Tuesday, December 1, 2015

Facebook မှာ သင် Like လုပ်ထားတဲ့ Page တွေကိုဖွက်ထားမယ်

Facebook မှာ သင် Like လုပ်ထားတဲ့ Page တွေကိုဖွက်ထားမယ်



Facebook မှာ သင် Like လုပ်ထားတယ်ဆိုတာကတော့ အချို့ကတော့
ယောင်္ကျားလေးမှန်ရင် ပုထုဇဉ် ဖြစ်တဲ့အတွက်ကြောင့် တစ်ခါတစ်လေ
18+ တွေကို Like လုပ်ထားမိကြပါတယ်။ သို့ပေမယ့် အချို့ အချို့သော
လူတွေက အကောင့်တစ်ခု သူတို့ကို Friend Request လာပို့တဲ့အခါ
ထိုသူရဲ့ Wall ထဲကို အရင်သွားလေ့လာကြတာရှိပါတယ်။ ထိုသူဘာတွေ
တင်တတ်သလည်း၊ ဘာတွေကို Like လုပ်သလည်း စသဖြင့် ခန့်မှန်းပြီး
လက်ခံကြပါတယ်။ ဒီနေရာမှာ သင်ဟာ လူကြီးတစ်ယောက်ဖြစ်နေမယ်။
မထင်မှတ်ပဲ  18+ တစ်ခုခုကို Like လုပ်မိသွားတယ်ဆိုရင် Unlike ပြန်
လုပ်စရာမလိုပါဘူး။ Facebook ကပေးထားတဲ့ Privacy Policy နဲ့ပဲ
သူများတွေမမြင်အောင် ပိတ်ထားလို့ရပါတယ်။ ဘယ်လိုလုပ်ရမလည်း
ဆိုတော့ အရင်ဆုံး သင့်အကောင့်ထဲကို ၀င်ပါမယ်။ပြီးသွား၇င်တော့
မိမိ Profile ထဲကနေပြီးတော့ သင် Like လုပ်ထားတဲ့ Page တွေရှိတဲ့
ဘယ်ဘက်ခြမ်းကိုသွားပါမယ်။ အောက်ပါပုံအတိုင်းပေါ့…



ပြီးသွားရင်တော့ ကျတော်တို့က Like ဆိုတဲ့နေရာမှာ



အထက်ပါပုံအတိုင်း Edit ကိုနှိပ်လိုက်ပြီး Edit Privacy ဆိုတာကိုနှိပ်လိုက်ပါမယ်။
ဒါဆိုရင် သင် Like လုပ်ထားသမျှ အကြောင်းအရာတွေကအောက်ပါပုံအတိုင်း



ပေါ်နေမှာဖြစ်ပါတယ်။ ဒါကို ကျတော်တို့က သူများတွေကို ပေးမမြင်ချင်တဲ့
အတွက်ကြောင့် လက်ရှိဖြစ်နေတဲ့ Public Privacy  ကို မျှားလေးချပြီး



အထက်ပါပုံအတိုင်း Only Me ဆိုတာလေးတွေရွေးပေးလိုက်ရုံပါပဲ….
အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်


Monday, November 30, 2015

Internet Speed ကို နေရာပေါင်းစုံကနေမြှင့်မယ်

Internet Speed ကို နေရာပေါင်းစုံကနေမြှင့်မယ်



မင်္ဂလာပါ ကျတော် စာမရေးရတာလည်း ကြာပြီ…
အခုရေးပေးမယ့်အကြောင်းအရာကတော့ မိမိကွန်ပျူတာကနေ
အင်တာနက် Speed ကို Software မသုံးပဲ မြှင့်တင်တဲ့နည်းလေး
တွေဖြစ်ပါတယ်။ ဟိုယခင်ကတော့ ကျတော် Internet Speed
မြှင့်တဲ့ Software လေးတော့ တင်ပေးဖူးတယ်နောက်ပိုင်းမှာတော့
Technical ပိုင်းသီးသန့်ရေးမယ်လို့ စိတ်ကူးထားတဲ့အတွက်ကြောင့်
Software တွေလည်းမတင်တော့ပါဘူး၊ ထိုကြောင့်လည်း Post တစ်ခု
တက်ဖို့ကို တစ်ခါတစ်လေ ၂ ပတ် ၁ခါ ၃ပတ် ၁ခါမျိုး ကြာသွားတတ်ပါတယ်။
ကျတော့ကိုအားပေးတဲ့ ပရိတ်သတ်ကြီးကိုလည်း အထူးကျေးဇူးတင်ပါတယ်။
ကဲ စကားတွေများပြီး ၀ုန်းဒိုင်းကြဲ စလိုက်ရအောင်….
အရင်ဆုံး RUN Box ကို ဖွင့် “gpedit.msc” လို့ရိုက်ပါမယ်.



ထို့နောက်တော့ ကျတော်တို့က Computer Configuration အောက်က
Administrative Template/ Network / QoS Packet Scheduler ကိုနှိပ်
လိုက်ပါမယ်။ ပြီးသွားရင်တော့ အောက်ပါပုံအတိုင်း



ညာဘက်ခြမ်းက Limi reservable bandwidth ဆိုတာကို Double
Click နှိပ်လိုက်ပမယ်။ထို့နောက်တော့ လက်ရှိရှိနေတဲ့ Not Configured
ဆိုတာကို Enable လုပ်ပြီး Bandwidth % ကို “ 0 ” ဟုအောက်ပါပုံအတိုင်း



သတ်မှတ်ပေးပြီး Apply OK လုပ်လိုက်ပါမယ်။ ပြီးသွားရင်တော့ Run
Box ထဲမှာ “gpupdate /force” လို့ရိုက်လိုက်ပါမယ်။ ဒါဆိုရင် သင့်ရဲ့
အင်တာနက် Speed ကို 20% မြှင့်တင်လိုက်တာဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ Registry ကနေမြှင့်တင်တဲ့နည်းပါ…
ကဲ အရင်ဆုံး Run Box ထဲကနေ “regedit” လို့ရိုက်ပါမယ်။ ပြီးသွားရင်တော့
သွားရမယ့်လိပ်စာက



HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\services\
Tcpip\ServiceProvider ကိုသွားပါမယ်။ ထို့နောက်တော့ အထက်ပါပုံ
အတိုင်းမှ
DnsPriority မှာ Value data ကိုလက်ရှိတန်ဖိုးကို ဖျက်ပီး 7 ဟုရိုက်ပါ
HostsPriority မှာ Value Data ကို လက်ရှိတန်ဖိုးကိုဖျက်ပီး 6 ဟုရိုက်ပါ
LocalPriority မှာ Value Data ကို လက်ရှိတန်ဖိုးကို ဖျက်ပီး 5 ဟုရိုက်ပါ
NetbtPriority မှာ Value Data ကို လက်ရှိတန်ဖိုးကိုဖျက်ပီး 8 ဟုရိုက်ပါမယ်။
အားလုံးပြင်ပီးသွားချိန်မှာတော့ အောက်ပါပုံအတိင်း



ဖြစ်နေရမှာဖြစ်ပါတယ်။ ဒါဆိုရင် Registry ကနေသွားပြင်ထားတာဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ Command Prompt ကနေလုပ်တာဖြစ်ပါတယ်။
ဒါကြောင့် ကျတော်တို့က CMD ကို Run As Aministrator အနေနဲ့ သွားရ
အောင်လို့ Run Box ထဲမှာ “ %comspec% ” လို့ရိုက်လိုက်ပမယ်။



ထို့နောက်တော့ အထက်ပါအတိုင်း “ regsvr32 actxprxy” လို့ရိုက်ပြီး
Enter ခေါက်လိုက်ပါမယ်။ကဲ အထက်ပါလုပ်ဆောင်ချက်တွေအားလုံးပြီး
သွားရင်တော့ သင့်ရဲ့ ကွန်ပျူတာကို Restart ချလိုက်ပါမယ်။ ဒါဆိုရင်
သင့်ကွန်ပျူတာမှာ သုံးနေတဲ့ အင်တာနက် Speed ကို သိသိသာသာ
တိုးတက်လာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
စာဖတ်ပရိတ်သတ်ကို အစဉ်လေးစားလျှက်

Cristiano Zarni@ဦးဇာနည်

Tuesday, November 17, 2015

မိမိ G-mail ရဲ့ Start Date ကို ဘယ်လိုကြည့်မလည်း

မိမိ G-mail ရဲ့ Start Date ကို ဘယ်လိုကြည့်မလည်း



မင်္ဂလာပါ ဒီနေ့ ပြောချင်တဲ့ အကြောင်းအရာကတော့ မိမိ G-mail
အကောင့်ရဲ့ စတင်ဖွင့်လှစ်ခဲ့တဲ့ Start Date ကို ကြည့်တဲ့နည်းလေး
ဖြစ်ပါတယ်။ ဒီနည်းက ဘာတွေအသုံးဝင်သလည်း ဆိုတော့ ကျတော်
တို့ G-mail Account က တစ်စုံတစ်ယောက်က ဟက်သွားတာပဲဖြစ်ဖြစ်
မိမိကိုယ်တိုင်ကပဲ မိမိ Password ကိုမေ့သွားတာပဲ ဖြစ်ဖြစ် လုံးဝင်လို့
မရတော့တဲ့အနေအထားတစ်ခုမှာ ကျတော်တို့က G-mail ကို Recovery
လုပ်ယူကြရပါတယ်။ ထိုကဲ့သို့ Recovery လုပ်ယူတဲ့အခါမှာ အရေးကြီးတဲ့
အချက်တွေထဲက လုံးဝကို အဓိက ကျတဲ့ အချက်တစ်ခုတော့ G-mail ရဲ့
Start Date ပဲဖြစ်ပါတယ်။


အထက်ပါပုံကို ဖြည့်နိုင်မှ ကျတော်က သို့မဟုတ် Recovery ဆရာကြီးတွေက
(ကျတော်ကတော့ Recovery ဆရာတော့ဟုတ်ပါဖူး… End User လေးတစ်
ယောက်ပါ) ဆက်လက်လုပ်ဆောင်နိုင်မှာပါ။ ဒါကြောင့် ကျတော်တို့က မိမိရဲ့
G-mail ကို ဖွင့်ထားတာတော့ ကြာပြီ၊ ဒါပေမယ့် ဘယ်နေ့ ၊ ဘယ်ရက်၊ ဘယ်လ
ဘယ်နခုနှစ်တုန်းက ဖွင့်ခဲ့တာလည်း ဆိုတာ မမှတ်မျိကြတဲ့လူတွေအတွက်ကို
ပြောပါ့မယ်။ ကဲစကားတွေများနေပြီး အရင်ဆုံး မိမိ ကြည့်ချင်တဲ့ Mail Account
ကို အရင် ၀င်လိုက်ပါ့မယ်။ပြီးသွားရင်တော့



အထက်ပါပုံအတိုင်းမှာ သင့်ရဲ့ Primary Inbox ရှိတဲ့နေရာမှာ မှင်အနီ
ဝိုင်းပြထားတဲ့ နေရာက သင့် မေးလ်ထဲကို ၀င်ထားသမျှတွေကိုဖော်ပြ
ထားတာဖြစ်ပါတယ်။ အခုလက်ရှိအရဆိုရင် 1-50 of 829 ဆိုတာက
မေးလ် အစောင် ၈၂၉ ထဲကမှ နောက်ဆုံး ၀င်ထားတဲ့နေရာကို အခု
၅၀ စာ ဖော်ပြထားခြင်းကို ဆိုလိုတာပါ။ ဒီတော့ ကျတောတို့က
အဲ့ဒီအပေါ်နားလေးမှာ Pointer လေးကို သွားတင်ပီး မျှားအနီလေး
ပြထားတဲ့ Oldest ဆိုတာကို နှိပ်ပေးလိုက်ပါမယ်။ ဒါဆိုရင်တော့



အထက်ပါပုံအတိုင်းမှာ 801-829 of 829 ဆိုတာဖြစ်သွားပါပြီ။
ဒါဟာ သင့်မေးလ် အစောင် 829 ခုထဲမှာမှ 829 ခုစာကို တစ်ခု
တည်းဖော်ပြထားပေးတာကို ဆိုလိုတာပါ။ ဒီတော့ ကျတော်တို့က
အောက်ဆုံးကို စွဲချလိုက်တဲ့အခါမှာအောက်ပါပုံအတိုင်း



ကျတော်တို့ G-mail အကောင့် စဖွင့်တုန်းက မှတ်မိကြလားမသိဘူး
မိမိ အကောင့်ထဲကို ၀င်လာတဲ့ Gmail Team က ပို့တဲ့ Mail ၃ စောင်
ကိုမြင်ရမှာဖြစ်ပါတယ်။ ဒါဟာ သင့် G-mail ကို စဖွင့်ခဲ့တဲ့ လ၊ ရက်၊ ခုနှစ်
ပဲဖြစ်ပါတယ်။ ကဲ ဒီနည်းလမ်းလေးနဲ့ သင့်မေးလ် အကောင့် ဘယ်တုန်းက
စဖွင့်ခဲ့တာလည်း ဆိုတာကို မှတ်မိအောင် ပြန်လုပ်ထားနိုင်ကြပါစေ…….
အကြောင်းအမျိုးမျိုးကြောင့် Account Hack ခံလိုက်ရတာပဲ ဖြစ်ဖြစ်၊
Password မေ့သွားတာမျိုးမှာပဲ ဖြစ်ဖြစ် Recovery ပြန်ဆွဲတဲ့အခါ အရမ်း
အသုံးဝင်လာပါလိမ့်မယ်။
လေးစားစွာဖြင့်

Cristiano Zarni@ဦးဇာနည်

Thursday, November 12, 2015

RAM ရဲ့ Speed ကို မြှင့်ပေးမယ့် VBS ဖိုင်လေးဖန်တီးရအောင်

RAM ရဲ့ Speed ကို မြှင့်ပေးမယ့် VBS ဖိုင်လေးဖန်တီးရအောင်



ကျတော်အရင်ကတော့ RAM ရဲ့ Speed ကို မြှင့်ဖို့အတွက်ရေးပေးခဲ့ဖူးပါတယ်
အဲ့တုန်းကတော့ Virtual Memory ကိုတိုးမြှင့် သတ်မှတ်တာကိုခေါ်တာပါ။
Virtual Memory ဆိုတာက Hard Disk ပေါ်မှာ Swap File အနေနဲ့ နေရာ
တစ်ခုဖန်တီးပြီး Process လုပ်နေတဲ့ Program အချို့ကို RAM သဖွယ်ဆွဲယူ
သုံးစွဲတာကို ဆိုလိုတာပါ။ အခုတစ်ခါပြောမယ့် အကြောင်းအရာကတော့
ကျတော်တို့ အရင်က Script ဖိုင်ကို အပျော်သဘောလေတွေရေးခဲ့ဖူးကြပါတယ်
ဒီတစ်ခါ ကျတော်က အပျော်သဘောမဟုတ်ပဲ မိမိကွန်ပျူတာရဲ့ Performance
ကိုတက်လာစေမယ့် Script ဖိုင်လေးတစ်ခုဖန်တီးပြီး လုပ်ဆောင်တဲ့နည်းကို
ပြောမှာဖြစ်ပါတယ်။ စကားတွေတောင်ရှည်သွားပြီး မု …. မု… ဟျောင့်….. :P
အရင်ဆုံး Run Box ထဲမှာ “notepad” လို့ရိုက်လိုက်ပါမယ်။



ပြီးသွာရင်တော့ ကျတော်တို့က မိမိကွန်ပျူတာမှာ လက်ရှိရှိနေတဲ့ Physical Memory
ကို အရင်သိထားရပါမယ်။ ဥပမာ သင့်ရဲ့ Memory Size ဟာ
1GB ဆိုရင် FreeMem=Space(102400000)
2GB ဆိုရင် FreeMem=Space(204800000)
4GB ဆိုရင် FreeMem=Space(409600000) ဆိုပြီး Notepad ထဲမှာ ကူးရေး
ပါမယ်။ အခု ကျတော့ ကွန်ပျူတာက Memroy 4GB ရှိတဲ့အတွက်ကြောင့်



လို့ရိုက်လိုက်ပါတယ်။ ပြီးသွား၇င်တော့ ကျတော်တို့ ထို Script ကို အလွယ်
တကူ ယူပြီး Run နိုင်ဖို့အတွက် Desktop ပေါ်မှာပဲ



အထက်ပါပုံအတိုင်း *.vbs ဖြင့် မှတ်လိုက်ပါတယ်။



ဒါဆိုရင် သင့်ကွန်ပျူတာကိုနှေးနေတယ်လို့ ထင်နေချိန်၊ သို့မဟုတ်
နှေးနေတယ် အမြဲတမ်း မြန်စေချင်တယ်ဆိုရင် ထို ဖိုင်ကို သွားပြီး
Double Click နှိပ်ပီး သင့်ကွန်ပျူတာရဲ့RAM ကို တိုးမြှင့် အသုံးပြုနိုင်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni @ဦးဇာနည်

Friday, November 6, 2015

Novemberလ ရဲ့ ပြောင်းလဲသွားတဲ့ Facebook အတွက် Security

Novemberလ ရဲ့ ပြောင်းလဲသွားတဲ့ Facebook အတွက် Security



 
မင်္ဂလာပါ ကျတော် ဦးဇာနည်ပါ။ ဒီနေ့ ပြောချင်တာကတော့
နိုဝင်ဘာလမှ စပြီး Facebook က ယခင် အကောင့်တွေရဲ့
လုံခြုံရေး ဖြစ်သော Security Code တွေ၊ Login Alert Services
တွေကို ယခင် ဖုန်းဖြင့် SMS ပို့ရာကနေ ယခု အချိန်အတိုင်းအတာ
တစ်ခုအထိ မပို့တော့ဘူးဆိုပြီး Facebook User တွေဆီကို Mail
ပို့ထားပြီးသားဖြစ်ပါတယ်။အောက်ပါပုံအတိုင်းပေါ့



ဒီနေရာမှာ ပြောချင်တာက ကျတော်တို့ ယခင်က Facebook Account ကို
Phone Number နဲ့ ဖွင့်ထားတာတွေ၊ Security အတွက် ဖုန်းနံပါတ်ဖြင့်
ခံထားတာတွေကို လုံးဝပို့တော့တော့မှာမဟုတ်ပါဘူး။ Login Approval
အတွက်ကိုလည်း ပို့တော့မှာ မဟုတ်သောကြောင့် ယခင် ကျတော်ရေး
ပေးခဲ့ဖူးသော စာများမှာလည်း ဘယ်လို ကာကွယ်ရမလည်းဆိုတာရေးပေး
ခဲ့ဖူးပြီးဖြစ်ပါတယ်။ဥပမာ သင်ဟာ သင့်အကောင့်ရဲ့ လုံခြုံရေးကို
အောက်ပါအတိုင်း



Mail ရော ဖုန်းနဲ့ရောခံထားတယ်ဆိုပါစို့… ယခုလို Facebook က
Security အတွက် Alert လုပ်တဲ့အခါမျိုးမှာ သင့်ဖုန်းထဲကို မ၀င်တော့ပဲ
သင့်ရဲ့ Mail ထဲကိုပဲ ရောက်လာမှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ သင်ဟာ
သင့်ရဲ့ Mail ကို နေ့တိုင်းမဖွင့်ဖြစ်ဘူး သို့မဟုတ် Syc မလုပ်ထားဘူးဆိုရင်
သင့်ရဲ့ အကောင့်က ပါသွားဖို့ ၄၀ % ရှိနေပါတယ်။ 40% ဆိုလို့လည်း
ကျန်တဲ့ ၆၀ % နှုန်းနဲ့ ယုံကြည်မနေပါနဲ့။ Hacker တွေက တကယ်တိုက်ခိုက်
ရင် ၉၀% လောက်ရှိနေတာတောင် မရရအောင် အချိန်ပေးတိုက်ခိုက်တတ်ကြ
ပါတယ်။ ဒါကြောင့် အထူး မှာချင်တာက အကယ်လို့ သင်ဟာ သင့်အကောင့်ကို
ဖုန်းနဲ့ ဖွင့်ထားတယ်ဆိုရင် Mail တစ်ခုခု အစားထိုးပါ။ ထို Mail ကိုလည်း
2 Step Verification ခံထားပါ။ကဲ ဒီတော့ဘယ်လိုလုံခြုံရေးထားကြမလည်း..
အရင်ဆုံးသင့်အကောင့်ကိုသွားပါ။ ပြီးသွားရင် Setting ထဲကနေ Account
Settings ကို ၀င်လိုက်ပါမယ်။ပြီးသွားရင်တော့ Security ကိုဝင်ပါမယ်။



လက်ရှိအတိုင်းက ဒီလိုဖြစ်နေမယ်ဆိုရင် သင်ဟာ သင့်အကောင့်ကို
တစ်စုံတစ်ယောက်က တိုက်ခိုက်လာတဲ့အနေအထားမှာ သင်သိနိုင်
မှာမဟုတ်ပါဘူး ။ ဘာလို့လည်း ဆိုတော့ သင်ဟာ Login Alert
Service ကို ဖုန်းနဲ့ ပဲသီးသန့်ယူထားလို့ပါ။ ဒါကြောင့် ကျတော်
တို့က အောက်ပါပုံအတိုင်း



Get Notifications ဆိုတာတွေကို ယူထားလိုက်ပါမယ်။ ပြီးသွား၇င်
သင့်အကောင့်ထဲက ၀င်ထားတဲ့ Mail တွေအကုန်လုံးကိုလည်း



အထက်ပါပုံအတိုင်း Sync Gmail လုပ်ထားပါမယ်။ ဒါဘာကြောင့် Sync
လုပ်ရသလည်းဆိုတော့ သင့်ဖုန်းကို အင်တာနက်ဖွင့်လိုက်တိုင်း သင်သုံး
နေတဲ့ Mail ရဲ့ Inbox , Outbox နဲ့ ပတ်သက်တဲ့ ဒေတာတွေရရှိအောင်
လုပ်ဆောင်တာဖြစ်ပါတယ်။ ဒါမှလည်း သင့်အကောင့်နဲ့ ပတ်သက်တဲ့
Alerts တွေကို သင်သတိထားမိမှာဖြစ်ပါတယ်။ ကဲနောက်တစ်ချက်က
တော့ သင့်အကောင်ကို ဖုန်းနဲ့ Security ခံထားစဉ်က Login Approval
ဖြစ်ပါတယ်။သင်  Approval ကို ခံထားခဲစဉ်တုန်းက Google Authenticator
ကို သုံးခဲ့တယ်ဆိုရင်တော့ ကိစ္စမရှိဘူးဆိုပေမယ့် မသုံးခဲ့ဘူးဆိုရင် လိုရမယ်ရ
Login Approval Code ကို ပြန်ယူထားရမှာဖြစ်ပါတယ်။ဘယ်လိုယူရမလည်း
ဆိုတော့



အထက်ပါပုံအတိုင်း Security Settings ထဲကနေပဲ Login Appravals
ကို သွားပြီး Get Codes ကို နှိပ်ပေးလိုက်ပါမယ်။ ဒါဆိုရင် သင့်ကို
အောက်ပါအတိုင်း



Password တောင်းပါလိမ့်မယ်။ မှန်ကန်စွာရိုကထည့်ပေးလိုက်တဲ့အခါမှာတော့



အထက်ပါပုံအတိုင်း သင့်ရဲ့ Login Approvals Code ၁၀ လုံးကို ဖော်ပြပေးမှာ
ဖြစ်ပါတယ်။ ထို Code ၁၀ လုံးကို Print ထုတ်ပီး သင့်လက်ကိုင်အိတ်ထဲမှာ
သိမ်းထားလိုက်ပါ။ ဒီနည်းလမ်းကလည်း အကယ်လို့ သင်ဟာ သင့်ဖုန်း
ပျောက်သွားတဲ့အခါမျိုးမှာမှ ဘယ်လောက် အသုံး ၀င်သလည်းဆိုတာ သိလာ
ပါလိမ့်မယ်။ကဲ… ဒီလောက်နဲပါပဲ….. အားလုံး အဆင်ပြေမယ်လို့ ယုံကြည်
မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်


Tuesday, August 18, 2015

G-mail ကို 2 Step ခံထားတာတောင် မလုံခြုံသေးဘူထင်ရင်….

G-mail ကို 2 Step ခံထားတာတောင် မလုံခြုံသေးဘူထင်ရင်….



မင်္ဂလာပါ ကျတော် ဦးဇာနည်ပါ (ယခင် Youtube တွင် Tuto များ
တင်တုန်းက လေသံဖြင့်) ဒီနေ့ ရှင်းပြချင်တာလေးကတော့ တော်
တော်များများက မိမိရဲ့ လုပ်ငန်းသုံး၊ Personal သုံး၊ ဂိမ်းသုံးအတွက်
သုံးစွဲထားတဲ့ G-mail လေးကို ပါသွားမှာ စိုးရိမ်ကြပါတယ်။ သို့ပေ
မယ့် အလွယ်တကူမပါသွားအောင် မည်သို့ မည်ပုံလုပ်ရမလည်း
ဆိုတာကိုတော့ တကူးတက လေ့လာဖို့ အချိန်မပေးနိုင်ကြတာလည်း
ပါနိုင်ပါတယ်။ ယခင်ကတော့ ကျတော် G-mail ကို 2 Step ခံနည်းလေး
ကိုတော့ ဒီမှာဖတ်ပါ ။ ကဲ ခေါင်းစဉ်နဲ့ ပတ်သက်တာကိုစလိုက်ရအောင်
အရင်ဆုံး မိမိ အကောင့်ထဲကိုဝင်ပါမယ်။ ထိုနောက်တော့ အောက်ပါပုံအတိုင်း



Settings ထဲကို ၀င်လိုက်ပါမယ်။ ပြီးသွားရင်တော့ အောက်ပါပုံအတိုင်း



Grant access to your account ဆိုတဲ့နေရာကနေတဆင့် အနီရောင်
လေးထောင့်ကွက်လေးထဲက Add another account ဆိုတာလေးကို
နှိပ်လိုက်ပါမယ်။



အထက်ပါပုံအတိုင်းပေါ်လာမယ်ဆိုရင်တော့ မိမိလက်ရှိ Mail ကို
ထပ်ပြီး Secondary Mail အဖြစ် Contact ထားမယ့် Mail address
ကိုရိုက်ထည့်လိုက်ပါမယ်။ပြီးသွားရင်တော့ အောက်ပါပုံအတိုင်းပေါ်
လာမယ်ဆိုရင်တော့



Send email to grant access ဆိုတာကိုနှိပ်ပေးလိုက်ပမယ်။
ဒါဆိုရင်တော့



အထက်ပါပုံအတိုင်း သင်ထည့်လိုက်တဲ့ မေးလ်ကိုတွေ့ရမှာပါ ဒါပေမယ့်
Pending အနေနဲ့ ပဲရှိဦးမှာပါ။ ဒါကြောင့် ကျတော်တို့က Accept လုပ်
နိုင်ဖို့အတွက် အခု ထိုးထည့်လိုက်တဲ့ Mail ထဲကိုသွားပါမယ်။ထိုအခါ



အထက်ပါပုံအတိုင်း သင့်ကို Accept လုပ်ခိုင်းဖို့ Mail ၀င်နေတာတွေ့
ရပါမယ်။ ဒါဆိုရင်ကျတော်တို့က ထို မေးလ်ကိုဖွင့်လိုက်ပါ့မယ်။



မျှားအစိမ်းရောင်ပြထားတာကတော့ ယခုသင့်လက်ရှိမေးလ်ကို
Primary Mail မှာ Secondary အဖြစ်ထားခြင်းကို လက်ခံမည်ဆို
လျှင် နှိပ်ရမှာဖြစ်ပီး အနီရောင်ကတော့ ပယ်ဖျက်ဖို့ဖြစ်ပါတယ်။
ကျတော်တို့က အစိမ်းရောင်ပြထားတာကိုနှိပ်လိုက်ပါ့မယ်။
ဒါဆိုရင်တော့



အထက်ပါပုံအတိုင်း Confirm လုပ်ခိုင်းပါလိမ့်မယ်။ ကျတော်တို့က Confirm
လုပ်လိုက်ပမယ်။



ဒါဆိုရင်တော့ Confirmation success ဆိုတာ ပြသွားပါပြီး ဒါဆိုရင်တော့
ကျတော်တို့က လက်ရှိ အကောင့်မှာ 2 Step ခံထားရင်တောင် ယခု ထိုး
ထည့်ထားသော အကောင့်ဖြင့် ပြန်လိုက်ယူလို့ရနိုင်ပါတယ်။ နောက်တစ်
ချက်ရှင်းပြစရာရှိပါသေးတယ်။ အဲ့တာကတော့ ဖုန်းနံပါတ်တစ်ခု ထပ်ပြီး
ထည့်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ကျတော်တို့က အောက်ပါပုံအတိုင်း



 My Account ဆိုတာကိုသွားရပါမယ်။ ပြီးသွား၇င်တော့



အထက်ပါပုံအတိုင်း Sign-in & Security ဆိုတဲ့ Option ကိုသွားပါမယ်။
ထို့နောက်တော့ ကျတော်တို့က Recovery Mail နဲ့ Recovery phone
ကိုထည့်ထားမှာဖြစ်ပါတယ်။ ဒါကြောင့်



Account recovery options ထဲမှာ Phone နံပါတ်ကိုပါ ထပ်ထည့်ထား
ပေးရမှာဖြစ်ပါတယ်။ထို့နောက်တော့ သင့်ဖုန်းနှင့် Confirmation Code
ပြန်ထည့်ပြီး အကောင့်ကို ပြုလုပ်ထားနိုင်ပြီး စိတ်ချယုံကြည်စွာအသုံးပြု
နိုင်ပြီဖြစ်ပါတယ်။ ကဲ အားလုံးပဲ အဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်
ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်


Sunday, August 16, 2015

Windows8 မှာ Shutdown ချလျှင်မကျသည့်ပြဿနာအားဖြေရှင်းနည်း

Windows8 မှာ Shutdown ချလျှင်မကျသည့်ပြဿနာအားဖြေရှင်းနည်း



ကျတော်တို့ MBF (Myanmar Blogger Family) မှ ရေဘေးသင့်ပြည်
သူများအတွက် အလှူခံထွက်ရာ (လှည်းတန်းဂုံးတံတားအောက်) သို့
ကွန်ပျူတာတစ်လုံးရောက်လာပါတယ်။ဖြစ်ပုံက ထိုစက်အတွင်း Kali
Linux နဲ့ Windows8 ကို Dual Boot တင်ထားပါတယ်။ ယခင် Kali
Linux နဲ့ Windows7 ကိုတင်တုန်းကတော့ ထိုကဲ့သို့  Shutdown
မကျခြင်း ( Computer ကို System Shutdown ချလိုက်လျှင် Sleep
Mode လိုလို Hibernate လိုလိုဖြစ်ခြင်း)မဖြစ်ပဲ Windows 8 နှင့်ကျမှ
ထိုကဲ့သို့ဖြစ်တယ် လို့ဆိုလာသောကြောင့် System များနှင့် Hardware
ကို စစ်ဆေးကြည့်တာ တော်တော်နဲ့ ရှင်းလို့မရခဲ့ပါဘူး။ ကျတော်ကိုယ်
တိုင်ကလည်း Window 8 ကို စပေါ်တုန်းကပဲ Feature တွေအတွက်
ဘာတွေကောင်းလည်းလို့ပဲ စမ်းသပ်သုံးစွဲခဲ့ပြီး စတိုက်မတ်မတ်မသုံး
ခဲ့တော့ အကျွမ်းတ၀င်မရှိခဲ့တာလည်း ပါတာပေါ့။ ဒါပေမယ့် ထုံးစံအတိုင်း
ပေါ့ဗျာ ဆရာ (Google) ဆီပြေးရတာပေါ့…. ရှင်းလင်းရတဲ့ပုံစံကတော့
အရင်ဆုံး Control Panel ကိုသွားရပါတယ်။ ထို့နောက်တော့ Power
Option ကိုနှိပ်ပြီးအောက်ပါပုံအတိုင်း



Choose what the power button does ဆိုတာကို နှိပ်လိုက်ပါမယ်။ ပြီးသွား
ရင်တော့ လက်ရှိရှိနေတဲ့ Power Plan ကနေပဲ Advance ကို သွားလိုက်ပါမယ်။
ထို့နောက်တော့



အောက်နားက မျှား၃ ခုပြထားတဲ့နေရာတွေမှာ အမှန်ခြစ် ၀င်နေလို့ဖြစ်ပါတယ။်
ဒါကြောင့် ကျတော်တို့က အပေါ်ဆုံးမှာပြထားတဲ့ Change settings that are
Currently unavailable ဆိုတာကို နှိပ်လိုက်ပါမယ်။ ဒါဆိုရင်တော့ အောက်ပါ
ပုံအတိုင်းပေါ်လာပြီဆိုရင်တော့



အထက်ပါ Shutdown settings ဆိုတဲ့ Option အောက်က ပေါ်နေတဲ့
အမှန်ခြစ်တွေအကုန်လုံးကို ဖြုတ်လိုက်ပါ့မယ်။



အထက်ပါပုံအတိုင်း အမှန်ခြစ်တွေပြုတ်သွားပြီဆိုရင်တော့ Save Changes
ဆိုတာကိုနှိပ်ပေးလိုက်ပါ့မယ်။ဒါဆိုရင်တော့ ခုနကနေရာဖြစ်တဲ့ Choose
What the power button what the does ဆိုတဲ့နေရာကနေပြန်ကြည့်မယ်
ဆိုရင်တော့အောက်ပါပုံအတိုင်း



ပေါ်နေမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ခုနကလိုမျိုး Window ကို System Shutdown
ပဲဖြစ်ဖြစ်။ Power Button ပဲဖြစ်ဖြစ် နှိပ်လိုက်မယ်ဆိုရင်တော့ ပုံမှန်အတိုင်း သင့်
Windows 8 ရဲ့ System က Shutdown ဖြစ်သွားမှာဖြစ်ပါတယ်။
အားလုံးပဲ အဆငိပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ ဦးဇာနည်