Wednesday, April 22, 2015

သင့် Chat List, Status တွေက အစစ်တွေကောဟုတ်ရဲ့လား ?

သင့် Chat List, Status တွေက အစစ်တွေကောဟုတ်ရဲ့လား ?



ကျွန်တော် ဒီ Post လေးကို ကျွန်တော့်မွေးနေ့ မေလ ၆ ရက်နေ့ရောက်မှ
တင်ပေးမယ်လို့ ရည်ရွယ်ထားတာပါ။ မအောင့်နိုင်လို့ ရေးပေးလိုက်ပါတယ်။
ခေါင်းစဉ်ကတော့ တစ်ကယ်တမ်းဆိုရင်တော့ စဉ်းစားစရာပါ။ ဘာလို့လည်း
ဆိုတော့ မိမိကိုယ်တိုင် သုံးနေတဲ့အကောင့်မှာ တင်ထားတဲ့ Status တွေ၊
Chat List တွေကိုကိုယ်ကတော့ ပုံမှန်အတိုင်းရိုက်ထားတာပဲ ဒါပေမယ့်
ဘာပဲ ရေးရေးရေးသမျှ အားလုံးကို Inspect Element နဲ့ စိတ်ကြိုက်ပြင်
လို့ရပါတယ်။ ကဲ စကားတွေများတယ် လက်တွေ့စလိုက်ရအောင်လားဗျာ
အရင်ဆုံး Chat List အတုတစ်ခု Inspect Element ကနေ လုပ်ပြပါ့မယ်။
အရင်ဆုံး မိမိ Chat List အတုလုပ်မယ့်အကောင့်ကို အရင် သွားလိုက်ပါမယ်
အောက်ဖော်ပြပါပုံကတော့ မူရင်းအတိုင်းပြောထားတဲ့ Chat list ပါ



အဲ့တာကို ကျွန်တော်တို့က ပြန်ပြင်မှာဖြစ်လို့ “ဟုတ်ကဲ့ဦးဇာနည်” ဆိုတဲ့နေရာကို
Right Click ထောက်ပြီး Inspect Element ကိုနှိပ်လိုက်ပါ့မယ်။



ထို့နောက်တော့  Developer Tools ဆိုတဲ့ Box ပေါ်လာမှာဖြစ်ပါတယ်။
ဒီအခါမှာ အောက်ပါပုံအတိုင်း



<span> <p> နဲ့ </p> </span> ကြားထဲက စာသားကို ပြင်မှာဖြစ်ပါတယ်။
လောလောဆယ်က ဟုတ်ကဲ့ ဦးဇာနည် ဆိုတာဖြစ်ပြီး ကျွန်တော်တို့ကပြင်ချင်
တာတစ်ခုပြင်ရေးလိုက်ပါမယ်။အောက်ပါပုံအတိုင်းပေါ့



ကျွန်တော်က ခုနက ဟုတ်ကဲ့ ဦးဇာနည် ဆိုတာကို ပြင်ပီါ် ဟုတ်ကဲ့ပါ မောင်
လို့ပြင်ရေးလိုက်ပါတယ်။ အလားတူပဲ နောက်တစ်ကြောင်းကိုလည်း RC နှိပ်
Inspect Element ကိုရွေးပီါ် အထက်ပါ လိပ်စာအတိုင်းပဲသွားပြီး မိမိ ပြင်ချင်
တာကို



အထက်ပါအတိုင်းပြင်လိုက်ပါတယ်။ ဟုတ်ပြီ ဒါဆို သူ့ဘက်က Chat List ကို
တော့ ပြင်ပြီါ်သွားပြီ ကျွန်တော့်ဘက် အေးပါ…အေးပါ… နားနားနာရ ဆိုတာကို
ပ်ြငပါမယ်။အလားတူပဲ မိမိပြင်ရေးမယ့် စာသားပေါ်မှာ Right Click ထောက်
Inspect Element ကိုရွေးပြီါ် မိမိ ပြင်ချင်တာတွေ စိတ်ကြိုက် ပြင်လိုက်ပါ့မယ်။



ကဲ မှတ်ပလား ကျွန်တော်ကတော့ ကျွန်တော့်ကို ဂျာနယ်ထဲထည့်ပြီး
Report တင်နည်းရေးသားပေးတဲ့ ဆရာကြီးကို လိုင်းသွင်းပလိုက်ပြီ
လေ။ ဒီတော့ ကျွန်တော်တို့က Chat List တွေကို ထိုနည်းအတိုင်း
မိမိစိတ်ကြိုက်ပြင်လို့ရပါတယ်။ ဒါကြောင့် Chat List တွေကို Screen
Shoot ရိုက်ပြီး တိုင်မယ် တန်းမယ်တို့လုပ်မယ့်အခါမှာ SS တွေက
တစ်ကယ်အကျုံးဝင်မှာလားပေါ့နော်…. ဒါက ကျွန်တော်က
Educational Purpose အနေဖြင့်သာရေးပေးတာပါ။ သူငယ်ချင်း
တွေကို စနောက်ရုံသက်သက်ပဲ လုပ်ကြပါရန်နဲ့ တစ်ပါးသူ ထိခိုက်
စေမယ့် နောက်ပြောင်မှုမျိုး မလုပ်ကြရန် မေတ္တာရပ်ခံပါတယ်။

နောက်တစ်ချက် Status နဲ့ Like အတုပြင်ရေးမယ်
ဒီနည်းကလည်း ခုနကသုံးတဲ့အတိုင်း Inspect Element ကိုပဲထပ်သုံးတာပါ
အရင်ဆုံးကျွန်တော်တို့က မိမိ ဆေးထိုးချင်တဲ့ အကောင့်ရဲ့ Wall ထဲကိုသွား
ပါ့မယ်



အထက်ပါပုံက သူတင်ထားတဲ့ မူရင်း Status ပါ နောက်ပြီး Like ကလည်း
171 ဖြစ်ပါတယ်။ ဒါတွေကိုကျွန်တော်တို့က အားလုံးပြင်ပလိုက်ပါ့မယ်။
ဒီတော့ ထုံးစံအတိုင်းပေါ့… မိမိပြင်မယ့် စာသားပေါ်မှာ RC ထောက် Inspect
Element ကိုရွေးပြီး…



သူက Paragraph ဖြစ်တဲ့အတွက်ကြောင့် HTML Language အရ
<p> နဲ့ </p> ဆိုတဲံကြားထဲမှာဖြစ်ပါတယ်။ အဲဒီကြားထဲက စာ
တွေကို ကျွန်တော်တို့က မိမိပြင်ချင်တဲ့စာသားတွေကို စိတ်ကြိုက်
ရေးလိုက်ပါ့မယ်။



ကဲ မှတ်ပြီလား ဒီတော့ ကျွန်တော်တို့က Like ကိုပါ ပြင်ပါမယ်။ ဆိုတော့
Like 171 ဆိုတဲ့နေရာကို RC ထောက် Inspect Element ကို နှိပ်လိုက်ပါ
မယ်။



လက်ရှိတန်ဖိုး 171 ကို မိမိစိတ်ကြိုက် Like အရည်အတွက်ကိုရိုက်ထည့်
လိုက်ပါ့မယ်



ကဲ မြင်တဲ့အတိုင်းပဲ မိမိ စိတ်ကြိုက် Like အရေအတွက်ကို ထည့်လိုက်ပါပြီ
အောက်က Comment တွေကိုလည်း သူများရေးထားတာတွေကိုလည်း
စိတ်ကြိုက်ပြင်ဆင်လို့ရပါတယ်။
ကဲ အားလုံးပဲ ဒီနည်းနဲ့ စမ်းသပ်ကြည့်ရုံပါပဲ HTML အခြေခံလောက်
နည်းနည်းပါးပါးသိထားတယ်ဆိုရင် ပိုပြီး အဆင်ပြေပါတယ်နောက်တစ်ခု
က HTML ကိုလေ့လာဖို့ စာတွေအများကြီးကိုဖတ်စရာမလိုပဲ Borwser ရဲ့
Page မှာ ဘယ်လိုမျိုးလေးတွေရေးသားထားသလည်းဆိုတာကိုလည်းယခု
Inspect Element နဲ့ လေ့လာလို့ရပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်



Tuesday, April 14, 2015

NSIS ပြဿနာဖြေရှင်းနည်း



NSIS ပြဿနာဖြေရှင်းနည်း
ကျွန်တော်တို့ Windows တင်ပီးသွားတဲ့အခါမှာ Program တွေထပ်သွင်း
ကြရပါတယ်။ ဒီလိုသွင်းတဲ့အခါမှာ ကျွန်တော်တို့က CD ခွေတွေထဲကနေ
ထည့်သွင်းမယ်ဆိုရင်တော့ ပြဿနာမရှိပေမယ့် ကျွန်တော်တို့က HDD
သို့မဟုတ် Stick တွေထဲမှာသိမ်းထားတဲ့ Program တွေကိုသွင်းတဲ့အခါ
မှာ ထို NSIS ဆိုတဲ့ ပြဿနာကိုမြင်တွေ့ရမှာ။


 NSIS Error တက်သွား
တဲ့ Program ကို ဘယ်လိုသွင်းမလည်းလို့မပြောခင်မှာ ဒီပြဿနာဘယ်
လိုဖြစ်တာလည်းဆိုလေးကိုအရင်ဆုံးရှင်းပြပေးပါ့မယ်။ အဓိက အကြောင်း
ရင်းကတော့ သင်ဟာ သင်ကိုယ်တိုင် Backup လုပ်ထားတဲ့ EXE ဖိုင်တွေ
ကို ZIP နဲ့ မချုပ်ထားပဲ ဒီအတိုင်းသိမ်းထားတဲ့အခါမှာ သင်သိမ်းထားတဲ့
HDD သို့မဟုတ် Stick ထဲကို Virus က ၀င်လာသောအခါမှာ ရှိနေတဲ့
EXE တွေကို သမလိုက်ပါတယ်။ နောက်တစ်ချက်ကတော့ Antivirus
Run လိုက်တဲ့အခါမှာလည်း ခုနက သိမ်းထားတဲ့ EXE ဖိုင်တွေက Virus
Detected ဖြစ်ထားတဲ့အတွက်ကြောင့် ၄င်းကိုလည်း Anti-Viurs က
ထပ်သမပါတယ်။ ဒီလိုအနေအထားမျိုးမှာ EXE တွေက မူလအတိုင်းမရှိ
တော့ပဲ File အချို့က Virus ဓာဏ်ကြောင့် အနည်းငယ်ပျက်စီးသွားပါတယ်။
ဒီတော့ ကျွန်တော်တို့ က ထိုသို့ ထိထားတဲ့ EXE တွေကို Windows ပေါ်မှာ
Run မယ်ဆိုရင် ပုံမှန်အားဖြင့် ဘယ်လိုပဲ Run Run လုံးဝမရပဲ NSIS Error ကို
သာတွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် အရင်ဆုံးကျွန်တော်တို့က RUN Box ကို
ဖွင့်လိုက်ပါမယ်။ထို့နောက်တော့



အထက်ပါပုံအတိုင်း %comspec% လိုက၇ိုက်လိုက်ပါမယ်။ ဒါကတော့ ပုံမှန်
အားဖြင့် ကျွန်တော်တို့ Run Box ထဲမှာ CMD ခေါ်တာနဲ့အတူတူပါပဲ….
ပုံမှန်အတိုင်း CMD လို့ခေါ်လိုက်မယ်ဆိုရင် User Permission အနေဖြင့်သာ
လုပ်ဆောင်နိုင်မှာမို့လို့ ကျွန်တော်တို့က Administrator Permission အပြည့်
ရမယ့် %comspec%   ဆိုပီးရိုက်လိုက်တာဖြစ်ပါတယ်။ ဒါဆိုရင်



အထက်ပါပုံအတိုင်း Administrator Permission အနေဖြင့် System32 အောက်
ကိုရောက်နေမှာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့က ခုနက NSIS Error တက်
တဲ့ Program ကို Desktop ပေါ်သို့ တင်လိုက်ပါမယ်။ထို့နောက်တော့ ကျွန်တော်
တို့ကမိမိသွင်းမယ့် Program ကို Mouse ဖြင့် ဖိထားပြီး Command Prompt
ထဲကို Drag ဆွဲထည့်လိုက်ပါ့မယ်။



ဒါဆိုရင်အထက်ပါပုံအတိုင်း “ အစနှင့် “ အဆုံးနောက်မှာ Space ခြားပြီး
/NCRC လို့ရိုက်လိုက်ပါမယ်။ ပြီးရင်တော့ Enter ခေါက်လိုက်ပါမယ်။
ဒါဆိုရင်တော့



အထက်ပါပုံအတိုင်းမြင်ရမှာဖြစ်ပီး ယခင် ဖိုင်အကောင်းဖြစ်စဉ်ကာလတုန်းက
လိုပဲ ပုံမှန်အတိုင်း



Install လုပ်နိုင်မှာဖြစ်ပါတယ်။ ကဲဒီလောက်ဆို အဆင်ပြေလောက်မယ်
ထင်ပါတယ်။ ယခုနည်းကို ဟိုနေ့ကတည်းက ရေးပေးမယ်ဆိုပီးထားတာ
မအားတာနဲ့ မတင်ဖြစ်လိုက်တာပါ။ အခုတော့ တင်ပေးလိုက်ပါတယ်။
စာဖတ်ပရိတ်သတ်ကို နှစ်သစ်ကူး လက်ဆောင်အနေနဲ့ပေါ့.. ယခုနည်း
လေးကို ရေးဖြစ်ဖို့ Idea ပေးသော ကျွန်တော့်ညီလေးရန်နိုင်ဦး (AC Vs DC)
အားလည်း ကျေးဇူးတင်လျှက်…
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်

Wednesday, April 8, 2015

Facebook ရဲ့ Status အောက်မှာ Voice Comment ပေးကြမယ်။

Facebook ရဲ့ Status အောက်မှာ Voice Comment ပေးကြမယ်။

ဒီနည်းကတော့ လွယ်ကူရိုးရှင်းပါတယ်။ ကျွန်တော်တို့ Facebook အသုံးပြု
သူတိုင်းအများစုက မိမိရဲ့ Status ရဲ့ အောက်မှာပဲဖြစ်ဖြစ် သူများရဲ့ Status
အောက်မှာဖြစ်ဖြစ် Comment ပေးကြတဲ့အခါ Emotion Pic တွေ  စာသား
တွေသာအများစုပေးကြတာဖြစ်ပါတယ်။ အခုကျွန်တော်ပြောမယ့်နည်းလမ်းက
တော့ Comment ပေးတဲ့အခါမှာ အသံဖိုင်ဖြင့် Comment ပေးနည်းဖြစ်ပါတယ်။
အရင်ဆုံး သင့်မှာ Chrome Browser လိုအပ်ပါမယ်။ ဒီနောက်တော့ Browser
ထဲမှ သွားရမယ့် Link က https://chrome.google.com/webstore/detail/talk-and-comment-for-face/djnhkfljnimcpelfndpcjcgngmefaobl ဖြစ်ပါတယ်။ ဒါဆိုရင်တော့
အောက်ပါအတိုင်းပေါ်လာမှာဖြစ်ပါတယ်။


ဒီနေရာမှာကျွန်တော်တို့က ADD TO CHROME ဆိုတာကို နှိပ်ပေးလိုက်ပ့မယ်။




ဒါကတော့ Add on ကိုသွင်းမှာ သေချာလားလို့မေးတာဖြစ်ပါတယ်။ ဒါကြောင့်
ကျွန်တော်တို့က Add ဆိုတာကို နှိပ်ပေးလိုက်ပါမယ်။ ပြီးသွားရင်တော့



အထက်ပါပုံအတိုင်းပေါ်လာရင်တော့ Ok ကိုနှိပ်ပေးလိုက်ပါမယ်။



ဒါဆိုရင် သင့်ရဲ့ Browser ရဲ့ ညာဘက်နားလေးမှာ အသံဖမ်းတဲ့ မိုက်ခ်
ပုံစံလေး ပေါ်လာမှာဖြစ်ပါတယ်။ထို့အတူပဲ သင် Chat Box ကနေပြော
မယ့် သင့်သူငယ်ချင်းနေရာမှာလည်း



အထက်ပါပုံအတိုင်းပေါ်လာမှာဖ်ြစပါတယ်။



ထို မိုက်ပုံစံလေးကို နှိပ်လိုက်တဲ့အခါမှာတော့ Tab တစ်ခုအနေနဲ့ ပေါ်လာမှာဖြစ်ပါတယ။်
ဒါကို OK ပဲနှိပ်ပေးလိုက်ပါမယ်။



ပြီးသွားရင်တော့ Browser ရဲ့ Address Bar မှာ ဗွီဒီယို ကင်မရာပုံစံလေးနေ
ရာမှာ ကြက်ခေခတ် Sign လေးပြနေတာကိုနှိပ်လိုက်ပြီး အထက်ပါပုံအတိုင်း
Ask if djnk….. နဲ့ Microphone နေရာမှာ မိမိအသုံးပြုထားတဲ့ MIC ကိုရွေး
ပေးလိုက်ပီး Done လုပ်ပေးလိုက်ပါမယ။်



ထို့နောက် Tab တစ်ခုအနေဲ့ ပေါ်လာရင် Allow ကို နှိပ်ပေးလိုက်ပါမယ်။
ဒါဆိုရင် သင်က သင့် ဘော်ဒါဆီကို စကားပြောရင် မိုက်ပုံစံလေးကို ကလစ်
နှိပ်လိုက်တဲ့အခါမှာ Stop မနှိပ်မချင်းမှာ သင် ပြောချင်တဲ့စကားတွေကို
ပြောဆိုနိုင်မှာပါ။



ပြောလို့ပြီးသွားတယ်ဆိုရင်တော့ Stop ကို နှိပ်ပေးလိုက်ပါမယ်။



ဒါဆိုရင် သင် စကားပြောထားတဲ့ အသံဖိုင်ကို Upload လုပ်နေတာဖြစ်ပါတယ်။
Upload လုပ်တဲ့နေရာမှာ Talk & Comment ရဲ့ Server ကိုလှမ်းသိမ်းတာဖြစ်
ပါတယ်။ဒါကြောင့် သူက အသံဖိုင်ရဲ့ လင့်ခ်ကို



အထက်ပါအတိုင်းပြပေးတာဖြစ်ပါတယ်။ အကယ်လို့ မိမိက Status အောက်
Comment နေရာကနေ အသံဖိုင်ထည့်ချင်ရင် ထို Address ကို ကော်ပီကူး
ယူပြီးတော့



မိမိ ထည့်ချင်တဲ့ Comment နေရာမှာ Paste လုပ်ပေးလိုကပါမယ်။
ဒါဆိုရင်တော့



အထက်ပါပုံအတိုင်းပေါ်လာရင်တော့ မိမိပြောထားတဲ့အသံဖိုင်ကို လင့်ခ်အနေနဲ့
မြင်ရမှာပါ နားထောင်မယ့်သူက အဲ့ဒါကိုနှိပလိုက်တယ်ဆိုရင်တော့



အထက်ပါပုံအတိုင်း Server ရှိတဲ့ဆီကို ရောက်သွားပြီး နားထောင်လို့ရမှာဖြစ်ပါတယ်။
Chat Box ထဲမှာကတော့ ခုနကလို လင့်ခ်မဟုတ်တော့ပဲ



အထက်ပါပုံအတိုင်း အသံဖိုင်အနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။ ဒီနည်း
လမ်းက ဖုန်းတွေထဲမှာကတော့ အလွယ်တကူလုပ်လို့ရပါတယ်။
Voice Message ပေါ့… Desktop မှာကတော့ Plug in တွဲသုံးရတာ
ဖြစ်ပါတယ်။ အားလုံးပဲ အဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
နောက်တစ်ချက်ကတော့ Status ကိုလည်း ထိုနည်းအတိုင်းတင်လို့ရပါတယ်။
အောက်ပါပအတိုင်းပေါ့....



ဒီနည်းလမ်းလေးကိုရေးဖြစ်ဖို့ အသိပေးခဲ့သော ကျွန်တော့်ရဲ့ ချစ်သော
ဆရာ ကိုလမင်းအိမ်အား အထူးပင်ကျေးဇူးတင်ရှိပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ ဦးဇာနည်

Sunday, March 22, 2015

သင့် Facebook Account က Friend List ကို ဖွက်ထားမယ်



သင့် Facebook Account က Friend List ကို ဖွက်ထားမယ်


ဒီတစ်ခါ ညီမလေးတစ်ယောက်ကမေးထားလို့ပါ သူ့ရဲ့ Friend
List ကို သူများတွေလာကြည့်ရင်မမြင်ရအောင်လို့ ဘယ်လိုလုပ်
ရပါသလည်းတဲ့…. ဘာကြောင့် Hide ရပါသလည်းဆိုတာအရင်
အကြမ်းဖျဉ်းလေးရှင်း ပြပါရစေ.. ကျွန်တော်တို့ Facebook မှာ
Friend Request လာလုပ်တယ်ဆိုရင် အဲ့လူရဲ့ Info နဲ့ Natural
Friend နဲ့ Friend List ကိုအရင်ဝင်ကြည့်ပါတယ်။ ဘာကြောင့်
လည်းဆိုတော့ လိုင်းပေါ်မှာက Fake Account တွေများလွန်းလို့
ဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ Info အကြမ်းဖျဉ်းအရ
သူငယ်ချင်းList ကိုကြည့်လိုက်ရင် ဒီလူက ဘယ်နယ်ပယ်ထဲက
လည်းဆိုတာ အကြမ်းဖျဉ်းခန့်မှန်းနိုင်ပါတယ်။စကားတွေလည်း
များပြီဗျာ ကဲ စမယ်။ အရင်ဆုံး မိမိအကောင့်ကို အရင်ဝင်လိုက်ပါ။
ထိုကနောက် မိမိရဲ့ Time Line ကိုသွားလိုက်ပါမယ်။



ထို့နော်ကတော့ ကျွန်တော်တို့က  Friends ဆိုတဲ့ Tab ကိုသွား
လိုက်ပါမယ်။



ထို့နောက်နောက် လေးထောင့်ကွက် အသေးလေးကိုနှိပ်လိုက်ပါ့မယ်



ဒီနောက်တော့ Edit Privacy ကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်အောင်ပါပုံအတိုင်း
ပေါ်လာပါမယ်။



အဲ့နေရာမှာ Friend List ဆိုတဲ့နေရာမှာ Who can see your friend List?
ဆိုတဲ့နေရာမှာ Public ဖြစ်နေမယ် Friends ဖြစ်နေမယ်ဆိုရင် Only Me
ဆိုတာကိုရွေးချယ်ပေးလိုက်ရုံပါပဲ…. ဒါဆိုရင် သင်ရဲ့ Friend ကပဲ ဖြစ်ဖြစ်
Public ကပဲဖြစ်ဖြစ် သင့်အကောင့်ထဲကိုဝင်ပြီး သင့်ရဲ့ သူငယ်ချင်းတွေရဲ့
List ကိုအကုန်လုံး အသေးစိတ်မြင်တွေ့ရမှာမဟုတ်တော့ပါဘူး။



ကဲ အားလုံးပဲ အဆင်ပြေမယ်လို့ ထင်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni @ဦးဇာနည်