Tuesday, January 14, 2014

Firefox ကို မြန်အောင်လုပ်မယ်….



ကျွန်တော်တို့ Internet အသုံးပြုသူ အများစုကတော့
Mozila FireFox ဆိုတဲ့ Browsing Program ကို တော်တော်
များများ သုံးစွဲကြတာကိုတွေ့ရပါတယ်…အင်တာနက်ဆိုင်တွေ
က ကွန်ပျူတာ (Defreezee အုပ်ထားသောစက်) ဆိုရင်တော့
သိပ်အကြောင်းမဟုတ်ပေမယ့် အိမ်သုံးကွန်ပျူတာတွေ အထူး
သဖြင့်  Defreezee မခံထားသော စက်များတွက် နေ့စဉ်ရက်
ဆက် အသုံးပြုလာတာများလာတာနှင့်အမျှ ဘယ်လို Error တွေ
ကြုံတွေ့ရသလည်းဆိုတော့ Tab အသစ် ခေါ်လိုက်တဲ့အခါမျိုး
တွေ၊ Tab တွေအများကြီး ဖွင့်ထားတဲ့အခါမျိုးတွေ၊ Flash Site
တွေကို ၀င်ကြည့်တဲ့ အခါမျိုးတွေမှာ Loading အကြာကြီးဖြစ်
နေတာကိုပဲကြုံကြတဲ့သူတွေများမှာပါ၊ ဒီလိုအနေအထားမျိုးမှာ
ဘာဖြစ်တာလည်းဆိုတော့ အဓိက အားဖြင့် Cache တွေနဲ့
Cookies တွေ တအားများလာလို့ Browsing & Performance
ကျသွားတာပါ။ ဒီတော့ ကျွန်တော်တို့ ဒီပြာသနက်ကို ဖြေရှင်း
ဖို့ကတော့  နံပတ် (၁) အချက်
Browser ကို ဖွင့်လိုက်ပါ။ ပီးသွားရင် ကီးဘုတ်ကနေ Ctrl +H
ဆိုပီးနှိပ်လိုက်ပါ။



အထက်ပါပုံအတိုင်းမှ ဘယ်ဘက်ခြမ်းမှာ အင်တာနက်ကို
သင် သွားခဲ့သမျှ နေရာတွေ၊ လိပ်စာတွေအားလုံးကိုတွေ့
မြင်ရမှာဖြစ်ပါတယ်။ ဒီအခါမှာ ကျွန်တော်တို့က အဲဒီနေရာ
မှာပဲ… TODAY ဆိုတာကို Right Click နှိပ်လိုက်ပါမယ်။



ပီးသွားရင်တော့ Delete ဆိုတာကို နှိပ်လိုက်ပါမယ်။ဒီနည်းကတော့
သင့် Browser ထဲမှာရှိတဲ့ Cache တွေကို ရှင်းပြစ်တဲ့နည်းဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ မလိုအပ်တဲ့ အသုံးမများတဲ့ Add-On တွေကို
ဖြစ်နိုင်သမျှ Disabled လုပ်ထားပါ သွားရမယ့်နေရာက ထုံးစံအတိုင်း
Firefox ထဲကနေပဲ


Add-Ons ဆိုတာက နှိပ်လိုက်ပါမယ်။ ဒါဆိုရင်တော့


အထက်ပါပုံအတိုင်းမှ မလိုဘူးထင်တာတွေကို Disabled လုပ်ထား
ပေးပါမယ်။ နောက်တစ်ချက်ကတော့ သင့်ကွန်ပျူတာအတွင်းမှာ
CC Cleaner ရှိတယ်ဆိုရင်  CC Cleaner နဲ့လည်း Cache တွေ
Cookies တွေကိုရှင်းပြစ်လို့ရပါတယ်။ဒီနည်းဟာလည်း အလျှင်မြန်
ဆုံးနဲ့ ထိရောက်တယ်ဆိုပေမယ့်လည်း တစ်ခါတစ်လေ မှာ မိမိရဲ့
Browser တွေကိုတော့ Reset လုပ်ပေးသင့်ပါတယ်။ ဒါကြောင့်
ကျွန်တော်တို့ Browserကို Reset ချဖို့အတွက် Mozila FireFox ရဲ့
ဘယ်ဘက်ထောင့်နားကနေ



အထက်ပါပုံအတိုင်း Firefox ထဲမှ Help ကိုဝင်ပါ၊ ပီးသွားရင်တော့
Troubleshooting Information ဆိုတဲ့ထဲကို ၀င်လိုက်ပါ၊ ဒါဆိုရင်
တော့အောက်ပါပုံအတိုင်း



Reset Firefox ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။ဒါဆိုရင်တော့


အထက်ပါပုံအတိုင်း Message Box တစ်ခုကျလာပါမယ်။ ဒီနေရာမှာ
တစ်ခုသတိပေးချင်တာက ကျွန်တော်တို့လို သာမာန် End User တွေ
အတွက်တော့ ကိစ္စမရှိပေမယ့် အချို့ အချို့ သော ဟက်ကာဂျီးတွေက
တော့ စဉ်းစားပါလိမ့်မယ်။ ဘာလို့လည်း ဆိုတော့ Hacking အတွက်
လိုအပ်တဲ့ Plug-In တွေ၊ Add-On တွေ၊အကုန်လုံး ပျက်သွားမှာဖြစ်ပါ
တယ်။ နောက်တစ်ခုက Browser တွေအတွက် မှတ်ထားတဲ့ Password
တွေပါ ဘာမှ မကျန် အားလုံး Software အသစ်ပြန်သွင်းထားသလို
ဖြစ်သွားပါလိမ့်မယ်။ကဲ အားလုံးပဲ အဆင်ပြေမယ်လို့ထင်ပါတယ်။
ဒီ Post လေးဖြစ်မြောက်ဖို့အတွက် Idea ရအောင် ကူညီပေးသော
ကျွန်တော့်အန်တီလေး Elizabeth Desai အားလည်း ဂုဏ်ပြုလျှက်
Cristiano Zarni@ ဦးဇာနည်