Wednesday, February 26, 2014

Audio Audition ကိုအသုံးပြုပီး MP3 အသံတိုးနေတာကိုချဲ့မယ်



Audio Audition ကိုအသုံးပြုပီး MP3 အသံတိုးနေတာကိုချဲ့မယ်

အခုကျွန်တော်ပြောမယ့်အကြောင်းအရာလေးက Ring Tone လုပ်ချင်တာ
ပဲဖြစ်ဖြစ်၊ အခြားမည်သည့် MP3 ဖိုင်ကိုမဆို အသံတိုးနေတာကို အသံချဲ့
ပီး ပြန်လုပ်တဲ့နည်းလေးဖြစ်ပါတယ်။ ဒီ Software လေးကိုတော့ ကျွန်တော်က
အိမ်မှာနေရင် ကာရာအိုကေ ဆိုချင်တဲ့အခါမှာဖြစ်ဖြစ်၊ Ring Tone တွေလုပ်
ချင်တာပဲဖြစ်ဖြစ် အဓိကထားသုံးပါတယ်။ ဘာလို့လည်းဆိုတော့ သီချင်းတွေ
ကိုလုပ်ချင်သလိုလုပ်လို့ရလို့ပါ။ ကျွန်တော်ကိုယ်တိုင်ကတော့ Stero Mixer
တစ်ယောက်မဟုတ်ပါဘူး.. Song Engineer လည်းမဟုတ်ပါဘူး ခိုင်မြဲသာ
ကိုမမှီပေမယ့်.. လေ့လာနေတုန်းပေါ့... :::P   ကဲ စလိုက်ကြရအောင် အရင်
ဆုံး သင်လုပ်ချင်တဲ့ MP3 ဖိုင်ကို Audio Audition ထဲကို ဆွဲထည့်လိုက်ပါမယ်။


အထက်ပါပုံအတိုင်းမှ အနီရောင်လိုင်းလေးတားပြထားတာကတော့ ထိုသီ
ချင်းရဲ့ Tempo Rate တွေကို သတ်မှတ်ပြထားတာပါ။ ဒါဟာ Ori ဖြစ်ပါတယ်။
လက်ရှိ အနေအထားအရ အသံတိုးနေတယ်လို့ ထင်မိတဲ့အခါမှာ မိမိက
အသံကိုလိုသလောက်ပြန်ချဲ့လို့ရပါတယ်။ ဘာမှမခက်ပါဘူး အခုလက်ရှိ
ဖွင့်ထားတဲ့ Tempo ကိုပဲ Keyboard မှနေပီး Ctrl_+A ကိုနှိပ်လိုက်ပါမယ်။


အထက်ပါပုံအတိုင်း Tempo Line ကလည်း အရောင်ပြောင်းသွားမယ်။
နောက်ပီး လေးထောင့်ကွင်းထဲက အတိုင်းပေါ်လာတဲ့အခါမှာ Pointer
လေးက လက်ပုံစံနဲ့ ဘယ်ညာ မျှားလေးပေါ်လာပါမယ်။ ဒါဆိုရင်ကျွန်တော်
တို့ ညာဘက်ကို Click ထောက်ပီါ်ဆွဲလိုက်တဲ့အခါမှာ လက်ရှိတန်ဖိုး “0”
ကိုကျော်လွန်ပီး


အထက်ပါပုံအတိုင်းသတ်မှတ်လိုက်တဲ့အခါမှာ ပထမပုံမှာတုန်းက Tempo Rate
ကိုလိုင်းအနီပြထားတဲံ အနေအထားထက် Rate တက်လာတာကိုတွေ့မြင်ရမှာပါ
ဒီလို Rate တက်လာတယ်ဆိုရင် သင့်ရဲ့ သီချင်း ကလည်းအသံပိုကျယ်လာတာကို
တွေ့မြင်ရမှာပါ။ သင့်စိတ်ကြိုက် အသံကို ချဲ့ပီးသွားတဲ့အခါမှာတော့ Right Click
ကိုနှိပ်ပီးတော့


Save Selection ကို ရွေးလိုက်တဲ့အခါမှာ


သင်သိမ်းချင်တဲ့နေရာကိုရွေးချယ်ပီးတော့ Save လုပ်လိုက်ရုံပါပဲ.....
အားလုံးပဲအဆင်ပြေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။Software
ကတော့ဖိုင်စိုက်ဒ်ကြီးလို့ လင့်ခ်မချပေးတော့ဘူး ဗျာ.... အသုံးပြု
နည်းလေးပဲပြောပြလိုက်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

Window8.1 ရဲ့ ၀ှက်ဖဲ ၁၀ ချပ်



Window8.1 ရဲ့ ၀ှက်ဖဲ ၁၀ ချပ်

 

Windows8.1 ဆိုတာကတော့ Microsoft ကနေပီးတော့ အရင့် အရင်Window
Operation System တွေကနေ မတူညီတဲ့ ကွဲလွဲခြားနားသာလွန်မှုတွေကိုတစ်စု
တစ်စည်းတည်းပူးပေါင်းပီး ပြန်လည်သစ်လွင်လိုက်တဲ့ ယနေ့အချိန်ထိ Microsoft
ကနေထုတ်လုပ်ထားတဲ့ နောက်ဆုံး Operation system တစ်ခုဖြစ်ပါတယ်။သူ့မှာ
ဘာတွေသာလွန်ကောင်းမွန်လာသလည်းဆိုတော့အသွင်အပြင်တွေ၊ မြန်ဆန်တဲ့
လုပ်ဆောင်ချက်တွေကို ပေါင်းစည်းထားတာပဲဖြစ်ပါတယ်။ ဒါကတော့အကြမ်းဖျဉ်း
ပေါ့.. ဒီလို အကြမ်းဖျဉ်းဖော်ပြချက်တွေထဲကမှ အချို့သော လျှို့ဝှက်ချက်လေးတွေ
ကိုလည်း သုံးဆွဲသူ End User တွေသိအောင် တစ်စိတ်တစ်ဒေသဖော်ပြပေး
လိုက်ပါတယ်။
1. Use the Start button

ဝင်းဒိုး ၈ ရိုးရိုးနဲ့ ၈.၁ မှာ အနည်းငယ်ပြောင်းလည်းသွားတာကတော့
ကျွန်တော်တို့ Window Ver8 မှာတုန်းက Start Button နေရာမှာ IE
Logo လေးပဲ ပါပါတယ်။အခု နောက်ဆုံးဗားရှင်းဖြစ်တဲ့ 8.1 မှာကတော့
Start Button ပုံစံလေးပါလာပါတယ်။ တစ်ကယ်တမ်းကတော့ ဒါဟာ
လည်း ကျွန်တော်တို့ Window 7 မှာ မြင်နေကြဖြစ်သော၊ ပြောနေကြ
ဖြစ်သော Start Button ပုံစံမျိုးမဟုတ်ပါဘူး။ အရင် Window 8 မှာတုန်း
က Start Menu Screen ကိုပြန်သွားချင်ရင် ကီးဘုတ်ကနေ Window
Key ကို နှိပ်လိုက်ရပါတယ်။ အခု 8.1 မှာကတော့ ဘယ်ဘက်ဒေါင်းနား
က Start Button လေးကိုနှိပ်လိုက်ရင်ဖြင့် Window 8.1 ရဲ့ Start
Menu Screen ကို အလွယ်ရောက်သွားမှာဖြစ်ပါတယ်။ဒါဟာလည်း
ရိုးရိုးတန်းတန်း Click နှိပ်မှပါ။ အကယ်လို့ သင်ဟာ ထို Start Button
လေးကို Right Click နှိပ်လိုက်မယ်ဆိုရင်တော့ အထက်ပါပုံအတိုင်း
 Sub Menu ပေါ်လာမှာဖြစ်ပါတယ်။ ဒါဟာလည်း ၀င်းဒိုးစနစ်ရဲ့
System ပိုင်းတွေကိုတန်းပီးသွားလို့ရမယ့်နေရာတစ်ခုဆိုလည်းမမှား
ပါဘူး။
2. Boot straight to the desktop

ကျွန်တော်တို့ Window တက်လာပီဆိုရင် ပုံမှန်အားဖြင့် Window8 Operation
System ရဲ့ Start Menu Screen ကိုသာ တန်းပီး တက်လာမှာဖြစ်ပါတယ်။ဒီ့
နောက်မှ ကျွန်တော်တို့က Desktop ကို ရွေးပီး Click နှိပ်ရင် နှိပ်၊ ဒါမှမဟုတ်
ကီးဘုတ်ကနေ Windown+D ကိုနှိပ်လိုက်မှ Desktop ကို ပေါ်လာမှာဖြစ်ပါတယ်။
အခုပြောမယ့်အချက်ကတော့ ၀င်းဒိုးတက်တက်ချင်းမှာ 7 တုန်းကလိုပဲ Desktop
ကိုတန်းပီးတက်လာအောင်လုပ်မယ့်နည်းဖြစ်ပါတယ်။သွားရမယ့်နေရာကတော့
Desktop Task Bar မှာ Right Click ထောက်ပီး Properties ထဲကိုဝင်လိုက်ပါ။
ပီးသွားရင်တော့အထက်ပါပုံအတိုင်းမှ Navigation Tab ထဲကိုသွားပီး
“When I sign in or close all apps on a screen got to the desktop instead
Of Start” ဆိုတဲ့နေရာမှာ အမှန်ခြစ်လေးလုပ်ပေးပီး Apply, OK နှိပ်ပေးထားလိုက်
ပါ။ ဒါဆိုရင် သင့်ကွန်ပျူတာက ၀င်းဒိုးတက်လာတာနဲ့ ပုံမှန် မြင်တွေ့နေကျ Start
Menu Screen ကိုမရောက်ပဲ Desktop ဆီသို့ တန်းပီး တက်လာမှာဖြစ်ပါတယ်။
3. Customize the Start screen

ဒီနည်းလေးကတော့ သင့်ရဲ့ Start Menu Screen မှာ Application Group
တွေ၊ အထူးသဖြင့် အသုံးချပရိုဂရမ်တွေကို နာမည်သတ်မှတ်ဖို့ဖြစ်ပါတယ်။
လုပ်ဆောင်ရမှာကတော့ Start Menu Screen ကိုသွားလိုက်ပါ။ ပီးသွားရင်
တော့ အလွတ်တစ်နေရာမှာ Right Click ထောက်လိုက်တဲ့အခါမှာ ညာဘက်
အောက် ထောင့်နားလေးမှာ Customize ဆိုတာပေါ်လာမှာဖြစ်ပါတယ်။ ပီးသွား
ရင် တော့အထက်ပါပုံအတိုင်းပေါ်လာတဲ့အခါမှာတော့ မိမိစိတ်ကြိုက်နာမည်
ကို သတ်မှတ်လို့ရမှာဖြစ်ပါတယ်။
4. Check app sizes

ဒီတစ်နည်းကတော့ မိမိစက်ထဲမှာထည့်ထားတဲ့ Applications တွေရဲ့
Size ကို ကြည့်မယ်နည်းပဲဖြစ်ပါတယ်။ ထိုသို့လုပ်ဆောင်ဖို့အတွက်
ကတော့ Pointer ကို ညာဘက်ထောင်နားကိုသွားလိုက်ပါ။ပီးသွားရင်
Settings ကိုနှိပ်လိုက်ပါ။ထို့နောက် အောက်နားမှာပဲ Change PC Settings
ကို နှိပ်လိုက်ပါ။ ထို့နောက် PC Settings အောက်မှာရှိသော Search and apps
ဆိုတာကိုနှိပ်လိုက်ပါမယ်။ ထို့နောက် App sizes ဆိုတာကိုတွေ့မြင်ရမှာဖြစ်ပါ
တယ်။ ဒီနောက်တော့ သင့်ကွန်ပျူတာအတွင်းမှာသွင်းထားသော Application
များရဲ့ Size ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကတော့ Window 8.1 ရဲ့ အားသာ
ချက်တစ်ခုဆိုလည်းမမှားပါဘူး....
5. Create a lock screen slideshow

ဒီနည်းကတော့ Lock Screen ကို Slide Show ဖြင့် ဖန်တီးခြင်းဖြစ်ပါတယ်။
ဒီလုပ်ဆောင်ချက်အတွက် သင့်ဝင်းဒိုးစနစ်က Activated မဖြစ်နေဘူးဆိုရင်
မရပါဘူး။ ဘယ်လိုလုပ်ရမလည်းဆိုတော့ Desktop ရဲ့ ညာဘက်ထောင်နား
ကိုသွားပါပီးရင် Settings ကိုနှိပ်ပီး  Change PC settings ကိုဝင်လိုက်ပါ။
ထို့နောက် PC and devices ကို ထပ်ဝင်ပီး Lock screen နေရာကိုရောက်
ပီဆိုတာနဲ့ ညာဘက်ခြမ်းမှာရှိသော Play aslide show on the lock screen
ဆိုတဲ့နေရာမှာ Default အရ Off ဖြစ်နေတာကို On အဖြစ်သို့ပြောင်းလည်း
သတ်မှတ်လိုက်တာနဲ့ သင့် ၀င်းဒိုးစနစ်ကို Lock လုပ်ထားတယ်ဆို၇င် နောက်ခံ
ပုံများဖြင့် Slide Show ပြုလုပ်နေမှာဖြစ်ပါတယ်။
6. Edit your photos

နောက်တစ်ချက်ကတော့ မိမိဓာတ်ပုံတွေကို ပြုပြင်ချင်တဲ့အခါမှာ ကျွန်တော်တို့
က Photo Edit လုပ်တဲ့ Software တွေထပ်ထည့်စရာမလိုပဲ 8.1 မှာ Default
ပါဝင်တဲ့ Photo Editor နဲ့ အသုံးပြုလို့ရပါတယ်။ မိမိပြုပြင်ချင်တဲ့ ပုံကို Right
Click နှိပ်ပီး Photos ဆိုတာနဲ့ ဖွင့်လိုက်ပါ။ ပီးသွားရင်Photo မြင်ကွင်းပေါ်လာ
ပီဆိုရင် Right Click နှိပ်လိုက်တဲ့အခါမှာ အောက်ဘက်နားမှာ Delete, Open with
Set as, Rotate, Crop, Edit ဆိုပီး Sub Menu တွေထပ်မံပေါ်လာမှာဖြစ်ပါ
တယ်။ ဒီအခါမှာ မိမိတို့ စိတ်ကြိုက်ပြင်ဖို့ အတွက် Menu တွေအများကြီး
တွေ့မှာပါ။ ဘာနဲ့ တူသလည်းဆိုတော့ ကျွန်တော်တို့ Android Phone ထဲ
က Camera 360 ရဲ့ Function တွေနဲ့ အတူတူပါပဲ....
7. Disable hot corners

ဒါကတော့ ကျွန်တော်တို့ ၀င်းဒိုးစနစ် ၈ မှာ ညာဘက်ထောင့်ထားနဲ့ ဘယ်ဘက်
ထောင့်နားကိုသွားတဲ့အခါမမှာ Charms ပေါ်လာတာကို ပိတ်ထားတဲ့နည်းလေး
ဖြစ်ပါတယ်။ ဆိုလိုတာက ၀င်းဒိုး၈ ရဲ့ Desktop ညာဘက်ခြမ်းကို Pointer ရွှေ့
မယ်ဆိုရင် Settings Charms ရှိပီး။ ဘယ်ဘက်ခြမ်းထောင်ကို Pointer ရွှေ့တဲ့
အခါမှာ Recent Application များကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီတော့ ထိုကဲ့သို့
Pointer ကို Coner သို့ရွေ့တဲ့အခါ တက်လာမယ့် အရာတွေကိုပိတ်ထားခြင်း
ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့က Desktop Task bar မှာ Right Click
နှိပ်လိုက်ပါ။ ပီးသွားရင် Properties ကို ၀င်လိုက်ပါ။ ထို့နောက် Taskbar
 and Navigation properties Box မှာ Navigation Tab ကို ၀င်လိုက်ပါမယ်။
ထို့နောက် “ When I point to the upper-right corner, show the charms”
ဆိုတဲ့နေရာမှာ အမှန်ခြစ်လေးကိုဖြုတ်လိုက်ပါ။ထို့နောက် Apply, OK ကိုနှိပ်
လိုက်ပါ။ ဒါဆိုရင် ကျွန်တော်တို့ Corner ကိုသွားရင် ပေါ်လာမယ့် Charms တွေ
ကိုပိတ်လိုက်ပါပီး....
8. View the full apps list by default


နောက်တစ်ချက်ကတော့ ၀င်းဒိုး၈ မှာက ကျွန်တော်တို့ Window 7 မှာ
တုန်းကလို Start Button ကိုနှိပ်လိုက်တာနဲ့ All Programs ဆိုပီးပေါ်လာ
တာမဟုတ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က Start  ထဲက All Programs
အတိုင်းဖြစ်အောင် လုပ်ဆောင်မှာဖြစ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့
ကီးဘုတ်ကနေ Window Key ကိုနှိပ်လိုက်တဲ့အခါမှာ မိမိစက်ထဲမှာရှိတဲ့
Application တွေကို တန်းပီးဖော်ပြပေးနိုင်အောင် လုပ်ဆောင်မှာဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ သွားရမယ့်နေရာက Desktop ရဲ့ Taks bar မှာ Right
Click နှိပ်၊ Properties ထဲကိုဝင်ပီး Navigation Tab ထဲကိုသွားလိုက်ပါထို့
နောက် “Show the App vies automatically when I go to Start” ဆိုတဲ့
နေရာမှာ အမှန်ခြစ်လေးလုပ်ပေးပီးတော့ Apply, OK ဆိုတာကိုနှိပ်ပေးလိုက်ပါ။
ဒါဆိုရင် ကီးဘုတ်ကနေပီးတော့ Window Key ကိုနှိပ်လိုက်တဲ့အခါမှာ ကျွန်တော်တို့
ဝင်းဒိုး ၇ တုန်းကလိုပဲ All Programs အနေအထားအတိုင်း သင့်စက်ထဲမှာသွင်း
ထားသမျှ Program အားလုံးကိုမြင်တွေ့ပီးအလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပါ
တယ်။
9. Create a system image


System Image တစ်ခုဖန်တီးခြင်းအကြောင်းကို ကျွန်တော့်ဘလော့ထဲမှာ
ကိုချိုလေးလည်းရေးထားဖူးပါတယ်။ ကျွန်တော်လည်း System Repair Disc
အဖြစ် Post တစ်ခုတင်ထားပါတယ်။ window 7 မှာကော Window 8 မှာကော
ထို Mode ပါပါတယ်။ဒါပေမယ့် Window 8 မှာကတော့ ထို Serives ကိုဖွက်ထား
ပါတယ်။ ဒါကြောင့် ကျွန်တောတို့က Control Panel ထဲကနေ System
ထဲကိုဝင်ပီး ဘယ်ဘက်ခြမ်းမှာ Advanced system settings ထဲမှတဆင့်
System Propertiess ပေါ်လာပီဆိုရင် System protection ထဲကိုဝင်ပီး
အောက်ဘက်ထားမှာ Create ဆိုတာကို နှိပ်လိုက်ပါမယ။်ထို့နောက်ပေါ်လာမယ့်
Box ထဲမှာ မိမိစိတ်ကြိုက် နာမည်ကိုသတ်မှတ်ပေးပီး Create လုပ်ပေးလိုက်ပါမယ်။
10. Set alarms

ဒီအချက်ကတော့ ကျွန်တော်တို့ Alarm အတွက် အခြား Device တွေထပ်ဝယ်
စရာမလိုပဲ Windows 8.1 က Support လုပ်ပေးထားပါတယ်။ ဒီ Program ကို
ဖွင့်ဖို့ကတော့ အရင်ဆုံး Start Menu Screen ကို သွားလိုက်ပါ။ထို့နောက်
Down Award ဆိုတဲ့ အောက်မျှားပုံစံလေးကို နှိပ်လိုက်ပါ။ အလွယ်ဆုံးအနေဖြင့်
Search Box ထဲမှာ Alarm လို့ ရိုက်လိုက်ပါကတွေ့မြင်နိုင်မှာဖြစ်ပီး မိမိစိတ်ကြိုက်
Create လုပ်လို့ရမှာဖြစ်ပါတယ်။တစ်ခုမှတ်ထားရမှာက သင့်ကွန်ပျူတာကိုဖွင့်
ထားမှ Alarm က အလုပ်လုပ်မှာဖြစ်ပါတယ်။ 
အမှာစကား- ၀င်းဒိုး ၈ မှာ Boot တက်တဲ့အချိန်နဲ့ Shutdown လုပ်တဲ့အချိန်မြန်တယ်
လို့ အများကသိထားပါတယ်။ ဟုတ်ပါတယ်။ တစ်ကယ်လို့ Operation system ကို
SSD (Solid State Drive) နဲ့ တင်ထားတယ်ဆိုရင်တော့ စက်ကို ဘာမှမဖြစ်ပေမယ့်
HDD (Hard Disk Drive) နဲ့ တင်ထားမယ်ဆိုရင်တော့ ဘယ်လောက်ပဲ မြန်ပါတယ်
ပြောပြောကြာလာရင် HDD ဂေါက်နိုင်ပါတယ်။ နောက်တစ်ချက်က ၀င်းဒိုး စခရင်က
ပိတ်လိုက်ပီဆိုရင်ပျောက်သွားတယ်ဆိုပေမယ့် ပါဝါမသေသေးပါဘူး။ဒီတစ်ချက်ကို
တော့ သတိထားစေလိုပါတယ်။
နောက်ပိုင်းအလျှင်းသင့်လျှင် သင့် သလို ၀င်းဒိုး ၈ အကြောင်းကောင်းနိုးရာ ရာ
လေးတွေဆက်လက်ဖော်ပြပေးပါဦးမည်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်