Saturday, December 28, 2013

OCR ဆိုတာဘာလည်း…..




OCR ဆိုတာကိုမပြောခင်မှာအရင်ရှင်ပြချင်တာကတော့ကျွန်တော်တို့
သာမာန်အားဖြင့် E-book (PDF) တွေမှာအမျိုးအစားအားဖြင့် နှစ်မျိုး
ရှိပါတယ်။၎င်းတို့ကတော့ Image PDF နဲ့ Text PDF ဆိုပီးတော့ပေါ့
ဘာတွေကွာခြားသလည်းဆိုတော့ ကျွန်တော်တို့ Text PDF တွေမှာ
ဆိုရင်တော့ ၄င်း PDF File အတွင်းပါဝင်သော စာသားများအားအလွယ်
တကူ Ctrl + F (Search) လုပ်ပီးရှာဖွေလို့ပေမယ့်။ Image PDF တွေ
မှာကတော့ Search လုပ်ခွင့်မရှိပဲ PDF File တစ်ခုလုံးက Image တစ်ခု
ကို Scan ဖတ်ထားပီး PDF Converting လုပ်ထားသလိုမျိုးဖြစ်နေသော
ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က OCR Service ပါသော
Reader သို့မဟုတ်၊ OCR Software တစ်မျိုးမျိုးဖြင့် ၄င်း Image PDF
များကို Text PDF အဖြစ်သို့ ပြောင်းလည်းရပါတယ်။ဒါကြောင့် အခု
ဒီခေါင်းစဉ်အောက်မှာကျွန်တော်က PDF-X Change Viewer နဲ့
Adobe Reader နှစ်ခုကိုယှဉ်ပီးပြောသွားပါမယ်။လိုအပ်တဲ့
Software ကိုတော့ ဒီမှာဒေါင်းလိုက်ပါ အိုခေအရင်ဆုံး
သင့်စက်ထဲကို PDF-X Change Viewer Software ကို Install
လုပ်လိုက်ပါ။ အားလုံးဟာပုံမှန်အတိုင်းပါပဲအဲဒီနေရာမှာတစ်ခု
ပြောချင်တာက Installation အပိုင်းပေါ့.. Select Components
ဆိုတဲ့အပိုင်းရောက်ရင်အောက်ပါပုံအတိုင်း



မျှားအနီလေးပြထားတဲ့ OCR ဆိုတဲ့ Service လေးကိုအမှန်ခြစ်မဖြုတ်မိဖို့ဖြစ်ပါတယ်။
ကဲ Software ကိုစာဖတ်သူသွင်းပီးသွားပီလို့ ယူဆလိုက်ပါတယ်။ဒါကြောင့် ဆက်ရအောင်
ဥပမာတစ်ခုအနေနဲ့ ကျွန်တော်က Image PDF ဖိုင်တစ်ခုကိုဖွင့်ပီး ၄င်းထဲမှာပါဝင်သော
Word တစ်ခုခုအား Search ဖြင့် ရှာကြည့်လိုက်ပါတယ်။ ပထမဦးဆုံး Adobe Reader
ထဲကနေပေါ့…


အထက်ပါပုံအတိုင်းသင်ရိုက်ရှာလိုက်သောစာသားဟာမရှိပါဘူးဆိုပီးတော့
Message ဖော်ပြပါတယ်။နောက်တစ်ခုX Change Viewer အတွင်းမှာလည်း
ထပ်မံရှာကြည့်ပါတယ်။




ဒီထဲမှာလည်းမတွေ့ဘူးလို့ပြောပါတယ်။ ဒါဟာ Image PDF ဖိုင်ဖြစ်နေလို့ပါပဲ…
ကျွန်တော်တို့က Adobe Reader ထဲမှာဆိုရင် OCR Service Mode မပါဝင်တဲ့
အတွက်ကြောင့် ၄င်း Image PDF ကို Text PDF အဖြစ် Convert လုပ်လို့မရပါ
ဘူး။ ဒါကြောင့် ကျွန်တော်တို့က X Change Viewer ထဲကနေ Convert လုပ်မှာ
ဖြစ်ပါတယ်။ ဒါကြောင့်အောက်ပါပုံအတိုင်း



မှင်အနီရောင်လေးဝိုင်းပြထားတဲ့နေရာမှာ OCR ဆိုတာကို နှိပ်လိုက်ပါမယ်။
ဒီအခါမှာတော့ အောက်ပါပုံအတိုင်း



OCR Converting Service ModeMenuပေါ်လာတဲ့အခါမှာတော့ ဘာမှ
မပြောင်းလည်းပဲ OK ဆိုတာကိုနှိပ်လိုက်ပါ့မယ်။ဒါဆိုရင်အောက်ပါပုံအတိုင်း



သင့် Image PDF File အတွင်းရှိစာမျက်နှာအားလုံးကို Text PDF ဖိုင်အဖြစ်
သို့ Converting လုပ်နေတာဖြစ်ပါတယ်။ဒီနေရာမှာစာရွက်ရည်များလျှင်များ
သလိုအချိန်အားဖြင့်လည်းအနည်းငယ် ကြာမြင့်ပါမယ်။ဒီနောက် Converted
ပီးသွားတာနဲ့ ကျွန်တော်တို့ကခုနကရိုက်ရှာတဲ့ “text “ ဆိုတာကိုထပ်မံရိုက်ပီး
ရှာတဲ့အခါမှာတော့



အထက်ပါပုံအတိုင်း PDF ဖိုင်ထဲမှာရှိသမျှ TEXT နှင့် ပတ်သက်သမျှ စကားလုံး
တိုင်းကိုဖော်ပြပေးမှာဖြစ်ပါတယ်။ဒါဟာဘာကြောင့်လည်းဆိုတော့ လက်ရှိ
Image PDF ကနေ Text PDF အဖြစ်သို့ OCR Services Mode ကိုအသုံးပြု
ပီး Converted လုပ်လိုက်သောကြောင့်ဖြစ်သည်။ အခုနောက်ပိုင်း Adobe
Reader တွေဘယ်လောက်ပဲထွက်ထွက် OCR Service မပါပါဘူး။ သို့ပေ
သော်ညာလည်း Adobe Acrobat Reader မှာကတော့ OCR ကို Support
လုပ်တာကိုတွေ့ရှိရပါတယ်။ ဒီလောက်ဆိုရင် ကျွန်တော်တို့ဖတ်နေကြတဲ့
PDF အကြောင်းနဲ့ OCR အကြောင်းကိုအကြမ်းဖျဉ်းလေးသဘောပေါက်
နားလည်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။ ဒီ Post လေးဖြစ်မြောက်ဖို့
အကြံဥာဏ်ရအောင် ကျွန်တော့်ရဲ့ Customer တစ်ဦးဖြစ်တဲ့ ဗီယက်နမ်
တစ်ယောက်လည်းဒီ Post လေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

No comments:

Post a Comment