Sunday, December 22, 2013

သင့် G-Mail Account ကိုလုံခြုံအောင်လုပ်ထားမယ်




အခုကျွန်တော်ပြောမယ့်နည်းလမ်းလေးကတော့ 2 Step
Vercificationအကြောင်းပဲဖြစ်ပါတယ်။ IT Field
ထဲမှာ Pro Level တိုင်းကတော့ အလွယ်တကူသိနိုင်ပေမယ့်
လေ့လာခါစလူတွေနဲ့ အမျိုးသမီးငယ်လေးများအတွက်အထူး
ရည်ရွယ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သင်တန်ဖိုးထား
တဲ့ G-mail Account ကိုအလွယ်တကူ Hack လုပ်ခံရခြင်းမှ
ကာကွယ်နိုင်ရန်အတွက်ဖြစ်ပါတယ်။ဤနည်းဖြင့် သင့် G-mail
ကို ပြုလုပ်ထားခြင်းဖြင့်လည်းသင့် Facebook Account ကိုလည်း
ကာကွယ်နိုင်ဖို့ ၇၅% ကျိန်းသေပါတယ်။ ဘာကြောင့် ၁၀၀% ဟု
မပြောသလည်းဆိုတော့ သင့် Facebook Account ကိုတစ်စုံ
တစ်ယောက်ကဖောက်ယူ (ခိုးယူ)သွားနိုင်ပါကထိုသူသည်
သင့်အကောင့် (G-mail) ဖြင့် ၀င်နေသော အမည်အား Primary
E-mail Address မှာချိန်းလိုက်ခြင်းဖြင့် သင့် Facebook အကောင့်
ကိုအလစ်သုတ်သွားနိုင်ပါတယ်။ သင့် Facebook Account ပါသွား
ပေမယ့်လည်းသင့်ရဲ့ G-mail Address ကိုတော့ လုံးဝရမည်မဟုတ်
ပါဟု ၁၀၀% ဆိုလိုနိုင်ပါသည်။ကဲကျွန်တော်လည်းစကားတွေများ
သွားပီဆက်လိုက်ရအောင်လားဗျာထုံးစံအတိုင်းပေါ့ အရင်ဆုံး
သင့်ရဲ့ G-mail ကို ၀င်လိုက်ပါထို့နောက် Account Setting ထဲသို့
သွားပီးအောက်ပါပုံအတိုင်းမှ

အရင်ဆုံး Security ဆိုတဲ့ Tab ကိုနှိပ်လိုက်ပါ။ ပီးသွားရင်တော့
နောက်ထပ်မျှားတစ်ခုဖြစ်တဲ့ 2-step verification မှာ Setup ဆို
တာကို နှိပ်လိုက်ပါမယ် ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း

ပထမမျှားအနီပြထားတဲ့နေရာမှာတော့ သင်အခုလက်ရှိကိုင်နေတဲ့
သင့်ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ပီးသွားရင်တော့
How should we send you code? ဆိုတဲ့နေရာမှာ Voice Call
ဆိုတာကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော်
ကျွန်တော်ချစ်သောအမိမြန်မာနိုင်ငံသို့ ပြည်ပမှ မည်သို့သော
Message များ Phone Services ဖြင့် မရောက်ရှိနိုင်ပါ။ ဒါကြောင့်
ကျွန်တော်တို့ Viberအကောင့်ဖွင့်လျှင်လည်း Voice Call ဖြင့်သာ
Activate လုပ်ကြရပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Voice Call
ကိုသာရွေးချယ်ပီး Send Code ဟုနှိပ်လိုက်ပါမယ်။ တစ်မိနစ်အတွင်း
မှာပဲသင့်ဖုန်းသို့ “0041” သို့မဟုတ် တစ်ခြားနံပါတ်ဖြင့် သင့်ဖုန်းအ
တွင်းသို့ ၀င်လာတဲ့အခါမှာ ချစ်စဖွယ်ကောင်းသောအသံဖြင့်
“ဟယ်လို” ဟုဖြေကြားလိုက်တဲ့အခါမှာတော့ သင့်အားအင်္ဂလိပ်လို
စကားတွေစပြောပါ့မယ်။ နားမလည်လည်းထားလိုက်ပါ ကိတ်စနမရှိ
ပါဘူးအဓိကနားထောင်ရမယ့်နေရာကတော့ “Your verification code
isXXXXXX ”ဆိုပီးဂဏာန်းခြောက်လုံးကိုအင်္ဂလိပ်လိုပြောပါလိမ့်မယ်
တစ်ခါတည်းကြားလျှင်အဆင်မပြေမှာဆိုးသဖြင့် သဘောကောင်းစွာဖြင့်
နောက်တစ်ကြိမ်ပြန်ပြောပါလိမ့်မယ်။ ထိုသို့ပြောကြားသောဂဏန်း ၆ လုံး
အား

အထက်ဖော်ပြပါ အောက်လေးထောင့်အနီရောင်အကွက်လေးအတွင်းသို့
ရိုက်ထည့်ပါမယ်။ အပေါ်ကအနီရောင်အကွက်လေးကတော့ သင် Verification
လုပ်တဲ့ ဖုန်းနံပါတ်ဖြစ်ပါတယ်။ဒီနောက်တော့ အောက်ဖော်ပြပါပုံအတိုင်း

ပေါ်လာပီဆိုရင်တော့ Next ကိုနှိပ်လိုက်ပါ့မယ်။ဒီနောက်တော့ သင် Verification
လုပ်တာကိုသင့်Mail အားအတည်ပြုဖို့အတွက်အောက်ပါပုံအတိုင်းပေါ်လာပီ
ဆိုရင်တော့

Confirm ကို နှိပ်လိုက်ပါမယ်။ဒီနောက်မှာတော့ အောက်ဖော်ပြပါအတိုင်း

မြင်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခုပြောချင်တာကအခုသင်လက်ရှိလုပ်
ထားတဲ့ 2-step verification ကိုဖုန်းနံပါတ်တစ်လုံးတည်းဖြစ်ပါတယ် အကယ်
လို့များအဲဒီဖုန်းနံပါတ် သို့မဟုတ် ဖုန်းပျောက်သွားတဲ့အခါမှာ Backup သို့မဟုတ်
Recover Phone နံပါတ်တစ်ခုထပ်ထည့်ရန်အတွက် ကျွန်တော်တို့က

အထက်ပါပုံအတိုင်းမှ Backup Phone Number ဆိုတဲ့နေရာမှာသင့်
မိသားစုဝင်သို့မဟုတ် သင်ကိုင်တဲ့နောက်ထပ်နံပါတ်တစ်ခုကိုရိုက်ထည့်ပီး
Voice Call ဆိုတာကိုပဲရွေးထားပီးSave Number ဆိုတာကိုပဲ နှိပ်လိုက်
ပါ့မယ်။ဒီ့နောက် သူကအောက်ပါပုံအတိုင်းမှ

Password ပြန်ရိုက်ခိုင်းပါလိမ့်မယ် မှန်ကန်အောင်ပြန်ရိုက်ထည့်လိုက်ပါမယ်
ထို့နောက်ကျွန်တော်တို့ ထပ်မံပီးလုံခြုံရေးတိုးမြှင့်ချင်သပဆိုရင် သင်ကိုင်
နေတဲ့ Hand Set အမျိုးအစားဖြင့်လည်းထပ်မံ၍ လုံခြုံမှုအဆင့်တိုးမြှင့်သတ်
မှတ်လို့ရပါ့တယ်။ ဒါကြောင့်အောက်ပါပုံအတိုင်းမှ


Get codes via our mobile app instead ဆိုတာမှ Switch to app
ဆိုတာကိုနှိပ်လိုက်ပါ့မယ်။ ဒီနောက်တော့အောက်ပါပုံအတိုင်းမှ


မိမိအသုံးပြုနေသည့် Hand Set အမျိုးအစားအားရွေးချယ်သတ်မှတ်
လိုက်ပါမယ် ကျွန်တော်ကတော့ ဆင်းရဲတော့ Android လေးကိုပဲ
ရွေးချယ်လိုက်ပါတယ်။ စာဖတ်သူတွေကတော့ iPhone ဖြစ်ရင်ဖြစ်မှာပေါ့
ကဲနောက်တာပါပီးသွားရင်တော့ Continue ဆိုတာကိုနှိပ်လိုက်ပါ့မယ်။

ဒီနေရာမှာတစ်ခုပြောချင်တာက နံပါတ်၂ နေရာဖြစ်တဲ့ Download from the
Google Play Store ဆိုတာကိုနှိပ်လိုက်ပါ့မယ်။ထိုအခါအောက်ပါပုံအတိုင်း

မှ Install ဆိုတာကိုနှိပ်လိုက်တဲ့အခါမှာတော့


သင့် ဖုန်းနဲ့ Match ဖြစ်မဖြစ်ကိုစစ်ဆေးပီးတာနဲ့ Install ဆိုတာကိုနှိပ်
လိုက်ပါမယ်ဒါဆိုရင် ကျွန်တော်တို့ Facebook မှာ Code Generator
Services ပုံစံအတိုင်းသင့်ဖုန်းထဲမှာလည်း G-mail အတွက် လုံခြုံရေး
တာဝန်ခံတစ်ယောက်ကို လစာတစ်ပြားမှမပေးပဲခန့်အပ်လိုက်ပါပီ။
ကဲပိုပီးတော့ လုံခြုံချင်သေးသလား…. ???????? ဟီးဟီးတော်ကြာ
တားအကောင့်က ဒီလိုတွေလုပ်ထားတယ် စာဖတ်သူတွေကလည်း
ဒီလိုတွေလုပ်ထားတယ်ဆိုပီး Script Kiddies (ဟိုမရောက်ဒီမရောက်
တတ်ရောင်ငါး၊ Pushing Techniques သုံး၍ အကောင့်ခိုးသူများ)
လိုက်လာဦးမယ်….. လာပါစေ… သင်သာ မြင်မြင်သမျှ ကလစ်မနှိပ်
ဖို့ပဲလိုတယ်နော်.. ကဲဆက်လိုက်ရအောင်…အောက်ပါပုံအတိုင်းမှ

Name ဆိုတဲ့အကွက်ထဲမှာသင်ကြိုက်တဲ့ နာမည်ကိုရိုက်ထည့်
SPACE ပါလည်းလျှော့မချိဝူး..အဲလေ..ကိစ္စမရှိဘူး

ကျွန်တော်ကတော့ ကျွန်တော့်နာမည်နဲ့ထည့်ပီးတော့ Generate Password
ဆိုတာကိုနှိပ်လိုက်ပါပီ။ဒီအခါမှာတော့သင့်အတွက်အောက်ပါပုံအတိုင်း

ကိန်းဂဏန်းလေးလုံးအစုံဖြင့် ၁၆လုံးဖော်ပြပေးတဲ့အခါမှာတော့ Done ကိုနှိပ်လိုက်
ပါ့မယ်။ အဲဒီမှာတစ်ခုရှိတာကအဲဒီ ၁၆ လုံးကိုမှတ်ထားပါဘာလို့လည်းဆိုတော့
အဲဒီဂဏန်းတွေကသင့်အတွက် Password တွေဖြစ်နေလို့ပါ..ထို့နောက် သင်
ဟာအပြင်ကွန်ပျူတာတွေမှာသုံးတတ်တဲ့အကျင့်ရှိတဲ့ လူတစ်ယောက်ဆိုရင်
အထက်တွင်ဖော်ပြခဲ့သောပုံများမှ ပုံ (၁) ဟုသတ်မှတ်ပါဆိုသောပုံမှာ Backup
Codes ဆိုသော Tab တွင် Print or Download ဆိုတာကိုနှိပလိုက်ပါဒါဆို
ရင်တော့အောက်ပါပုံအတိုင်း


Backup Verification codes ဆယ်ခုဖော်ပြပေးပါမယ် ဒါကတော့ သင့်
အကောင့်တစ်ခုခုဖြစ်သွားတိုင်းမှာဂဏန်း ၈လုံးပါတဲ့ Verification Code
တောင်းတဲ့အခါမှာသုံးဖို့အတွက်ဖြစ်ပါတယ်။ အဲဒီဂဏန်းများမှ တစ်စုံခြင်း
စီတိုင်းသည် တစ်ကြိမ် တစ်ခါတည်းစီသာအသုံးပြုခွင့်ရှိသောကုဒ်များလည်းဖြစ်
သောကြောင့် မမေ့နိုင်စေရန် မှတ်သားထားဖို့လိုပေသည်။ကဲဒီလောက်ဆို
ဆိုရင် သင့်အကောင့်သည် လုံခြုံစိတ်ချရတဲ့အနေအထားတစ်ခုသို့ရောက်
သွားသောကြောင့် စိတ်ချမ်းသာကိုယ်ချမ်းသာသုံးစွဲနိုင်ပေတော့မည်ဖြစ်သည်။
နားမလည်မှုများရှိခဲ့ပါကနောက်တစ်ခေါက်ပြန်ဖတ်စေလိုသည်။ ပြန်ဖတ်လို့
မှ နားမလည်သေးပါက ကျွန်တော့်အားအချိန်မရွေးမေးမြန်းနိုင်ပါသည်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်





No comments:

Post a Comment