Saturday, October 5, 2013

PES 2014 နှင့် “d3dx9_43.dll” ပြဿနာဖြေရှင်းပုံ



ဘောလုံးဝါသနာအိုးများ ကွန်ပျူတာအတွင်း ထည့်သွင်းအသုံး
ပြုကြသောအခါ ယခင် Version အဟောင်းများတွင် ဖြစ်လေ့ရှိ
တတ်သော Direct X Error တင်မဟုတ်တော့ပဲ ယခုလက်ရှိဖြစ်
ပျက်ပုံကတော့ DLL File Missing Error ဖြစ်ပါတယ်။ ၄င်းဖိုင်
ကို မိမိဝယ်ယူထားသော အခွေများတွင် မပါဝင်ပဲ Google မှတဆင့်
ထပ်မံဒေါင်းလုပ်ဆွဲပီး Window\System32 ဖိုင်အတွင်းသို့ သွားရောက်
ထပ်မံဖြည့်စွက်ပေးရတာဖြစ်ပါတယ်။၎င်းဖိုင်ကိုမသွင်းထားရင်ပြမယ့်
Error Message ကတော့



ဖြစ်ပါတယ်။ပုံမှန်အတိုင်း Installation Methods ကတော့ အခွေထဲမှပါသော
RAR ဖိုင်များကို Extract လုပ်ပေးရမှာဖြစ်ပါတယ်။ဒီနောက် Installation ပြီး
သွားတဲ့အခါမှာတော့ Crack Folder ထဲမှ အောက်ဖော်ပြပါ ပုံထဲမှ ဖိုင် နှစ်ဖိုင်
ကို Program Location ဖြစ်သော
C:\Programs Files\KONAMI\Pro Evolution Soccer 2014 ထဲသို့ ၄င်း


Crack ဖိုင် နှစ်ခုကို ကူးထည့်ပေးရမှာဖြစ်ပါတယ်။ထို့နောက် လိုအပ်တဲ့ DLL
ဖိုင်ဖြစ်သော d3dx9_43.dll ဖိုင်ကိုတော့ ဒီကနေဒေါင်းလိုက်ပါ ။ ထို့နောက်
မှာတော့ ၄င်းဖိုင်ကို ZIP ဖိုင်အဖြစ်ပါမှာဖြစ်ပါတယ်။ ZIP ကိုဖြည်ပြီးတဲ့အခါ
မှာတော့ ၄င်း ဖိုင်ထဲမှ “d3dx9_43.dll” ဖိုင်အား C:\Windows\System32
အောက်သို့  Copy ကူးထည့်ပေးရမှာဖြစ်ပါတယ်။ထို့နောက်မှာတော့ ခုနက
Install လုပ်ထားသော PES 2014 ကို အလွယ်တကူ ဆော့ကစားနိုင်မှာ
ဖြစ်ပါတယ်။
ဤ Post ဖြစ်မြောက်ရေးအတွက် Error ပြသော အိုင်တီဝါသနာရှင်များ ဂရုမှ Admin အကို ဆရာကြီး Ye Thetpai အား အထူးပင်ကျေးဇူးတင်ရှိပါတယ်။

Wednesday, October 2, 2013

Microsoft Office 2010 အသုံးပြုနည်း



ကဲ  MS Office 2010 ကို စပေါ်ကတည်းက အသုံးပြု
နည်းလေးရေးမယ်...ရေးမယ်နဲ့ မအားလို့ မရေးဖြစ်ဘူ
အခုလည်း သိပ်မအားပါဘူး.. ဒါပေမယ့် သူများနဲ့ မတူ
အောင်တော့ ရေးပေးထားပါတယ်။ အခြေခံသမားတွေ
အတွက် အထူးသင့်လျှော်မယ်ထင်လို့ပါ........
နောက်ပိုင်း Excel, PowerPoint တို့ကိုလည်း ထပ်ရေး
ဖို့ အစီအစဉ်ရှိပါတယ်. လောလောဆယ်တော့ ဒါလေးကို
စိတ်ဝင်စားလို့ဒေါင်းချင်သပဆိုရင်တော့...

ဒီမှာဒေါင်းမယ်

သင့် Company လုပ်ငန်းလိပ်စာအား Google Map အတွင်းထည့်သွင်းခြင်း


ဘာကြောင့် ကျွန်တော်တို့ Google Map ထဲမှာ ကျွန်တော်တို့ရဲ့
လုပ်ငန်းလိပ်စာထည့်သွင်းရသလည်း….
Google ဆိုသော Search Engine ကြီးဆိုတာ မြန်မာတစ်နိုင်ငံတည်း
တင်မဟုတ်ပဲ တစ်ကမ္ဘာလုံးက သုံးဆွဲနေကြတာပါ.. ဒီလို ကမ္ဘာနှင့်
တလွှားသုံးနေကြတဲ့ Google Search Engine ကနေတဆင့်ခွဲထွက်
ထားသော Google Map Services ဆိုတာကလည်း တစ်ကယ်တန်း
အသုံးပြုကြတာကတော့ မိမိသိချင်တဲ့ မြေပုံတွေ၊ လမ်းလိပ်စာတွေ
လုပ်ငန်းလိပ်စာတွေကို အလွယ်တကူ အသေးစိတ် Traffice Route,
Settelite Route, Map Route စသဖြင့် အသေးစိတ်ဖော်ပြမှုတွေနှင့်
အတူ သင်ရှာလိုသော လုပ်ငန်းလိပ်စာ၊ တည်နေရာ၊ စတာတွေကို
အလွယ်တကူရှာဖွေလို့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ကျွန်
တော်တို့နှင့်ပတ်သက်သော လုပ်ငန်းလိပ်စာတွေကို ဒီ Google Map
ထဲမှာ နေရာအသစ်ထည့်ထားခြင်းဖြင့် သင့်ရဲ့ လုပ်ငန်းလိပ်စာရဲ့တည်
နေရာတွေကို Internet မှတဆင့် အလွယ်တကူရှာဖွေလို့ရမှာဖြစ်ပါတယ်။
လေကြောနည်းနည်းရှည်သွားပီနဲ့တူတယ် ကဲစလိုက်ရအောင်..
အရင်ဆုံး Browser ရဲ့ Address Bar မှာ



www.google.com/mapmaker လို့ရိုက်လိုက်ပါ။ပြီးသွားရင်တော့

သင့် Mail Account ကို အရင် Sign In လုပ်လိုက်ပါ။




ဒီနောက် အထက်ပါပုံအတိုင်း သင်ထည့်မည့် သင့်လုပ်ငန်း
လိပ်စာအား အရင်ဆုံး Search Box အတွင်း အနီးစပ်ဆုံး
ရှာဖွေပီး Enter ခေါက်လိုက်ပါ။ ထို့နောက်မှာတော့ သင်
ရှာဖွေလိုက်တဲ့ လပ်စာက အောက်ပါအတိုင်းပေါ်လာပါ
လိမ့်မယ်



ဒီအခါမှာ သင်က သင့်လုပ်ငန်းနေရာကို မြေပုံမှာထည့်မှာဖြစ်တဲ့အတွက်ကြောင့်
သင့်လုပ်ငန်းလိပ်စာရှိတဲ့နေရာကို Pointer လေးကို ဆွဲရွှေ့သွားရမှာဖြစ်ပါတယ်
ဒီနေရာမှာတစ်ခုပြောချင်တာက အရင်ပုံမှန်အတိုင်း Map ရှာသလိုမျိုး Mouse
ကိုဖိပီးရှာလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ သ်င့်ရဲ့ Click တစ်ချက်က
သင့်လုပ်ငန်းနေရာကိုသတ်မှတ်မှာဖြစ်လို့ပါ။ ဒါကြောင့် Pointer လေးကိုသာ
ရွှေ့သွားရမှာဖြစ်ပါတယ်။



ဒီနောက် သင် Add လုပ်မယ့် သင့်လုပ်ငန်းလိပ်စာနေရာကိုတွေ့ပီဆိုရင်
မျှားအနီလေးပြထားတဲ့ နေရာက Add New ကို အရင်နှိပ်ပါ။ ပီးသွားရင်
တော့ Add a Place ဆိုတာကို ထပ်နှိပ်ပါ။ဒီနောက်မှာတော့ သင့်လုပ်ငန်း
နေရာအတိအကျကို  Click ထောက်လိုက်ပါ။



ဒီလိုထောက်ပီးသွားပီဆိုရင်တော့ အောက်ပါပုံအတိုင်းတက်လာပါလိမ့်မယ်



ဒါကတော့ သင့်လုပ်ငန်းရဲ့ လုပ်ငန်းအမျိုးအစားကိုသတ်မှတ်ပေးရတဲ့
အပိုင်ဖြစ်ပါတယ်။ သင့်စိတ်ကြိုက်သတ်မှတ်ပါ။ ထိုနောက် အောက်မှာ
ပြထားတဲ့ ပုံအတိုင်း



သင့် လုပ်ငန်းအမျိုးအစားကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ပီးသွားရင်
တော့ Continue ကိုနှိပ်လိုက်ပါ။ဒီနောက် Add Place လုပ်လိုက်ပီဖြစ်
တဲ့အတွက်ကြောင့် Loading ဆွဲနေပါလိမ့်မယ် ။ ပီးသွားရင်တော့အောက်
ပါပုံအတိုင်း



ဘယ်ဘက်ခြမ်းတွင် သင့်လုပ်ငန်းအတွက် လိုအပ်သော Data များ
ကိုဖြည့်စွက်ပေးရမှာဖြစ်ပါတယ်။ လိုအပ်ချက်များကိုဖြည့်စွက်ပီးတဲ့
အခါမှာတော့ Save ဆိုတာကိုနှိပ်လိုက်ပါ။ ဒီနေရာမှာ တစ်ခါတစ်လေ
Error ပြပါတယ်။ ဆိုလိုတာက အခုလက်ရှိ နာမည်နဲ့ Add a Place
လုပ်လို့မရဘူးဆိုပီး ပြပါတယ် အပေါ်နားလေးမှာပေါ့။ အဲဒီ Message
မှာပဲ Skip လုပ်တဲ့ Check Box လေးရှိပါတယ် အဲဒီကောင်လေးကို
အမှန်ခြစ်လေးခြစ်ပေးပီးတော့ ထပ်မံ Save လုပ်လိုက်ပါ။ဒါဆိုရင်တော့
Add a Place လုပ်ပီးသွားလို့ အောက်ပါအတိုင်းပေါ်လာပါလိမ့်မယ်



သင့်လုပ်ငန်းကို Google Map Services ကနေ အတိအကျ ရိုက်ပီး
ရှာဖွေတဲ့အခါမှာလည်း အောက်ပါပုံအတိုင်းဖော်ပြနေမှာဖြစ်ပါတယ်။





ဒီနေရာမှာထပ်ပီး Zoom ဆွဲကြည့်တဲ့အခါ နေရာလွဲနေသေးပါက
နင်း A ဆိုတာလေးကို Click ထောက်ပီး မိမိစိတ်ကြိုက်နေရာသို့
Drag ဆွဲသွားလို့ရပါတယ် အောက်ပါပုံအတိုင်ပေါ့



ပီးသွားရင်ဆိုရင်တော့ Continue ကိုသာနှိပ်လိုက်ပါ။ဒါဆိုရင်
သင့်လုပ်ငန်းနာမည်နဲ့ လိပ်စာ၊ ဆက်သွယ်ရမယ့် အချက်အလက်
တွေက Google Map ပေါ်ရောက်ရှိသွားပီဖြစ်ပါတယ်။ အားလုံး
ပဲအဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။



Tuesday, October 1, 2013

Microsoft Office မှာ .... Password လေး နဲ့ ထားထား လို့ ရပါတယ် .... :) :)

အရင် ဆုံး ....ကျွန်တော် အပျင်းထူနေ တဲ့ အကြောင်း ကို မပြောတော့ဘူးနော် ... :)
ကဲ စလိုက် ရအောင် ဗျာ .... :)