Friday, March 20, 2015

သင်သုံးနေတဲ့ Firefox Browser ထဲ Add-on တွေပစ်ထည့်မခံရအောင်



သင်သုံးနေတဲ့ Firefox Browser ထဲ Add-on တွေပစ်ထည့်မခံရအောင်



ဟုတ်ကဲ့ အင်တာနက်အသုံးပြုသူအများစုရဲ့ ပျှမ်းမျှ 80% လောက်က
Mozila Firefox ကိုအသုံးပြုကြတာများပါတယ်။ ဘာကြောင့်သုံးရသလည်း
ဆိုရင် ပေါ့ပါးတယ်။ သုံးရတာ အဆင်ပြေတယ်ပေါ့ဗျာ…. နောက်ပီး တစ်ခြား
ဘရောက်ဇာတွေထက်စာရင်လည်း Plug-In တွေအများကြီးနဲ့ အလုပ်လုပ်
နိုင်တယ်။ ဥပမာ VPN ကျော်တာမျိုးတို့…. IP Hide တာမျိုးတို့ကို Software
ထပ်သွင်းစရာမလိုပဲ Add-On တွေ ထည့်ပီး အလွယ်တကူ အသုံးပြုနိုင်ပါတယ်။
အဲ့မှာစတွေ့မှာက Hacker…. (Attacker, Stealer) တွေက သင်သုံးနေကျဖြစ်
တဲ့  Mozila Firefox ထဲကို RAT တွေလှမ်းပစ်မယ်၊ Keylogger တွေကိုAdd-on
အသွင်ဖြင့် လှမ်းထည့်မယ်။ ဒီနည်းလမ်းနဲ့ သင်ဟာ သင့်ရဲ့ Browser ကနေ
သုံးသမျှ ရိုက်သမျှ အချက်အလက်တွေဟာ Add-on လှမ်းပစ်ပီး ယူနေတဲ့
Hacker ဟုတ်ပါဘူး Stealer တွေရဲ့လက်ထဲကို အချက်အလက်တွေ ပို့
လွှတ်နေသလိုဖြစ်နေမှာပါ။ ဒီတော့ ကျွန်တော်တို့က ဒီလိုမျိုး အားနည်းချက်
ဖြစ်နေတဲ့ Add-on တွေထည့်သွင်းထပ်မံသွင်းခြင်းကို ပိတ်ပင်ဖို့အတွက်
လိုအပ်လာပါပြီ။ ကဲ ဘယ်လိုပိတ်မလည်းဆိုတော့…….အရင်ဆုံး သင်ဖွင့်
ထားတဲ့ Firefox Browser ကို ပိတ်လိုက်ပါ။ ပြီးသွားရင်တော့….
အရင်ဆုံး Notepad ကိုဖွင့်လိုက်ပါမယ်။ ထို့နောက်အောက်မှာရေးထားတဲ့
စာသားလေးတွေကိုကော်ပီကူးပီး Paste လုပ်လိုက်ပါ။

pref("general.config.obscure_value", 0);
pref("general.config.filename", "mozilla.cfg");





ထို့နောက်တော့  ဖိုင်နာမည်ကို ‘local-settings.js’ အဖြစ် သိမ်းလိုက်ပါမယ့်။



 ပြီးသွားရင် နောက်ထပ် Notepad တစ်ခုကိုဖွင့်လိုက်ပါမယ်။ ထည့်ရမယ့်စာက

//Firefox Default Settings
//Disable add-on installation
lockPref("xpinstall.enabled", false);




ဖြစ်ပါတယ်။ပြီးသွားရင် သိမ်းရမယ့် ဖိုင်နာမည်က  ‘mozilla.cfg’ ဖြစ်ပါတယ်။




ကဲ ဒီတော့ ကျွန်တော်တို့က ထို ဖိုင် ၂ခုကို သိမ်းထားပြီးတော့
ဘယ်နေရာတွေမှာသွားထားမှာလည်း ?...... အကယ်လို့ သင်ဟာ
32 Bit OS ကိုသုံးနေတယ်ဆိုရင်
Local-settings.js ဆိုတဲ့ဖိုင်ကို ထည့်ရမယ့်လိပ်စာက
C:\Program Files\Mozilla Firefox\defaults\pref ဆိုတဲ့နေရာကိုသွားထည့်
ရမှာဖြစ်ပြီး  mozilla.cfg ဆိုတဲ့ဖိုင်ကိုတော့ C:\Program Files\Mozilla Firefox
ဆိုတဲ့နေရာမှာထည့်ရမှာဖြစ်ပါတယ်။
အကယ်လို့သင်ဟာ 64 Bit OS ကိုသုံးမယ်ဆိုရင်
Local-settings.js ဆိုတဲ့ဖိုင်ကို C:\Program Files(x86)\Mozilla Firefox\defaults\pref
ဆိုတဲ့နေရာဖြစ်ပြီး Mozilla.cfg ကိုတော့ C:\Program Files (x86)\Mozilla Firefox
ဆိုတဲ့ဖိုလ်ဒါထဲကို ထည့်ရမှာဖြစ်ပါတယ်။ အားလုံးပြီးသွားလို့ သင်ဟာ
Add-on ကိုစမ်းပြီါ်သွင်းတဲ့အခါမှာ ဖော်ပြမယ့် Message က




ကဲ ဒီလောက်ဆို သင့် Firefox ထဲ Add-on လှမ်းပစ်ခံရခြင်း မှ ကင်းဝေးကြ
မယ်လို့ ထင်ပါတယ်။ ဆက်လက်ကြိုးစားပါဦးမည်
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်