Friday, July 8, 2016

 အေးချမ်းစွာ အနားယူ ပါတော့ သူငယ်ချင်း
မင်းတတ်နိုင်သလောက် ကူညီခဲ့ပြီးပြီပဲ
ငါတို့ အားလုံးသတိရနေ မှာပါ


Thursday, May 19, 2016

Facebook ကနေ Video တိုက်ရိုက်ထုတ်လွှင့်ပြသခြင်း (Android)

Facebook ကနေ Video တိုက်ရိုက်ထုတ်လွှင့်ပြသခြင်း



ကျတော်တို့ ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့
Facebook ပေါ်က နေ မိမိရဲ့ လှုပ်ရှားမှုခဏတာလေးပဲ ဖြစ်ဖြစ်
မိမိ ပြောချင်တဲ့အကြောင်းအရာလေးပဲ ဖြစ်ဖြစ်ကို Video File
လေးအဖြစ်နဲ့ တိုက်ရိုက်ထုတ်လွှင့်ပြသမှုအကြောင်းကို ဘယ်လို
လုပ်ရမလည်းဆိုတာလေးရှင်းပြမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျတော်က
Facebook က တိုက်ရိုက် Support လုပ်ထားတဲ့ Live Subscribe နဲ့
မဟုတ်ပဲ APK တစ်ခုဖြင့် Android ပေါ်ကနေ လုပ်ဆောင်ပြမှာဖြစ်ပါတယ်။
ဘာကြောင့်လည်း ဆိုတော့ Facebook နေ တိုက်ရိုက်အတွက်ကတော့
အသုံးပြုသူ User အနေနဲ့ IOS ကိုအသုံးပြုမှ ရတာဖြစ်ပြီး အခြေခံလူ
တန်းစားတွေအတွက်တော့ IOS ဆိုတာ မလွယ်ကူပဲ Android သာ
လွယ်ကူသောကြောင့် အခြေခံလူတန်းစားများအတွက် ဦးစားပေး
ရေးသားပေးမှာဖြစ်ပါတယ်။ IOS မှာဆိုရင်တော့…
1.     Log into the Facebook iOS app or Facebook Android app
2.     Tap Description: https://fbcdn-dragon-a.akamaihd.net/hphotos-ak-xfa1/t39.2365-6/10333108_1419398035010197_925025782_n.jpg at the top of your Timeline, News Feed or Page
3.     Tap Description: https://fbcdn-dragon-a.akamaihd.net/hphotos-ak-xal1/t39.2365-6/12330640_1721422168093883_1839533307_n.png
4.     Write an optional description for your broadcast
5.     Tap Go Live to begin your broadcast
ဖြစ်ပြီး… Android အတွက်ကတော့ အရင်ဆုံး ကျတော်တို့က
ကနေတဆင့်


ကို သင့်ရဲ့ Android ထဲကို Install လုပ်လိုက်ပါမယ်။ ပြီးသွား၇င်တော့
ကျတော်တို့က ဖုန်းထဲကနေ ထို App ကို ဖွင့်လိုက်ပမယ်။



ဒီနေရာမှာ ကျတော်တို့က G+ Sign in with Google ဆိုတာကို နှိပ်လိုက်ပြီး



သင့်ရဲ့ Facebook မှာ အသုံးပြုတဲ့ E-mail တစ်ခုခုကို ထည့်လိုက်ပါမယ်။
ပြီးသွားရင်တော့ Next ကို နှိပ်လိုက်ပါမယ်။



ကျတော့အကောင့်ကတော့ GA ခံထားလို့ Code ထည့်လိုက်ပါတယ်။
စာဖတ်သူကတော့ ဒီအပိုင်းပါမယ်မထင်ပါဘူး။ ထို့နောက်တော့



အထက်ပါပုံအတိုင်းပေါ်လာရင်တော့ ကျတော်တို့က Allow ကိုနှိပ်လိုက်ပါမယ်။
ပြီးသွား၇င်တော့



အထက်ပါပုံအတိုင်း Loading ဆွဲနေပါလိမ့်မယ်။ ထို့နောက်တော့
ကျတော်တို့က Live Stream လုပ်ဖို့အတွက် အကောင့်ကို FB
အသုံပြုတဲ့အကောင့်ထည့်ထားပေမယ့် Live Stream ရဲ့ Server
မှာ Activate ဖြစ်ရန်အတွက်နဲ့ Youtube မှာလည်း Verify လုပ်ရပါမယ် ဒါကြောင့်



ဒါကြောင့် ကျတော်တို့က Verify to go live ဆိုတာကို နှိပ်လိုက်ပါမယ်။
ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း



ပေါ်လာပြီးရင်တော့ Youtube Channel ကနေ



စည်းကမ်းချက်တွေကို လက်ခံပါကြောင်းAgree လုပ်ပေးလိုက်ပါမယ်။
ပြီးသွားရင်တော့



အထက်ပါပုံအတိုင်း  သင့်ရဲ့ Live Stream အတွက် Youtube မှာလည်း
Verify ဖြစ်သွားပါပြီး ဒါဆိုရင်တော့ ကျတော်တို့က ဖုန်းကနေ Back Key
တစ်ချက်နှိပ်လိုက်ပြီး ထွက်လိုက်ပါမယ်။ဒါဆိုရင်တော့ခုနက



Go Live ကို Verify လုပ်နေတာကိုမြင်ရပါမယ်။ ဒီနေရာမှာ အနည်းငယ်ကြာပါမယ်။
ကျတော့တုန်းကဆိုရင်တော့ လိုင်းကျနေတာကြောင့် နာရီဝက်ကျော်လောက်ကြာပါတယ်။
ပြီးသွားတဲ့အခါမှာတော့



ကျတော်တို့က Start Interacting here ဆိုတဲ့နေရာမှာ မိမိဖော်ပြချင်တဲ့
အကြောင်းအရာ Message ကိုရေးပါမယ်။ဒီ့နောက်တော့



Share with followers အောက်နားက Facebook ဆိုတာကို နှိပ်ပေးလိုက်ပမယ်။
ကျတော်တို့က Facebook ကနေ Live ပြမှာဖြစ်တဲ့အတွက်ကြောင့် Facebook
ကို ရွေးချယ်တာပါ။ အကယ်လို့ သင်ဟာ Twitter တို့ WhatApp တို့ကနေ
ပြသချင်တယ်ဆိုရင်လည်းရွေးချယ်လို့ရပါတယ်။ကဲ ကျတော်ကတော့
Facebook ကိုရွေးချယ်ပြီး နှိပ်လိုက်ပါပြီ ။ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း



ပေါ်လာရင်တော့ သင့်ရဲ့ Facebook Wall ပေါ်မှာ သင်ဖော်ပြချင်တဲ့
အကြောင်းအရာကိုရေးပြီး Post နှိပ်လိုက်ပါမယ်။ ဒါဆိုရင်တော့ သင့်ရဲ့
Facebook Timeline မှာလည်း အောက်ပါအတိုင်း



Live ပြသမှုအစီအစဉ်ကို စနေမှာဖြစ်ပါတယ်။ ဒီ Application လေးရဲ့
လုပ်ဆောင်ချက်နဲ့ ကျတော်ဘယ်မှာ စရင်းနှီးခဲ့သလည်း ဆိုတော့။
ကျန်ခဲ့တဲ့ April လဆန်းတုန်းက ညောင်ဦးမြို့မှာ နည်းပညာဟောပြောပွဲ
သွားရောက်ပြောကြားစဉ်က  ဟောပြောသည့်အကြောင်းအရာအချို့ကို
ဒီ Live Broadcasting System လေးဖြင့်လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဒီနေရာမှာတစ်ခု ထပ်လောင်းပြောပြချင်တာကတော့ ဒီလို Live Broadcasting
လုပ်တယ်ဆိုရင် အင်တာနက်ကော်နပ်ရှင်ကောင်းမှ ဖြစ်မှာပါ။ ဒါမှလည်း
မိမိရဲ့ ရုပ်ပုံတွေ Buffering လုပ်တဲ့အခါ ကြည်လင်ပြတ်သားမှုကိုရရှိ
နိုင်မှာဖြစ်ပါတယ်။ အားလုံးပဲ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ ဦးဇာနည်

Tuesday, May 3, 2016

Windows Script Host Error ဖြေရှင်းခြင်း

Windows Script Host Error ဖြေရှင်းခြင်း


ကျတော်တို့ Windows မှာ တစ်ခါတစ်လေ  အောက်ပါပုံအတိုင်း
 

Windows Script Host access is disabled on this machine….
ဆိုပြီး Error မျိုး ကြုံဖူးကြပါလိမ့်မယ်။
Windows Script Host သို့တည်းမဟုတ် WSH ဆိုတာကတော့
Script နဲ့ ပတ်သက်တဲ့ Batch ဖိုင်တွေကိုကောင်းမွန်စွာ Run
နိုင်ရန်အတွက် Mircorsoft ရဲ့ နည်းပညာတစ်ခုပါ။ ထို Script
တွေကို Desktop ကနေ Double Click ဖြင့် Run နိုင်သလို
CMD ကနေလည်း Run နိုင်ပါတယ်။ ထိုသို့ Run နိုင်ဖို့အတွက်
ကိုလည်း Windows Based ဖြစ်တဲ့ wscript.exe သို့မဟုတ်
Shell Based ဖြစ်တဲ့ cscript.exe အနေဖြင့်လည်း Run ကြပါတယ်။
 ဒီလိုကြုံလာပြီးဆိုရင်တော့
ကျတော်တို့က ဘယ်ကနေသွားရှင်းရမလည်း ဆိုတော့ အရင်ဆုံး
Keyboard ကနေ Run Box ကို ခေါ်လိုက်ပါမယ်။ ထို့နော်တော့



အထက်ပါပုံအတိုင်း “regedit” ဆိုပြီး ရိုက်၍ Registry Editor ကို
သွားလိုက်ပါမယ်။ ပြီးရင်တော့ သွားရမယ့်လိပ်စာက



HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows Script Host\
Settings ထဲမှာ လက်ရှိဖြစ်နေတဲ့ Enabled ကို Double Click နှိပ်လိုက်ပါမယ်။
ပြီးသွားရင်တော့



လက်ရှိတန်ဖိုး 0 ဖြစ်နေတာကို 1 အဖြစ်ပြောင်းလဲပြီး OK နှိပ်လိုက်ပါမယ်။
နောက်ထပ်တစ်နည်းကတော့ CLI Mode ကနေ လုပ်ဆောင်ရတဲ့နည်း
ဖြစ်ပါတယ်။ ဒီတော့ ကျတော်တို့က Command Prompt ကိုခေါ်ဖို့အတွက်
Run Box ထဲကနေ “cmd” လို့ရိုက်လိုက်ပါမယ်။ ပြီးသွားရင်တော့
ရိုက်ရမယ့် Command က



reg  query “HKLM\Software\Microsoft\Windows Script Host\Settings” /s
ဖြစ်ပါတယ်။ ပြီးသွားရင်တော့ Enter ခေါက်လိုက်ရုံပါပဲ….
ပြီးသွားရင်တော့ ကျတော်တို့က မိမိကွန်ပျူတာကို Restart ချပြီးပြန်တက်
လိုက်ရင် ထို Error ပျောက်သွားမှာဖြစ်ပါတယ်။ အားလုံးအဆင်ပြေမယ်လို့
ယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ ဦးဇာနည်

Sunday, February 7, 2016

Facebook Cyber Bullying နှင့် တရားစွဲဆိုခြင်း ဥပဒေ

Facebook  Cyber Bullying နှင့် တရားစွဲဆိုခြင်း ဥပဒေ


မင်္ဂလာပါ… ကျတော်ဒီကြောင်းအရာကို ပြောဖို့အတွက် တော်တော်လေး စဉ်းစားခဲ့ရပါတယ်။ ဘာလို့လည်း ဆိုတော့ IT လောကမှာ IT သမားတစ်ယောက် ဥပဒေရဲ့ အကြောင်းအရာတွေနဲ့ ယှဉ်ပြီး ပြောလာတဲ့အခါမှာ ဥပဒေအကြောင်း အသေအချာနားလည်ပြီး ဥပဒေဖက်ကနေ လုပ်ကိုင်နေကြတဲ့ ဆရာကြီး တွေရဲ့အမြင်၊ ဥပဒေ နဲ့ ပတ်သက်ပြီး လုပ်ကိုင်နေကြတဲ့ သူတွေအားလုံးရဲ့ အမြင်မှာ ကျတော့်ကို အမြင် တစ်မျိုးဖြစ်မှာလည်း စိုးရိမ် မိပါတယ်။ ဒါပေမယ့်လည်း ကျတော် မပြောမဖြစ်မို့လို့ ပြောရပါမယ်။ ဘာလို့ လည်းဆိုတော့ ကျတော်တို့ IT လောကမှာက တစ်ခြားလောကတွေလို Limitation မရှိလို့ ဖြစ်ပါတယ်။ ဘာကြောင့် Limitation မရှိသလည်း ဆိုတော့ နည်းပညာဆိုတာ ဘယ်တော့မှ ရပ်တန့်သွားတဲ့ အရာမဟုတ်လို့ပါပဲ၊ လေ့လာလေ မကုန်ခမ်း လေဖြစ် ပါတယ်။ အထူးသဖြင့် ဒီရက်ပိုင်းမှာတွေ့မြင်နေရတဲ့ ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရောနစ်ဥပဒေ တွေနဲ့ တရားစွဲဆိုခြင်းဆိုတာတွေ အဖြစ်များလာတာ ကိုတွေ့မြင်ရသလို၊ နောင်များတွင်လည်း မြန်မာနိုင်ငံမှာ ဒီဥပဒေ နဲ့ပတ်သက်ပြီး အဖြစ်များလာမှာဖြစ်ပါတယ်။ ဘာကြောင့်လည်း…. အဖြေကတော့ ယနေ့ ခေတ်က IT Century ဖြစ်တဲ့အတွက်ကြောင့် လူတိုင်း Social Media ကို အသုံးပြုလာကြပါတယ်။ ဒီ Social Media ကနေပဲ ဗဟုသုတ တွေရနိုင်သလို၊ ဒီ Social Media ပေါ် ကနေပဲသတင်းအချက်အလက်တွေ၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးတွေကို လုပ်ဆောင်လာနိုင်ကြပါတယ်။ Social Media ကိုကောင်းတဲ့ဖက်ကနေမြင်ပေးရမယ်ဆိုရင် ယခင်က ကျတော်တို့ မီးလောင်တယ်ဆိုတဲ့ မီးသတင်းကြားပြီဆိုရင် မီးသတ်ကို ဖုန်းဆက်ပြီး မေးမြန်းရပါတယ်။ ဒါပေမယ့် ဖုန်းက မအားတာ များတဲ့အတွက်ကြောင့်ဘယ်မှာ လောင်နေသလည်း ဆိုတာ မသိနိုင်ပါဘူး။ ဒါပေမယ့် ယနေ့ Facebook အသုံးများလာတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမီးသတ် ရဲ့ Facebook Page ကို Like and Get Noti လုပ်ထားတဲ့အတွက်ကြောင့် အချိန်နဲ့ တပြေးညီ ဘယ်နေရာမှာ မီးလောင်နေတယ်။ လောင်နှုန်း ဘယ်လောက်ရှိတယ်။ ဘယ်လောက်ဆုံးရှုံးသွားတယ်ဆိုတာကို အလွယ်တကူ သိရှိလာနိုင်ပါတယ်။ ထို့အတူပဲ စီးပွားရေးနဲ့ ပတ်သက်လို့ယခင်က ကုန်ပစ္စည်းတွေ ရောင်းချတဲ့အခါမှာ Investment အနေနဲ့ ဆိုင်ခန်း၊ မီတာခ၊ ဆိုင်ခန်းပြင်ဆင်စရိတ်၊ ၀န်ထမ်းစရိတ်၊ မီတာခ၊ ရေခွန်၊ ၀န်ထမ်း စရိတ် စတာတွေနဲ့ တည်ထောင် ရပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ Online Shopping တွေပေါ်လာပြီး Internet ပေါ်မှတဆင့် မိမိရဲ့ ထုတ်ကုန်ပစ္စည်းတွေကို အလွယ်တကူ အချိန်နဲ့ တပြေးညီ ၀န်ဆောင်မှုပေးခြင်း၊ ရောင်းဝယ်ဖောက် ကားခြင်းတွေလုပ်ဆောင်လာနိုင်ကြပါတယ်။ ပညာရေး အနေနဲ့လည်း  ယခင်က ကျတော်တို့ ကွန်ပျူတာ သင်တန်းတွေတက်ချင်တဲ့ အခါမှာ မုန့်ဖိုးလေးတွေစုစောင်းပြီး တက်ရောက် သင်ကြားရပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာ သာမာန် ကွန်ပျူတာ အခြေခံလောက်အတွက်ကတော့ သင်တန်း တက်စရာမလိုပဲ Facebook က ပညာမျှဝေနေနဲ့ Page တွေ Blog တွေကနေတဆင့် လေ့လာလျှင် လေ့လာ သလောက် အတတ်ပညာကို အလွယ်တကူ ရယူနိုင်ပါတယ်။ ဒါတွေကတော့ Social Media ရဲ့ အားသာချက် ဖြစ်ပါတယ်။ ဒါတွေကတော့ ကောင်းတဲ့ဖက်ကနေ တွေးပေးလို့ ကောင်းတဲ့ဖက်ဖြစ်တာပါ။ သို့ပေသိ Facebook ဆိုတဲ့ Social Media ကနေပဲ လူကုန်ကူးမှုတွေ၊ မသမာမှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ အနိုင်အထက် ပြုကျင့်မှုတွေလည်း တနေ့တစ်ခြား တိုးပွားလာတာကိုတွေ့မြင်ရပါတယ်။ အချို့က လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ကို ထိခိုက်နစ်နာစေရန် တိုက်ခိုက်ပုတ်ခတ်ကြသလို၊ အချိ့က အသင်းအဖွဲ့ တစ်ခုခုကို တိုက်ခိုက်ပုတ်ခတ်ပြောဆို နေကြတာ ကိုတွေ့မြင်နေရပါတယ်။ ဒီလို လုပ်ဆောင်မှုတွေအတွက်လည်း အရေးယူ မှုတွေက တနေ့ထက်တနေ့ များပြားလာတာကို စာဖတ်သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့တွေ့ဖူးကြမှာပါ။ သို့ပေသိ… ထိုပြဿနာရပ်တိုင်း အတွက် တရားစွဲဆိုရာတွင် ပြည်သူတစ်ဦးတစ်ယောက် သို့တည်းမဟုတ် သာမာန် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်က တိုင်တန်းတရားစွဲဆိုခြင်းမျိုး မတွေ့ရှိရပဲ ငွေများငွေနိုင် တရားစွဲဆိုခြင်း၊ အာဏာများ အာဏာနိုင်တရားစွဲဆိုခြင်းများကိုသာ အများဆုံးတွေ့မြင်နေရပါတယ်။ ယနေ့ ၀န် လိုင်းမှာ အဖြစ်များတဲ့ Bullying Case တွေနဲ့ အခြေခံပြီး ဆက်ပြောပါရစေ…. Facebook ကိုသုံးစွဲသူအများစု မြင်တွေ့နေရတဲ့ Bullying Case တွေကတော့ မိန်းကလေးတစ်ဦး သို့တည်းမဟုတ် လူတစ်ဦးဦးရဲ့ Facebook Account ကို Hacked လုပ်ခြင်းဖြင့်သော်လည်းကောင်း၊ ထို သူ တစ်ဦးတစ်ယောက်ဆီမှ ဓာတ်ပုံအချို့ကို ရယူ၍ မသာမောသော ပြင်ဆင်မှုများဖြင့် ညစ်ညမ်းသော Facebook စာမျက်နှာများပေါ်တွင် တင်ပြီး အသားရည် ပျက်စေရန် ခြိမ်းခြောက်ပြောဆိုပြီး Phone Bill ညှစ်ခြင်း၊ ငွေညှစ်ခြင်း။ လုပ်ငန်းလုပ်ဆောင်နေသော Facebook Page များ၊ ဘာသာရေး Page များအား မသမာသောနည်းလမ်းဖြင့် ရယူသိမ်းပိုက်၍ ပေါက်ပန်းလေးဆယ် တင်ခြင်း စသည့်ကိစ္စရပ်များ။ စသည့် အဖြစ်အပျက်များဟာ တရားစွဲဆို နိုင်လောက်တဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ ဒီလိုတရားစွဲဆိုနိုင်တဲ့ လုပ်ရပ်ဆိုပေမယ့် တရားစွဲဆိုလာတဲ့အခါမှာ မည်သို့ ပုဒ်မတပ်၍ တိုင်တန်းရမလည်းဆိုတာ အရမ်းအရေးကြီးပါတယ်။ ကျတော်တို့လည်း ယခင်က ကြုံဖူး ခဲ့ကြပါတယ်။ ထိုကစ္စမျိုးအတွက် စဉ်းစားမိတဲ့ ပုဒ်မ တစ်ခုက အသရည်ဖျက်မှုဟူ၍သာ စဉ်းစားမိခဲ့ကြပါတယ်။ သို့ပေသည့် ယနေ့ အချိန်အခါတွင်တော့ အသရည်ဖျက်မှု အပြင် ဆက်သွယ်ရေး ဥပဒေ ဖြင့်လည်း တရားစွဲဆို လာနိုင်ပါတယ်။ ဒီလိုကိစ္စမျိုးအတွက် တရားစွဲဆိုတဲ့ခါမှာ အခြေခံအချက်လေးတွေကိုတော့ လေ့လာထား သင့်ပါတယ်။ ဒါမှလည်း မည်သို့သော အပြုအမူတွေကိုတော့ ဖြင့် အလွယ်တကူ ပုဒ်မဆွဲတင်၍ တရားစွဲဆိုနိုင် မလည်းဆိုတာကို သေချာနားလည်ကြမှာပါ။ ဒါကြောင့်….အရင် ဆုံး Cyber Crime ဆိုတာကိုရှင်းပြပါရစေ…
          မြန်မာနိုင်ငံ၏တည်ဆဲဥပဒေတွေထဲမှာ Cyber Crime ရယ်လို့ သီးခြားပြဌာန်းထားတာ မရှိတော့၊ အနောက်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများက ဥပဒေတွေမှာ ရှာကြည့်တော့ ဒီလိုတွေရပါတယ်။ Cyber Crime ဆိုတာ “ကွန်ပြူတာ သို့မဟုတ် အလားတူပစ္စည်း၊ သို့တည်းမဟုတ် ဆက်သွယ်ရေးကိရိယာများကို အသုံးပြု၍
(က) အလွန်အကျူးနောက်ပြောင်သော သို့မဟုတ် ခြိမ်းခြောက်သည့်သဘောသက်ဝင်သော သတင်းအချက် အလက်များပေးပို့ခြင်း၊
(ခ)  စိတ်ငြိုငြင်စေရန်၊ စိတ်အနှောက်အယှက်ဖြစ်စေရန်၊ မန္တရာယ်ဖြစ်စေရန်၊ တားဆီးပိတ်ပင်ရန်၊ အသရေပျက်စေရန်၊ အကျိုးပျက်စီးစေရန်၊ ရာဇ၀တ်မကင်းသောခြောက်လှန့်တောင်းယူမှုပြုရန်၊ ခိုက်ရန်ဖြစ်ပွားစေရန်၊ အမုန်းပွားစေရန် သို့မဟုတ် စိတ်ဆင်းရဲခြင်းဖြစ်စေရန် ရည်ရွယ်ချက်တစ်ရပ်ရပ်ဖြင့် မမှန်ကန်သော သတင်းအချက်အလက်များ ပေးပို့ခြင်း၊

(ဂ)  အီးမေးလ်တွင် စာသား၊ ရုပ်ပုံ၊ အသံ နှင့် အခြားအီလက်ထရောနစ်မှတ်တမ်းတစ်ခုခု စသည်တို့ကို စိတ်ငြိုငြင်မှုဖြစ်ပေါ်စေရန်၊ သို့မဟုတ် စိတ်အနှောက်အယှက်ဖြစ်စေရန် သို့မဟုတ် မူရင်းသတင်း အမှန်ကိုလှည့်ဖျားရန် သို့မဟုတ် အလွဲဖေါ်ဆောင်ရန် ပူးတွဲပေးပိုခြင်း”စတဲ့ အချက်အလက်တွေက Cyber Crime ဟုခေါ်တွင်သော အွန်လိုင်းမှုခင်း ဆိုင်ရာထဲမှာ အကျုံးဝင်ပါတယ်။  

အသေးစိတ်ဆက်လက်ဖတ်ရှုရန် ဒီနေရာမှာ PDF အဖြစ်ဒေါင်းပါ
ယခုစာအုပ်ပါ ဥပဒေနှင့်ပတ်သက်သော အကြောင်းအရာများအား အသေးစိတ် ထပ်မံ သိရှိလိုပါက
www.lawsinmyanmar.com တွင်သွားရောက်လေ့လာနိုင်ပါသည်။ ဥပဒေနဲ့ပတ်သက်သော 
နှစ်အလိုက် စီရင်ထုံးများကိုပါ တွေ့မြင်နိုင်ပါသည်။

Tuesday, January 12, 2016

Facebook ကို ဟက်မခံရအောင် 95% Security ခံထားနည်း

Facebook  ကို ဟက်မခံရအောင် 95% Security ခံထားနည်း



မင်္ဂလာပါ ဒီရက်ပိုင်းတင်မဟုတ်ဘူး ဘယ်တော့မှ မရိုးအီနိုင်တဲ့
အကြောင်းအရာတစ်ခုက Cyber Bullying Case ပဲဖြစ်ပါတယ်။
အများဆုံးဖြစ်တဲ့ အရာကတော့ Facebook အကောင့် အဟက်
ခံလိုက်ရကနေ ဟက်သွားတဲ့သူက အဟက်ခံလိုက်ရတဲ့ အကောင့်
ပိုင်ရှင်ထံ ငွေညှစ်ခြင်း၊ အဟက်ခံလိုက်ရတဲ့ အကောင့်အားညစ်ညမ်း
Page အဖြစ်ပြောင်းလဲလိုက်ခြင်း.. စတာတွေက နိစ္စဒူဝ မရိုးအီနိုင်တဲ့
အဖြစ်အပျက်တွေပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုတွေဖြစ်ရတာလည်း??
အဓိက အကြောင်းအရင်းကတော့ User တွေရဲ့ ညံ့ဖျင်းမှု၊ ပေါ့လျော့မှု
တွေက အဓိကဖြစ်ပါတယ်။ ကျတော်ရိုင်းသွားရင်တော့ခွင့်လွှတ်ပါ။
လူငယ်ပဲဖြစ်ဖြစ်၊ လူလတ်ပဲ ဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ်၊ ပုထုဇဉ်လူသား
တွေပဲ ဗျာ…. တဏှာတော့ မကင်းကြပါဘူး။ ဒီလိုမျိုး စိတ်တွေကြောင့်
ချစ်သူ ကောင်လေးတွေကို စိတ်ပြေအောင် Facebook မှ Sex Chat
တာမျိုးတွေလည်း မလုပ်သင့်ကြပါဘူး။ ဘယ်လောက်ချစ်ချစ် အပြင်မှာ
တွေ့ဆုံလို့ရနေတဲ့ခေတ်ပါဗျာ…. အခုတော့ Facebook ထဲက Chat
ထဲမှာ ၀တ်လတ်စတစ်ပုံတွေအပြန်အလှန်ပို့၊ Masturbation အတွက်
Sex Chat ကြနဲ့… တစ်ကယ်လည်းစိတ်ပျက်ဖို့ကောင်းပါတယ်။
မလုပ်နဲ့လို့မတားမြစ်ပါဘူး မိမိကိုယ်တိုင် မိမိအကောင့်ကို စိတ်ချရအောင်
လုံခြုံမှုရော လုပ်ထားကြလို့လား….. ဒီလိုမျိုးတွေလုပ်ထားပြီးမှ အကောင့်
လည်းပါသွားရော… ဟက်သွားတဲ့လူကကြည့်မှာပဲ…. တစ်ကယ်တမ်း
အကောင့်ဟက်တယ်ဆိုတာကလည်း User တစ်ယောက်ရဲ့ အကောင့်ကို
ထိုးဖောက်ဝင်ရောက်ရာကနေ ထို User ရဲ့ Privacy အားလုံးကိုလည်း
ချိုးဖောက်သွားကြတာပါပဲ… ဒီလိုအချိန်မှာ ထိုဟက်သွားတဲ့လူက ခြိမ်း
ခြောက်မယ်၊ ငွေညှစ်မယ် ဆိုတဲ့အခါမျိုးကျမှ ဂယောက်ဂယက်တွေဖြစ်ပြီး
မရှု နိုင် မကယ်နိုင်နဲ့ အရပ်ကူပါ ၊ လူဝိုင်းပါတွေဖြစ်ကုန်တော့ ကူညီတောင်း
ခံရတဲ့ လူပါ အပူတွေကူးကုန်ရော.. ဒီတော့ အစကတည်းက မိမိအကောင့်ကို
မိမိလုံခြုံအောင် ထိမ်းသိမ်းဖို့က မိမိတာဝန်သာဖြစ်ပါတယ်။ ကျတော်လည်း
အရင်က G-mail, Facebook နဲ့ အချို့ အချို့သော အရာတွေရဲ့ Security
ပိုင်တွေကို အခါသင့်လျှင် သင့်သလို ဖော်ပြပေးထားခဲ့ဖူးပါတယ်။ ဒီတစ်ခါတော့
Facebook Account ကိုပဲ သီးသန့် ပြန်ရေးပေးပါ့မယ်။ G-mail Account
ကိုအရင်ဆုံး Security ခံထားဖို့အတွက်အောက်ပါလင့်မှာသွားဖတ်ပါ။
ကိုဖတ်ပြီးမှ လက်ရှိ Facebook Account ကို လုပ်ပါမယ်။ ကဲ စရအောင်
အရင်ဆုံး မိမိအကောင့်ကို ဖွင့်ထားလိုက်ပါမယ်။ ဒီနောက်တော့အောက်ပါ
ပုံအတိုင်း



မိမိအကောင့်ရဲ့ Settings ကိုသွားပါမယ်။ ထို့နောက်တော့



အထက်ပါပုံအတိုင်း Security ကို နှိပ်လိုက်ပါမယ်။ ပြီးသွားရင်တော့
ညာဖက်ခြမ်းမှ စပြီး တစ်ခုချင်းစီလုပ်ဆောင်ပါ့မယ်။ အရင်ဆုံး
Login Alerts Services ကိုဖွင့်ပါမယ်။



Login Alerts ဆိုတာကတော့ သင့်အကောင့်ကို လက်ရှိသုံးနေကျ
Browser မဟုတ်တဲ့ Any Browser, Any Devices မှ ၀င်ရောက်
သုံးစွဲတဲ့အခါမှာ လှမ်းပြီး အသိပေးဖို့ဖြစ်ပါတယ်။ လက်ရှိကတော့
Don’t get notifications ဆိုတာဖြစ်နေပါမယ်။ ဒါကိုကျတော်တို့က
Notifications မှာရော Email address မှာရောကို မျှားအနီရောင်ပြ
ထားတဲ့ Get Notifications နဲ့ Email loginalerts to MAIL ဆိုတာကို
ရွေးချယ်ပေးလိုက်ပြီး Save Changes လုပ်လိုက်ပါ့မယ်။ဒီအခါမှာ
သင်ပြောင်းလဲလိုက်တဲ့ Setting Configured အတွက်



အထက်ပါပုံအတိုင်း Password ပြန်တောင်းပါလိမ့်မယ်။ ကျတော်တို့က
Password ကိုရိုက်ပြီး Submit လုပ်လိုက်ပါ့မယ်။ ဒါဆိုရင် Changed settings
ဖြစ်သွားပါလိမ့်မယ်။
#Login Approval On ထားခြင်း
Login Approval On ထားတယ်ဆိုတာကတော့ သင့်အကောင့်ကို
မတူညီတဲ့ Devices, Browser ကနေ၀င်တဲ့အခါမှာ သင်ကိုယ်တိုင်း
သင့်အကောင့်ရဲ့ Password ကို သိတာတောင်မှ သင့်အကောင့်ထဲ
ကိုဝင်ဖို့ OTP (One Time Password) ပုံစံမျိုး စက္ကန့် ၃၀ တိုင်းမှာ
ပြောင်းလဲနေတဲ့ Code ကို ထည့်မှ ၀င်နိုင်တာမျိုးဖြစ်ပါတယ်။



ကျတော်တို့က အထက်ပါပုံအတိုင်းမှ မျှားအနီရောင်ပြထားတဲ့
Require security code to access my account from unknown
Browsers ဆိုတာကို အမှန်ခြစ်လေး နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်တော့



အထက်ပါပုံအတိုင်း သင့်အကောင့်ကို Login Approvals ခံဖို့အတွက်
Box ပေါ်လာရင် ကျတော်တို့က Get started ဆိုတာကို နှိပ်လိုက်ပါ့မယ်။
ဒီအချိန်မှာတော့



အထက်ပါပုံအတိုင်း ကျတော်တို့က Security Code ကို သတ်မှတ်ဖို့
အတွက် လက်ရှိ ဘယ် Devices ကိုသုံးနေတာလည်း ဆိုတာကို
သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ကျတော်ကတော့ Android Devices
ကိုသုံထားတဲ့အတွက်ကြောင် Android, iPhone or iPod Touch
ဆိုတာကို Radius Check Box လေးကို နှိပ်လိုက်ပါမယ်။ပြီးရင်တော့
အောက်ပါပုံအတိုင်း



Continue ကို နှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့ သင့်အကောင့်ကို



Login Approval ဖွင့်ထားလိုက်ပြီဖြစ်ပါတယ်။ Login Approval
ဆိုတာကတော့ OTP နဲ့ အလားသဏ္ဍာန်တူတဲ့အတွက်ကြောင့်
ထို Code ကိုရယူနိုင်ဖို့က Account Setting ထဲက Code Generator
ထဲကနေသွားယူရတာဖြစ်ပါတယ်။ ဒါက ဘယ်အနေအထားမှာသုံးတာ
လည်းဆိုတော့ သင့်အကောင့်ကို သင့်ဖုန်းထဲမှာဝင်ထားတယ်….သင့်
အကောင့်ကိုပဲ တစ်ခြားကွန်ပျူတာကနေ ၀င်ချင်တဲ့အခါ User Name
နဲ့ Password ကိုရိုက်ပြီးသွားတာတောင်မှ OTP Code ကို ထည့်ရမှာ
ဖြစ်ပါတယ်။ ဒါကြောင့် Account Setting ထဲက Code Generator ကနေ
သွားယူရမှာဖြစ်ပါတယ်။ထို့နောက် အောက်ပါပုံအတိုင်းပေါ်လာလျှင်


ကျတော်တို့က မိမိအကောင့်ရဲ့ Settings ကို Tab တစ်ခုအနေနဲ့ခေါ်ပြီး
အောက်ပါပုံအတုင်း



Set up ဆိုတာကို နှိပ်လိုက်ပါ့မယ်။ ဒါဆိုရင်တော့ သင့်အကောင့်အတွက်
Password ကိုအောက်ပါပုံအတိုင်း



တောင်းလျှင်ရိုက်ထည့်ပြီး Submit ကိုနှိပ်လိုက်တဲ့အခါမှာတော့



အထက်ပါပုံအတိုင်း သင့်အကောင့်ကို Code Generator ဖွင့်ဖို့အတွက်
ပေါ်လာမှာဖြစ်ပါတယ်။ ဒီနေရာမှာ သင်က သင့်ဖုန်းထဲမှာ Thirt-party
Utility ဖြစ်တဲ့ Google Authenticator ကို



မှာ သွားဒေါင်းပီး ဖုန်းထဲကို ထည့်ထားပါ့မယ်။ ထို့နောက်တော့ ကျတော်တို့က
ဖုန်းထဲမှာ သွင်းထားပီးရင် ယခု Facebook Account ကို OTP သတ်မှတ်မှာ
ဖြစ်တဲ့အတွက်ကြောင့် သင့် ဖုန်းထဲသွင်းထားတဲ့ GA ကိုဖွင့်လိုက်ပါမယ်။



ထို့နောက် Set Up Account ကို နှိပ်လိုက်ပြီး



Enter Provide Key ဆိုတဲ့နေရာမှာ အပေါ်က QR Code ဖတ်တဲ့နေရာက
Secret Key ကိုရိုက်ထည့်ပေးလိုက်ပါမယ်



Name နေရာမှာကတော့ မိမိစိတ်ကြိုက်နာမည်ကိုထည့်ပီး လုပ်ပါမယ်။
ပြီးသွားရင်တော့ Add လုပ်ပေးလိုက်ပါ့မယ်။ထို့နောက်ပီးသွားရင်တော့



ထို Code Generator မှ ပြထားတဲ့ ကုဒ်ကို အပေါ်ကပုံအတိုင်းထည့်ပြီး
Confirm လုပ်လိုက်ပါ့မယ်။ ဒါဆိုရင် သင့်အကောင့်ကို Code Generator
ခံလိုက်ပီး ဖြစ်ပါတယ်။
#App Password ခံထားခြင်း
App Password ခံထားတယ်ဆိုတာကလည်း သင့်အကောင့်အတွက် မရှိမဖြစ်
လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဆိုလိုတာက Account အတွက် Devices Password
လိုမျိုးဖြစ်ပါတယ်။



အထက်ပါပုံအတိုင်းမှ မျှားအနီရောင်လေးပြထားတဲ့ Generate app
Passwords ကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်



အထက်ပါပုံအတိုင်း ပေါ်လာရင်ကျတော်တို့ Generate App Passwords
ဆိုတာကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်တော့



အထက်ပါပုံအတိုင်းပေါ်လာတဲ့အခါမှာ ကျတော်တို့က ဘယ် Devices
နဲ့ သုံးနေတာလည်း ဆိုတာကိုရေးပေးရတာဖြစ်ပါတယ်။ ဒီနေရာမှ
Devices တင်မဟုတ်ပဲ မိမိနာမည်နဲ့လည်း ရပါတယ်။ ဒါကြောင့် ကျတော်က
အောက်ပါပုံအတိုင်း



UZARNI လို့ရိုက်လိုက်ပါတယ်။ ထို့နောက် Generate Password ကို
နှိပ်လိုက်တဲ့အခါမှာတော့



အထက်ပါအတိုင်း သင့် နာမည်အတွက် Code 10 လုံးပါဝင်တဲ့
Password ကိုချပေးပါလိမ့်မယ်။ ဒါလေးကိုမှတ်ထားရပါမယ်။
တစ်ချိန်ချိန်မှာ အသုံးဝင်လာပါလိမ့်မယ်။ ပြီးသွားရင်တော့ ကျတော်တို့က
Finish ဆိုတာကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်အောက်ပါပုံအတိုင်း



သင့်အတွက် Password ကို သိမ်းပြီးပါပြီဆိုတာကို ဖော်ပြပါလိမ့်မယ်။
ကျတော်တို့က OK လုပ်လိုက်ပါ့မယ်။
#Mobile
ဒီနောက်ကျတော်တို့က အကောင့်ကို လုံခြုံမှုအတွက် ဖုန်းနဲ့ တစ်ဆင့်
ထပ်ခံထားပါ့မယ်။ ဒါကြောင့် အောက်ပါပုံအတိုင်း



Mobile ဆိုတာကို သွားပါမယ်။ ပြီးသွားရင်တော့ Add a phone ဆိုတာကို
နှိပ်လိုက်ပါ့မယ်။ ထိုနောက်တော့ကျတော်တို့က ဖုန်းနံပါတ်ထည့်ဖို့အတွက်



Add your phone number here ဆိုတာကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်



အထက်ပါပုံအတိုင်း ဖုန်းနံပါတ်တစ်ခု Confirm လုပ်ဖို့ပေးပါလိမ့်မယ်။
ကျတော်တို့ မိမိအမြဲတမ်း ကိုင်နေတဲ့ ဖုန်းနံပါတ်တစ်ခုကို ရိုက်ထည့်
လိုက်ပါမယ်။



ထို့နောက်တော့ Continue ကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင် သင့်ရဲ့ဖုန်းထဲသို့



ဝင်လာတဲ့ Code ၆ လုံးကို အထက်ပါအတိုင်း ဖြည့်ပြီး Confirm လုပ်
လိုက်ပါမယ်။ပြီးသွားရင်တော့



အောက်ပါအတိုင်း သင့်ဖုန်းနံပါတ်ကို Confirmed လုပ်ပြီးကြောင်းကို
Message ပြပါလိမ့်မယ်။ OK ကို နှိပ်လိုက်ပါမယ။်
#Trusted Contacts
Trusted Contact ကလည်း သင့်အကောင့်အတွက် အရမ်းအရေးကြီးပါတယ်။
ဘာကြောင့် အရေးကြီးလည်းဆိုတော့ သင့်အကောင့်ပါသွားရင်တောင်သို့မဟုတ်
သင့်အကောင်ကို Hack ဖို့ကြိုးစားတယ်ဆိုရင် ဒီ သုံးယောက်ကို ဖြတ်သွားနိုင်မှ
ရမှာမို့လို့ပါ ။ ဒါကြောင့် ကျတော်တို့က Trusted Contact ကို ထည့်ထားရပါတယ်။
Trusted Contact ကို ၅ ယောက်ထိထည့်လို့ရတယ်ဆိုပေမယ့် တစ်ကယ်အလုပ်လုပ်
တာကတော့ သုံးယောက်ဆီက Code သုံးခုပါပဲ။



ဒါကြောင့် ကျတော်တို့က မိမိရဲ့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်း သို့မဟုတ်
မိမိရဲ့ တစ်ခြားအကောင့် (ဘယ်သူမှ မသိတဲ့အကောင့်) ကို ထည့်ထား
သင့်ပါတယ်။ကဲ… ဒီလောက်ဆို သင့်အကောင့်ကို ဟက်မခံရအောင် ၉၅%
လုံခြုံရေး သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ဘာကြောင့် ၁၀၀ % အာမမခံ
တာလည်းဆိုတော့ တစ်ကယ်ကျွမ်းကျင်တဲ့ ဟက်ကာဆိုလား ဘာလား
သူတို့ကတော့ အဲ့ဒီ ကျန်တဲ့ ၅ % ကနေ ဟက်ယူကြတာဖြစ်ပါတယ်။
အဲ့တာကလည်း လက်ချိုးရည်လို့ရပါတယ်။…. ကဲ အားလုံးအဆင်ပြေ
မယ်ထင်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်