Saturday, July 27, 2013

Alienware Themes ကို အရောင်သုံးမျိုး


ဟီးဟီး ကျွန်တော်လည်း ဒီရက်ပိုင်း Software တွေစမ်းနေရ
တာနဲ့ စာဖတ်ဖို့လည်းအချိန်သိပ်မရှိဘူးဖြစ်နေတော့ တင်မိ
တင်ရာ လေးတွေတင်မယ်ဆိုတော့ ဟိုးတော်တော်ကြာကြာ
က Themes လေးတွေသွားသတိရလို့ပါ။ Alienware Laptop
မသုံးကြပေမယ့် မိမိလက်ရှိ ကျွန်တော့်လို Laptop အစုတ်လေး
မှာလည်း Themes ကိုပြောင်းပီးသုံးလို့ရပါတယ်။ အရောင်သုံး
မျိုးနဲ့ ကျွနတော်တင်ပေးပါမယ်။ အပြာရောင်ကိုလိုချင်သူများ
အတွက်









ကဲ... အားလုံးပဲ မိမိ Computer Screen လေးကို အလှဆင်
နိုင်ကြပါစေ။ တစ်ခုတော့ရှိတယ်နော်.... လှတာမက်ရင်ညစာ
ခက်တယ်ဆိုတဲ့စကားပုံလေးလည်း မမေ့ကြနဲ့ဦးဗျို့...... :P


သင့် Desktop ကို Hacker စတိုင်လ် အလှဆင်ကြမယ်


ဘာရယ်မဟုတ်ပါဘူး မိမိကွန်ပျူတာလေးမှာ အထက်ပါပုံအတိုင်းလေး
အလှဆင်ထားကြရအောင်လား။ ကျွန်တော်တင်ပေးထားတဲ့ ZIP ဖိုင်
လေးကို အရင်ဒေါင်းလုပ်ဆွဲလိုက်ပါ။ ပီးသွားရင် ထိုထဲမှာပါသော 
Rainmeter ဆိုတဲ့ EXE ကို Install လုပ်လိုက်ပါ။ ပီးသွားရင်တော့
Hacker ဆိုတဲ့ ဖိုလ်ဒါထဲက အစိမ်းရောင်ဖိုင်လေးကို ထပ်မံပီး Install
လုပ်လိုက်ပါ။ လိုအပ်တဲ့ Wallpaper ကိုလည်း ၄င်း ZIP ဖိုလ်ဒါထဲမှာ
ထည့်သွင်းပေးထားပါတယ်။ မျက်စိအရမ်းရှုပ်နေတယ်ထင်ရင် မိမိ
မလိုချင်တဲ့ Skin ပေါ်မှာ Right Click ထောက်ပီး  Unload ဆိုတာလေး
ကိုတစ်ချက်နှိပ်ပေးလိုက်ရုံပါပဲ။ဘာရယ်မဟုတ်ဘူး.. လူရှိန်တာပေါ့.....
လိုအပ်သော ဖိုင်ကိုတော့

File Size က 8MB ရှိပါတယ်။

Friday, July 26, 2013

Hacker တွေရိုက်တဲ့ စာလုံးလေးတွေလေ့လာကြမယ်


ဘာရယ်မဟုတ်ပါဘူး အပျင်းပြေ သူငယ်ချင်းတွေရဲ့ Status
တွေအောက်မှာ Comment ကို Hacker တွေရေးတဲ့ စာလုံး
တွေအတိုင်းရေးလို့အဆင်ပြေအောင် Offline Converter
လေးတစ်ခုပါ။သူက အင်္ဂလိပ်အက္ခရာတွေကို Hacker စတိုင်လ်
ပြန်ပြောင်းပေးတဲ့ Batch ဖိုင်လေးဖြစ်ပါတယ်။ဥပမာ-
Cristiano Zarni လို့ ၇ိုက်လိုက်ရင် အောက်မှာ
cR15714n0 z4Rn1 ဆိုပီး ကိန်းဂဏာန်းလေးတွေနဲ့ ပြန်ပီး
ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီလိုမျိုးရိုက်တာ၊ လေ့လာတာများ
လာတာနဲ့အမျှ အင်္ဂလိပ်အက္ခရာ A to Z အားလုံးကို အလွတ်
ဘယ်စာလုံးကို ဘယ်ဂဏန် အစားထိုးသလည်းဆိုတာအလွယ်
တကူလေ့လာလို့ရမှာပါ။စိတ်ဝင်စားလို့ဒေါင်းချင်သပဆိုရင်
တော့....
ဒီမှာဒေါင်းမယ်

Thursday, July 25, 2013

FireFox ထဲမှာရိုက်ထားတဲ့ Password တွေကို ဘယ်လိုပြန်ကြည့်မလည်း


Firefox Password Viewer လေးအကြောင်းပြောချင်ပါတယ်။
သူ့ရဲ့ အားသာချက်ကတော့ ....
ကျွန်တော်တို့ အိမ်သုံးကွန်ပျူတာအများဆုံးအသုံးပြုသူတွေကြုံ
ကြရတဲ့ မိမိမူရင် Password မေ့သွားတဲ့အခါမျိုးတွေမှာ ပြန်ပီး
ဒီကောင်လေးနဲ့ Password ပြန်ကြည့်တာဖြစ်ပါတယ်။ဆိုလိုတာ
ကဗျာ ကျွန်တော်ဆိုလည်း အကောင့်တွေ၊ ဘလော့တွေ၊ Hosting
Site တွေအများကြီးလုပ်ထားတော့ တစ်မျိုးချင်းစီတိုင်းကို Password
တစ်မျိုးစီမတူညီအောင်ပေးထားပါတယ်။ ဒီလိုပေးထားတဲ့အခါမျိုးမှာ
သက်ဆိုင်ရာစိုက်ဒ်တွေထဲဝင်တုန်းကတော့ တစ်ခါတည်းမမေ့အောင်
(နောက်တစ်ခါထပ်မရိုက်ရအောင်) Save Password or Remember
Password ဆိုတာလေးကိုနှိပ်ထားခဲ့ပါတယ်။ ဒါပေမယ့် ကြာလာတာ
နဲ့အမျှ ဘယ်စိုက်ဒ်ကို ဘယ် Password နဲ့ဝင်ထားတယ်။ ဘယ်မေးလ်
ကိုဘယ် Password နဲ့ဝင်ထားလည်းဆိုတာကို မမှတ်မိတော့တာမျိုး
ဖြစ်တတ်ပါတယ်။ ဒီကောင်လေးကတော့ Firefox ရဲ့ Password တွေ
သိမ်းထားတဲ့ Cache Folder က ဖိုင်ကိုယူပီး Password တွေကို 
Recover ပြန်လုပ်ပေးပါ။မိမိဝင်ထားသမျှ လိပ်စာတိုင်းမှာ ထည့်ထား
သမျှ Password တွေကိုပြန်ဖော်ပြပေးပါတယ်။ဖိုင် Size ကလည်း
800KB ပဲရှိလို့ ပြည်တွင်းကော်နပ်ရှင်နဲ့ အသာလေးဒေါင်းယူလို့
ရပါတယ်။ စိတ်ဝင်စားလို့ဒေါင်းချင်သပဆိုရင်တော့....



နည်းပညာတိုင်းကိုအကျိုးရှိသောဘက်မှအသုံးချနိုင်ကြပါစေ.....

Wednesday, July 24, 2013

သင့် Facebook ကိုယူသုံးသွားတယ်လို့ထင်ရတာကို ဘယ်လို Trace လိုက်မလည်း

အိုခေ…..
          ကျွန်တော်တို့ သင့်ရဲ့ Facebook account ကို တစ်ခြား
တစ်ယောက်က ၀င်သုံးသွားတယ်လို့ သံသယ ရှိနေတယ်ဆိုရင်
ဘယ်လို Trace လိုက်မလည်း။ပြီးတော့ အဲဒီလူရဲ့ တည်နေရာကို
ဘယ်လိုခြေရာခံပြီးတော့ ဘယ်လို သင့်အကောင့်ထဲကနေ လှမ်းပြီး
Sign Out လုပ်မလည်းဆိုတာကိုပြောပါ့မယ်။
ကဲ စမယ်။
အရင်ဆုံး သင့် Facebook Account ကိုဖွင့်လိုက်ပါ။
ပြီးသွာ့းရင် Setting ထဲက Account Setting ထဲကိုဝင်လိုက်ပါ.



ထိုသို့ဝင်ပြီးသကာလ အောက်ဖော်ပြပါပုံအတိုင်း Security ကိုနှိပ်လိုက်ပါ



ပြီးသွားရင် Active Sessions ကိုဝင်ဖို့အတွက် ညာဘက်အခြမ်းက
Edit ကိုနှိပ်လိုက်ပါ။အောက်ပါပုံအတိုင်းပေါ် လာပါလိမ့်မယ်။



ကဲ အဲဒီမှာစတွေ့ပြီ သင်သုံးနေတဲ့နိုင်ငံအပြင် တစ်ခြားနိုင်ငံ
တစ်ခုပါလာပါပြီ ဆိုလိုတာက ကျွန်တော်က Dubai ကနေသုံး
လို့ Location မှာ Dubai, Du, Ae ဆိုပြီးဖော်ပြတာပါ။ ကျွန်တော်
သုံးနေတဲ့ Location မဟုတ်တဲ့ Location တစ်ခုက Riverside,
CA, US ဆိုတဲ့ လိပ်စာတစ်ခုပါ။ ဒီကောင်… ဒီကောင် ဒီကောင်
သုံးနေတဲ့ နေရာကိုတွေ့ပြီး။ အိုခေ ဒီကောင်သုံးခဲ့တဲ့ IP Address
 ကို လိုက်မယ် ကဲ ဆက်သွားလိုက်ရအောင်



Location ဆိုတဲ့နေရာလေးကို Mouse Pointer လေးတင်
လိုက်တာနဲ့ ဒီကောင့် IP Address ပေါ်လာပါပြီ။အိုင်ပီ
လိပ်စာက 199.180.158.50 တဲ့ ကဲဒီလောက်သိပြီဆိုရင်
ဒီကောင့်နေရာကို မြေပုံနဲ့ရှာကြမယ်။သြ.. ဒီကောင် ဘာနဲ့
ဝင်တာလည်းဆိုတာပြောဖို့ကျန်သေးတယ်ဗျ။ Device Type
 မှာ တစ်ချက်ကြည့်ကြည့်ပါ။ ဒီကောင် ကျွန်တော့်အကောင့်
ကို ၀င်သွားတာ Android ထဲကနေ ၀င်ပြီးသုံးသွားတာပါ ဒီ
ကောင်နောက်ဆုံးဝင်သုံးသွားတဲ့အချိန်ကိုတော့ Last Accessed
 မှာ ကြည့်လို့ရပါတယ်။ ကဲ ဒီကောင်နေတဲ့လိပ်စာကို မြေပုံထဲ
ကနေကြည့်မယ်။ဆိုတော့ ခုနက မှတ်ထားတဲ့အိုင်ပီလိပ်စာကို
သေချာမှတ်ထားပါ။ပြီးရင် Google ထဲမှာ “whatismyipaddress.com”
လို့ရိုက်လိုက်ပါ။



အောက်ဖော်ပြပါပုံအတိုင်းပေါ်လာရင် ကျွန်တော်မျှားပြထားတဲ့
နေရာမှာ ခုနကမှတ်ထားတဲ့ US ကကောင်ရဲ့ IP Address
ကိုရိုက်ထည့်လိုက်ပြီး Additional IP Detail ဆိုတာကိုနှိပ်လိုက်ပါ။



ဒါဆိုရင်အောင်ပါပုံမှာက သူ့ IP Address နဲ့ပတ်သက်သမျှ
အသေးစိတ် Detail Data တွေကိုဖော်ပြပေးပါ့မယ်



ဆက်ပြီးဆင်လိုက်တဲ့အခါ ဒီကောင့်ရဲ့ လိပ်စာကို မြေပုံနှင့်တကွ
ဖော်ပြနေပါလိမ့်မယ်။


ကဲ… ဒီလောက်ဆိုရင် သင့်အကောင့်ကို သင်မဟုတ်တဲ့ တစ်ခြားသူ
တစ်ယောက်က ၀င်သုံးသွားရင် ဒီကောင် ဘယ်နေရာနေ၊ ဘယ်အချိန်၊
 ဘယ် Device နဲ့ ဘယ် IP ကိုအခြေခံပြီးသုံးသွားသလည်းဆိုတာကို 
Trace လိုက်လို့ရပါလိမ်မယ်။ပြီးသွားရင်တော့ ဒီကောင်ကို ဆက်သုံး
လို့မရအောင်



End Activity ကိုနှိပ်လိုက်ပါ ဒါဆိုရင် သူသုံးနေတဲ့ Android Device
 မှာ သင့်အကောင့်ကို ပြန်ဝင်ဖို့အတွက် Password ပြန်တောင်းနေပါလိမ့်မယ်။



အဲဒီလိုအချိန်လေးအတွင်းမှာ သင်ဟာ သင့်ရဲ့ Facebook Account
ရဲ့ Password ကို အမြန်ချိန်းဖို့တော့လိုပါ လိမ့်မယ်။အကယ်လို့ထို
ယူသုံးသောသူဟာ IP Hidder တစ်မျိုးမျိုးနဲ့သုံးထားတယ်ဆိုရင်တော့
ဟဲဟဲ… ဘာမှဆက်မပြောလိုပါ………………
IP Hider ကောင်းကောင်းလေးလိုချင်ရင်လည်း အနော့ အာရှသား
ထဲမှာမွှေနှောက်ကြည့်ပါတွေ့ပါလိမ့်မယ်။

ကဲအားလုံးပဲအဆင်ပြေပါစေ
(ဦးဇာနည်)


သင့်ကွန်တာပျူကို Smart TV ကြီးတွေလို Hand Sensor ဖြင့်ထိန်းချုပ်သလိုလုပ်ကြမယ်။

မင်္ဂလာပါ ကျွန်တော်ဇာနည်ပါ။

ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ ကိုစံလင်းရဲ့
အကြံဥာဏ်လေးတစ်ခုဖြစ်တဲ့ Software လေးတစ်ခုကနေ
သင့်၇ဲ့ Laptop Computer (Must be Include Web Cam) က
ကို Hand Sensor အနေနဲ့လှမ်းပီး Smart TV ကြီးတွေကိုထိမ်း
ချုပ်သလိုမျိုး အောက်ဖော်ပြပါ Software များကိုထိန်းချုပ်နိုင်ပါ
တယ်။ဆိုလိုတာက Mouse တွေ၊ ကီးဘုတ်မှ ခလုပ်တွေမလိုပဲ
လှုပ်ရှားမှုပုံရိပ်ပြပီး Control လှမ်းလုပ်တာဖြစ်ပါတယ်။

Grooveshark
Netflix
Pandora
Powerpoint
Spotify
VLC Media Player
Winamp
Windows Media Player
You Tube
iTunes
တွေဖြစ်ပါတယ်။



သူ့ကိုဘယ်လိုလုပ်ဆောင်ရမလည်းမပြောခင်မှာအရင်ဦးဆုံးလို
အပ်တဲ့ Software လေးကိုတော့ ဒီမှာဒေါင်းပါ ။ ပီသွားရင်သင့်စက်
ထဲကို ဒေါင်းထားတဲ့ 3MB သာရှိတဲ့ *.MSI ဖိုင်လေးကို Install လုပ်
လိုက်ပါ။ပီးသွားတာနဲ့သူက Chrome Browser မှာ Add-on တစ်ခု
သွင်းခိုင်ပါလိမ့်မယ်။




မျှားအနီလေးပြထားတဲ့နေရာမှထုံးစံအတိုင်းကျွန်တော်တို့ Add to Chrome
ဆိုတာလေးကိုနှိပလိုက်ပါ ပီးသွားရင် Browser ကို Restart တစ်ချက်
ပြန်ချလိုက်ပါ။ ဒါဆိုရင် သင့်ကွန်ပျူတာထဲ Install ဖိုင်ရော Chrome
အတွက် လိုအပ်တဲ့ Add-on ဖိုင်ရောသွင်းပီးသွားပီဖြစ်ပါတယ်။ ဒီတော့
ကျွန်တော်တို့က Chrome ထဲမှနေပီး You Tube ကိုဖွင့်လိုက်ပါမယ်။




အခုအထက်ဖော်ပြပါပုံက You Tube မှာ သီချင်းပွင့်နေတာဖြစ်ပါတယ်
ဒီဟာကိုကျွန်တော်တို့က သင့်ကွန်ပျူတာရဲ့ Web Cam အရှေ့ကနေ
လက်ဝါးကိုတည်တည့်အောက်ပါပုံအတိုင်း



 အနီးကပ်ဆုံး ၁ပေအကွာမှ အဝေးဆုံး
၇ပေ အကွာအထိထောင်ပီး အထမတစ်ချက် လက်ဝါးကိုတည့်တည့်
ထောင်ပြလိုက်တဲ့အခါအောက်ပါပုံအတိုင်း



Pause ဖြစ်သွားပါမယ်။ (တစ်ခုသတိထားရမှာက သင့်လက်ဝါးကို
ထောင်တဲ့အခါမှာ လက်ချောင်းတွေကတအားကျဲနေလို့မရပါဘူး)
ဆိုလိုတာက လက္ခဏာဆရာကို လက်ဝါးပြပီး မေးသလိုအနေ
အထားလောက်ရှိရပါမယ်။နောက်တစ်ချက်ပြန်ပီး ထောင်ပြတဲ့အခါမှာ
Pause ဖြစ်နေရာကနေ ပြန်ပီး Play ဖြစ်သွားပါလိမ့်မယ်။ဒါက You
Tube မှာ Hand Sensor ဖြင့် Control လုပ်တဲ့နည်းဖြစ်ပါတယ်။
နောက်တစ်ခုက Window Media Player မှာဖြစ်ပါတယ်။ထုံးစံအတိုင်း
ပေါ့ သီချင်း လေး၊ ငါးပုဒ်လောက် Window Media Player ထဲမှာထည့်
ပီးဖွင့်လိုက်ပါ။ပီးသွားရင်သင်ဖွင့်ထားတဲ့သီချင်းတွေကို Playနဲ့
Pause လုပ်ဖို့အတွက်ကတော့ အပေါ်မှာပြောခဲ့သလိုပဲ လက်ဝါးထောင်
ပြရုံနဲ့ရပါတယ်။ ရှေ့တစ်ပုဒ်ကျော်ချင်တယ်ဆိုရင်တော့ သင့်ရဲ့
ဘယ်ဘက်လက်ကိုအောက်ပါပုံအတိုင်းတစ်ချက် ကင်မရာကိုပြလိုက်ပါ။




ဒါဆိုရင် သင်ဖွင့်ထားတဲ့ Media Player မှာအောက်ပါပုံအတိုင်းပြပီးတော့



အရှေ့တစ်ပုဒ်ကိုကျော်သွားမှာဖြစ်ပါတယ်။အကယ်လို့သင်ကနောက်ပြန်
သွားချင်တယ်ဆိုရ်ငတော့ သင့်လက်ကိုအောက်ပါပုံအတိုင်းတစ်ချက်ထောင်
ပြလိုက်ပါ။


ညာဘက်လက်ဖြင့်ပေါ့။ညာဘက်လက်နဲ့မထောင်ပြချင်ဘူးဆိုရင်
လည်း အောက်ပါပုံအတိုင်း သင်ပထမထောင်ပြခဲ့သော ဘယ်ဘက်
လက်ဖြင့်လက်ကို ပက်လက်လှန်ပြလိုက်ပါ


ဒါဆိုရင်လည်းသီချင်းတစ်ပုဒ်နောက်ပြန်ဆုတ်သွားတာကိုတွေ့ရမှာပါ။
အထက်ဖော်ပြပါ လက်လှုပ်ရှားမှု (Hand Shacking) ဖြင့် Microsoft
Office Power Point, မှာလည်းလုပ်ဆောင်လို့ရပါတယ်။အားလုံးပဲ
အဆင်ပြေမယ်လို့ထင်ပါတယ်။သိပ်အခက်အခဲကြီးမဟုတ်တဲ့အတွက်
ကြောင့် ဗွီဒီယိုကျူတိုရီရယ်နဲ့ ကျွန်တော်မရှင်းပြတော့ပါဘူး။Desktop
Computer မှာလည်းLaptop နည်းတူ External Web Cam ကိုတပ်ပီး
စမ်းသပ်လို့ရပါတယ်။ ဒါပေမယ့်တစ်ခုဖြေရှင်းချက်ပေးချငတာကတော့
အကယ်လို့ သင်ဟာ Desktop Computer ကနေ External Web Cam
ဖြင့်အသုံးပြုမယ်ဆိုရင် Sensor Sensitivity က Delay ဖြစ်မှာပါ။ဆိုလို
တာက Laptop မှာလို Sensor က ချက်ချင်းအလုပ်မလုပ်ပဲ မိမိလှုပ်ရှား
လိုက်သော ပုံရိပ်တွေက Cam မှတဆင့် USB မှာ Data Flow ဖြစ်တဲ့
အတွက်ကြောင့် ဖြစ်ပါတယ်။ကျွန်တော်ရေးထားသော အကြောင်းအရာ
များကို ပထမတစ်ခေါက်မှာ သေချာနားမလည်မိဘူးဆိုရင် နောက်တစ်
ခေါက်ပြန်လည်ဖတ်ရှုစေလိုပါတယ်။ လုပ်ဆောင်ချက်တိုင်းကိုပုံများဖြင့်
အသေးစိတ်ရှင်းပြပေးထားပါတယ်။ ဒီနည်းပညာလေးကိုစမ်းသပ်ဖို့စိတ်
ကူးအကြံဥဏ်ပေးသော ကွန်ပျူတာနှင့်နည်းပညာဆိုင်ရာအမေးအဖြေ
ဆွေးနွေးခန်းမှ Admin ကိုစံလင်းအားလည်းအထူးပင်ကျေးဇူးတင်ရှိပါ
တယ်။ဤ Post နှင့်ပတ်သက်ပီးမရှင်းလင်းချက်များအား Comment Box 
အတွင်းမေးမြန်းထားနိုင်ပါတယ်။

Cristiano Zarni@ ဦးဇာနည်




မိမိတတ်စွမ်းသော နည်းပညာများဖြင့် တိုင်းပြည်ကိုအကျိုးပြုနိုင်သော ပညာရှင်များဖြစ်နိုင်ကြပါစေ

Tuesday, July 23, 2013

Error Repair Professional လေးအကြောင်း


ဒီစော့ဖ်ဝဲလေးအကြောင်းမပြောခင်အရင်ဆုံးဝန်ခံပါရစေ
ကျွန်တော်အခုချိန်ထိ (ဒီ Software ကိုမသုံးခင်)မည်သည့်
Error Fix Tools ကိုမှ အယုံအကြည်မရှိခဲ့ပါ။ ဒါပေသိဒီကောင်
လေးကိုတော့ ကျွန်တော့်ကို Facebook Chat Box မှတောင်း
ဆိုလာသော ကိုဆန်းအား ရှာပေးရင်းကနေ ကျွန်တော်စမ်းပီး
သုံးကြည့်ပါတယ်။System ထဲမှာ Uninstall နဲက ပတ်သက်တဲံ
Bug တွေ၊ Browser တွေနဲ့ပတ်သက်သမျှ Cookies တွေ၊
Memory Dumps ဖိုင်တွေ၊ Dll Missing တွေကအစပြန်ပီး
Fix လုပ်ပေးပါတယ်။သုံးရတာလည်း ပေါ့ပါးသွက်လက်ပီး
သင့်ကွန်ပျူတာ ၀င်းဒိုးစနစ်ကိုလည်း သွက်လန်မြန်ဆန်လာ
စေပါတယ်။ စုစုပေါင်း File Size ကလည်း 1MB ပဲရှိလို့
ပြည်တွင်းကော်နပ်ရှင်အနေနဲ့လည်း ဒေါင်းလုပ်ဆွဲယူရန်
အဆင်ပြေပါတယ်။ Zip ဖိုင်လေးထဲတွင် Key File ပါထည့်
ပေးထားတဲ့အတွက်ကြောင့် Full Version သဖွယ်အသုံး
ပြုနိုင်ပါတယ်။ စိတ်ဝင်စားလို့ဒေါင်းချင်တယ်ဆိုရင်တော့


အာရှသားရဲ့ဘလော့ကလေးမှ အသိပညာ အတတ်ပညာလေးတစ်ခုခုရသွားရင်ဖြင့် အာရှသားမှ ကျေနပ်ပီတိဖြစ်နေမိမှာအမှန်ပါ

Monday, July 22, 2013

သင့်ကွန်ပျူတာကို Pattern Lock ချထားမယ်။

ကျွန်တော်တို့ Patter Lock ကိုဖုန်းထဲမှာပဲ အများစုအသုံးပြုနေကြတာပါ။
ကွန်ပျူတာမှာလည်း သင့်ရဲ့ လုံခြုံရေးအတွက် Desktop Screen ကို
Pattern Lock ဖြင့်  Lock သတ်မှတ်လို့ရပါတယ်။ သူ့မှာတစ်ခုအားသာချက်
ကတော့ Pattern Lock ကို မဖြေနိုင်ဘူး၊ သင့်ကွန်ပျူတာကလည်း Speaker
တပ်ထားတယ်ဆိုရင်တော့ တစ်မိနစ်တိတိ Warning Voice ကြောင့်နားအူ
ဖို့သာပြင်ထားပေတော့ သူပြမယ့် Message ကတော့အောက်ကပုံအတိုင်းပါ


Software ကိုစိတ်ဝင်စားလို့ဒေါင်းချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းပါ
ဖိုင်စိုက်ဒ်က 1MB ပဲရှိပါတယ်။ Keygen ဖိုင်ပါအသင့်ပါပီးသားမို့လို့ အပြည့်
အ၀စိတ်ချယုံကြည်စွာအသုံးပြုနိုင်ပါတယ်။



Sunday, July 21, 2013

EPSON Printer Series ၆ မျိုးအတွက် 6-in-1 Driver

ကျွန်တော်တို့ စာစီစာရိုက်ဆိုင်ပဲဖြစ်ဖြစ်၊ ဓာတ်ပုံဆိုင်ပဲဖြစ်ဖြစ်မှာ
Ink Jet Printer တွေအသုံးပြုကြပါတယ်။ အခုကျွန်တော်ပေးမယ့်
Printer Driver လေးက 6 in 1 ဖြစ်ပါတယ်။ အောက်ဖော်ပြပါ
EPSON Printer Series များအတွက်ဖြစ်ပါတယ်။

EPSON S22 Series
EPSON T12 T22 N11 Series
EPSON T13 T22E Series
EPSON SX125 Series
EPSON TX120 NX120 Series 
EPSON TX121 Series

File Size ကတော့ 15 MB စွန်းစွန်းပဲရှိပါတယ်။ စိတ်ဝင်စားလို့ 
လိုအပ်မယ်ထင်ရင်တော့


CD Rom Missing ကို ကလစ်နှစ်ချက်နှိပ်ပီးရှင်းမယ်


ကျွန်တော်တို့ကွန်ပျူတာမှာ အကြောင်းအမျိုးမျိုးကြောင့်တစ်ခါတစ်လေ
My Computer ထဲမှာ CD-ROM Drive ပျောက်သွားမှာကိုကြုံဖူးကြမှာပါ
ဒီအခါမှာမျိုးတွေမှာ အများကြီး ဦးနှောက်အစားမခံပါနဲ့... ကျွန်တော်ပေးမယ့်
Tools လေးနဲ့ပဲဒေါင်းလုပ်ဆွဲပီး အောက်မှာမျှားအနီလေးနဲ့ပြထားတဲ့ဖိုင်လေး
ကို Double Click နှစ်ချက်နှိပ်ပေးလိုက်ပါ။


ဒီအခါမှာ သင့်ကွန်ပျူတာက Restart တစ်ချက်ကျသွားပီး ပြန်တက်လာရင်တော့
သင့်ရဲ့ CD-ROM Drive ပြန်ပေါ်လာတာကိုမြင်တွေ့ရမှာပါ။


Software ကိုစိတ်ဝင်စားလို့ဒေါင်းချင်တယ်ဆိုရင်တော့