Friday, January 10, 2014

HUWEI Y-210 ဖုန်းမှာ LiveWallPaper ရဖို့...



ဒီအကြောင်းအရာလေးကို ကျွန်တော့်အဖြစ်အပျက်လေးနဲ့
နှိုင်းယှဉ်ပီးပြောပြမှာဖြစ်ပါတယ်။ တစ်နေ့ ကျွန်တော်.ကျွန်တော့်
ဆရာဦးရဲကြီးဆိုင်မှာ ထိုင်နေတုန်း သံဃာတော် တစ်ပါးက သူ့ဖုန်း
ထဲမှာ ငါးလေးတွေ သွားနေတဲ့ နောက်ခံလေးလိုချင်တယ်လို့ဆိုလာ
တော့ ကျွန်တော်လည်း စက်ထဲမှာရှိသမျှ Live Wallpaper တွေထဲက
နေရှာပီးထည့်ပေးလိုက်တယ်။ ထို့နောက် ၄င်းဖိုင်ကို Install လုပ်တာ
တော့ရသွားပီး ထုံးစံအတိုင်း Phone Background ချိန်းဖို့အတွက်
Option ကနေ Wallpaper ထဲကိုဝင်တော့ Live Wallpaper အတွက်
Sub Menu က မပါဘူး.. ခေါင်းတွေလည်းခြောက်သွားတာပေါ့.....
ကျွန်တော်က အခုမှ ဖုန်းလိုင်းထဲကို စ၀င်ခါစဆိုတော့ပေါ့.....ဒီမှာ
တစ်ခု တွေးကြည့်လိုက်တာ Firmware တစ်ခုခု ဖြစ်သွားတာလား
လို့ထင်မိလိုက်ပါတယ်။ ဘာလို့လည်းဆိုတော့ ဥူးဇင်းဖုန်းကလည်း
Root ဖောက်ပီးသားဆိုတော့ တစ်ခါတစ်လေ Super User ကနေမှား
ပီးဖျက်မိတဲ့အခါမျိုးမှာလည်း System Application တွေကို ပြန်ဆွဲယူ
လို့မရတာမျိုးကျွန်တော်ကိုယ်တိုင်ကြုံထားတာဆိုတော့ လာထားဆိုပီး
ဥူးဇင်းရဲ့ Firmware နံပါတ် (B829) ကနေပီးတော့ ကျွန်တော့်ဆီမှာရှိတဲ့
(B859) နဲ့ Firmware ကို ပြန်တင်ပလိုက်တာပေါ့.. အားလုံးပီးသွားတဲ့
အချိန်ကျတော့ ငိုချင်စိတ်က ထပ်ပေါ်လာပြန်ကောဗျာ... Live Wallpaper
ကို Support မလုပ်ပြန်သေးဘူး.. ကျွန်တော်လည်း Googling မလုပ်ပဲ
ကြိုးစားပေမယ့်မရတော့ပါဘူး... ထုံးစံအတိုင်း ကျွန်တော် အိမ်သာနက်
ကိုဖွင့်ပီး ရှာလိုက်တော့ တွေ့ပါပီဗျာ... သူ့အတွက်ဆိုပီး သီးသန့်
APK ဖိုင် နှစ်ခုပေါ့.... ဒါနဲ့ ပဲ ကျွန်တော်ဒေါင်းပီး Install လုပ်လိုက်တဲ့
အခါမှာတော့ ကိုယ်တော်ချောက အဆင်ပြေသွားကောဗျာ.....
 အဲဒီနေ့က အတွေ့အကြုံမှာ ကျွန်တော်ခံလိုက်ရတာက Y-210 မှာ
Live Wallpaper Support မလုပ်ဘူးဆိုတာကိုသိလိုက်ရပါတယ်။
၎င်း APK လေး နှစ်ခုကို သွင်းပီးတော့မှ သြ... အစောကြီးထဲကသာ
အဲဒီဖိုင်လေး နှစ်ခု ရလိုက်ရင် Firmware တောင်ပြန်တင်စရာမလိုဘူး
ဆိုတာကို သိလိုက်ရပါတယ်။... စာဖတ်သူများလည်း ၄င်း ပြဿနာမျိုး
ကြုံလာတဲ့အခါမှာ ဖြေရှင်းနိုင်ရန်အတွက် Live WallPaper Application
လေးကို  ဒီနေရာမှာတင်ပေးလိုက်ပါတယ်။အားလုံးပဲ အဆင်ပြေပါစေ..
Cristiano Zarni @ ဦးဇာနည်

No comments:

Post a Comment