Saturday, August 17, 2013

AutoCAD Civil 3D 2014 လေးပါ

ကဲ AutoCAD Civil 3D 2014 Version လေးပါ။ ဘာတွေသုံးရတာ
လည်းဆိုတာတော့ Civil သမားတွေပိုသိမှာပေါ့.. ကျွန်တော်တို့က
တော့ 3D မပြောနဲ့ 2D တောင် Draft မနိုင်သေးဘူး :P
ဖိုင်စိုက်ကတော့ကြီးတယ်ဗျ စိတ်ဝင်စားလို့ဒေါင်းချင်သပဆိုရင်တော့

http://uploaded.net/f/p2cbuy
http://www.ddlstorage.com/folder/NJXe6SYFRA
http://rapidgator.net/folder/1795794/Auto%20Civ1l3%203d%2014%20FRE.html

နေရာတွေကနေသွားဒေါင်းပါ

Photoshine Full Version with Crack လေးပါ

Photoshine ဆိုရင် ယောင်္ကားလေးကော မိန်းကလေးကောသိကြ
မှာပါ။ မိမိဓာတ်ပုံတွေကို ဘောင်လှလှလေးတွေနဲ့ အလှဆင်တဲ့
Software လေးပါ။ အရင်ကတော့ Trial Version တွေနဲ့ အမျိုး
မျိုးစမ်းသပ်ခဲ့ကြပါတယ် အခုဟာကတော့ Full Version အနေနဲ့
မို့လို့ တင်ပေးလိုက်ပါတယ်။ ဖိုင်စိုက်ကတော့ နည်းနည်းများတယ်
ဗျာ 75MB ရှိတယ် ပြည်ပကလူတွေအတွက်တော့ ဒေါင်းရတာအဆင်
ပြေပေမယ့် ပြည်တွင်းကလူတွေအတွက်တော့.....................
ကျွန်တော် ရန်ကုန်ပြန်ရောက်ရင် ကျွန်တော့်ဘလော့လေးထဲက
ဒေတာတွေကို အချိန်မရွေး အပြင်မှာလာယူနိုင်အောင်စီစဉ်ပေး
ပါ့မယ်။ လောလောဆယ် စိတ်ဝင်စားလို့ဒေါင်းချင်သပဆိုရင်
တော့
ဒီမှာဒေါင်းမယ်

DVD Cloner 2013 ပါ...


ကျွန်တော်တို့ အခွေတွေကူးတဲ့အခါမှာ Nero တို့ BurnAware တို့
ကိုသုံးသလိုပဲ ဒီကောင်လေးကတော့ အခွေကနေ အခွေကို Clone
ရိုက်တဲ့ ကောင်လေးပါ။ Clone ဆိုတဲ့ အဓိပ္ပာယ်ကိုတော့ မရှင်းပြ
တော့ပါဘူး။ ဘာနဲက အလားသဏ္ဍာန်တူသလည်းဆိုတော့ကျွန်တော်
တို့ Duplicator လေးနဲကတူပါတယ်။ သူ့မှာတစ်ခု အားသာချက်က
ဘာလည်းဆိုတော့ CD မှာ Bad Sector တွေပါလာရင် Auto Skip
လုပ်ဖို့အတွက် Function တွေပါပါတယ်။သူ့ကိုသုံးဖို့ကတော့ ROM
နှစ်ခုလိုအပ်ပါမယ်။ တစ်ခုကနေ Image ဆွဲလိုက်တဲ့ကောင်ကို နောက်
ROM တစ်ခုမှာ တစ်ခါတည်း Clone လုပ်ပေးမှာပါ။ ဖိုင်စိုက်ကတော့
20MB ရှိပါတယ်။ စိတ်ဝင်စားလို့ဒေါင်းချင်တယ်ဆိုရင်တော့
ဒီမှာဒေါင်းမယ်

Wifi Hotspot Creator အသုံးပြုပုံလေးပါ


ကဲ ကျွန်တော်တို့ မိမိကွန်ပျူတာကနေ Wifi ပြန်လွှင့်တဲ့နည်းပေါင်းစုံရှိ
တဲ့ထဲမှာမှ နောက်တစ်နည်းလေးပြောပြချင်ပါတယ် ကျွန်တော့်ဘလော့
လေးထဲမှာလည်း တစ်ခြားကောင်းတာလေးတွေထည့်ထားပေးပါတယ်။
အခုကောင်လေးကတော့ သုံးရတာလည်းလွယ်ကူအဆင်ပြေလို့ထပ်
တင်ပေးလိုက်တာပါ။ အရင်လုံး လိုအပ်တဲ့ Software ကိုတော့
ဒီမှာဒေါင်းမယ် ပီးသွားရင်တော့ ကျွန်တော်တို့ ထုံးစံအတိုင်း Install
လုပ်ပေးလိုက်ပေါ့ ..ဒါဆိုရင် သင့်ရဲ့ Desktop မှာအောက်ပါပုံအတိုင်း
ပေါ်လာမှာဖြစ်ပါတယ်။



ဒီနောက် ၄င်းကို Double Click နှိပ်လိုက်ပ့ါမယ်။



အထက်ပါပုံ၌ Name (SSID) ဆိုတဲ့နေရာမှာ မိမိ နှစ်သက်ရာအမည်ကို
သတ်မှတ်ပမယ်။ Passphrase ဆိုတဲ့နေရာမှာတော့ မိမိ စိတ်ကြိုက်
Password ကို သတ်မှတ်ပါမယ်။ ထို့နောက် NIC ဆိုတဲ့နေရာမှာ
Wireless Network Connection ဆိုတာကိုရွေးချယ်ပေးပီး Start ဆို
တာကိုနှိပ်ပေးလိုက်ပါမယ် ဒါဆိုရင်တော့ သင့်ကွန်ပျူတာကနေ Wifi
Hotspot လွှင့်နေပီဖြစ်ပါတယ်။မိမိက ပြန်ပိတ်ချင်တယ်ဆိုရင်တော့



အထက်ပါပုံမှ Stop ကိုနှိပ်လိုက်ခြင်းဖြင့် Wifi access လွှင့်နေခြင်းကို
ဖြတ်တောက်ပြစ်မှာဖြစ်ပါတယ်။ ကဲ အားလုံးပဲ အဆင်ပြေမယ်လို့

ယူဆပါတယ်။

သူတို့လေးတွေကို Script ဖိုင်ထဲထည့်ပီး စကားပြောခိုင်းမယ်



ကဲဒီတစ်ခါ ကျွန်တော်တို့ Notepad ထဲမှာ Code အချို့ကိုရိုက်
ထည့်ပီး စကားပြောသော Script ဖိုင်လေးတစ်ခုတည်ဆောက်
ကြရအောင်။အရင်ဆုံး သင့်ကွန်ပျူတာအတွင်းရှိ Notepad ကို
အရင်ဖွင့်လိုက်ပါ။ ပီးသွားရင် အောက်ဖော်ပြပါ Code တွေကို
ကော်ပီကူးလိုက်ပါ

Dim Message, Speak
Message=InputBox("Enter Text to Talk o","Speak")
Set Speak=CreateObject("sapi.spvoice")
Speak.Speak Message

ပီးသွားရင်တော့ ၄င်း Notepad ဖိုင်ကို Save မှတ်တဲ့နေရာမှာ
မိမိစိတ်ကြိုက်နာမည်ပေးပီး အနောက်က Extension က *.vbs
ဖြစ်ရပါမယ်ဥပမာ



လိုမျိုးပေါ့… ပီးသွားရင် ၄င်း Script ဖိုင်ကို Double Click နှိပ်လိုက်ပါ



အထက်ဖော်ပြပါ Box အတွင်း မိမိပြောစေချင်သော စာလုံးများကိုရိုက်
ထည့်ပီး OK နှိပ်လိုက်ပါ ဒါဆိုရင် သင့်ကွန်ပျူမှာ သင်ရိုက်ထားသော
စာလုံများအတွက် ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်က
အသံဖြင့် ဖော်ပြပေးမှာဖြစ်ပါတယ်။

;) အားလုံးပဲ အဆင်ပြေပါစေ

အာရှသား

နောက်ထပ် PDF Password Remover လေးပါ


အရင်တစ်ခါလည်းကျွန်တော် PDF Password Remover လေးတင်ပေး
ဖူးပါတယ် အခုဒီကောင်လေးလည်း အသစ်တွေ့လို့ထပ်တင်ပေးလိုက်ပါ
တယ်။ တစ်ချို့ PDF File တွေမှာက Print ထုတ်တာကို လက်မခံဘူး၊
Copy ကူးခွင့်မပေးဘူး။ စသဖြင့်အပြင် ဖိုင်ကိုဖွင့်ဖို့အတွက် Password
တွေခံထားကြပါတယ်။ ကြိုက်သလောက်သာ ခံထားကြ ကလစ်တစ်ချက်
ပဲနှိပ်လိုက်။ အားလုံး Clear ဖြစ်သွားမယ့်ကောင်လေးပါ။ဖိုင်စိုက်ဒက်လည်း
2MB ပဲရှိတော့ ထုံးစံအတိုင်း မြန်မာပြည်ကော်နပ်ရှင်အနေအထားနဲ့လည်း
သင့်တင့်လျောက်ပတ်အောင် ဒေါင်းယူလို့ရပါတယ်။ စိတ်ဝင်စားလို့ဒေါင်း
ချင်သပဆိုရင်တော့
ဒီမှာဒေါင်းမယ်

IDM ရဲ့ Download Speed ကိုထပ်မြှင့်မယ်…


IDM ဆိုတာ ဒေါင်းလုပ်စပိကို လန်ပျံနေအောင်ဆွဲတဲ့ကောင်လေးပါ
သူနဲ့ ဒေါင်းလုပ်ဆွဲပီဆိုရင် အဲဒီ Network ထဲမှာ Connection တွေ
က Weak ဖြစ်သွားပီး အဲဒီ ဒေါင်းနေတဲ့ စက်မှာပဲ သွားပီး စုနေတာ
များပါတယ်။ အဲဒီထက် ပိုပီး Download Speed ကို ထပ်တိုးမယ်
ဆိုရင်တော့ ဘယ်လိုပြောရမလည်း ခန့်စည်သူပြောသလိုပေါ့
ဗဲရီးဂွတ်ပေါ့ဗျာ… ကဲ ဘယ်လုပ်လုပ်ရမလည်း ပြောရတာပေါ့..
အရင်ဆုံးထုံးစံအတိုင်း IDM Application ကိုဖွင့်လိုက်ပါ



အထက်ပါပုံအတိုင်းမျှားပြထားတဲ့နေရာ Options ကိုတစ်ချက်နှိပ်
လိုက်ပါ… ဒါဆိုရင်အောက်ပါပုံမြင်ရမှာဖြစ်ပါတယ်။



၎င်းပုံအတွင်း၌နံပါတ် ၁ နေရာဖြစ်သော Connection ကိုနှိပ်ပါ
ထို့နောက် နံပါတ် ၂ ဖြစ်သော LAN 10Mbs ဆိုတာကိုရွေးချယ်
ပေးပါ ပီးရင် နံပါတ် ၃ OK ကိုနှိပ်ပေးပါ။ ဒါဆိုရင်…..အောက်ပါပုံ
အတိုင်း



ပေါ်လာပီဆိုရင် အိုခေပေါ့…. သာမာန် ဒေါင်းနေတဲ့ လန်ပျံနေတဲ့ Connection
ဟာ ထပ်တိုးပီး “လန်ပျံ ပြုတ်ထွက် ကျွတ်လွတ်” နေအောင် မြန်နေပါလိမ့်မယ်
မှတ်ချက် မြန်မာပြည်တွင်း၌ အသုံးပြုသူများသည် မိမိ လိုင်းပေါ်တွင်သာမူတည်
သည်။


သင့်ကွန်ပျူတာထဲက အရေးကြီး Folder တွေကို ဖွက်ထားမယ်


ကျွန်တော် အဲဒီလိုလုပ်ဖို့ကို Software ပေါင်းစုံသုံးခဲ့ဖူးပါတယ်
ဒါပေမယ့် ဒီကောင်လေးကိုတော့ တော်တော်ခိုက်တယ်ဗျာ...
ဒီကောင်လေးသုံးရတဲ့ ရည်ရွယ်ချက်တော့ မိမိကွန်ပျူတာထဲ
မှာရှိတဲ့ အရေးကြီး ဖိုလ်ဒါတွေ ဖိုင်တွေ ဒေတာတွေကို သူများ
တွေဝင်မကြည့်နိုင်အောင် ထို Software လေးကိုသုံးပီး Password
ဖြင့် ပိတ်ထားတဲ့နည်းလေးပါ။ Save Side လည်းဖြစ်ပါတယ်။
မိန်းကလေးတွေဆိုလည်း ချစ်ချစ်နဲ့ ပတ်သက်တဲ့ဒေတာလေး
တွေကို အိမ်က ကိုကို၊ မောင်မောင်လေးတွေမသိအောင်ဖွက်
ထားလို့ရသလို ယောင်္ကျားလေးတွေဆိုရင်လည်း အိမ်က မမ၊
ညီညီလေးတွေ မသိအောင်ဖွက်ထားလို့ရပါတယ်။ Software
သွင်းပုံသွင်းနည်းကိုတော့ ZIP ဖိုင်ထဲမှာ Readme ဆိုပီး Txt
ဖိုင်လေးနဲ့ မြန်မာလို အသေးစိတ်ရေးပေးထားပါတယ်။ ဖိုင်
စိုက်ဒ်ကတော့ 4MB ရှိပါတယ်။ စိတ်ဝင်စားလို့ဒေါင်းချင်သပ
ဆိုရင်တော့
ဒီမှာဒေါင်းမယ

PC ပေါ်မှာ ဓားသံတွေနဲ့ဆူညံခုတ်ထစ်ကြမယ်


ဒီဂိမ်းလေးကိုတော့ အတော်များများသိကြမှာပါ Android တွေ၊
iPhone တွေမှာ အရမ်းခေတ်စားသွားခဲ့ဖူးတဲ့ဂိမ်းလေးပေါ့.....
ဘာရယ်မဟုတ်ပဲ ကျွန်တော်တောင် ခုတ်ထစ်ခဲ့ဖူးတာပေါ့
အခုတော့ Android တွေ iPhone တွေမှာမှမဟုတ်ပါဘူး
ကွန်ပျူတာမှာလည်း ကျွန်တော်တို့ ဒီဂိမ်းလေးသွင်းပီး
ခုတ်ထစ်လို့ရနေပါပီ။ သူ့ကို Window XP, Window Vista
Window 7, Window 8,တွေအပြင် ဘိုးတော်ဘုရားလက်
ထက်က ကွန်ပျူတာတွေမှာလည်း ထည့်သွင်းအသုံးပြုနိုင်
ပါတယ်။လိုအပ်တဲ့ DLL File ကို Crack လုပ်ရမယ့် Location
တွေကတော့

C:\Windows\System (Windows 95/98/Me)
C:\WINNT\System32 (Windows NT/2000)
C:\Windows\System32 (Windows XP, Vista, 7, win 8)
တို့ဖြစ်ပါတယ် အကယ်၍ သင်ဟာ 64Bit Operation System
ကိုအသုံးပြုသူဆိုပါက
C:\Windows\SysWOW64\ သို့ သွားရောက်ထည့်သွင်းရမှာ
ဖြပ်ပါတယ်။ အကယ်၍ သင်ဟာ window ME ကိုအသုံးပြုသူ
ဆိုပါက Type regsvr32 <filename>.dll and press Enter.
ဖြစ်ပါတယ်။ တစ်ခြား Operation System 32 Bit ဆိုပါက
အသုံးပြုပုံကို Zip File အတွင်း မြန်မာလို ထည့်သွင်းနည်းကို
Txt ဖိုင်ဖြင့် အသေးစိတ်ရေးသားပေးထားပါတယ်။ဖိုင်စိုက်ဒ်က
တော့ 83MB ရှိပါတယ်။ စိတ်ဝင်စားလို့ဒေါင်းချင်သပဆိုရင်
တော့
ဒီမှာဒေါင်းမယ်

Friday, August 16, 2013

How to Hack the BIOS Password using by CMD Mode ?





ကျွန်တော်တို့ Password တွေကိုကျော်ကြတဲ့နည်းပေါင်းစုံတွေ
ထဲမှာမှ အခုကျွန်တော်ပြောချင်တာက BIOS Password ကို
ကျော်မယ့်နည်းလေးပါ။ Desktop Computer မှာဆိုရင်တော့
ရှော့မရှိဘူးပေါ့ CMOS Battery ကိုဖြုတ်ပီး မိနစ် ၃၀ လောက်
ထားလိုက်ရင် BIOS Password က ပြုတ်သွားပါလိမ့်မယ်
နောက်တစ်နည်းကတော့ CMOS Jumper လေးကို နေရာ
ရွှေ့ပေးလိုက်ရုံပေါ့….



စတိုင်ပတ်မှာကတော့ Laptop Computer တွေအတွက်ပါ
Laptop ကျတော့ CMOS Battery ကို အချို့ စက်တွေမှာက
ဖြုတ်ဖို့လွယ်ကူပေမယ့် အချို့စက်တွေမှာက ဖြုတ်ဖို့ခက်ခဲ
ပါတယ်။ ဒါပေမယ့် ဘာဘက်ထရီမှမဖြုတ်ပဲ ကျွန်တော်တို့
က လက်ရှိတက်နေတဲ့ ၀င်းဒိုးပေါ်ကနေပဲ CLI Mode ထဲက
နေ အသုံးပြုပီး BIOS Password ကိုဖြုတ်ချမှာဖြစ်ပါတယ်။
ကဲရိုက်ရမှာက
_o 70 2e
_o 71 ff
_q
လို့ရိုက်ရမှာဖြစ်ပါတယ်။ အောက်ကပုံအတိုင်းပေါ့ o= အင်္ဂလိပ်အက္ခရာအို ပါ
အောက်ကပုံအတိုင်းပေါ့…



ပီးသွားရင် ကျွန်တော်တို့က စက်ကို Restart တစ်ချက်ချပီး
BIOS ထဲဝင်ကြည့်လိုက်ပါ BIOS Password က Clear ဖြစ်

နေတာကိုတွေ့ရပါလိမ့်မယ်။

သင့်ရဲ့ Facebook Account ထဲက Primary E-mail Address ကိုဘယ်လို Change မလည်း

သင့်ရဲ့ Facebook Account ထဲက Primary E-mail
Address ကိုဘယ်လို Change မလည်း

          ဘယ်လို Change မလည်းဆိုတာမပြောခင် ကျွန်တော်
ကိုယ်တိုင်ဘာကြောင့်ပြောင်းရသလည်းဆိုတာ ကိုပြောပါ့မယ်။
ကျွန်တော်အရင်က Facebook ကိုခြေစချတော့
cristianozarni6.5@gmail.com တိုတဲ့ အကောင့် နာမည်နဲ့ ပါ။
 တစ်နေ့ အင်တာနက်ဆိုင်မှာသုံးပြီး ပြန်လာတော့ ကျွန်တော့
အကောင့်ကို ကိုယ်တော် ချောတစ်ယောက်က မ သွားပါလေရော…
တစ်ခုပေါ့ဗျာ ကျွန်တော်က ဒီအကောင့်တစ်ခုတည်းကိုပဲ Facebook
 နဲ့ G-talk နှစ်ခုလုံးကိုတစ်ပြိုင်တည်းသုံးပါတယ်။ ပါသွားတာက G-talk
မှာသုံးတဲ့ Password ပါသွားတာပါ။ Facebook ကိုကတော့ ဒီနာမည်နဲ့ပဲ
တစ်ခြား Password ပေးထားတော့ သူဝင်လို့မရဘူးပေါ့။ ဒါပေသိ…
Facebook နဲ့ ပတ်သက်သမျှ Notification မှန်သမျှကတော့ Mail
ထဲကိုပဲ သွားမှာဆိုတော့  ကျွန်တော်ဘာမှ မသိဘူးပေါ့။ဒါနဲ့ပဲ Facebook
ထဲမှာ Password ကို Secure ဖြစ်အောင် ပြန်သတ်မှတ်ထားလိုက်ပါတယ်။
ဒီလိုနဲ့ စဉ်းစားမိပြီး ကျွန်တော်တို့ Facebook ကိုဝင်တဲ့အခါ E-mail Address
နဲ့ ၀င်ရတာကို ဘယ်လိုချိန်း မလည်းဆိုတာကိုစဉ်းစားမိပြီး စာဖတ်ကြည့်
လိုက်တော့ တွေ့ပါပြီ လုပ်ဆောင်ချက်တွေကို… ကဲ ပုံတွေနဲ့ လိုက် ကြည့်
လိုက်ရအောင်လားဗျာ..အရင်ဆုံး သင့်ရဲ့ Facebook Account ထဲကိုဝင်
လိုက်ပါပြီးသွားရင် Setting ထဲကနေ Account setting ကိုဝင်လိုက်ပါ။



ပြီးသွားရင် အောက်ဖော်ပြပါပုံအတိုင်း



Email Setting မှာ Edit ကိုနှိပ်လိုက်ပြီး ကျွန်တော် မျှားအနီရောင်က
လေးပြထားတာလေးကိုနှိပ်လိုက်ပါ။အောက်ပါပုံအတိုင်း



အစိမ်းရောင်မျှားပြထားတဲ့နေရာလေးမှာ သင်လက်ရှိပြောင်းမယ့်
 E-mail Address ကိုရိုက်ထည့်ပေးပါ ပြီးသွားရင် အနီရောင်မျှား
ပြထားတဲ့နေရာလေးမှာ သင့်အကောင့်ကို လက်ရှိဝင်နေတဲ့
Password ကိုမှန်အောင်ရိုက်ထည့်ပေးပါ။ ပြီးသွားရင် ပန်းရောင်မျှား
လေးပြထားတဲ့နေရာမှာ Save Changes ဆိုတာလေးကိုနှိပ်လိုက်ပါ။
ဒါဆိုရင် အောက်ဖော်ပြပါပုံအတိုင်း



Email Confirmation လုပ်ဖို့ Message ပြပါလိမ့်မယ် Okay
လို့နှိပ်လိုက်ပြီး သင်ပြောင်းထားတဲ့ E-mail အသစ်ကိုသွားဖွင့်လိုက်ပါ။



ပြီးတာနဲ့ သင့်မေးလ်ထဲကိုဝင်လိုက်ပါ။




အထက်ဖော်ပြပါပုံမှ ကျွန်တော်အနီရောင်မျှားပြထားတဲ့ နေရာလေး
ကိုနှိပ်လိုက်ပါ။ဒါဆိုရင် သင်ချိန်းလိုက်တဲ့ Primary E-mail Address
က ပြောင်းသွားတာကို အောက်ဖော်ပြပါပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။




အဲဒီမှာတစ်ခုပြောချင်တာက အောက်ပါပုံကိုဆက်ကြည့်ပေးပါ။




ဒါဆိုရင် သင့်ရဲ့ Facebook Account ကို ၀င်ဖို့အတွက် E-mail
Address နှစ်ခုဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ အဲဒီမှာမှ မိမိသုံးချင်
တဲ့ Account တစ်ခုကို Radius Check Box လေး On ပေးပြီးတော့
ကျန်တဲ့အကောင့်တစ်ခုကို Remove နှိပ်ပြီး Password နေရာမှာ
သင်လက်ရှိအကောင့်ကိုသုံးနေတဲ့ Password ကိုရိုက်ထည့်ပြီး
 Save Changes ဆိုတာနှိပ်လိုက်ရုံနဲ့ E-mail Address တစ်ခုက
ပျက်သွားမှာဖြစ်ပါတယ်။ကဲ အားလုံးပဲအဆင်ပြေပါစေလို့
ဆုတောင်းပေးပါတယ်။

အာရှသား
Cristiano Zarni@ ဦးဇာနည် 

BCCode 0x000000D1 ဖြင့် ၁၀ မိနစ်ကခုန်ခြင်း

အားလုံးလည်းကြားဖူးမှာပါ ကွန်ပျူတာ Screen မှာ အပြာ
ရောင်ကြီးပေါ်လာတယ်။ စာတွေလည်းအများကြီးပဲဘာဒွေ
မှန်းလည်းမသိဘူးဆိုတဲ့အရာကိုခေါ်တာကတော့ Blue
Screen of Dead ဖြစ်ပါတယ်။ သူ့ကို အတိုကောက်ကတော့
BSOD လို့ခေါ်သလို Code တွေကိုပြောချင်ရင်တော့ BCCode
လို့ပြောပါတယ်။သူ့မှာတစ်ချက်မှတ်သားရမယ့် Code နံပါတ်
ကတော့ 0x ဆိုတာကတော့ သာမာန်နံပါတ်ပါတယ် တစ်ကယ်
တန်းဖြေရှင်းချက်အတွက်အလုပ်လုပ်မယ့် Code ကတော့
နောက်ဆုံး Digit  နှစ်လုံးဖြစ်ပါတယ်။ ဒါကြောင့် Blue Screen
Error တက်လာပီဆိုရင် Services သမားအများစုသိချင်တာက
နောက်ဆုံး ကုဒ်နံပါတ် နှစ်လုံးကိုဖြစ်ပါတယ်။ အခုကျွန်တော်ပြော
မယ့် Error Code အကြောင်းကတော့ D1 ဖြစ်ပါတယ်။ရှင်းလင်း
မယ့်ပုံစံကတော့ သင့်ကွန်ပျူတာရဲ့ ပါဝါကိုဖွင့်လိုက်ပါ ပီးသွားရင်
ကီးဘုတ်ကနေ F8 ကီးကိုနှိပ်ပီး အောက်ပါပုံအတိုင်း Window
Diagonastic Mode ထဲကိုဝင်ပေးပါ ပီးသွားရင်တော့ အောက်
ဖော်ပြပါအတိုင်း


Last Known Good Configuration Mode ထဲကိုဝင်ပီး ၀င်းဒိုး
တက်လိုက်ပါ။ ဒါဆိုရင် သင့်ဝင်းဒိုး System ထဲကို ရောက်သွား
ပါလိမ့်မယ်။ ဘာကြောင့်  Blue Screen တက်လာတာကို RAM
HDD Replacement မလုပ်သလည်းလို့ မေးကောင်းမေးနိုင်ပါ
တယ်။ ဒီနေရာမှာတစ်ခုပြောချင်တာက Blue Screen Error
တက်လာတိုင်း Memory Dump ဖြစ်တာမဟုတ်ပါဘူ။ အများစု
ကတော့ ဒီလို ပြဿနာပေါ်လာပီဆိုရင် Memory ဖြုတ်ပီး ပြန်
တပ်လိုက်ကောင်းသွားမယ် လို့ပဲ ပြောတာများပါတယ်။ အခု
ဒီ ပြဿနာမှာ ဒီလို Memory Replacement လုပ်လို့ ပြန်
မကောင်းနိုင်ပါဘူး ဒါကြောင့် ကျွန်တော်က Safe Mode ကနေ
တစ်ဆင့် Last Known Good Configuration Mode ထဲကို
ဝင်ခိုင်းတာပါ.. ကဲ ဆက်လိုက်ရအောင်....
ခုနက သင်ဝင်လိုက်တဲ့ Mode ကနေတဆင့် ၀င်းဒိုးတက်လာပီ
ဆိုရင် ဘာတွေလုပ်ဆောင်ရမလည်းဆိုတော့ အရင်ဆုံး Start
ထဲကနေ CMD ကို Right Click နှိပ်ပီး Run As Administrator
အနေနဲ့ Run လိုက်ပါ။ ပီးသွားရင်တော့ >sfc /scannow  ဆို
ပီး အောက်ပါပုံအတိုင်းရိုက်ထည့်ပီး Enter ခေါက်လိုက်ပါ။


သူ့မှာ လုပ်ဆောင်ချက်က 100% ပီးအောင်လုပ်ဆောင်နေပါလိမ့်မယ်
ပီးရာနှုန်းပြည့်လုပ်ဆောင်ပီးသွားပီဆိုရင်တော့ မိမိစက်ထဲမှာ ရှင်းစရာ
ရှိတာရှင်း လင်းစရာရှိတာလင်းပီး စက်ကို Restart ချလိုက်ပါ။ ဒါဆိုရင်
သူခုနက မြင်ရမယ့် BCCode 0x000000D1 ဆိုတဲ့ အပြာရောင်
မျက်နှာပြင်ကြီးနဲ့ Error တက်လာမှာမဟုတ်တော့ပါဘူး...ဒီလောက်ဆို
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ နောက်များမှာလည်း ကျွန်တော့ရဲ့
အာရှသားဘလော့လေးထဲမှာ ကျွန်တော်ကြုံသမျှ Error များကို ဘယ်လို
ဖြေရှင်းခဲ့တယ်ဆိုတာလေးကို အလျင်းသင့်လျင်သင့်သလို တင်ပေးသွား
မှာဖြစ်ပါတယ်။ ဘာလို့လည်း ဆိုတော့ ကျွန်တော်က အ၇မ်းစမ်းလို့ပါ။
အခုဒီ Post ကိုရေးတာတောင် မရေးခင်မှာ Master Boot Record(MBR)
 ကို ကလိရင်းကနေ ကျွန်တော့် ကွန်ပျူတာလေး ဂေါက်သွားလို့ မနည်း
ပြန်လုပ်ထားတာပါ။ ကဲ အားလုံးပဲ နည်းပညာတွေဒီထက်မက တိုးတက်
ပါစေလို့ဆုမွန်ကောင်းတောင်းရင်း......

အာရှသား
Cristiano Zarni@ ဦးဇာနည်

Thursday, August 15, 2013

PDF to Word Converter Full Version with key


ကဲ ကျွန်တော်တို့ တစ်ခါတစ်လေ PDF ဖိုင်တွေကို Word
ဖိုင်အဖြစ်ပြောင်းလည်းပီး Edit လုပ်ချင်သူတွေအတွက်
တစ်ကယ်ကောင်းတဲ့ Program လေးတစ်ခုပေးချင်ပါတယ်
ဒီကောင်လေးကို ကျွန်တော်သုံးတာ တော်တော်လေးကြာပါ
ပီ။တစ်ချို့ Converter တွေလိုမျိုး စာရွက်ရေ ကန့်သတ်ချက်
လည်းမရှိပါဘူး။နောက်တစ်ခုကောင်းတာက Offline Convert
လုပ်လို့ရတဲ့အတွက်ကြောင် ဒီကောင်လေးကိုသုံးဖို့အတွက်
အင်တာနက်ကော်နပ်ရှင်လည်းမလိုပါဘူး။ဖိုင်စိုက်ဒ်က 4MB
ရှိပါတယ်။ စိတ်ဝင်စားလို့ဒေါင်းချင်သပဆိုရင်တော့
ဒီမှာဒေါင်းမယ်

Wednesday, August 14, 2013

Android Phone ထဲက Data တွေကို အင်တာနက်ကနေ လှမ်းဆွဲယူမယ်

သင့်ဖုန်းထဲက ဓာတ်ပုံတွေကို အွန်လိုင်ကနေတိုက်ရိုက် ဒေါင်းလုပ်ဆွဲမယ်
အရင်ကတော့ ကျွန်တော်တို့ အဝေးရောက်နေတဲ့ ကိုကို၊ မမ တွေ
အိမ်က မိဘ ဆွေမျိုးတွေဆီဓာတ်ပုံပို့ချင်ရင် E-mail ကနေတဆင့်
ပို့ကြရပါတယ်။ အခုတော့ E-mail ကိုတောင်သုံးစရာမလိုတော့ဘူးဗျ
အင်တာနက်ကော်နပ်ရှင်ရှိပြီး Wifi File Explorer ဆိုတဲ့ Android Software
လေးရှိရုံဖြင့် ဖုန်းထဲကို အွန်လိုင်းကနေတိုက်ရိုက် ၀င်ရောက်ကြည့်ရှု
ဒေါင်းလုပ်ဆွဲလို့ရပါပြီကဲ စလိုက်ကြရအောင်လားဗျာ…
အရင်ဆုံး လိုအပ်တဲ့ Software က Wifi File Explorer ဆိုတာလေးကို
ဒေါင်းလိုက်ပါ။ပြီးရင်တော့သင့် Android Phone ထဲမှာ Install သွင်း
ထားလိုက်ပါ။



ပြီး၇င်တော့ အဲဒီ WIFI File Explorer လေးကိုဖွင့်လိုက်ပါ။




ဒါဆိုရင်သူက ဖုန်းနဲ့လက်ရှိသုံးနေတဲ့ Connection Name နဲ့
Browser IP Address အပါအ၀င် Port Number လေးပါပါလိမ်
မယ်ဗျ။သြ သင့်ဖုန်းက အင်တာနက်နဲ့ ဆက်သွယ်ထားဖို့တော့လို
မယ်နော်…အခုလို ဖုန်းထဲမှာ ဒီလိုလေး Run ထားတယ်ဆိုရင်
 မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံ ကနေမဆို သင့်
 ဖုန်းထဲကို အင်တာနက်ကနေတဆင့် ၀င်ရောက်ကြည့်ရှုလို့ရပါပြီ
နောက်ထပ်လုပ်ဆောင်ချက်ကတော့ ကွန်ပျူတာကနေလုပ်ဆောင်ရ
မည့်လုပ်ဆောင်ချက်တွေပါ။အရင်ဆုံး Browser တစ်ခုခုကိုဖွင့်လိုက်
ပါပြီးရင် အောက်ပါဖော်ပြပါပုံအတိုင်း Address Bar လေးမှာ
သင့်ဖုန်းထဲက Browser IP Address 192.168.1.3:8000
ဆိုတာလေးကို ရိုက်လိုက်ပါ




ပြီးရင်တော့ Enter ခေါက်လိုက်ပါ။အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်


 ထိုအထဲကနေမှ မိမိယူချင်တဲ့ Data ရှိတဲ့နေရာယူသွားပြီး
မိမိလိုချင်တဲ့ Data ကို တိုက်ရိုက် ဒေါင်းလုပ်ဆွဲလို့ရ ပါပြီ။
 အကယ်လို့သင်က သင့်ဖုန်းကို အွန်လိုင်းကနေလှမ်းပြီး
Access လုပ်တာကို Security ပိုင်းနဲ့ လုပ်ချင်တယ် ဆိုရင်
သင့်ဖုန်းထဲမှာလုပ်ရမှာက WIFI File Explorer ကိုဖွင့်ထား
တဲ့အချိန်မှာ သင့်ဖုန်းကနေ Menu ကိုတစ်ချက်နှိပ်လိုက်ပါ
အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်



အဲဒီထဲကမှ Setting ကိုဝင်လိုက်ပါ




Require Password ဆိုတဲ့နေရာမှာ အမှန်ခြစ်လေးခြစ်ပေး
လိုက်ပြီး ဒုတိယစာကြောင်းဖြစ်တဲ့ Password ဆိုတာကိုဝင်
လိုက်ပါ အောက်ပါပုံအတိုင်းပေါ်လာရင် မိမိ ပေးချင်တဲ့
Password ကိုပေးထားလိုက်ပါ။




ဒါဆိုရင် သင့်ဖုန်းထဲကို အင်တာနက်အွန်လိုင်းကနေတဆင့်
ဝင်မယ်ဆိုရင် Password တောင်ပါလိမ့်မယ် အောက်ပါပုံအ
တိုင်းပေါ့..

လိုအပ်တဲ့ WIFI Explorer လေးကိုတော့ ဒီကနေဒေါင်းမယ
ကဲ အားလုံးပဲအဆင်ပြေကြပါစေဗျာ
(ဦးဇာနည်)




Facebook ပေါ်က ဓာတ်ပုံတွေကို Album အလိုက် ဒေါင်းလုပ်ဆွဲမယ်


ကျွန်တော်တို့ Facebook ထဲမှ Photo Album တွေကို
Album တွေအလိုက် ဒေါင်းလုပ်ဆွဲခြင်သူများအတွက်
အသေးစိတ်ကို PDF ဖိုင်အနေနဲ့တင်ပေးထားပါတယ်။
မိမိ ဓာတ်ပုံတွေကိုပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေရဲ့ ဓာတ်
ပုံဖိုင်တွေကိုပဲဖြစ်ဖြစ် Album အလိုက် ဒေါင်းလုပ်ဆွဲ
ချင်သူများအတွက်ဖြစ်ပါတယ်။စိတ်ဝင်စားလို့ဒေါင်းချင်
သပဆိုရင်တော့

ဒီမှာဒေါင်းမယ်

Combofix ဆိုတာဘာလည်း ? ? ?

Combofix ဆိုတာဘာလည်း ?



ကျွန်တော် ဒီ Program လေးအကြောင်းမပြောခင်မှာ ဒီ Program
လေးကို ကျွန်တော် ၂၀၀၇ ခုနှစ်လောက်ကတည်းက စွဲစွဲမြဲမြဲသုံးခဲ့
ပါတယ်။ ဘာကြောင့် သုံး၇သလည်း ? WHY ? အဖြေကရှင်းပါတယ်။
သာမာန် Virus ကိုက်တာလောက်ကတော့ ဒီကောင်လေးနဲ့သာတစ်
ချက် Run လိုက် စက်ထဲမှာ ၀င်နေတဲ့ Virus ရဲ့ 50 % က သေသွား
အောင် ဒီကောင်လေးက စွမ်းဆောင်နိုင်ပါတယ်။နောက်တစ်ခုက ဒီ
ကောင်လေးမှာက သာမာန် Anti Virus တွေလိုပဲ အမြဲတမ်း Update
ထွက်နေပါတယ်။ ဒါကြောင့် တစ်ခါဒေါင်းထားရုံနဲ့ အမြဲသုံးလို့ရမယ်
လို့ မဆိုလိုပါဘူး။ ဖြစ်နိုင်ရင်အကောင်းဆုံးက တစ်ကယ်သုံးမယ့်အချိန်
ကျမှ ဒေါင်းလုပ်ဆွဲယူတာပိုကောင်းပါတယ် File Size အားဖြင့်လည်း
သေးငယ်တဲ့ ပမာဏ ဆိုတော့ မြန်မာပြည်ရဲ့ Connection အနေနဲ့
လည်း လွယ်ကူစွာဒေါင်းယူနိုင်ပါတယ်။ကဲ စကားစပြတ်သွားပီထင်ပ
ဒီကောင်လေး Run ပုံလေး အကြမ်းဖျဉ်းရှင်းပြချင်ပါတယ်။၎င်းကို
ဒေါင်းပီးသွားလို့ စပီး RUN ပီဆိုတာနဲ့ အောက်ပါပုံအတိုင်းပေါ်
လာမှာဖြစ်ပါတယ်။



ဒါကတော့ လိုအပ်တဲ့ Registry ပိုင်းတွေကို Auto Backup
လုပ်နေတဲ့ပိုင်းပါ။ အဲဒိမှာတစ်ခုပြောချင်တာက ဒီ Program
လေးကို Run နေတဲ့အချိန်မှာ တစ်ခြား Program တွေကို
ပိတ်ထားဖို့လိုပါမယ်။ Save လုပ်စရာရှိတာတွေလည်း Save
လုပ်ထားပီး ဒီတစ်ခုတည်းကိုပဲ RUN ပါ။ နောက်ပီး သူက
CLI Mode ကနေအလုပ်လုပ်ပါမယ်။ နောက်တစ်ချက်
Explorer.exe ကို Process Kill လုပ်မှာဖြစ်ပါတယ်။
ဘာကြောင့် explorer.exe ကို Process Kill လုပ်ရသလည်း
ဆိုတော့ အချို့သော Virus တွေက explorer ပေါ်မှာ ၀င်ပီး
နေရာယူနေတဲ့အတွက်ကြောင့် explorer ကို Porcess kill
လုပ်လိုက်တာပါ။ကဲဆက်ရအောင်…
ထို့နောက်မှာတော့ အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။



ဒီအပိုင်းကတော့ Window ရဲ့ Recovery Console အောက်ကနေပီး
Run မှာဖြစ်ပါတယ်။ နောက်တစ်ချက် YES နဲ့ NO ပါ သူကတော့
အင်တာနက်ကော်နက်ရှင်ရှိရှိ မရှိရှိ NO ကိုသာ အဓိကရွေးချယ်ပေးပါ
ဒါဆိုရင် အောက်ကပုံအတိုင်း



လိုအပ်တဲ့အ ပိုငးတွေကို Auto Scan စစ်ပီး တွေ့သမျှ Virusများကို
Auto Kill လုပ်နေပါမယ်။ ဒီနေရာမှတစ်ခုပြောချင်တာက Stage 1
ကနေစပီါ် Stage 46 အထိသွားပါတယ်။ အချို့ Stage တွေမှာ
Stage 1_A, Stage 1_B ဆိုပီး အော်တိုလုပ်ဆောင်နေမှာပါ။
အဓိက စောင့်ရမှာက Stage 46 ပီးသွားတဲ့အထိပါ။ ထို့နောက်
Stage ၄၆ ပီးသွားတဲ့အချိန်မှာ Virus များအတွက် Log ဖိုင်ထုတ်
နေသည်။ ကျေးဇူးပြု၍ စက်ကိုမပိတ်ပါနဲ့ဆိုပီးအောက်ဖော်ပြပါပုံ
အတိုင်း



တက်လာပီဆိုရင် Desktop ကွန်ပျူတာဆိုရင် ပါဝါကို ဆတ်ခနဲ
ဆွဲဖြုတ်လိုက်ပါ။ Laptop ကွန်ပျူတာမှာဆိုလည်း ပါဝါခလုတ်ကို
ဖိနှိပ်ထားပေးပါ။ ဘာကြောင့် ဒီလိုလုပ်ရသလည်း ???????????
အချို့ ဗိုင်းရပ်စ်တွေက ၄င်းဖော်ပြပေးမယ့် Log Report ဖိုင်နဲ့
အတူ ပြန်ပီး ကပ်ညိပါလာလို့ဖြစ်ပါတယ်။ ဒါကတော့ Save Side
ကနေလုပ်တာပါ။ အ၇မ်းဗိုင်းရပ်စ်အနေအထားဆိုးတယ်ဆိုမှဒီ
နည်းကိုလုပ်ဆောင်ပါ အကယ်လို့ သိပ်အဆိုးကြီးမဟုတ်ဘူးဆို
ရင်တော့ ၄င်း Log Reporting Service ကို လွှတ်ထားပေးလိုက်ပါ
ဒါဆိုရင် အောက်ပါပုံအတိုင်း



Combofix က သမလိုက်တဲ့ ဗိုင်းရပ်များကို Location များဖြင့်တကွ
အတိအကျဖော်ပြပေးမှာဖြစ်ပါတယ်။ဒါဆိုရင် သင်စက်ထဲဝင်နေတဲ့
ဗိုင်းရပ်စ် ၅၀% သေသွားပါပီ ဒီနောက်မှာတော့ တစ်ခြား အန်တီ
ဗိုင်းရပ်စ် Program တစ်မျိုးမျိုးဖြင့် သို့မဟုတ် ဗိုင်းရပ်စ်နာမည်သိ
တယ်ဆိုရင် ၄င်း ဗိုင်းရပ်စအတွက် Remover တစ်ခုခုနဲ့ ထပ်မံ
ရှင်းလင်းပါက ပိုမိုအဆင်ပြေနိုင်ပါတယ်။ယခင် ၀င်းဒိုး ၇ မပေါ်ခင်
တုန်းက XP မှာတုန်းကဆို ကျွန်တော့်လက်စွဲတော် နှစ်ခုတည်းမှာ
ဒီ Combofix လေးရယ် နောက်ထပ် Dial-a-fix ဆိုတဲ့ ကောင်လေး
နှစ်ခုကတော့ ဘယ်နေရာသွားသွား စီးကရက်နဲ့ မီးခြစ်ဆောင်သွား
သလို ထည့်သွားရပါတယ်။ အများကြီး အာရုဏ်စားမှုမရှိတော့ဘူးပေါ့
ဗိုင်းရပ်စ်ပြဿအတွက်…

Combofix Program ရဲ့ Update Link ကိုတော့ဒီနေရာကနေသွားယူမယ်
လေးစားစွာဖြင့်

အာရှသား

Internet Download Manager 6.17

ကျွန်တော် တို့ တွေ Online ပေါ်မှာ ရုပ်ရှင်တွေ ကြည့်နေရင်း နဲ့  ကိုယ်ကြိုက်တဲ့ ရုပ်ရှင်လေးတွေ တွေ့ ခဲ့ ရင် သိမ်းထား ချင် မိ မှာ ပါ ...အဲ့ဒီ လို အခါ မျိုး ဆိုရင် ကျွန်တော် တို့ ဘယ်လို လုပ် ပြီးတော့ Download လုပ် မလဲ ..... အရမ်း လွယ် ပါတယ် ..... Internet Download Manager ကို စက် ထဲမှာ Install လုပ် ထား ပြီးတော့ ......ကြိုက်တဲ့ ရုပ်ရှင် ကို ဒေါင်း လိုက် ယုံ ပါ ပဲ .....  အသုံးပြု ချင်တဲ့ ကျွန်တော် သူငယ် ချင်းတွေ ကို အဆင် ပြေ အောင် ... Patch ဖိုင် လေး ပါ ထည့် ပေးထားပါတယ် ...နောက် Update လုပ် မိ လဲ .... Patch ဖိုင်လေး ကို ပြန် Run လိုက် ပါ .......... ကဲဒီက ဒေါင်းလိုက်ပါ ..
 အဆင် ပြေပါ စေ ဗျာ