Sunday, December 13, 2015

ဖုန်းသို့မဟုတ် ကွန်ပျူတာကနေလုပ်ဆောင်ရန် 2 Step Verification Update

ဖုန်းသို့မဟုတ် ကွန်ပျူတာကနေလုပ်ဆောင်ရန် 2 Step Verification Update



2 Step Verification အကြောင်းကိုတော့ ရေးပေးခဲ့ဖူးတာ တော်တော်ကြာပါပြီ။
ဒါပေမယ့် G-mail ရဲ့ Themes တွေ Policy တွေ Privacy တွေပြောင်းသွားတာ
ကြောင့် နောက်ပိုင်းလူငယ်လေးတွေ မိမိအကောင့်ကို Security အတွက် 2 Setp
လုပ်တဲ့အခါမှာ ဘယ်နေရာကသွားပီး လုပ်ဆောင်ရမှန်းမသိမှာစိုးလို့ ပြန်လည်
ရေးသားပေးလိုက်ပါတယ်။ ဘာကြောင့်ဒီလိုလုပ်ရလည်းဆိုတာမရှင်းပြခင်မှာ
ဘာကြောင့်လုပ်သင့်သလည်း (လုပ်ကိုလုပ်ရမလည်း) ဆိုတာကိုပြောခွင့်အရင်
ပြုပါ။ ကျတော်တို့ မည်သို့သော Facebook Recovery သမားတွေမဆိုအကောင့်
တစ်ခုကို Recovery ဆွဲတော့မယ်ဆိုရင် အရင်ဆုံး Target က G-mail ကိုအဓိက
ထားပီး တိုက်ခိုက်တာဖြစ်ပါတယ်။ အများစုက Facebook ကိုသာ Security ပိုင်း
ကို အသားပေးကြပေမယ့် G-mail မှာကြတော့ Weak ဖြစ်နေပီး အလွယ်တကူ
ပေါက်သွားကြတာမျိုးတွေရှိပါတယ်။ မည်သို့သော အကြောင်းတွေကြောင့်လည်း
ဆိုရင်တော့ သင့်ရဲ့ Mail က COC တစ်ခုတည်းသိုမဟုတ် Facebook သုံးဖို့
တစ်ခုတည်းအတွက်သာသတ်မှတ်ထားတယ်ဆိုရင် သင့်အကောင့်က လုံခြုံမှုအဆင့်
10% လောက်ပဲရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ Mail တစ်ခုကို Recovery
ဆွဲရင် 5 Frequency E-mail ဆိုတဲ့နေရာမှာ Skip လုပ်သွားနိုင်လို့ပါ။ ကဲ စကား
တွေများနေမှာစိုးလို့ အခု ကျတော်က သာမာန် အသုံးပြုသူတွေအတွက် ဖုန်းက
နေရာ ကွန်ပျူတာကနေပါဘယ်လိုလုပ်ဆောင်ရမလည်းဆိုတာကိုရှင်းပြပါ့မယ်။
ကွန်ပျူတာကနေလုပ်ဆောင်ချင်လျှင်
အရင်ဆုံး မိမိ မေးလ်ထဲကိုဝင်ထားပါမယ်။ ထို့နောက်တော့အောက်ပါပုံအတိုင်း



My account ဆိုတာကိုနှိပ်လိုက်တဲ့အခါမှာတော့ Tab တစ်ခုအနေနဲ့ တက်လာမှာ
ဖြစ်ပါတယ်။ အဲ့ဒီနေရာမှာတော့




အထက်ပါပုံအတိုင်း Sign-in & security ဆိုတာကို နှိပ်လိုက်ပါမယ်။ပြီးသွားရင်တော့



အထက်ပါပုံအတိုင်းမှ 2-step Verification ဆိုတဲ့ တန်းလေးမှာ အနီရောင်အကွက်
လေးကို တစ်ချက်နှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့ အောက်ပါအတိုင်း



2 Step ကို Enable လုပ်ဖို့ ပေါ်လာရင် Start set up ဆိုတဲ့ အနီရောင်အကွက်လေး
ကို နှိပ်ပေးလိုက်ပါမယ်။ထို့နောက်တော့



အထက်ပါပုံအတိုင်း Phone number ဆိုတဲ့နေရာမှာ မိမိအကောင့်ကိုတစ်ခါဝင်တိုင်း
တစ်ခါ Code ပြန်ပို့နိုင်မယ့် အမြဲတမ်းသုံးမယ့် ဖုန်းနံပါတ်ကိုထည့်လိုက်ပါမယ်။
ဒီနေရာမှာ တစ်ခုပြေချင်တာက သင်ဟာ English စကားကို ကောင်းမွန်စွာနားလည်
နိုင်မယ်ဆိုရင်တော့ Voice Call ကို ရွေးချယ်ပီး Send Code ဆိုတာကိုနှိပ်လိုက်ပါမယ်။
ဒါဆိုရင် သင့်ဖုန်းကို Google Server ကနေ ဖုန်းလှမ်းခေါ်ပီး Code ကို သင့်ကိုပြောပါ
လိမ့်မယ်။ ဒီရောမှာ ကျတော်ကတော့ Text Message (SMS) ဆိုတာကိုရွေးချယ်ပေးပီး
တော့ Send code ဆိုတာကိုရွေးလိုက်ပါမယ်။ ဒီနေရာမှာ သင့်ဖုန်းထဲသို့ Google Verify
Code ကိုလှမ်းပို့ပါလိမ့်မယ်။ထို့နောက်တော့



သင့်ဖုန်းထဲ ၀င်လာတဲ့ Code ၆ လုံးကို Enter verification code ဆိုတဲ့ နေရာမှာ
ရိုက်ထည့်ပီးတော့ Verify ဆိုတာကိုနှိပ်လိုက်ပါမယ်။ထို့နောက်တော့အောက်ပါ
အဆင့်တွေကို




Next…. Confirm ဆိုတာကို နှိပ်ပေးလိုက်ပါမယ်။ဒီလိုအချက်တွေလုပ်ဆောင်ပီးပီ`
ဆိုရင်တော့ သင့်အကောင့်ကို 2 step verification ဖွင့်ထားပီးလို့ လုံခြုံသွားပါပြီ။
ဒါပေမယ့် ဒီနေရာမှာ တစ်ခုပြောချင်တာက သင်က သင့်အကောင့်ကို Security
အတွက် ဖုန်းခံလိုက်ပေမယ့် အကယ်လို့များ သင့်ဖုန်းနံပါတ်ပျောက်သွားတယ်
ဆိုရင် အဲ့ဒီမှာ ပြန်ပီး တိုင်စပတ်ပါလိမ့်မယ်။ သင့်ဖုန်းကို တစ်ခြား Devices, Browser
တွေကနေပြန်ဝင်တဲ့အခါ ဖုန်းနံပါတ်ကို Code လှမ်းပို့ပေမယ့် သင့်ဖုန်းက ပျောက်
နေတယ်ဆိုရင် ဘယ်လိုမှ Access လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကျတော်တို့
က ဖုန်းမပါပဲ Code ၁၀ လုံးကို အရယူထားပါမယ်။ ဒါကြောင့်



Backup codes ဆိုတဲ့နေရာမှာ Perint or download ဆိုတာကို နှိပ်လိုက်ရင်
Tab တစ်ခုအနေနဲ့ အောက်ပါအတိုင်းပေါ်လာမှာဖြစ်ပါတယ်။



ထိုအခါမှာ သင့်မျက်စိရှေ့မှာမြင်ရတဲ့ Code ၁၀ လုံးကို Print ထုတ်ထားပီး
သင့်အိမ်မှာဖြစ်ဖြစ် သင်ကိုင်နေတဲ့ ပိုက်ဆံအိတ်ထဲမှာဖြစ်ဖြစ်သိမ်းထားပီး
အရေးပေါ်အသုံးပြုနိုင်ပါတယ်။ ကဲ ဒါကတော့ ကွန်ပျူတာကနေလုပ်ဆောင်
ရတာပါ။
ဖုန်းကနေလုပ်ဆောင်ရအောင်
အရင်ဆုံး သင့်ဖုန်းထဲမှ ဘရောက်ဇာတစ်ခုခုကိုဖွင့်လိုက်ပမယ်



ထိုကနောက်တော့ မှင်အနီရောင်လေးဝိုင်းပြထားတဲ့နေရာမှာ Sign In ဆိုတာကို
နှိပ်လိုက်ပါမယ်။ ပြီးသွား၇င်တော့



သင့်အကောင့်ကို ရိုက်ထည့်ပါမယ်။



ထိုကနောက်တော့ အောက်ပါပုံအတိုင်းပေါ်လာရင်တော့



မျှားအနီလေးနဲ့ မှင်အနီရောင်လေးဝိုင်းပြထားတဲ့နေရာမှရှိတဲ့ Desktop ဆိုတာလေးကို
နှိပ်လိုက်ပါမယ်။ဒါဆိုရင် လက်ရှိ Mobile View ကနေ Desktop View ကို ပြန်ပြောင်း
သွားတဲ့အတွက်  Refresh ပြန်လုပ်သွားပါလိမ့်မယ်



ထိုကနောက်တော့ အောက်ပါ့အတိုင်း



My account ဆိုတာလေးကို နှိပ်ပေးလိုက်ပါမယ်။ ဒီနေရာမှာလည်း ကွန်ပျူတာတုန်းကလို
မျိုး Tab တစ်ခုအနေနဲ့ ပြန်တက်လာမှာဖြစ်ပါတယ်။



ထို့နောက် အထက်ပါပုံအတိုင်းမှာ Sign-in & security ကိုနှိပ်ပေးလိုက်ပမယ်။
ပီးရင်တော့ အောက်ပါအတိုင်းမှ



2-step Verification ဆိုတဲ့ အနီရောင်ဝိုင်းပြထားတဲ့နေရာလေးကိုနှိပ်လိုက်
ပါမယ်။ထို့နောက်တော့အောက်ပါအတိုင်း



ပေါ်လာရင်တော့ အနီရောင် အ၀ိုင်းလေးမှ Start set up ကိုနှိပ်ပီး



အထက်ပါအတိုင်း မိမိဖုန်းနံပါတ်ကို ထည့်လိုက်ပါမယ်။ပီးရင်တော့ Text message(SMS)
ကိုပဲ ရွေးပီး Send code ကို နှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့ သင့်ဖုန်းထဲဝင်လာတဲ့ Code
၆လုံးကို



အထက်ပါ Box အထဲမှာရိုက်ထည့်လိုက်ပီး Verify လုပ်လိုက်ပါမယ်။ဒါဆိုရင်တော့



အထက်ပါအတိုင်းမှ Next ကိုနှိပ်ပါမယ်။ထပ်ပေါ်လာရင်တော့ Confirm နှိပ်လိုက်ရုံပါပဲ… ဒါဆိုရင်တော့သင့်ရဲ့ အကောင့်က



အထက်ပါအတိုင်း 2 Step verification နေရာမှာ မီးစိမ်းလေးနဲ့ On ဆိုတာဖြစ်နေရင်
စိတ်ချရပါပီ…. အခုကျတော်ပြောတဲ့နည်းကတော့ 2 Step verification ကို ကွန်ပျူတာ
ကနေသော်လည်းကောင်း ဖုန်းကနေသော်လည်း ကောင်းလုပ်ဆောင်တဲ့နည်းကို ပြန်လည်
Update လုပ်ပေးထားတာဖြစ်ပါတယ်။အားလုံးပဲ အဆင်ပြေမယ်လို့ ယုံကြည်မျှောင်လင့်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ဦးဇာနည်