Thursday, December 10, 2015

ခန့်မှန်းရခက်တဲ့ G-mail တစ်ခု ဘယ်လိုပေးမလည်း ?

ခန့်မှန်းရခက်တဲ့ G-mail တစ်ခု ဘယ်လိုပေးမလည်း?



ယနေ့ကျတော်ပြောချင်တဲ့အကြောင်းအရာကတော့ Facebook
ပေါ်မှာ Recovery သမားတွေအများဆုံး G-mail ကို ခန့်မှန်းပြီး
Account တွေကို Hack လုပ်တဲ့ရန်ကနေကာကွယ်နိုင်ဖို့ဖြစ်ပါတယ်။
ဆိုလိုတာကတော့ အသုံးပြုသူ Normal User အများစုက မိမိအကောင့်
ရဲ့ Mail ကိုပေးတဲ့အခါမှာ ဥပမာ.. User ရဲ့ နာမည်က Zarni Thann Wynn
ဆိုပါစို့… ပုံမှန်ဆိုရင်တော့ ထို User က သူ့ရဲ့ Mail ကို zarnithannwynn@gmail.com
သို့မဟုတ် mr.zarnithannwynn@gmail.com လို့ပဲပေးမိမှာပါ။ ဘာကြောင့်
အရှေ့က mr. ဆိုတာထည့်ရသလည်း ဆိုတော့ အသုံးပြုသူဟာ ယောင်္ကျားလေး
ဖြစ်တဲ့အတွက်ကြောင့် mr. ဆိုတဲ့စာသားကိုခံသုံးတာပါ။ ဒါဆိုရင်အကယ်လို့
Reocvery သမားတစ်ယောက်က ထိုUser ရဲ့ အကောင့်ကို Hack လုပ်ချင်တဲ့
အခါမှာ ထုံးစံအတိုင်း ထိုသူရဲ့ G-mail ကို ဘာသုံးထားလည်း ဆိုတာသိရှိဖို့
အတွက် Facebook ကနေ Forget Password နှိပ်ပီး အောက်ပါပုံအတိုင်း




ခန့်မှန်းပါလိမ့်မယ်။ ဒီနေရာမှာ Password Reset ချဖို့အတွက် Mail သတ်
မှတ်ထားတဲ့နေရာမှာ အရှေ့ဆုံးစာလုံးနဲ့အနောက်ဆုံး စာလုံးမရောက်ခင်ကြား
က *******  တွေကို အလုံးအရေအတွက်အလိုက်မှတ်သားလိုက်ပါတယ်။
ပြီးသွားရင်တော့ခုနက ချရေးချရေးထားတဲ့ နာမည် Zarni Thann Wynn သို့မဟုတ်
Mr. Zarni Than Wynn စတဲ့ အလုံးအရေအတွက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး
G-mail ရဲ့ Recovery Page မှာ ရိုက်ထည့်ပြီး စစ်ကြည့်လိုက်ပါတယ်။



ကျိန်းသေသလောက်ရှိသွားပီဆိုရင်တော့ ကျတော်တို့က ထို နာမည်နဲ့
G-mail ကို Recover ဆွဲကြည့်လိုက်ပါမယ်။အထက်ပါပုံအတိုင်းပေါ့…




ဒါဆိုရင် ကျိန်းသေပါတယ်။ ဒီနာမည်နဲ့ ဒီ Mail ကိုသုံးတာပါ။ ဒီတော့
ကျတော်တို့လို့ Normal User တွေက မိမိရဲ့ Mail ကိုပေးတဲ့အခါမှာ
နာမည်အရင်းတွေကို ပေးပြီးသုံးစွဲတတ်ကြတာများပါတယ်။ ဒီဟာအား
နည်းချက်တစ်ခုပါပဲ… ဒီတော့ ကျတော်တို့က ဒီလိုအားနည်းချက်ကို
Recovery သမားတွေ Guess လုပ်ဖို့မလွယ်အောင် နာမည်အရင်းကို
မိမိ အသုံးပြုတဲ့ Mail အတွက် အသုံးပြုမယ်ဆိုရင်တောင် အတိအကျ
မရေးပဲနဲ့.. ဥပမာ အားဖြင့်…… zarnithannwynn@gmail.com ဆိုပါစို့
ဒီနေရာမှာ ကျတော်တို့က zarn1thannwynn@gmail.com လို့သုံးမယ်
ဆိုရင်ပိုပြီး အဆင်မပြေဘူးလား ? … ပြေတာပေါ့.. မိမိနာမည်နဲ့ အကောင့်
စဖွင့်ကတည်းကလည်းလွယ်လွယ်ကူကူဖွင့်လို့ရသလို Recovery သမားတွေ
ထိုအကောင့်ကို လိုက်တဲ့အခါမှာလည်း မျက်စိလည်သွားတတ်ပါတယ်။ ဆိုလို
တာက ထိပ်ဆုံးစာလုံး z************n@gmail.com ဆိုတာမှန်ပေမယ့်
ဘာကြောင့် Recovery ဆွဲလို့မရတာလည်း ဆိုတာ မိမိကမပြောရင် အလွယ်
တကူသိနိုင်မှာမဟုတ်ပါဘူး။ ဒီတစ်ချက်က သင့်အကောင့်ကို Recovery ဆွဲတဲ့
အခါမှာ Safe side ဖြစ်စေပါတယ်။ နောက်ထပ်နာမည်တစ်ခုအနေနဲ့ဥပမာ
ပြရင် heinkyawswartun@gmail.com ဆိုတာကိုသိထားရင်သူ့အကောင့်ရဲ့
G-mail ကို လိုက်ကြည့်တဲ့အခါမှာ




လို့ပြနေပါလိမ့်မယ်။ ဒီတော့ သူ့နာမည် heinkyawswartun@gmail.com ဆိုတာကို
သုံးတာထက် h3inkyawsw4rtun@gmail.com လိုမျိုး “ i ” တို့ “  a ” တို့နေရာမှာ
တစ်ခြား ဂဏာန်းတွေအစားထိုးထည့်သုံးရင် ပိုပြီး အဆင်ပြေစေပါတယ်။အခုကျတော်
ပြောသွားတဲ့အဆင့်တွေက G-mail ရဲ့ အကောင့် Name ကို အလွယ်တကူခန့်မှန်းရ
ခက်အောင် ပေးတဲ့နည်းပဲဖြစ်ပါတယ်။ အကယ်လို့ သင့် G-mail ကို Security တွေ
မခံရသေးဘူးဆိုရင်တော့ အောက်ပါလင့်ခ်တွေမှာ သွားရောက်ဖတ်ရှု ပါဦး…..
# G-mail ကို 2 Step ခံထားဖို့အတွက်
# Facebook ကို Security မြှင့်ထားဖို့အတွက်
အားလုံးအဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
စာဖတ်သူမိဘပြည်သူအပေါင်းကို အစဉ်လေးစားလျှက်
Cristiano Zarni@ဦးဇာနည်


Tuesday, December 8, 2015

Photoshop ကနေ Pencil Sketch Effect လုပ်နည်း


Photoshop ကနေ Pencil Sketch Effect
လုပ်နည်းလေး Tuto တင်ပေးရင်ကောင်း
မလားလို့ ။ ကို့ကောင်မလေးဓာတ်ပုံကို
Photoshop လေးနဲ့ ခဲပန်းချီပုံစံလေးလုပ်၊
ခဲပန်းချီဆွဲတဲ့ စာရွက်ပေါ်မှာ Print ထုတ်ပြီး
အပေါ်ကနေ ခဲမှုန်လေး ပါးပါးနဲ့ လိုက်ကလိ
လိုက်ပြီး မိမိကောင်မလေးကို Fake လေးနဲ့
"သဲ အတွက် ကို ကိုယ်တိုင် အပင်ပန်းခံဆွဲ
ထားတာပါသဲရယ်" ဆိုပြီး ဖောရှောလုပ်လို့
ရမယ့် အကွက်လေးပါ.....

ပျောက်သွားတဲ့ ဖုန်းတစ်လုံးကို ခြေရာခံကြည့်ရအောင်

ပျောက်သွားတဲ့ ဖုန်းတစ်လုံးကို ခြေရာခံကြည့်ရအောင်



မင်္ဂလာပါ ဒီနေ့ပြောမယ့် အကြောင်းအရာကတော့ သင့်ရဲ့ ပျောက်သွားတဲ့
ဖုန်းတစ်လုံးကို ခြေရာခံနည်းဖြစ်ပါတယ်။ ဒီနည်းလမ်းက အရမ်းအတိအကျ
ကြီးမဟုတ်တာတောင်မှ ရေနစ်နေတဲ့လူတစ်ယောက်က မြတ်ပင်တစ်ပင်ကို
မိမိရရ စုပ်ကိုင်သလိုပဲ မျှော်လင့်ချက်မဲ့နေတဲ့ အချက်ထဲကမှ မျှော်လင့်ချက်
လေးတစ်ခုကို လုပ်ဆောင်တာပဲဖြစ်ပါတယ်။ သူ့အကြောင်းကိုမပြောပြခင်
မှာ သူ့ရဲ့ လုပ်ဆောင်ချက်လေးကို အရင်ပြောကြည့်ရအောင်….
သူ့မှာ မိမိဖုန်းကို Control, Message, Lock စတာတွေကိုလုပ်ဖို့အတွက်
E-mail Account တစ်ခုလိုပါမယ်။ ပြီးရင် ထိုဖုန်းမှာ GPS ဖွင့်စရာမလိုပဲ
WiFi Access သို့မဟုတ် Internet Access သုံးမိလိုက်တဲ့အချိန်မှာတင်
မိမိက Web ပေါ်ကနေ Message, Lock , Alarm စသည်တို့က တန်းပြီး
တက်လာမှာဖြစ်ပါတယ်။ ကဲ စလိုက်ရအောင် အရင်ဆုံးတော့ သင့်ဆီမှာ
Mail တစ်ခုရှိတယ်လို့ သတ်မှတ်ထားပါမယ်။ ဒါကြောင့် အရင်ဆုံး
https://panel.preyproject.com/signup?utm_source=sitea&utm_medium=botonsignup&utm_campaign=top မှာသွားပြီး Register လုပ်လိုက်ပါမယ်။



အထက်ပါအတိုင်း လိုအပ်တဲ့နေရာတွေကိုဖြည့်ပြီး Sign Up ဆိုတာကို
နှိပ်ပေးလိုပါမယ်။ ဒါဆိုရင်တော့ သင် Register လုပ်လိုက်တာကို သင့်ရဲ့
Mail ထဲကို ပြန်ပို့ထားပြီး Activate လုပ်ခိုင်းပါလိမ့်မယ်။ဒါဆိုရင်သင့်
မေးလ်ထဲကနေပြီးတော့



အထက်ပါပုံအတိုင်းရောက်နေတဲ့နေရာကနေ Go To My Account ဆိုတာကို
နှိပ်လိုက်ပါမယ်။ ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း



သင်ခုနက Register လုပ်ခဲ့တဲ့ Mail နဲ့ Password ကိုရိုက်ပြီး ၀င်လိုက်ပါ့မယ်။
ထို့နောက် သင့် ဖုန်းအတွက် လိုအပ်တဲ့ APK ကိုတော့
https://play.google.com/store/apps/details?id=com.prey မှာဒေါင်းလုပ်ဆွဲယူပါမယ်။



ဒါဆိုရင်တော့ သင့်ဖုန်းထဲကိုလည်း ထို Prey APK ကို သွင်းပြီးသွားပြီလို့
ယူဆလိုက်ပါပြီ…



ဒါဆိုရင်တော့ ကျတော်တို့က သင့်ဖုန်းထဲမှာ ၀င်ထားတဲ့ Mail နဲ့ Prey
ကို အကယ်လို့များ သင့်ဖုန်းက ပျောက်သွားသည်ရှိသော် Web ပေါ်ကနေ
ပထမဦးဆုံး ပေးထားတဲ့ Prey Link ကိုဝင်ပြီး မိမိဖွင့်ထားတဲ့ Mail Account
နဲ့ Sign In ၀င်လိုက်ပါမယ်။ ထို့နောက်တော့ ကျတော်တို့က ဘယ် Device
ကို Add လုပ်ထားမှာလည်း ဆိုတာကိုသတ်မှရမှာဖြစ်ပါတယ်။ ဒီတော့
Prey ရဲ့ Web Page ထဲရောက်သွားပီဆိုရင် ဘယ်ဖက်ခြမ်းကနေ Add New
Device ကိုနှိပ်ပေးလိုက်ပါမယ်။



ထိုအခါမှာ သင့်ရဲ့ Device က ဘာအမျိုးအစားလည်း ဆိုတာကို သတ်မှတ်ပေး
ရပါမယ်။ အကယ်လို့ သင်ဟာ iOS User ဆိုရင် iOS ကိုရွေးပေးရပါမယ်။
ကျတော်ကတော့ Android User ဖြစ်တဲ့အတွက်ကြောင့် Android ကိုရွေးချယ်
ပေးထားပါတယ်။ ဒီနေရာမှာ ကျတော်တို့က Phone Devices တွေတင်မကပဲ
PC တွေ MAC တွေကိုပါ လှမ်းပြီး Trace  လိုက်လို့ရပါတယ်။ ကျတော Android
ကိုရွေးချယ်လိုက်ပါပြီ။



ဒါဆိုရင် ကျတော့်ရဲ့ Devices ကို တွေ့ရှိသွားတာဖြစ်လို့ Available ဆိုပြီး မီးစိမ်းလေး
ပြနေတာပါ။ ဒီအနေအထားမှာ တစ်ခုပြောချင်တာက အကယ်လို့ သင့် Device က
Internet Access မမိထားဘူးဆိုရင် နောက်ထပ်ရှင်းပြမယ့် လုပ်ဆောင်ချက်တွေက
ချက်ချင်း Effect ဖြစ်မှာမဟုတ်ပေမယ့် ထို Device က အင်တာနက်ကို Access လုပ်
မိလိုက်တာနဲ့ တစ်ပြိုင်နက်တည်းမှာ မိမိ Commend ပေးထားသမျှတွေအကုန်လုံး
Effect ဖြစ်လာမှာဖြစ်ပါတယ်။ ကဲ ထပ်သွား၇အောင် ….အခုအနေအထားက သင့်
ဖုန်းကလည်း အင်တာနက်ကို Access ဖြစ်နေတဲ့အချိန်၊ သင်ကလည်း သင့်ဖုန်းကို
Trace လိုက်နေတဲ့အနေအထားမျိုးပါ။ သင့်ဖုန်းရဲ့ Location ကတော့ အောက်ပါပုံ
အတိုင်း



မြန်မာနိုင်ငံ ၊ ရန်ကုန်ထဲမှာပါ….. ကဲ လမ်းနာမည်တွေအတိအကျသိရအောင်
Map ကို Zoom ဆွဲလိုက်ပါ့မယ်။



ကဲ…. တွေ့ပါပြီဗျာ… သင့်ပျောက်သွားတဲ့ဖုန်း ဘယ်နေရာမှာအင်တာနက်သုံးနေ
လည်းဆိုတာကို သိပီဆိုရင် သင်က ရုပ်ရှင်ကားတွေထဲကအတိုင်း “ကျားပျံ”အဖွဲ့
ကိုစေလွှတ်ပြီး သွားဖမ်းပါ့မယ်။ :P ……. ဒီတော့ သင့်ဖုန်းရောက်နေတဲ့နေရာကို
သိအခုသိပီဆိုရင် ချက်ချင်းပဲ သင့်ဖက်က ဘာတွေလုပ်နိုင်မလည်းဆိုတော့…



အထက်ပါပုံအတိုင်း ညာဖက်ခြမ်းနားက Sound Alarm, Send Message,
Toggle Camouflage, Lock Device တွေကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ဒီနေရာမှာ ကျတော်တို့က အဓိက ကျတဲ့လုပ်ဆောင်ချက်ကိုပဲလုပ်ဆောင်ပါမယ်။
ဒီတော့ အရင်ဆုံး Send Message ဆိုတာကို ပို့ပါ့မယ်။ ဆိုလိုတာက ဟက်ကင်း
လောကရဲ့ SE (Social Engineering) ကိုသုံးမှာဖြစ်ပါတယ်။ ဘာကြောင့်သုံးလည်း
ဆိုတာကို ရှင်းပြပါ့မယ်။ သင့်ဖုန်းကို ယူသွားတဲ့သူက သူ့ရဲ့ လောဘကြောင့်သင့်ကို
ပြန်မပေးချင်တာလေ… ဒီတော့ ကျတော်တို့က သူ့ရဲ့ လောဘကို လောဘထပ်ဆင့်
ပြီး ပေးဖို့အတွက် SE လှလှလေးထိုးပါ့မယ်။ Send Message ဆိုတာကို နှိပ်လိုက်ပြီး



ပို့မယ့် Message Box ထဲမှာ လောဘအပေါ်ကို လောဘထပ်ဆင့်ပြီး လောဘထပ်
တက်စေမယ့် စကားလုံးလေးတွေနဲ့ ထောင်ဖမ်းလိုက်ပါမယ် ဒါကြောင့် Confirm
ကိုနှိပ်လိုက်ပါ့မယ်။ ဒါဆိုရင်တော့ သင့်ပျောက်သွားတဲ့ဖုန်းထဲမှာလည်းအောက်ပါ
ပုံအတိုင်း မက်မောစရာ Message တစ်ခုကရောက်လာပါလိမ့်မယ်။



ဒါဆိုရင် သင်က Message ဖြင့် SE ထိုးပြီးသွားလို့ သူ့ဖက်က ဖုန်းလှမ်းဆက်
ပြီးဆိုရင် အသံဖြင့် စကားလုံးလှလှလေးတွေသုံးပြီး SE ထပ်ထိုးပါ့မယ်။ ဒီအနေ
ထားထိ ရလာပီဆိုရင်တော့ သင့်ဖုန်းကို သင့်ရှေ့ရောက်လာရင် ယူသွားတဲ့သူ
ကို သူခိုးအဖြစ် သတ်မှတ်ရအောင်လို့သင့်ရဲ့ Devices ကို သင့်စိတ်ကြိုက်
Password ပေးလိုက်ပါမယ်။ညာဖက်ခြမ်းမှာ Lock Device ကိုနှိပ်ပီးတော့



သင့်စိတ်ကြိုက် Password ကိုပေးပြီး Confirm လုပ်လိုကပါမယ်။ ဒါဆိုရင်
သင့်ဖုန်းမှာလည်း Screen Off ဖြစ်သွားပီး ဖွင့်တဲ့အခါကျရင်


Description: C:\Users\IT\Desktop\Trace to Losted Phone\016.jpg

အထက်ပါပုံအတိုင်း သင့်ဖုန်းက သင်လှမ်းပေးလိုက်တဲ့ Password အတိုင်း
ဖြစ်နေပီး သူမဖွင့်နိုင်လို့ သင်ဖွင့်ပြလိုက်ရင် ဒါဟာ သင့်အတွက် သက်သေ
တစ်ခုဖြစ်ပီး သင့်ဖုန်းကို အလွယ်တကူပြန်လည်ရယူနိုင်မှာဖြစ်ပါတယ်။
ကဲ ဒီလောက်ဆိုရင် အဆင်ပြေကြမယ်ထင်တယ်။

Cristiano Zarni@ဦးဇာနည်