Monday, December 30, 2013

Driver Package Installer (*.exe) တစ်ခုဖန်တီးခြင်း




ကျွန်တော်တို့ ကွန်ပျူတာတစ်လုံးမှာ ၀င်းဒိုးပြန်တင်တဲ့အခါမှာ
အဓိက အာရုံနောက်ရတဲ့အချက်က Driver ပြဿနာပါ။
အကယ်လို့ Online ချိတ်ဆက်ထားတယ်ဆိုရင်တော့အကြောင်း
မဟုတ်ပေမယ့်။ Online ချိတ်ဆက်ထားမှုမရှိတဲ့အခါမျိုးမှာ လက်ရှိ
ဝင်းဒိုး စနစ်တစ်ခုမှာ ရှိထားပီးသော Driver တွေကိုတော့ ပြန်လည်
သွင်းရမှာ အနည်းငယ်နှောင့်နှေးခက်ခဲမှုရှိပါတယ်။ ဒါကြောင့် ကျွန်တော်
တို့က Driver Backup လုပ်နည်းများစွာထဲမှာမှ Driver Pack
Solution 2013 ဖြင့် လက်ရှိ Driver များကို EXE ဖိုင်အဖြစ်
Backup & Convert လုပ်နည်းဖြစ်ပါတယ်။ကဲ စကားတွေလည်းများ
သွားပီဆိုတော့ ဆက်လိုက်ရအောင် အရင်ဆုံး သင့် ကွန်ပျူတာထဲကို
Driver Pack Solution13 ကိုထည့်လိုက်ပါပီးရင်တော့ ထုံးစံအတိုင်း



မျှားအနီပြထားသော DriverPackSolution.exe ဆိုတဲ့ ဖိုင်ကို Double
Click နှိပ်လိုက်ပါမယ်။ဒီအခါမှာတော့ Driver Pack Solution 13 Run
လာတဲ့အခါမှာတော့ အောက်ပါပုံအတိုင်းမှ



Backup ဆိုတာကိုနှိပ်လိုက်ပါမယ်။ဒီအခါမှာတော့



အထက်ပါပုံအတိုင်းမှ Backup from the Datebase ဆိုတဲ့ဘေးမှာ
မှင်အနီဝိုင်းပြထားတဲ့နေရာလေးမှာ အမှန်ခြစ်တပ်ထားပေးရမှာဖြစ်
ပါတယ်။ ဘာလို့လည်းဆိုတော့ သူက .EXE format ကို တန်းပီး Convert
လုပ်ဖို့ဖြစ်ပါတယ်။ အလားတူပဲ Backup from the sytem မှာလည်း အမှန်
ခြစ်ထားပေးရပါမယ်။ ဒီနေရာမှာတစ်ခုပြောချင်တာက နှစ်မျိုးရှိပါတယ်။
Database ကနေကော  System ကနေကော Backup လုပ်တာမှာ
ပါတယ်။ ဒါကြောင့် နှစ်မျိုးလုံးကို တစ်ခုချင်းစီ Backup လုပ်ပီးသွားတဲ့
အခါမှာတော့



အထက်ပါပုံအတိုင်း drp.exe နဲ့ win.exe ဆိုပီး ပေါ်လာမှာဖြစ်ပါတယ်။
၎င်းဖိုင်နှစ်ဖိုင်အား CD ဖြင့် ဘမ်းထားပီး သင့် စက်ရဲ့ Driver ခွေအဖြစ်
သိမ်းဆည်းထားပီး သင့်စက်အားဝင်းဒိုးတင်လိုက်တဲ့အချိန်တိုင်းမှာ ၄င်း
Exe ဖိုင်နှစ်ခုအား Install လုပ်ပေးခြင်းဖြင့် Driver များကို အလိုအလျောက်
သွင်းပေးမှာဖြစ်ပါတယ်။ကဲ ဒီလောက်ဆိုရင်သင့်ကွန်ပျူတာ Laptop ပဲ
ဖြစ်ဖြစ် Desktop ပဲဖြစ်ဖြစ် Driver ကိစ္စများအတွက် အာရုဏ်နောက်ခြင်း
မှ ကင်းဝေးပီး အလွယ်တကူ Driver Backup လုပ်နိုင်ကြမှာဖြစ်ပါတယ်
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

Saturday, December 28, 2013

OCR ဆိုတာဘာလည်း…..




OCR ဆိုတာကိုမပြောခင်မှာအရင်ရှင်ပြချင်တာကတော့ကျွန်တော်တို့
သာမာန်အားဖြင့် E-book (PDF) တွေမှာအမျိုးအစားအားဖြင့် နှစ်မျိုး
ရှိပါတယ်။၎င်းတို့ကတော့ Image PDF နဲ့ Text PDF ဆိုပီးတော့ပေါ့
ဘာတွေကွာခြားသလည်းဆိုတော့ ကျွန်တော်တို့ Text PDF တွေမှာ
ဆိုရင်တော့ ၄င်း PDF File အတွင်းပါဝင်သော စာသားများအားအလွယ်
တကူ Ctrl + F (Search) လုပ်ပီးရှာဖွေလို့ပေမယ့်။ Image PDF တွေ
မှာကတော့ Search လုပ်ခွင့်မရှိပဲ PDF File တစ်ခုလုံးက Image တစ်ခု
ကို Scan ဖတ်ထားပီး PDF Converting လုပ်ထားသလိုမျိုးဖြစ်နေသော
ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က OCR Service ပါသော
Reader သို့မဟုတ်၊ OCR Software တစ်မျိုးမျိုးဖြင့် ၄င်း Image PDF
များကို Text PDF အဖြစ်သို့ ပြောင်းလည်းရပါတယ်။ဒါကြောင့် အခု
ဒီခေါင်းစဉ်အောက်မှာကျွန်တော်က PDF-X Change Viewer နဲ့
Adobe Reader နှစ်ခုကိုယှဉ်ပီးပြောသွားပါမယ်။လိုအပ်တဲ့
Software ကိုတော့ ဒီမှာဒေါင်းလိုက်ပါ အိုခေအရင်ဆုံး
သင့်စက်ထဲကို PDF-X Change Viewer Software ကို Install
လုပ်လိုက်ပါ။ အားလုံးဟာပုံမှန်အတိုင်းပါပဲအဲဒီနေရာမှာတစ်ခု
ပြောချင်တာက Installation အပိုင်းပေါ့.. Select Components
ဆိုတဲ့အပိုင်းရောက်ရင်အောက်ပါပုံအတိုင်း



မျှားအနီလေးပြထားတဲ့ OCR ဆိုတဲ့ Service လေးကိုအမှန်ခြစ်မဖြုတ်မိဖို့ဖြစ်ပါတယ်။
ကဲ Software ကိုစာဖတ်သူသွင်းပီးသွားပီလို့ ယူဆလိုက်ပါတယ်။ဒါကြောင့် ဆက်ရအောင်
ဥပမာတစ်ခုအနေနဲ့ ကျွန်တော်က Image PDF ဖိုင်တစ်ခုကိုဖွင့်ပီး ၄င်းထဲမှာပါဝင်သော
Word တစ်ခုခုအား Search ဖြင့် ရှာကြည့်လိုက်ပါတယ်။ ပထမဦးဆုံး Adobe Reader
ထဲကနေပေါ့…


အထက်ပါပုံအတိုင်းသင်ရိုက်ရှာလိုက်သောစာသားဟာမရှိပါဘူးဆိုပီးတော့
Message ဖော်ပြပါတယ်။နောက်တစ်ခုX Change Viewer အတွင်းမှာလည်း
ထပ်မံရှာကြည့်ပါတယ်။




ဒီထဲမှာလည်းမတွေ့ဘူးလို့ပြောပါတယ်။ ဒါဟာ Image PDF ဖိုင်ဖြစ်နေလို့ပါပဲ…
ကျွန်တော်တို့က Adobe Reader ထဲမှာဆိုရင် OCR Service Mode မပါဝင်တဲ့
အတွက်ကြောင့် ၄င်း Image PDF ကို Text PDF အဖြစ် Convert လုပ်လို့မရပါ
ဘူး။ ဒါကြောင့် ကျွန်တော်တို့က X Change Viewer ထဲကနေ Convert လုပ်မှာ
ဖြစ်ပါတယ်။ ဒါကြောင့်အောက်ပါပုံအတိုင်း



မှင်အနီရောင်လေးဝိုင်းပြထားတဲ့နေရာမှာ OCR ဆိုတာကို နှိပ်လိုက်ပါမယ်။
ဒီအခါမှာတော့ အောက်ပါပုံအတိုင်း



OCR Converting Service ModeMenuပေါ်လာတဲ့အခါမှာတော့ ဘာမှ
မပြောင်းလည်းပဲ OK ဆိုတာကိုနှိပ်လိုက်ပါ့မယ်။ဒါဆိုရင်အောက်ပါပုံအတိုင်း



သင့် Image PDF File အတွင်းရှိစာမျက်နှာအားလုံးကို Text PDF ဖိုင်အဖြစ်
သို့ Converting လုပ်နေတာဖြစ်ပါတယ်။ဒီနေရာမှာစာရွက်ရည်များလျှင်များ
သလိုအချိန်အားဖြင့်လည်းအနည်းငယ် ကြာမြင့်ပါမယ်။ဒီနောက် Converted
ပီးသွားတာနဲ့ ကျွန်တော်တို့ကခုနကရိုက်ရှာတဲ့ “text “ ဆိုတာကိုထပ်မံရိုက်ပီး
ရှာတဲ့အခါမှာတော့



အထက်ပါပုံအတိုင်း PDF ဖိုင်ထဲမှာရှိသမျှ TEXT နှင့် ပတ်သက်သမျှ စကားလုံး
တိုင်းကိုဖော်ပြပေးမှာဖြစ်ပါတယ်။ဒါဟာဘာကြောင့်လည်းဆိုတော့ လက်ရှိ
Image PDF ကနေ Text PDF အဖြစ်သို့ OCR Services Mode ကိုအသုံးပြု
ပီး Converted လုပ်လိုက်သောကြောင့်ဖြစ်သည်။ အခုနောက်ပိုင်း Adobe
Reader တွေဘယ်လောက်ပဲထွက်ထွက် OCR Service မပါပါဘူး။ သို့ပေ
သော်ညာလည်း Adobe Acrobat Reader မှာကတော့ OCR ကို Support
လုပ်တာကိုတွေ့ရှိရပါတယ်။ ဒီလောက်ဆိုရင် ကျွန်တော်တို့ဖတ်နေကြတဲ့
PDF အကြောင်းနဲ့ OCR အကြောင်းကိုအကြမ်းဖျဉ်းလေးသဘောပေါက်
နားလည်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။ ဒီ Post လေးဖြစ်မြောက်ဖို့
အကြံဥာဏ်ရအောင် ကျွန်တော့်ရဲ့ Customer တစ်ဦးဖြစ်တဲ့ ဗီယက်နမ်
တစ်ယောက်လည်းဒီ Post လေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

Android Phone တစ်လုံးဝယ်တော့မယ်ဆိုရင် ဒါတွေကိုစမ်းပါ…




ကျွန်တော်တို့ Android Phone တစ်လုံးကိုဝယ်တော့မယ်ဆိုရင်
အများစုက ရုပ်ထွက်ကိုသာ အဓိက စမ်းသပ်ကြတာများပါတယ်
ဒီလို Test လုပ်တာက Android Phone မှာတင်မှမ ဟုတ်ပါဘူး
ကွန်ပျူတာ ၀ယ်တဲ့အခါမှာလည်း ရုပ်ထွက်ကိုပဲ အများစုကစမ်း
သပ်ကြပါတယ်။ တစ်ကယ်တမ်းမှာက ရုပ်ထွက်ဆိုတာထက်အ
တွင်းပိုင်းက Hardware ပိုင်းတွေနဲ့ ၄င်းတို့ ကြံ့ခိုင်မှုကိုပါတစ်ခါ
တည်းစစ်ဆေးရမှာဖြစ်ပါတယ်။ Android Phone တွေမှာဆိုရင်
တော့ ကွန်ပျူတာတွေမှာလို System Unit ဖွင့်ပီး Hardware
Specification တွေကြည့်လို့မရသလို Laptop မှာလည်း အောက်
ကိုဖွင့်ပီး ကြည့်လို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ Android
Phone များဟာ ဖွင့်ဖောက်စစ်ဆေးဖို့ဆိုတာ မလွယ်ကူပါဘူး..
ဒါကြောင့် ကျွန်တော်တို့က Dialing Pad ကနေပဲ Hardware
Test တွေ Product Test တွေ System Test တွေကိုလုပ်
ဆောင်ရမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်တို့စတင်စမ်းသပ်
မယ့် Code ကတော့….
 

*#*0#  ဖြစ်ပါတယ်။


ဘာကြောင့် ဒီကုဒ်ကိုစမ်းသပ်ရသလည်းဆိုတော့ ဒီ Code ထဲမှာ
ပါတဲ့ Testing Mode တွေကတော့ Phone Screen ရဲ့ Color
ပေါက်ထွက်မှုရှိမရှိတို့၊ Camera ကောင်းမွန်စွာအလုပ် လုပ်မလုပ်
တို့ ၊ Sensor တွေ Touch တွေ ဖုန်းရဲ့ စပီကာတွေ တစ်ကယ်
ကောင်းမွန်စွာအလုပ်လုပ်မလုပ်တို့ကိုစမ်းသပ်ရန်ဖြစ်ပါတယ်။

 
*#06# 



သူ့ကိုကတော့ ကျွန်တော်တို့ IMEI Number ကိုစစ်ဖို့ဖြစ်ပါတယ်။
အဲဒီ IMEI Number တွေနဲ့ပတ်သက်ပီးတော့ နောက်ပိုင်း Post
တွေမှာ အလျင်းသင့်လျှင်သင့်သလို ဖော်ပြပေးသွားပါမယ်။ အဲ…
တစ်ခုပြောချင်တာက ၄င်း Code ကို စမ်းသပ်တဲ့အခါမှာတော့
စုစုပေါင်း Code ၁၅လုံးဖော်ပြပေးပါလိမ့်မယ်။ ၄င်း ၁၅ လုံးထဲမှာမှ
၇လုံးမြောက်နှင့် ၈လုံးမြောက်ကုဒ်ကို ကြည့်ပီး ယခုစမ်းသပ်နေသော
ဖုန်းရဲ့ Quality ကိုလည် ဘယ်နိုင်ငံထုတ်ပီး ဘယ်လောက် အရည်
အသွေးကောင်းလည်းဆိုတာ သိရှိနိုင်ပါတယ်။အကယ်လို့ ၄င်းကုဒ်
ဖြင့် IMEI Number ကိုစစ်ကြည့်တဲ့အခါ ဂဏန်းအားလုံး သုညပြနေ
မယ်ဆိုရင်တော့ ၄င်းဖုန်းမှာ Firmware Error တစ်ခုခုရှိနေတယ်လို့
ဆိုရပါမယ်။

*#*#197328640#*#*
ဒီကုဒ်ကတော့ Intermediate Level အဆင့်ဖြစ်ပါတယ်။ သူ့ထဲမှာ
ဖော်ပြမယ့်အကြောင်းအရာတွေကတော့ အောက်ပါပုံအတိုင်းဖြစ်ပီး



သူ့ထဲမှာ Software Version တွေရဲ့ Information အကြောင်းတွေ
Hardware Version တွေရဲ့ Information အကြောင်းတွေကိုတိကျ
စုံလင်စွာဖော်ပြပေးထားတဲ့အပြင် မိမိစိတ်ကြိုက် String Table Value
တွေကိုလည်း ပြင်ဆင်သတ်မှတ်လို့ရပါတယ်။ ၀င်ရောက်လေ့လာရုံ
လောက်ပဲစမ်းသပ်ပီး မည်သည့် တန်ဖိုး (Value) မှ ပြင်ဆင်ရေးသား
ထပ်တိုးခြင်းများလုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။ အကယ်လို့ သင်ဟာ
Phone Developer တစ်ဦးဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး….

*#*#1234#*#* နှင့် *#*#0842#*#*



သူကတော့ PDA နဲ့ Firmware Version တွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။
သူ့ဆီမှာအသေးစိတ်ဖော်ပြပေးမယ့် ကုဒ်တွေကတော့ PDA Version ၊
PHONE Version ၊ CSC Version တွေကို တိကျစွာဖော်ပြပေးမှာဖြစ်ပါတယ်။
ဘာကြောင့် ဒီကုဒ်ကို အဓိကစစ်ရသလည်းဆိုတော့ အကယ်လို့ သင်ဟာ
အကြောင်းတစ်စုံတစ်ရာကြောင့် သင့်ဖုန်းရဲ့ Firmware အား ထိခိုက်သွားတဲ့
အခါမှာ ၄င်းဖော်ပြထားတဲ့ ထဲမှာပါရှိသော Firmware Number ဖြင့် ပြန်လည်
ဒေါင်းလုပ် လုပ်ယူပီး ပြုပြင်နိုင်ရန်အတွက်ဖြစ်ပါတယ်။ ဒီကုဒ်ကတော့ ဖုန်း
ပြင်တဲ့ သူတွေအတွက် အဓိက အသုံးဝင်မှာပါ။

*#*#0842#*#*



ဆိုတာကတော့ သင်စမ်းသပ်နေတဲ့ဖုန်းရဲ့ Back Light ရဲ့ အလင်းရောင်
အလင်းဆုံးဘယ်လောက်ရှိသလည်းဆိုတာရယ် ၄င်းဖုန်းအတွင်းမှ
Vibrator RPM ဘယ်လောက်ရှိသလည်းဆိုတာကိုစမ်းသပ်ဖို့ပါ။

*#*#2664#*#*



သူကတော့ သင်စမ်းသပ်နေတဲ့ဖုန်းရဲ့ Touch Screen ကို ဘယ်လောက်ထိ
Touch ကောင်းသည် မကောင်းသည်ကို စမ်းသပ်ဖို့ဖြစ်ပါတယ်။ ဘာကြောင့်
ဒီလိုစမ်းသပ်ရသလည်းဆိုတော့တစ်ချို့ဖုန်းတွေမှာ Screen ရဲ့ ထောင့်နား
လေးတွေဆိုရင် မမိ တာမျိုးတွေရှိတတ်ပါတယ်။ ဒါကြောင့်စမ်းသပ်ရတာဖြစ်ပါ
တယ်။ ဒီနည်းကတော့ Single Touch Test ဖြစ်ပါတယ်။ အကယ်လို့ ဖုန်းအမျိုး
အစားက 4.0 နှင့်အထက်ဆိုရင်တော့ ၄င်းဖုန်းရဲ့ System Setting ထဲကနေ
တဆင့် About Phone ထဲကိုဝင်ပါ။ ထို့နောက် Android Version ဆိုတာကို
သုံးချက်လောက်ဆင့်နှိပ်လိုက်ပါတဲ့အခါမှာတော့ သင့် Android ဖုန်းရဲ့ Sceen
ကို Multi Test စမ်းသပ်လို့ရပါမယ်။

*#*#7780#*#* နှင့် *2767*3855#

သူကတော့ အ၇မ်းအရေးကြီးသော Code ဖြစ်ပါတယ်။ ဒါကတော့ ၄င်းဖုန်း
အား Factory Reset ချတဲ့ Code ဖြစ်သောကြောင့် ၄င်းကုဒ်ကိုစမ်းသပ်မယ်
ဆိုရင်သတိထားရပါမယ်။ ဆိုင်က အသစ်ဆိုသောဖုန်းအားသွားချမိရင်တော့
အရောင်း စာရေးနဲ့ စကားများမှာဖြစ်ပါတယ်။ လက်ရှိကိုင်နေတဲ့ဖုန်းကိုချမိ
မယ်ဆိုရင်လည်း သင့်ဖုန်းထဲမှာမှတ်ထားသော Contact List တွေ၊ System
Setting တွေ၊ Application တွေ၊ Google Account တွေ၊ Facebook Account
တွေအကုန်လုံးပျက်သွားမှာဖြစ်ပါတယ်။


*#*#4636#*#*



သူကတော့ ဖုန်းနဲ့ ပတ်သက်ပီး Information တော်တော်များများကိုသိနိုင်ပါတယ်
ဆိုလိုတာက ဖုန်းရဲ့ Battery Information တွေ ၊ Phone Information တွေစတာ
တွေအပြင် ကျွန်တော်တို့ GSM ဖုန်းနဲ့ Network ချိတ်ထားသူတွေအတွက် Phone
Information မှ အောက်ဖော်ပြပါပုံအတိုင်း 



WCDMA preferred ဆိုတာကိုရွေးပေး
ခြင်းဖြင့် GSM Phone ကို WCDMA Network Mode ဖြင့် Data Traffic သွားသော
ကြောင့် သင်က Mobile Network ကို Enable လုပ်လိုက်တာနဲ့ H ဆိုပီးတန်းတက်
လာမှာပါ.. ယခု ကျွန်တော်လက်ရှိ GSM ဖုန်းကိုလည်း ထိုနည်းအတိုင်းသုံးနေပါတယ်။
ထိုသို့သုံးခြင်းဖြင့် သာမာန် GSM Phone ချင်းအတူတူတောင် Network Speed ကို
မြန်မာကျပ်ငွေ နှစ်ကျပ်တည်းဖြင့် WCDMA Mode မြန်မာကျပ်ငွေ လေးကျပ်နှုန်းစာ
လောက်ရှိသော Data Traffic ကိုရရှိနိုင်မှာဖြစ်ပါတယ်။


*#*#3264#*#*
သူကတော့ ဖုန်းရဲ့ RAM Version ကိုစစ်ဆေးဖို့ဖြစ်ပါတယ်။

ကဲအားလုံးပဲအဆင်ပြေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။
အခုကျွန်တော်ဖော်ပြထားတဲ့ Code လေးတွေကိုတော့ဖြစ်နိုင်ရင်
အလွတ်ကျက်ထားစေချင်ပါတယ်။ ဒါမှလည်း သင့်သူငယ်ချင်းသို့
မဟုတ် သင့် ပိုင်ရာဆိုင်ရာတွေအတွက် ဖုန်းလိုက်ဝယ်ပေးတာတို့
ဘာတို့ဆိုရင်လည်း အလွယ်တကူဖြစ်နိုင်မယ်လေ….
အစဉ်လေးစားလျှက်
Cristiano Zarni@ ဦးဇာနည်