Friday, January 10, 2014

CC Cleanner ထဲက လျှို့ဝှက်ချက်တစ်ခု



ကျွန်တော်တို့ ကွန်ပျူတာ အသုံးပြုသူတော်တော်များများ
CC Cleanner ဆိုပီး သုံးဖူးကြမှာပါ.. သူက ဘာလုပ်တဲ့
ကောင်လည်းဆိုတော့ မိမိကွန်ပျူတာထဲမှာရှိတဲ့ Temp
ဖိုင်တွေ Cookies တွေ၊ History တွေ၊ Recent ဖိုင်တွေကို
ရှင်းပေးတဲ့ကောင်လေးပါ..Version တွေအလိုက်လည်း
အသစ်အသစ်တွေထပ်ထွက်လာပါတယ်။ ဘယ်လိုပဲ
Version တွေ အသစ်ထွက်လာ ထွက်လာ မည်သည့်
Version မှာ မဆို ကျွန်တော်အခုပြောမယ့် နည်းလမ်း
လေးနဲ့ လုပ်လို့ရပါတယ်။ အခုကျွန်တော်ပြောမယ့်
လုပ်ဆောင်ချက်ကတော့ Drive Wipe Services
လေးအကြောင်းဖြစ်ပါတယ်။ အားလုံးပဲ Program
ကိုတော့ ကျွန်တော်မတင်ပေးတော့ပါဘူး.....
မည်သည့် Version ကို မဆိုသွင်းလိုက်ပါ။ ထို့နောက်
တော့ အောက်ပါပုံအတိုင်းမှ


Tools ထဲမှ တဆင့် Drive Wiper ကိုဝင်လိုက်ပါ။
ဒီ့နောက်တော့ညာဘက်ခြမ်းမှာရှိသောMode
သုံးခုထဲမှာမှ ပထမဆုံး Mode ဖြစ်သော Wipe ဆိုသော
နေရာမှာ Free Space Only ဆိုတာကိုပဲရွေးချယ်ပေးလိုက်
ပါ။ဒီနောက် ဒုတိယ Option ဖြစ်တဲ့ Security မှာ Simple
Overwrite (1 pass) ဆိုတာကိုပဲရွေးချယ်ပေးလိုက်ပါ။
နောက်ဆုံး Option တစ်ခုဖြစ်တဲ့ Drives မှာကတော့
System Partition ဖြစ်တဲ့ Local Disk C: ဆိုတာကို
Check Box လေးမှာ Enable လုပ်ပေးလိုက်ပါ။ ပီးသွားရင်
တော့ Wipe ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။ ဒီနေရာမှာ
Wipe မလုပ်ခင် ကွန်ပျူတာရဲ့ System Partition ဖြစ်တဲ့
Driv e မှာရှိသော Free Space ကို အောက်ဖော်ပြပါပုံအတိုင်း
ဖော်ပြချင်ပါတယ်။




မှင်အနီနဲ့ ၀ိုင်းပြထားတဲ့နေရာကတော့ ကျွန်တော့်ကွန်ပျူတာအတွင်း
ရှိ System Partition ဖြစ်သော Drive C ထဲက Free Space (လက်ရှိ)
ဖြစ်ပါတယ်။ ဒီနောက် ကျွန်တော်တို့ Wipe Servcies ပီးသွားတဲ့အခါမှာ
တော့အောက်ပါပုံအတိုင်း




Free Space တိုးလာတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒီနည်းဟာ
ကျွန်တော်တို့ Window Platform ရဲ့ Thirt Party Utilities ဖြစ်
တဲ့ Disk Defragement နဲ့လည်း အသွင်တူပါတယ်.....ကဲအားလုံး
ပဲ အဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ နောက်ပိုင်းမှာလည်း
CC Cleanner ရဲ့ ကောင်းကွက်တွေအများကြီးကို ထပ်မံပီးတော့
ဖော်ပြခွင့်ရမယ်ဆိုရင် ဖော်ပြချင်ပါသေးတယ်... စာဖတ်သူတွေရဲ့
တောင်းဆိုမှုကလေးသာ မြင်ပါရစေ......

မြန်မာ့ အိုင်တီလောက အလျှင်အမြန် တိုးတက်ပါစေ....
ဒီ Post လေး ဖြစ်မြောက်ဖို့အတွက် Idea ပေးသော ကျွန်တော့်
ဆရာ ဦးရဲကြီးအား ဂုဏ်ပြုလျှက်
Cristiano Zarni@ ဦးဇာနည်

သင်တန်ဖိုးထားတဲ့ Web Site ကို Hack ခံလိုက်ရင်ဘာလုပ်မလည်း..



ခေါင်းစဉ်လေးကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်... ဒီရက်ပိုင်းလည်း
ကျွန်တော် အားရကျေနပ်မိတာလေးတစ်ခုရှိပါတယ်...ဘာလို့လည်းဆိုတော့
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Hacker တွေစထက်တပိုး တိုးပွားလာပါတယ်..
ဒါဟာတိုင်းပြည်ရဲ့ အိုင်တီနည်းပညာတိုးတက်လာတယ်လို့ ဆိုလိုနိုင်ပါတယ်
ဟက်ကာတွေတိုးပွားလာတာဟာ ကောင်းတဲ့ဘက်နေပဲ ကျွန်တော်ကြည့်ပါရစေ
သူတို့မှာ တိုင်းပြည်ချစ်စိတ်အပြည့်ရှိကြပါတယ်။ မိမိတိုင်းပြည်က နိုင်ငံတော်ပိုင်
Web Site တွေ ၀န်ကြီးဌာနပိုင် Web Site တွေအတိုက်ခံရပီဆိုရင် ၄င်းတိုက်ခိုက်
ကြသော Attacker များကို ငါတို့ နိုင်ငံမှာလည်း ဟက်ကာတွေရှိတယ်ဆိုတဲ့
အကြောင်းသိအောင် သူတို့ နိုင်ငံရဲ့ နိုင်ငံပိုင် Web Site တွေကို ပြန်လည်တိုက်
ခိုက်ကြခြင်းဖြင့် Cyber War သဖွယ် ဖြစ်ပျက်နေတာကတော့ကြာပါပီ... အခုဆို
လိုချင်တာက ထိုကဲ့သို့ Web Site တွေအတိုက်ခိုက်ခံလိုက်ရပီဆိုရင် ဘာတွေ
အမြန်လုပ်ရမလည်းဆိုတာကို ကျွန်တော်လေးစားရတဲ့ Team တစ်ခုဖြစ်တဲ့
Ghost Area ကနေ တဆင့် ကူးယူဖော်ပြပေးလိုက်ပါတယ်။ဘာလို့လည်းဆို
တော့ အများစုကတော့ DDos နည်းတွေနဲ့ တိုက်တယ်... Script တွေ Injected
လုပ်ပီးတိုက်တယ်... Shell တွေ Hesh တွေလွှတ်ပီး တိုက်ခိုက်ကြပါတယ်..
တစ်ကယ်တိုင်း ကိုယ်ပိုင်တဲ့ စိုက်ဒ်တွေကိုကော ကာကွယ်မှုအဆင့်ဘယ်လောက်
ရှိပီးပီလည်းလို့ မေးကြည့်လိုက်ရင်ကော.. ထို Attacker များ မည်သို့ ပြန်လည်
ဖြေကြားမည်နည်း.............
ကဲစလိုက်ရအောင်
Developer တော်တော်များများကြုံဖူးမှာပေါ့။ ဟာ ငါ့ ဆိုဒ်ကြီးဟက်ခံလိုက်ရ
တယ်။ ဒါမှမဟုတ်ကိုယ့်ဘာသာကိုယ် Share ချင်တယ့် စိတ်လေးရှိလို့ Blog
လေးရေးတယ်။ Blog လေး နာမည်ရလာတော့ မှဟက်ခံလိုက်ရတော့ လူက
 ငိုချင်သလိုလို ဒေါသတွေလိမ့်ထွက်နေမှာပေါ့။ ဟက်ခံရတယ်ဆိုကတည်းက
သိသိချင်း recover ယူရမှာပေါ့။ မဟုတ်ရင် ကိုယ်ကြိုးစားခဲ့တယ့် ဟာလေးတွေ
အလကားဟဿပျက်စီးကုန်မှာကိုး။ဒေါသထွက်နေမယ့် အစား စိတ်အေးအေးနဲ့
 ပြန်ပြင်မယ်။အိုကေ First Step ကိုလေးစလိုက်ရအောင်

၁.ကိုယ်သုံးနေတယ့် PC ကို Anti-virus နဲ့စစ်ပါ


Attacker ဟာ Website ရဲ့ exploit ကနေ ဖောက်တယ်လို့ပဲ
မယူဆထားသင့်ဘူး။ ဥပမာ Attacker က ကိုယ့်ကိုkeylogger
သော်လည်းကောင်း Remote access trojan (RAT) ထည့်ထား
ခဲ့မယ်ဆိုရင် လဲ ဆိုဒ်ရဲ့ loginpassword တွေပါသွားနိုင်တာပဲ။
ဒါကြောင့်ကိုယ့်စက်ကိုယ် အရင်ဆုံး Anti-virus နဲ့ အရင်ဆုံးစစ်
သင့်ပါတယ်။Avast လို မျိုးနဲ့စစ်ပေါ့။
၂.ကိုယ့် Website က Infected ဖြစ်မဖြစ်လဲ စစ်ကြည့်ပါ


Attacker က PC malware တွေနဲဟက်တာလား ဒါမှမဟုတ်
 website exploit ကနေ injection ထိုးသွားတာလဲဖြစ်နိုင်တာပဲ။
အဲ့တော့ ဘာပဲပြောပြော ကိုယ် website ကို patch လုပ်လို့ရ
အောင်တော့စစ်သင့်တယ်။ အဲ့ကျမှကိုယ် website က ဘာတွေ
ပေါက်နေတယ်ဆိုတာသိနိုင်တာပေါ့။ ဘာတွေနဲ့စစ်မလဲ။ Online
 site scannerတွေရှိပါတယ် Sucuri Monitor လိုမျိုး ပေါ့။ Shell
စစ်ဆိုတဲ့သဘောပါ ။
၃.ကိုယ့် site ကို Back up ပြန်လုပ်လိုက်ပါ

အမှန်ဆို တစ်ပတ်ကို တစ်ခါလောက်တော့ Back up ယူယူထားပါ။
တစ်ပတ်မဟုတ်ရင်တော့တစ်လတစ်ခါလောက်တော့ ယူထားသင့်
ပါတယ်။ ဟက်ခံရတယ့် အချိန်မှာတော့ website ကို SSH နဲ့ host
ကိုဝင်နိုင်သေးရင်တော့ ဆိုဒ်ထဲမှာရှိတယ့် directory တွေအားလုံးကို
Backup location ထဲကို ကူးပေါ့။ SSH နဲဝင်တာမဟုတ်ဘူး SFTP
ဒါမဟုတ် Web-based file manager နဲ့တင်တယ်ဆိုရင်လဲ ကူးလို့ရ
ရင် back upလုပ်ပါ။WordPress CMS ကိုသုံးရင်တော့ ” Tools >
 Export > All content ကနေပြီး Admin အနေနဲ့ download
ချလို့ရပါတယ်။
၎.ကိုယ် host ဝယ်ထားတယ့် Host provider နဲ့စကားပြောပါ

တစ်ခါတစ်လေမှာ Host ကနေ ထိတာတွေလဲရှိတယ်။ အဲ့ကျတော့
 တစ်ချို့ host တွေက သူတို့ ဆီကဝယ်ထားတယ့် Data base တွေ
 ကို backup ချထားပေးတတ်တာတွေရှိပါတယ်။ အကယ်၍ များ
ကံကောင်းစွာနဲ့သူတို့ဆီမှာ infected မဖြစ်သေးတယ့် back up
ရနိုင်ပါတယ်။ သူတို့က ကိုယ့်ကို vulnerability တွေပါဖြေရှင်းနည်း
 တွေပါပေးတတ်ပါတယ်။ Unfortunately တစ်ခုမှ အဆင်မပြေခဲ့ရင်…

၅.ပြုပြင်ဖို့ပြင်ဆင်ပါ
အပေါ်က နည်းတွေတစ်နည်းမှ အဆင်မပြေခဲ့ရင်တော့.. ကိုယ်ဆိုဒ်
က ဘယ်လို ထိတာလဲဆိုတာကိုသိသင့်ပါတယ်။ ဥပမာ Tim Thumb
 လိုမျိုး ပေါ့။ သိပြီဆိုရင်တော့ google သာပြေးပေတော့။ CMS
လိုမျိုးသုံးရင်တော့ သူများထိရင် ကိုယ်လဲထိဖို့သေချာပါတယ်။ WP
 မှာဆိုရင်တော့ တစ်ချို့ pulgin တွေကကယ်တင်ကောင်းကယ်တင်နိုင်
မယ်။ ဘယ်လို ထိတာလဲ ဆိုတာကိုတော့ Acunetix လိုမျိုး PC based tool
သော်လည်းကောင်း Sucuri Scanner လို Online Scanner တွေ နဲ့ စစ်ကြည့်ပေါ့
၆.ဆိုဒ်ကိုပိတ်ချလိုက်ပါ
ဒီအဆင့်က တော့ ဘာမှ ကယ်မရတော့ပါဘူး ဆိုရင်တော့ PHP
 bad code တွေကိုဖယ်မယ် ဆိုဒ်ကြီးကိုဒေါင်းပစ်လိုက်ပါ ။
နောက်မှ        ပြန်တင်ပါ။ အားလုံး ကို မတင်သေးပဲ စမ်းကြည့်နေပါ။
 အားလုံး clear ဖြစ်ရင်တော့ တင်လိုက်ပါ။ကိုယ်သိက္ခာဆယ်ချင်
ရင်တော့ Under construction လေးတင်ထားပေါ့လေ။
.Change Password

အိုဘားမားလိုပေါ့ ဗျာ Change Change။ အားလုံး Database
password ။ SSH password။ C-panel Passwordအားလုံးလုံး ပြောင်းပါ။

၈.အားလုံးအပြီးသတ်ပြန်စစ်ပါ

()PC ကိုစစ်
(၂) Back up ရှိရင် Backup ကို တင်
(၃) Vulnerability တွေရှိမရှိ စစ်
(၄) Plugin တွေပြန်စစ်
(၅) Data base မှာ malware ရှိမရှိစစ်ပါ

 Credit to : GhostArea

HUWEI Y-210 ဖုန်းမှာ LiveWallPaper ရဖို့...



ဒီအကြောင်းအရာလေးကို ကျွန်တော့်အဖြစ်အပျက်လေးနဲ့
နှိုင်းယှဉ်ပီးပြောပြမှာဖြစ်ပါတယ်။ တစ်နေ့ ကျွန်တော်.ကျွန်တော့်
ဆရာဦးရဲကြီးဆိုင်မှာ ထိုင်နေတုန်း သံဃာတော် တစ်ပါးက သူ့ဖုန်း
ထဲမှာ ငါးလေးတွေ သွားနေတဲ့ နောက်ခံလေးလိုချင်တယ်လို့ဆိုလာ
တော့ ကျွန်တော်လည်း စက်ထဲမှာရှိသမျှ Live Wallpaper တွေထဲက
နေရှာပီးထည့်ပေးလိုက်တယ်။ ထို့နောက် ၄င်းဖိုင်ကို Install လုပ်တာ
တော့ရသွားပီး ထုံးစံအတိုင်း Phone Background ချိန်းဖို့အတွက်
Option ကနေ Wallpaper ထဲကိုဝင်တော့ Live Wallpaper အတွက်
Sub Menu က မပါဘူး.. ခေါင်းတွေလည်းခြောက်သွားတာပေါ့.....
ကျွန်တော်က အခုမှ ဖုန်းလိုင်းထဲကို စ၀င်ခါစဆိုတော့ပေါ့.....ဒီမှာ
တစ်ခု တွေးကြည့်လိုက်တာ Firmware တစ်ခုခု ဖြစ်သွားတာလား
လို့ထင်မိလိုက်ပါတယ်။ ဘာလို့လည်းဆိုတော့ ဥူးဇင်းဖုန်းကလည်း
Root ဖောက်ပီးသားဆိုတော့ တစ်ခါတစ်လေ Super User ကနေမှား
ပီးဖျက်မိတဲ့အခါမျိုးမှာလည်း System Application တွေကို ပြန်ဆွဲယူ
လို့မရတာမျိုးကျွန်တော်ကိုယ်တိုင်ကြုံထားတာဆိုတော့ လာထားဆိုပီး
ဥူးဇင်းရဲ့ Firmware နံပါတ် (B829) ကနေပီးတော့ ကျွန်တော့်ဆီမှာရှိတဲ့
(B859) နဲ့ Firmware ကို ပြန်တင်ပလိုက်တာပေါ့.. အားလုံးပီးသွားတဲ့
အချိန်ကျတော့ ငိုချင်စိတ်က ထပ်ပေါ်လာပြန်ကောဗျာ... Live Wallpaper
ကို Support မလုပ်ပြန်သေးဘူး.. ကျွန်တော်လည်း Googling မလုပ်ပဲ
ကြိုးစားပေမယ့်မရတော့ပါဘူး... ထုံးစံအတိုင်း ကျွန်တော် အိမ်သာနက်
ကိုဖွင့်ပီး ရှာလိုက်တော့ တွေ့ပါပီဗျာ... သူ့အတွက်ဆိုပီး သီးသန့်
APK ဖိုင် နှစ်ခုပေါ့.... ဒါနဲ့ ပဲ ကျွန်တော်ဒေါင်းပီး Install လုပ်လိုက်တဲ့
အခါမှာတော့ ကိုယ်တော်ချောက အဆင်ပြေသွားကောဗျာ.....
 အဲဒီနေ့က အတွေ့အကြုံမှာ ကျွန်တော်ခံလိုက်ရတာက Y-210 မှာ
Live Wallpaper Support မလုပ်ဘူးဆိုတာကိုသိလိုက်ရပါတယ်။
၎င်း APK လေး နှစ်ခုကို သွင်းပီးတော့မှ သြ... အစောကြီးထဲကသာ
အဲဒီဖိုင်လေး နှစ်ခု ရလိုက်ရင် Firmware တောင်ပြန်တင်စရာမလိုဘူး
ဆိုတာကို သိလိုက်ရပါတယ်။... စာဖတ်သူများလည်း ၄င်း ပြဿနာမျိုး
ကြုံလာတဲ့အခါမှာ ဖြေရှင်းနိုင်ရန်အတွက် Live WallPaper Application
လေးကို  ဒီနေရာမှာတင်ပေးလိုက်ပါတယ်။အားလုံးပဲ အဆင်ပြေပါစေ..
Cristiano Zarni @ ဦးဇာနည်