြပါ Setting အတိုင်းထားလိုက်
ပါမယ်။ အားလုံးပြီးသွားရင်တော့ Save Changes ကို နှိပ်ပေးလိုက်ပါမယ်။
ဒါဆိုရင် သင့်အကောင့်ကို Deactivated လုပ်လိုက်တာပဲဖြစ်ဖြစ် သင် FB
ပေါ်လိုင်းမတက်တာပဲဖြစ်ဖြစ် သင့် ဖုန်းထဲကို SMS ၀င်နေမှာဖြစ်ပါတယ်။
SMS ၀င်မယ့် ပုံစံတွေကတော့ သင့်ကို Chat Message ပို့တဲ့အချိန်မျိုး
တွေ၊ သင်တင်ထားတဲ့ Status တစ်ခုခုကို တစ်စုံတစ်ယောက်က ပထမ
ဦးဆုံးအကြိမ် ၀င်ရောက် Comment ရေးသားတာမျိုးတွေကိုလှမ်းပြီး
အသိပေးမှာဖြစ်ပါတယ်။ အားလုံးပဲ အဆင်ပြေမယ်လို့ ယုံကြည်
မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ဦးဇာနည်

Sunday, October 26, 2014

Skin Pack တွေသွင်းတဲ့အခါ Explorer လစ်သွားတဲ့ပြဿနာ ကို Task Manager အသုံးပြုပြီးရှင်းလင်းမယ်။

Skin Pack တွေသွင်းတဲ့အခါ Explorer လစ်သွားတဲ့ပြဿနာ
ကို Task Manager အသုံးပြုပြီးရှင်းလင်းမယ်။

ကဲ ဒီတစ်ခါ ကျွန်တော်ကိုယ်တိုင်ကော Services သမားအချို့
ကို မထင်မှတ်တဲ့ ပြဿနာလေးတစ်ခုကို ဘယ်လိုဖြေရှင်းမလဲ
ဆိုတာလေးကိုရေးပြချင်ပါတယ်။ Error ကို ဘယ်လိုရှင်းမလည်း
ဆိုတာမပြောခင်မှာ Error ဘယ်လိုကြောင့်တက်တယ်ဆိုတာကို
အရင်ဆုံးရှင်းပြပါ့မယ်။ ဒီလိုဗျ.......
ကျွန်တော်တို့ ကွန်ပျူတာ အသုံးပြုသူ ယောင်္ကျားလေးအများစု
ပေါ့ မိမိကွန်ပျူတာကို အလှဆင်ကြတာများပါတယ်။ အထူးသဖြင့်
Hacking စတိုင်လ်လေးတွေပေါ့.... ဒါကြောင့်အချို့က Skin Pack
တွေကိုသုံးကြပါတယ်။ အချို့ကတော့ Registry ကနေ ၀င်ပြီး
ပြင်ကြတာတွေရှိသလို၊ အချို့ကတော့ Software အချို့ကိုသုံး
ကြပါတယ်။ ဒီထဲမှာမှ Skin Pack အချို့ကြောင့် ၀င်းဒိုးပြဿနာ
ဖြစ်ကြတာများပါတယ်။ ကျွန်တော်ကြုံခဲ့တုန်းကတော့ Alien Ware
Skin Pack လေးပေါ့.. ကျွန်တော်ပြည်ပရောက်နေတဲ့အချိန်မှာဖြစ်
သွားတာလေးပေါ့ဗျာ.ယခင်ကလည်း တင်ပြီး သုံးတယ်။ ဒါပေမယ့်
တစ်ရက်ဝင်းဒိုးပြန်တင်ပြီးသုံးတဲ့အခါမှာ ပြဿနာကစတက်ပါလေ
ကော။ ၀င်းဒိုးပေါ်ကနေ Skin Pack ကို Install လုပ်တယ်။ အား
လုံးပြီးသွားတော့ System Reboot တောင်းတော့ ကျွန်တော်ပေး
လိုက်တယ်။ ဒါပေမယ့်ပြန်ပြီး တက်လာတော့ Window တက်လာ
တဲ့အထိဖြစ်ပြီး နောက်ဆုံးအဆင့်မှာ အမဲရောင် Screen ကြီးပဲပေါ်
ပြီး Explorer ပျောက်သွားတာဖြစ်ပါတယ်။ ဒါနဲ့ ကျွန်တော်လည်း
နည်းလမ်းပေါင်းစုံသုံးပြီး Explorer ကို ပြန်ခေါ်ပါတယ်။ စုံနေတာပါပဲ
Safe Mode တွေထဲကကော ၀င်လို့ရတဲ့ နေရပေါင်းစုံကနေပေါ့။
ဒါပေမယ့် အဆင်မပြေခဲ့ပါဘူး။ နောက်ဆုံး စဉ်းစားမရတဲ့အဆုံးဝင်း
ဒိုးအသစ်ပြန်တင်လိုက်ရတာရယ်၊ System Image Restore လုပ်လိုက်
ရတာနဲ့ရယ် ဖြေရှင်းလိုက်ရပါတယ်။ ဆိုလိုတာက ၀င်းဒိုးပြန်တင်လိုက်
ရတာပေါ့ ပထမဦးဆုံးအကြိမ်မှာ။ ဒါပေမယ့် အခုတော့ ၀င်းဒိုးပြန်တင်
စရာမလိုပဲ Task Manager ကိုသုံးပြီး ၀င်းဒိုးပြန်တင်စရာမလိုအောင်
ဖြေရှင်းနည်းလေးစပါမယ်။ ၀င်းဒိုးတက်တက်ချင်းမှာအောက်ပါပုံအတိုင်း



စခရင်နောက်ခံအမဲကြီးနဲ့ ပေါ်တဲ့အဆင့်ရောက်လာပါမယ်။ ဒီ
အချိန်မှာ ကျွန်တော်တို့က Explorer မရှိတဲ့အတွက်ကြောင့်
ဘယ်လိုပဲ Task Manager ထဲကနေ Explorer ကိုခေါ်ခေါ်
မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ထို Task Manager
ထဲကနေပဲ



File ထဲကနေ



Run New Task ကိုခေါ်လိုက်ပါမယ်။ထို့နောက်တော့



အထက်ပါပုံအတိုင်းပေါ်လာတဲ့အခါမှာတော့ ကျွန်တော်တို့က
Browse ကို နှိပ်လိုက်ပါမယ်။



ထို့နောက် ကျွန်တော်တို့က C: ထဲက Program Files
ဆိုတာထဲကိုဝင်လိုက်ပါမယ်ဒီနောက်တော့



ကျွန်တော်တို့က ယခုဖြစ်သွားတဲ့ Error က Matrix Skin Pack
သွင်းထားသောကြောင့်ဖြစ်တာကြောင့် ကျွန်တော်က Matrix
Skin Pack ဆိုတဲ့ Folder ထဲကိုဝင်လိုက်ပါတယ်။အကယ်လို့
သင်တို့ Matrix မှ မဟုတ်ဘူး ဘယ် Skin Pack ကိုပဲ သွင်းသွင်း
ထိုသို့ Error တက်ပြီဆိုရင် သက်ဆိုင်ရာ Skin Pack နာမည်ရှိ
တဲ့ Folder ထဲကိုဝင်လိုက်ပါမယ်။ပြီးရင်တော့



ကျွန်တော်တို့က uninst ဆိုတဲ့ Uninstall ဖိုင်ကို Double
Click နှိပ်လိုက်ပါမယ်။



ဒါဆိုရင်တော့ ခုနက Browse အနေနဲ့ ရှာထားတဲ့ Location
အတိအကျကို



အထက်ပါအတိုင်းဖော်ပြပေးမှာပါ။ ဒါဆိုရင် OK ကိုနှိပ်လိုက်ပါ့မယ်



ဒါဆိုရင် ကျွန်တော်တို့က Uninstall လုပ်ဖို့အတွက် ဘယ်ဖိုင်
တွေကိုလုပ်မှာလည်းလို့ရွေးပေးရတဲ့အပိုင်းဖြစ်ပါတယ်။ အားလုံးကို



အမှန်ခြစ်လေးပေးလိုက်ပါမယ်။



တစ်ကယ် Uninstall လုပ်မှာလားလို့ မေးလာတဲ့အခါ Yes ကို
ရွေးပေးလိုက်ပါမယ်။



အထက်ပါပုံအတိုင်း သက်ဆိုင်ရာ Skin Pack ရဲ့ ဖိုင်တွေအားလုံးကိုဖျက်ပြီး
မူရင်း ၀င်းဒိုးဖိုင်မှာရှိတဲ့ ဖိုင်တွေကို Restore ပြန်လုပ်နေတာကိုတွေ့ရပါမယ်



အားလုံးပြီးသွားရင်တော့  Next ကိုနှိပ်လိုက်ပါမယ်



ဒါကတော့ Reboot တောင်းတဲ့အပိုင်းပါ။ ကျွန်တော်တို့က Effect
ဖြစ်အောင် Reboot ပေးလိုက်ပါမယ်။ထို့နောက် ၀င်းဒိုးပြန်တက်လာ
တဲ့အခါမှာ နဂိုမူလ၀င်းဒိုးအတိုင်း အကောင်းပကတိပြန်တက်လာတာ
ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ချက်ရှင်းပြချင်သေးတာ
ရှိပါသေးတယ်။ အခုလို Skin Pack မှာ Explorer လစ်တဲ့ ပြဿနာ
ရဲ့ အခြေခံကတော့ OS Version မတူပဲ ထည့်သွင်းလိုက်ခြင်းကြောင့်
ဖြစ်ပါတယ်။ ဆိုလိုတာကတော့ သင်သွင်းမယ့် Skin Pack က Version
64 အတွက်ဖြစ်တဲ့အချိန်မှာ သင့်ကွန်ပျူတာက 32 Bit ဖြစ်သောအခါ
မှာအဓိကဖြစ်တာပါ။ ယခု Post ဖြစ်ဖို့အတွက် ကျွန်တော့သူငယ်ချင်း
စက်မှာ စမ်းသပ်ခဲ့တာ ၃ကြိမ်ဖြစ်ပြီး။ အိမ်က ကျွန်တော့် Laptop
လေးမှာ စမ်းသပ်ခဲ့တာ ၂ကြိမ်ဖြစ်ပါတယ်။ ထို့ကြောင့်မရှင်းလင်း
သည်များကိုလည်း အချိန်မရွေးမေးမြန်းနိုင်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ဦးဇာနည်

Monday, October 20, 2014

360 Security ထဲက သတိမထားမိတဲ့အချက်လေးတစ်ချက်

360 Security ထဲက သတိမထားမိတဲ့အချက်လေးတစ်ချက်

Android Phone ကိုင်ဆောင်သူအများစုသိကြတဲ့ 360 Security
ကိုတော့ ဘာတွေကောင်းတယ်ဆိုတာ အထူးတလယ်မရှင်းပြတော့
ပေမယ့် အများစုသတိမထားမိတဲ့အချက်လေးတစ်ချက်ကိုတော့ပြော
ပြချင်ပါတယ်။ ဒီလိုဗျ ကျွန်တော်တို့ တစ်ခါတစ်လေ မိမိဖုန်းကိုဘယ်
နေရာချထားမိလို့ ချထားမှန်းမသိတာတွေ၊ တစ်စုံတစ်ယောက်ကခိုး
ယူသွားတာတွေ၊ ကျပျောက်သွားတာတွေအတွက်တော့ အထူးအသုံး
ဝင်တဲ့ အကြောင်းအရာလေးတစ်ချက်ပါ။ ဒီထဲမှာ မိမိဖုန်းက ပျောက်
သွားတယ် ဘယ်နေရာမှထားမိလို့ထားမိမှန်းမသိဘူးဆိုပါစို့ ဒီအချိန်
မှာကျွန်တော်တို့က ပျောက်သွားတဲ့ မိမိဖုန်းကို အဝေးကနေလှမ်းပြီး
Remote လုပ်လို့ရပါတယ်။ ဆိုလိုတာကတော့အောက်ပါကုဒ်အတိုင်း
ပဲဖြစ်ပါတယ်။
Locate Device:
locate#မိမိဖုန်းမှာသတ်မှတ်ထားတဲ့ ကုဒ်
Sound alert:
alert#မိမိဖုန်းမှာသတ်မှတ်ထားတဲ့ ကုဒ်
Lock Device
lock#မိမိဖုန်းမှာသတ်မှတ်ထားတဲ့ ကုဒ်
Single command for lacating alerting and device locking
locatealertlock#မိမိဖုန်းမှာသတ်မှတ်ထားတဲ့ ကုဒ်
Delete Data (Must be sent from your security contact)
del#မိမိဖုန်းမှာသတ်မှတ်ထားတဲ့ ကုဒ်
Reset မိမိဖုန်းမှာသတ်မှတ်ထားတဲ့ ကုဒ်
Resetpassword#security contact
တို့ပဲဖြစ်ပါတယ်။အရင်ဆုံး ကျွန်တော်တို့က Anti-theif Service
လုပ်ထားဖို့အတွက် မိမိဖုန်းထဲကို 360 Security ကိုဖွင့်လိုက်ပါမယ်။



ထို့နောက် Anti-theft ကိုနှိပ်လိုက်ပါမယ်။



ဒီအခါမှာ ညာဘက်အပေါ်ဆုံးထောင့်နားလေးက Setting ထဲ
ကိုဝင်လိုက်ပါမယ်။



လောလောဆယ်အနေအထားအရ Anti-theft Services က
Disable ဖြစ်နေပါတယ်။ ဒါကိုကျွန်တော်တို့က Enable ဖြစ်
အောင်အရင်လုပ်လိုက်ပါမယ်။



ဒါဆိုရင်ကျွန်တော်တို့က ထို Service ကိုဖွင့်မှာလားဆိုတာကို
သေချာအောင်ပြန်မေးပါမယ်။ ဒါဆိုရင် ကျွန်တော်တို့က OK
ကိုနှိပ်လိုက်ပါမယ်။


ဒီနောက်တော့ ကျွ်နတော်တို့က Set Security contact ဆိုတဲ့
နေရာမှာ အကယ်လို့များ ကျွန်တော်တို့ဖုန်းပျောက်သွားတယ်
ဆိုတဲ့အခါမှာ လှမ်းပြီး Remote လုပ်မယ့် Phone နံပါတ် Contact
ကို ထည့်ပေးရမှာဖြစ်ပါတယ်။



မိမိဖုန်းကို လှမ်းပြီး Remote လုပ်မယ့်ဖုန်းနံပါတ်ကိုထည့်ပြီး
သွားရင်တော့ OK ကိုနှိပ်လိုက်ပါမယ်။



ထို့နောက် ကျွန်တော်တို့က Anti-theft Code ကိုသတ်မှတ်
ပေးရမှာဖြစ်ပါတယ်။ ယခုပုံမှာကတော့ ကျွန်တော်အရင်စမ်း
ထားတာဖြစ်တဲ့အတွက်ကြောင့် Change Anti-theft Code
ဆိုပြီးပေါ်နေတာပါ။ လူကြီးမင်းတို့ ဖုန်းမှာကတော့ Set
Anti-theft code ဆိုပြီးပေါ်မှာဖြစ်ပါတယ်။ကဲ Code သတ်
မှတ်ပြီးပြီဆိုရင်တော့ OK ကိုနှိပ်လိုက်ပါ့မယ်။



ဒါဆိုရင် Anti-theft Service က အဆင်သင့်ဖြစ်နေပါပြီ



ထို့နောက်တော့ ကျွန်တော်တို့က မိမိ Remote လုပ်မယ့်ဖုန်းနံ
ပါတ်ကို အထက်ပါ Code တွေလှမ်းပို့ပေးရမှာဖြစ်ပါတယ်။



အဲ့ဒီအတွက် မြန်မာကျပ်ငွေ ၂၅ ကျပ်ကုန်ကျမှာဖြစ်ပါတယ်။ ဒါကြောင့်
Send to security contact ဆိုတာကိုနှိပ်ပေးလိုက်တဲ့အခါမှာတော့



အထက်ပါပုံအတိုင်း သင်ခုနက သတ်မှတ်ထားတဲ့ Remote
လှမ်းလုပ်မယ့်ဖုန်းရဲ့ SMS မှာ သက်ဆိုင်ရာ Code တွေကို
လှမ်းပို့ပေးလိုက်တာဖြစ်ပါတယ်။ဒီတော့ ကျွန်တော်တို့က
Alarm Alert Service လေးတစ်ခုကို Test လုပ်ကြည့်ရအောင်



Remote လုပ်မယ့်ဖုန်းကနေပို့ရမယ့် Code ကတော့
>alert#1986442 ဆိုပြီး Send လုပ်လိုက်ပါမယ်။ ဒီ
နေရာမှာပြောချင်တာက alert# ဆိုတာက လုပ်ဆောင်
စေချင်တဲ့ Process ဖြစ်ပြီး 1986442 ဆိုတာကတော့
ကျွန်တော့်ဖုန်းမှာ(ယာယီပျောက်သွားတယ်ဆိုတဲ့ဖုန်း)
သတ်မှတ်ထားတဲ့ Code ဖြစ်ပါတယ်။ ဒီလို Send လုပ်
လိုက်ပြီဆိုရင် ခုနက ပျောက်သွားတယ်ဆိုတဲ့ဖုန်းမှာ
ပါဝါဖွင့်ထားမယ်ဆိုရင် မီးသတ်ကား ဥသြဆွဲသံကြီးက
အဆက်မပြတ်မည်ပြီး သင့်ဖုန်းဘယ်မှာရှိတယ်ဆိုတာ
အသံဖြင့်လိုက်ရှာလို့ရပါတယ်။ အခြား Code တွေကိုလည်း
စမ်းကြည့်စေလိုပါတယ်။ Privacy Security အရ တစ်ခုတော့
သတိထားစေချင်ပါတယ်။ဘာလို့လည်းဆိုတော့ ဖုန်းထဲကဒေ
တာတွေကိုပါလှမ်းဖျက်နိုင်လို့ပဲဖြစ်ပါတယ်။ ယခု Post နှင့်ပတ်
သက်ပြီးမရှင်းလင်းသည်များကို ကျွန်တော့်ဖုန်းနံပါတ်ကိုလည်း
ဆက်သွယ်မေးမြန်းနိုင်သလို ကျွန်တော့် Facebook Account
ကိုလည်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်။
လေးစားစွာဖြင့်
ဦးဇာနည်