Tuesday, September 2, 2014

.Net 4.5 Installation Error ဖြေရှင်းခြင်း (@32x64)



.Net 4.5 Installation Error ဖြေရှင်းခြင်း (@32x64)


ကျွန်တော်တို့ .Net 4.5 Installation Error ဆိုတာကိုမပြော
ခင် .Net ကိုဘာကြောင့်သွင်းရသလည်း အကြမ်းဖျဉ်းလေးရှင်း
ပြပါရစေ။ .Net ကို နောက်ပိုင်းမှာ Software တော်တော်များများ
မှာ လုံးဝသွင်းထားမှ တစ်ကယ်သွင်းမယ့် Software တွေကောင်း
ကောင်းအလုပ်လုပ်နိုင်မှာပါ။ ဆိုလိုတာက Programmable ဖြစ်
ဖို့အတွက် လုံးဝမရှိမဖြစ် Supporting Installer ဖြစ်ပါတယ်။
သူ့မှာ Version တွေအားဖြင့် 2.0, 3.5, 4.0, 4.5 ဆိုပြီးအကြမ်းဖျဉ်း
ရှိပါတယ်။အခုနောက်ပိုင်း Software တော်တော်များများမှာကတော့
.Net ကို 4.0 ထိပဲတောင်းကြတာများပါတယ်။နောက်ပြီး ၄င်းမှာ
32 Bit အတွက်က တစ်မျိုး၊ 64 Bit အတွက်ကတစ်မျိုးအပြင်
All in One ဆိုပြီး ပေါင်းချုပ်လို .Net တွေရှိပါတယ်။ All in
One ဆိုရင်တော့ ပုံမှန် ထက်ဖိုင်စိုက်ဒ်ကြီးမားကြပါတယ်။ဘယ်
လိုပဲကြီးမားကြီးမား လိုအပ်လာရင်တော့ ကျွန်တော်တို့ကဒေါင်း
လုပ်ဆွဲရတာတို့။ ဆွဲပြီးသွားဖိုင်တွေဝယ်သုံးရတာတို့တော့ရှိပါတယ်။
အဲဒီမှာ အခုကျွန်တော်ပြောမယ့်ပြဿနာကတော့အောက်ပါပုံအတိုင်း
ဖြစ်ပါတယ်။


လက်ရှိ ကျွန်တော့် Error တက်တဲ့ ၀င်းဒိုးကတော့ Window7
Ultimate 64 Bit Operation System ဖြစ်ပါတယ်။ ဖိုင်စိုက်ဒ်
မမှန်လို့လား ? Version မတူလို့လားဆိုပြီး အခြားအခြားသော
စဉ်းစားမှုအပိုင်းတွေလုပ်ပါတယ်။ ဘယ်လိုပဲစဉ်းစားစဉ်းစားကျွန်တော့်
မှတ်ဥာဏ်သေးသေးလေးထဲက သိထားသမျှတွေကုန်သွားပါတယ်။
ဒါနဲ့ပဲ ကျွန်တော့်ရဲ့ လက်ပွန်းသတီးဆရာ Google ကို မေးလိုက်
တဲ့အခါမှာတော့ ရှင်းလင်းပုံကတော့အရင်ဆုံး Run Box ကိုဖွင့်
လိုက်ပြီး %comspec% ဆိုပြီး


ရိုက်လိုက်ပါ ဒါဆိုရင် ကျွန်တော်တို့ Command Prompt
ထဲကို Administrator Permission အနေနဲ့ဝင်သွားပါလိမ့်မယ်
ဒီနောက်တော့ရိုက်ရမယ့် Command ကတော့
>net stop WuAuServ 


ဆိုပြီးတော့ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ မမြင်နိုင်တဲ့
နောက်ကွယ်ကနေ Window Update လုပ်နေတာကိုရပ်တန့်
ပလိုက်တာဖြစ်ပါတယ်။ဒီလိုရပ်တန့်ပြီးပြီဆိုရင် ကျွန်တော်တို့
က My Computer ကိုဖွင့်လိုက်ပါ။ပြီးသွား၇င်သွားရမယ့်လိပ်စာက
C:\Windows\SoftwareDistribution  ဆိုတဲ့လိပ်စာအတိုင်း


သွားပြီး ၄င်း Select လုပ်ထားသော Folder ကို မိမိစိတ်
ကြိုက်နာမည်တစ်ခု Rename ပေးလိုက်ပါ။ ဒီလို Rename
ပေးပြီးသွားရင်တော့ ခုနက Command Prompte ထဲမှာရိုက်
ရမယ့် Command ကတော့
>net start  WuAuServ ဆိုပြီးတော့



အထက်ပါပုံအတိုင်းရိုက်ပေးလိုက်ပါမယ်။အားလုံးလုပ်ဆောင်ပြီး
ပြီဆိုရင်တော့ ခုနက ကျွန်တော်တို့ .Net Framework ကိုပြန်
လည်အစကနေပြန်သွင်းကြည့်လိုက်တဲ့အခါမှာတော့


ထိုကဲ့သို့ Message ပေါ်လာမှာဖြစ်ပါတယ်။ ဒီနေရာမှာ Yes ကို
နှိပ်ပြီးဆက်သွားလိုက်တဲ့အခါမှာတော့

အထက်ပါပုံအတိုင်း ကောင်းမွန်လွယ်ကူစွာပြီးစီးသွားပါလိမ့်မယ်။
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်