Wednesday, April 8, 2015

Facebook ရဲ့ Status အောက်မှာ Voice Comment ပေးကြမယ်။

Facebook ရဲ့ Status အောက်မှာ Voice Comment ပေးကြမယ်။

ဒီနည်းကတော့ လွယ်ကူရိုးရှင်းပါတယ်။ ကျွန်တော်တို့ Facebook အသုံးပြု
သူတိုင်းအများစုက မိမိရဲ့ Status ရဲ့ အောက်မှာပဲဖြစ်ဖြစ် သူများရဲ့ Status
အောက်မှာဖြစ်ဖြစ် Comment ပေးကြတဲ့အခါ Emotion Pic တွေ  စာသား
တွေသာအများစုပေးကြတာဖြစ်ပါတယ်။ အခုကျွန်တော်ပြောမယ့်နည်းလမ်းက
တော့ Comment ပေးတဲ့အခါမှာ အသံဖိုင်ဖြင့် Comment ပေးနည်းဖြစ်ပါတယ်။
အရင်ဆုံး သင့်မှာ Chrome Browser လိုအပ်ပါမယ်။ ဒီနောက်တော့ Browser
ထဲမှ သွားရမယ့် Link က https://chrome.google.com/webstore/detail/talk-and-comment-for-face/djnhkfljnimcpelfndpcjcgngmefaobl ဖြစ်ပါတယ်။ ဒါဆိုရင်တော့
အောက်ပါအတိုင်းပေါ်လာမှာဖြစ်ပါတယ်။


ဒီနေရာမှာကျွန်တော်တို့က ADD TO CHROME ဆိုတာကို နှိပ်ပေးလိုက်ပ့မယ်။




ဒါကတော့ Add on ကိုသွင်းမှာ သေချာလားလို့မေးတာဖြစ်ပါတယ်။ ဒါကြောင့်
ကျွန်တော်တို့က Add ဆိုတာကို နှိပ်ပေးလိုက်ပါမယ်။ ပြီးသွားရင်တော့



အထက်ပါပုံအတိုင်းပေါ်လာရင်တော့ Ok ကိုနှိပ်ပေးလိုက်ပါမယ်။



ဒါဆိုရင် သင့်ရဲ့ Browser ရဲ့ ညာဘက်နားလေးမှာ အသံဖမ်းတဲ့ မိုက်ခ်
ပုံစံလေး ပေါ်လာမှာဖြစ်ပါတယ်။ထို့အတူပဲ သင် Chat Box ကနေပြော
မယ့် သင့်သူငယ်ချင်းနေရာမှာလည်း



အထက်ပါပုံအတိုင်းပေါ်လာမှာဖ်ြစပါတယ်။



ထို မိုက်ပုံစံလေးကို နှိပ်လိုက်တဲ့အခါမှာတော့ Tab တစ်ခုအနေနဲ့ ပေါ်လာမှာဖြစ်ပါတယ။်
ဒါကို OK ပဲနှိပ်ပေးလိုက်ပါမယ်။



ပြီးသွားရင်တော့ Browser ရဲ့ Address Bar မှာ ဗွီဒီယို ကင်မရာပုံစံလေးနေ
ရာမှာ ကြက်ခေခတ် Sign လေးပြနေတာကိုနှိပ်လိုက်ပြီး အထက်ပါပုံအတိုင်း
Ask if djnk….. နဲ့ Microphone နေရာမှာ မိမိအသုံးပြုထားတဲ့ MIC ကိုရွေး
ပေးလိုက်ပီး Done လုပ်ပေးလိုက်ပါမယ။်



ထို့နောက် Tab တစ်ခုအနေဲ့ ပေါ်လာရင် Allow ကို နှိပ်ပေးလိုက်ပါမယ်။
ဒါဆိုရင် သင်က သင့် ဘော်ဒါဆီကို စကားပြောရင် မိုက်ပုံစံလေးကို ကလစ်
နှိပ်လိုက်တဲ့အခါမှာ Stop မနှိပ်မချင်းမှာ သင် ပြောချင်တဲ့စကားတွေကို
ပြောဆိုနိုင်မှာပါ။



ပြောလို့ပြီးသွားတယ်ဆိုရင်တော့ Stop ကို နှိပ်ပေးလိုက်ပါမယ်။



ဒါဆိုရင် သင် စကားပြောထားတဲ့ အသံဖိုင်ကို Upload လုပ်နေတာဖြစ်ပါတယ်။
Upload လုပ်တဲ့နေရာမှာ Talk & Comment ရဲ့ Server ကိုလှမ်းသိမ်းတာဖြစ်
ပါတယ်။ဒါကြောင့် သူက အသံဖိုင်ရဲ့ လင့်ခ်ကို



အထက်ပါအတိုင်းပြပေးတာဖြစ်ပါတယ်။ အကယ်လို့ မိမိက Status အောက်
Comment နေရာကနေ အသံဖိုင်ထည့်ချင်ရင် ထို Address ကို ကော်ပီကူး
ယူပြီးတော့



မိမိ ထည့်ချင်တဲ့ Comment နေရာမှာ Paste လုပ်ပေးလိုကပါမယ်။
ဒါဆိုရင်တော့



အထက်ပါပုံအတိုင်းပေါ်လာရင်တော့ မိမိပြောထားတဲ့အသံဖိုင်ကို လင့်ခ်အနေနဲ့
မြင်ရမှာပါ နားထောင်မယ့်သူက အဲ့ဒါကိုနှိပလိုက်တယ်ဆိုရင်တော့



အထက်ပါပုံအတိုင်း Server ရှိတဲ့ဆီကို ရောက်သွားပြီး နားထောင်လို့ရမှာဖြစ်ပါတယ်။
Chat Box ထဲမှာကတော့ ခုနကလို လင့်ခ်မဟုတ်တော့ပဲ



အထက်ပါပုံအတိုင်း အသံဖိုင်အနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။ ဒီနည်း
လမ်းက ဖုန်းတွေထဲမှာကတော့ အလွယ်တကူလုပ်လို့ရပါတယ်။
Voice Message ပေါ့… Desktop မှာကတော့ Plug in တွဲသုံးရတာ
ဖြစ်ပါတယ်။ အားလုံးပဲ အဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
နောက်တစ်ချက်ကတော့ Status ကိုလည်း ထိုနည်းအတိုင်းတင်လို့ရပါတယ်။
အောက်ပါပအတိုင်းပေါ့....



ဒီနည်းလမ်းလေးကိုရေးဖြစ်ဖို့ အသိပေးခဲ့သော ကျွန်တော့်ရဲ့ ချစ်သော
ဆရာ ကိုလမင်းအိမ်အား အထူးပင်ကျေးဇူးတင်ရှိပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ ဦးဇာနည်

Sunday, March 22, 2015

သင့် Facebook Account က Friend List ကို ဖွက်ထားမယ်



သင့် Facebook Account က Friend List ကို ဖွက်ထားမယ်


ဒီတစ်ခါ ညီမလေးတစ်ယောက်ကမေးထားလို့ပါ သူ့ရဲ့ Friend
List ကို သူများတွေလာကြည့်ရင်မမြင်ရအောင်လို့ ဘယ်လိုလုပ်
ရပါသလည်းတဲ့…. ဘာကြောင့် Hide ရပါသလည်းဆိုတာအရင်
အကြမ်းဖျဉ်းလေးရှင်း ပြပါရစေ.. ကျွန်တော်တို့ Facebook မှာ
Friend Request လာလုပ်တယ်ဆိုရင် အဲ့လူရဲ့ Info နဲ့ Natural
Friend နဲ့ Friend List ကိုအရင်ဝင်ကြည့်ပါတယ်။ ဘာကြောင့်
လည်းဆိုတော့ လိုင်းပေါ်မှာက Fake Account တွေများလွန်းလို့
ဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ Info အကြမ်းဖျဉ်းအရ
သူငယ်ချင်းList ကိုကြည့်လိုက်ရင် ဒီလူက ဘယ်နယ်ပယ်ထဲက
လည်းဆိုတာ အကြမ်းဖျဉ်းခန့်မှန်းနိုင်ပါတယ်။စကားတွေလည်း
များပြီဗျာ ကဲ စမယ်။ အရင်ဆုံး မိမိအကောင့်ကို အရင်ဝင်လိုက်ပါ။
ထိုကနောက် မိမိရဲ့ Time Line ကိုသွားလိုက်ပါမယ်။



ထို့နော်ကတော့ ကျွန်တော်တို့က  Friends ဆိုတဲ့ Tab ကိုသွား
လိုက်ပါမယ်။



ထို့နောက်နောက် လေးထောင့်ကွက် အသေးလေးကိုနှိပ်လိုက်ပါ့မယ်



ဒီနောက်တော့ Edit Privacy ကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်အောင်ပါပုံအတိုင်း
ပေါ်လာပါမယ်။



အဲ့နေရာမှာ Friend List ဆိုတဲ့နေရာမှာ Who can see your friend List?
ဆိုတဲ့နေရာမှာ Public ဖြစ်နေမယ် Friends ဖြစ်နေမယ်ဆိုရင် Only Me
ဆိုတာကိုရွေးချယ်ပေးလိုက်ရုံပါပဲ…. ဒါဆိုရင် သင်ရဲ့ Friend ကပဲ ဖြစ်ဖြစ်
Public ကပဲဖြစ်ဖြစ် သင့်အကောင့်ထဲကိုဝင်ပြီး သင့်ရဲ့ သူငယ်ချင်းတွေရဲ့
List ကိုအကုန်လုံး အသေးစိတ်မြင်တွေ့ရမှာမဟုတ်တော့ပါဘူး။



ကဲ အားလုံးပဲ အဆင်ပြေမယ်လို့ ထင်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni @ဦးဇာနည်

Friday, March 20, 2015

သင်သုံးနေတဲ့ Firefox Browser ထဲ Add-on တွေပစ်ထည့်မခံရအောင်



သင်သုံးနေတဲ့ Firefox Browser ထဲ Add-on တွေပစ်ထည့်မခံရအောင်



ဟုတ်ကဲ့ အင်တာနက်အသုံးပြုသူအများစုရဲ့ ပျှမ်းမျှ 80% လောက်က
Mozila Firefox ကိုအသုံးပြုကြတာများပါတယ်။ ဘာကြောင့်သုံးရသလည်း
ဆိုရင် ပေါ့ပါးတယ်။ သုံးရတာ အဆင်ပြေတယ်ပေါ့ဗျာ…. နောက်ပီး တစ်ခြား
ဘရောက်ဇာတွေထက်စာရင်လည်း Plug-In တွေအများကြီးနဲ့ အလုပ်လုပ်
နိုင်တယ်။ ဥပမာ VPN ကျော်တာမျိုးတို့…. IP Hide တာမျိုးတို့ကို Software
ထပ်သွင်းစရာမလိုပဲ Add-On တွေ ထည့်ပီး အလွယ်တကူ အသုံးပြုနိုင်ပါတယ်။
အဲ့မှာစတွေ့မှာက Hacker…. (Attacker, Stealer) တွေက သင်သုံးနေကျဖြစ်
တဲ့  Mozila Firefox ထဲကို RAT တွေလှမ်းပစ်မယ်၊ Keylogger တွေကိုAdd-on
အသွင်ဖြင့် လှမ်းထည့်မယ်။ ဒီနည်းလမ်းနဲ့ သင်ဟာ သင့်ရဲ့ Browser ကနေ
သုံးသမျှ ရိုက်သမျှ အချက်အလက်တွေဟာ Add-on လှမ်းပစ်ပီး ယူနေတဲ့
Hacker ဟုတ်ပါဘူး Stealer တွေရဲ့လက်ထဲကို အချက်အလက်တွေ ပို့
လွှတ်နေသလိုဖြစ်နေမှာပါ။ ဒီတော့ ကျွန်တော်တို့က ဒီလိုမျိုး အားနည်းချက်
ဖြစ်နေတဲ့ Add-on တွေထည့်သွင်းထပ်မံသွင်းခြင်းကို ပိတ်ပင်ဖို့အတွက်
လိုအပ်လာပါပြီ။ ကဲ ဘယ်လိုပိတ်မလည်းဆိုတော့…….အရင်ဆုံး သင်ဖွင့်
ထားတဲ့ Firefox Browser ကို ပိတ်လိုက်ပါ။ ပြီးသွားရင်တော့….
အရင်ဆုံး Notepad ကိုဖွင့်လိုက်ပါမယ်။ ထို့နောက်အောက်မှာရေးထားတဲ့
စာသားလေးတွေကိုကော်ပီကူးပီး Paste လုပ်လိုက်ပါ။

pref("general.config.obscure_value", 0);
pref("general.config.filename", "mozilla.cfg");





ထို့နောက်တော့  ဖိုင်နာမည်ကို ‘local-settings.js’ အဖြစ် သိမ်းလိုက်ပါမယ့်။



 ပြီးသွားရင် နောက်ထပ် Notepad တစ်ခုကိုဖွင့်လိုက်ပါမယ်။ ထည့်ရမယ့်စာက

//Firefox Default Settings
//Disable add-on installation
lockPref("xpinstall.enabled", false);




ဖြစ်ပါတယ်။ပြီးသွားရင် သိမ်းရမယ့် ဖိုင်နာမည်က  ‘mozilla.cfg’ ဖြစ်ပါတယ်။




ကဲ ဒီတော့ ကျွန်တော်တို့က ထို ဖိုင် ၂ခုကို သိမ်းထားပြီးတော့
ဘယ်နေရာတွေမှာသွားထားမှာလည်း ?...... အကယ်လို့ သင်ဟာ
32 Bit OS ကိုသုံးနေတယ်ဆိုရင်
Local-settings.js ဆိုတဲ့ဖိုင်ကို ထည့်ရမယ့်လိပ်စာက
C:\Program Files\Mozilla Firefox\defaults\pref ဆိုတဲ့နေရာကိုသွားထည့်
ရမှာဖြစ်ပြီး  mozilla.cfg ဆိုတဲ့ဖိုင်ကိုတော့ C:\Program Files\Mozilla Firefox
ဆိုတဲ့နေရာမှာထည့်ရမှာဖြစ်ပါတယ်။
အကယ်လို့သင်ဟာ 64 Bit OS ကိုသုံးမယ်ဆိုရင်
Local-settings.js ဆိုတဲ့ဖိုင်ကို C:\Program Files(x86)\Mozilla Firefox\defaults\pref
ဆိုတဲ့နေရာဖြစ်ပြီး Mozilla.cfg ကိုတော့ C:\Program Files (x86)\Mozilla Firefox
ဆိုတဲ့ဖိုလ်ဒါထဲကို ထည့်ရမှာဖြစ်ပါတယ်။ အားလုံးပြီးသွားလို့ သင်ဟာ
Add-on ကိုစမ်းပြီါ်သွင်းတဲ့အခါမှာ ဖော်ပြမယ့် Message က




ကဲ ဒီလောက်ဆို သင့် Firefox ထဲ Add-on လှမ်းပစ်ခံရခြင်း မှ ကင်းဝေးကြ
မယ်လို့ ထင်ပါတယ်။ ဆက်လက်ကြိုးစားပါဦးမည်
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်

Monday, February 23, 2015

Printer Sharing မှာ Firewall ကြောင့် Share မရခြင်း

Printer Sharing မှာ Firewall ကြောင့် Share မရခြင်း



ကျွန်တော်တို့ Printer Sharing မှာ ပုံမှန်အားဖြင့် သတိမထားမိ
တဲ့အချက်လေးတစ်ခုပြောချင်ပါတယ်။ ကျွန်တော်လည်း အရင်က
ရေးထားတဲ့ အကြောင်းအရာလေးတစ်ခုရှိပါတယ်။ Window တင်
ပြီးသွားရင် လုပ်ဆောင်ရမယ့်အချက် ဆိုပြီး Part I နဲ့ Part II ဆို
ပြီးရေးထားပေးပါတယ်။ အဲ့ထဲမှာ Window Firewall ကိုပိတ်ရမယ်
ဆိုပြီး ရေးသားထားခဲ့ဖူးပါတယ်။ ပိတ်ထားတယ်ဆိုတာ Disable
လုပ်တာမဟုတ်ပဲ Manual လုပ်ထားခဲ့ခြင်းကို ဆိုလိုတာပါ။ ဒီအခါ
မှာ ပြဿနာတက်တာကတော့ Printer ရှဲလ်တဲ့အခါမှာပဲ စတွေ့
တာပါ။ Firewall ကို Disable လုပ်ထားမယ်ဆိုရင် ရှဲလ်တဲ့အခါမှာ
ပြမယ့် Error ကအောက်ပါပုံအတိုင်းဖြစ်ပါတယ်။




Printer Sharing ဆိုတဲ့ Check box လေးကို နှိပ်ပြီး Apply နှိပ်
လိုက်ရင် အဲ့ဒီအပေါ်မှာပြထားတဲ့ Error Code ပဲပြနေတာဖြစ်ပါ
တယ်။ ဒီတော့ အဲ့ဒီပြဿနာကို ဘယ်လိုရှင်းမလည်းဆိုတော့
အရင်ဆုံး Run Box ကိုဖွင့်ပြီး



အထက်ပါပုံအတိုင်း Services.msc လို့ရိုက်လိုက်ပါမယ်။



ဒါဆိုရင် အထက်ပါပုံအတိုင်း Services Box ကျလာတဲ့အခါမှာ
Windows Firewall Services ကို Right Click နှိပ်လိုကပါမယ်



လက်ရှိမှာဆိုရင် Disabled ဖြစ်နေပါမယ်။ ဒါကို ကျွန်တော်တို့က
Automatic ကိုရွေးပေးလိုက်ပြီး Apply နှိပ်ပေးလိုကပါမယ်။



ဒီနောက်အထက်ပါပုံအတိုင်းပေါ်လာရင်တော့ Start ကို နှိပ်ပေးလိုက်ပါမယ်။
ဒါဆိုရင်တော့ Firewall Services ပွင့်သွားပြီဖြစ်လို့ Printer Sharing ကို
ပြန်စလုပ်ပါမယ်။ ဒီတော့ Start> Devices & Printers ထဲကိုဝင်ပြီး မိမိ
Share ချင်တဲ့ Printer ပေါ်မှာ Right Click ထောက်ပြီး Printer Properties
ကိုဝင်လိုက်ပါမယ်။



ဒီနောက် အထက်ပါပုံအတိုင်း Share This Printer ဆိုတာကို အမှန်
ခြစ်လေးရွေးပေးလိုက်ပြီး Apply နှိပ်ပေးလိုက်ပါမယ်။ ထို့နောက်



အထက်ပါပုံအတိုင်း Security Tab ထဲပြန်သွားပြီး Everyone
နေရာမှာ အမှန်ခြစ်လေးတွေကို တပ်ပေးလိုက်ပါမယ်။ ဒါဆိုရင်တော့
သင့် လှမ်းပြီးထုတ်ချင်တဲ့ ကွန်ပြူတာထဲကနေ Share ထားတဲ့ Printer
ကို



လှမ်းပြီး Connect… လုပ်လိုက်ပါမယ်။ဒါဆိုရင်တော့ သင်ထုတ်ချင်တဲ့
ဖိုင်ကို ဖွင့် Print လုပ်တဲ့အခါမှာ



အထက်ပါပုံအတိုင်း ခုနက Share ထားတဲ့ Printer ကိုရွေးပေးပြီး
လွယ်ကူစွာ Print ထုတ်နိုင်မှာဖြစ်ပါတယ်။ အားလုံးအဆင်ပြေမယ်လို့
ယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ဦးဇာနည်