Saturday, February 1, 2014

ဖုန်းတော်တော်များများကို Pattern Lock ဖြည်ပေးမယ့်ကောင်လေးပါ



ဖုန်းတော်တော်များများကို Pattern Lock ဖြည်ပေးမယ့်ကောင်လေးပါ



သင့်ဖုန်း သို့မဟုတ် သင့်သူငယ်ချင်းဖုန်းမှာ Pattern Lock, PIN Lock
ကို မမှတ်မိတော့လို့ စိတ်ညစ်နေသလား…..ကျွန်တော်အခုပေးမယ့်
ကောင်လေးနဲ့ Click တစ်ချက်သာနှိပ်လိုက်ပါ။ဘယ်လိုပြောရမလည်း..
သူ့အရသာကလေ… ဘယ်လိုပြောရမလည်း… အဲလေ မွှားတွားရို့…
တစ်ချက်တည်းနဲ့ ပဲ Data တွေ၊ Contact တွေ မည်သည့် အချက်အ
လက်မှ မပြောက်ပျက်ပဲ Pattern Lock တွေ၊ PIN Lock တွေပျက်သွား
မှာပါ Software နာမည်ကတော့ Pattern Unlock Tool Beta (1.0) ပါ
ဒါပေမယ့် ဒီ Tools မှာကတော့ သင့်ဖုန်းအတွင်းမှာ Root Access ,
USB Debugging တော့ on ထားဖို့တော့လိုပါမယ်။ အကယ်လို့
အဲဒီ Services တွေမရှိဘူးဆိုရင်တော့ ကျွန်တော့ ဘလော့ထဲမှာပဲ
No Root Access, No USB Debugging အတွက် Delete Pattern
ဆိုတာလေးကိုရှာပီးစမ်းသပ်စေလိုပါတယ်။ကဲ စလိုက်ရအောင်ဗျာ
အရင်ဆုံး ကွန်ပျူတာနဲ့ သင့်ဖုန်းကို ချိတ်ဆက်လိုက်ပါ။ ပီးသွားရင်တော့
လိုအပ်တဲ့ Software လေးကိုတော့ ဒီနေရာမှာဒေါင်းလိုက်ပါ ပီးသွားရင်
၎င်း Program ကို Double Click နှိပ်ပီးဖွင့်လိုက်ပါမယ်။



ဒါဆိုရင်တော့ အပြာရောင် အကွက်ထဲက CHECK Device ဆိုတာကို နှိပ်လိုက်
ပါမယ်။ဒါဆိုရင်တော့အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်



ကျွန်တော်စမ်းသပ်တဲ့ ဖုန်းအမျိုးအစားက Samsung Galaxy ACE (GT-S6802)
အမျိုးအစားဖြစ်သောကြောင့် ဖုန်းရဲ့ Model ကိုဖော်ပြပေးတာဖြစ်ပါတယ်။ နောက်
ပီး Version နဲ့ Root Access တို့ကိုပါ ဖော်ပြပေးပါတယ်။ ကျွန်တော့်ဖုန်းထဲမှာ
က Root Access ရှိတဲ့အတွက်ကြောင့် True ဆိုပီးဖော်ပြပေးတာပါ။ ကဲ……
ဒီနောက်တော့ ကျွန်တော်တို့က Delete Pattern ဆိုတာကို နှိပ်လိုက်ပါမယ်။
ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း



သင့်ဖုန်းထဲက Pattern ကို ဖြည်နေပါမယ်။ Progress Bar 100% ပြည့်သွားတဲ့
အခါမှာတော့ အောက်ပါပုံအတိုင်း



ပေါ်လာပါမယ်။ ဒီအခါမှာ ကျွန်တော်တို့က OK ကိုနှိပ်ပေးလိုက်တာနဲ့ သင့်ဖုန်းက
Reboot ဖြစ်သွားပါလိမ့်မယ်။ ဘာမှ စိုးရိမ်စရာမရှိပါဘူး သင့်ဖုန်း ပါဝါပြန်တက်လာ
တဲ့အခါမှာတော့အောက်ပါပုံအတိုင်း 



Default Mode ဖြစ်တဲ့ “Swipe screen to Unlock” ဆိုတာပေါ်ပီး
သင်သတ်မှတ်ထားတဲ့ Pattern or PIN Lock များဟာ ရန်ကုန်မြို့တော်
စည်ပင်သာယာက လာသိမ်းသွားတာကိုမျက်ဝါးထင်ထင်တွေ့မြင်ရမှာ
ဖြစ်ပါတယ်။ :P

နောက်ထပ်ဖုန်းတစ်လုံးမှာစမ်းသပ်ချက်ကတော့
ဖုန်းအမျိုးအစားကတော့ Huawei C8650 အမျိုးအစားဖြစ်ပါတယ်။
ထိုဖုန်းထဲမှာတော့ Root Access မရှိတဲ့အတွက်ကြောင့် အောက်ပါ
ပုံအတိုင်း


Root Access = ? (Yes) or (No) ဆိုပီး တက်လာပါတယ်။ ဒီအချိန်မှာ
ကျွန်တော်တို့က Root မဖောက်ထားရသေးတဲ့အတွက်ကြောင့် သင့်ဖုန်းကို
Root မထောက်ဘူးလို့ ညင်းဆိုလိုက်မယ်ဆိုရင်တော့ Pattern Lock ကို
ယခုဖော်ပြပါ Tool ဖြင့် ဖြုတ်လို့ မရနိုင်ပါ……..အကယ်လို့သာ Root ဖောက်
လိုက်မယ်ဆိုရင်တော့ အထက်ဖော်ပြပါအကြောင်းအရာအတိုင်း Pattern or
PIN Lock များကို အလွယ်တကူ ဖျောက်ဖျက်နိုင်မှာဖြစ်ပါတယ်။
Software Credit to : www.trtech-mm.com
အလားလုံး အဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

Thursday, January 30, 2014

Audio CD ကို MP3 အလွယ်ဆုံးနည်းနဲ့ ပြောင်းမယ်




ကျွန်တော်တို့ တစ်ခါတစ်ရံမှာ သီချင်းနားထောင်တာ
တွေကို သတိထားမိမှာပါ။ အဲဒါတွေကတော့ MP3 ခွေ
နဲ့ Audio CD ခွေရယ်ဆိုပီးတော့ပါ။ Audio CD ခွေထဲ
က သီချင်းဖိုင်တွေကိုတော့ မိမိစက်ထဲကို ရိုးရိုးတန်းတန်း
Copy & Paste လုပ်ပီးကူးယူလို့မရနိုင်ပါဘူး ဘာလို့လည်း
ဆိုတော့ သူက


*.cda တွေမို့လို့ပါ။ ဒီအတိုင်းပုံမှန်ကူးယူလိုက်ပီးပြန်ဖွင့်တဲ့အခါမှာ
တော့ ဘယ်လိုမှ ပွင့်မှာမဟုတ်ပါဘူး။ဒါကြောင့် ကျွန်တော်တို့က
Window System မှာ Default ပါဝင်တဲ့ Window Media Player
ကိုအသုံးပြုပီး Convert လုပ်ပါမယ်။ ဒါကြောင့် အရင်ဆုံး သင့် Drive
ထဲကို Audio CD ခွေကိုထည့်လိုက်ပါအောက်ပါပုံအတိုင်းပေါ့


ဒီအခါမှာတော့ ကျွန်တော်တို့က ODD Drive ကို Double Click
နှိပ်လိုက်တဲ့အခါမှာတော့ Window Media Player နဲ့ တက်လာမှာ
ဖြစ်ပါတယ်။


ဒီအခါမှာကျွန်တော်တို့က အနီရောင်လေးထောင့်ကွက်ထဲက
Rip CD ဆိုတာကို နှိပ်ပေးရမှာဖြစ်ပီး အကွက်သေးလေးထဲမှာ
တော့အားလုံးကို Rip လုပ်မှာဖြစ်သောကြောင့် အမှန်ခြစ်လေး
ထည့်ပေးလိုက်ရုံပါပဲ ဒါဆိုရင်တော့အောက်ပါပုံအတိုင်း


Audio Format ကနေပီးတော့ *.wma Format ကို ပြောင်းနေ
ပါပီ။ အားလုံးပီးသွားတဲ့အခါမှာတော့ သူ့ရဲ့ Location ကတော့


My Music ထဲမှာ Unknown artist အမည်နဲ့ ဖိုဒါလ်ထဲမှာရှိနေမှာဖြစ်
ပါတယ်။ ဒီအဆင့်ဟာဆိုရင် *.wma ပဲဖြစ်ပီးတော့ MP3 ပြန်ပြောင်း
ဖို့အတွက်ကတော့ မိမိ နှစ်သက်ရာ Media Converter ကိုအသုံးပြု
နိုင်ပါတယ်။ ကျွန်တော်ကတော့ Any Video Converter ကိုအသုံးပြု
ပါတယ်။ ဘာကြောင့် Format Factory ကို မသုံးသလည်းလို့မေးလာ
တဲ့အခါမှာတော့ တိကျပြတ်သားတဲ့အဖြေတစ်ခုကတေ Quality ပိုင်းကို
ပဲ လက်ထောက်ပြမှာဖြစ်ပါတယ်။ ကဲ ဆက်လိုက်ရအောင် ဒီတော့ ကျွန်
တော်တို့က ခုနက ပြောင်းထားတဲ့ *.wma Format တွေကို Any Video
Converter ထဲကို အောက်ပါပုံအတိုင်း


Drag ဆွဲထည့်လိုက်ပီး MP3 Audio (*.mp3) Format ကိုရွေးပေးပီး
Convert Now! ဆိုတာကိုနှိပ်လိုက်ပီး ပြောင်းလိုက်ပါတယ်။ဒါဆိုရင်
တော့ Audio CD Format (*.cda) ကနေ MP3 (*.mp3) Format
ကိုပြောင်းလည်းလိုက်ပီးသွားပါပီ.. 



နောက်ထပ်တစ်နည်းကတော့ မည်သည့် Media Converter ကိုမှ
မသုံးပဲ Window ရဲ့ Default ပါတဲ့ Window Media Player ထဲမှာ
ပဲ တန်းလုပ်နိုင်မယ့်နည်းပါ… ဟဲဟဲ စာဖတ်သူတွေကို မျက်စိမှောက်
အောင်တော့တစ်ချက်လုပ်လိုက်ဦးမယ် အပေါ်ဆုံးတစ်ချက်လောက်ပြန်
တက်ကြည့်လိုက်ပါဦး…ကျွန်တော်တို့ Audio CD ကိုထည့်ပီးတဲ့နောက်
RIP CD… မလုပ်ခင်မှာ သူ့ဘေးမှာ အောက်ပါပုံအတိုင်း


ပါတဲ့ RIP Settings ကိုသွားပီး အထက်ပါပုံအတိုင်း အဆင့်ဆင့်
ဝင်သွားပီး Converting Settings မှာ *.mp3 ကိုရွေးပီးတော့
လည်း တန်းပြောင်းနိုင်ပါကြောင်း……………..
အားလုံးပဲ အဆင်ပြေကြမယ်လို့
ယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

သင့်ဖုန်း Firmware Code ကိုကြည့်ပီး ဘယ် နိုင်ငံကထုတ်တဲ့ဖုန်းလည်းသိရအောင်





ကျွန်တော်တို့ ဖုန်းဆိုရင် အများစုက အပေါ်ယံနဲ့ Android Version,
Firmware Version လောက်ပဲ စစ်ကြပါတယ်။ အခုကျွန်တော်ပြောမှာ
ကတော့ အဲဒီဖုန်း ဘယ်နိုင်ငံကထုတ်သလည်းဆိုတာကိုအလွယ်တကူ
သိရှိနိုင်ရန်ဖြစ်ပါတယ်အရင်ဆုံး ကျွန်တော်တို့ Dial Pad ကနေပီးရိုက်
ရမယ့် Command ကတော့ *2767*4387264636# ဆိုပီးရိုက်လိုက်
ပါမယ်။ ဒါဆိုရင် သင့်ဖုန်းမှာတော့အောက်ပါပုံအတိုင်းပေါ်လာမှာ
ဖြစ်ပါတယ်။



အထက်ပါပုံအတိုင်းမှ ဒုတိယ စာကြောင်းဖြစ်သော Pcode: ဆိုတာကတော့
သင့်ဖုန်းအမျိုးအစားကို ဘယ်နိုင်ငံထုတ်တဲ့ဖုန်းအမျိုးအစားလည်းဆိုတာ
ကိုစစ်ဆေးရန်လေးထောင့်ကွင်းထဲက နောက်ဆုံးဂဏာန်း ၃ လုံးကိုမှတ်
ထားရမှာဖြစ်ပါတယ်။ဒီနောက်တော့ ၄င်း Code ဖြင့် စစ်ဆေးရန် လိုအပ်
သော Program ကိုတော့ ဒီမှာဒေါင်းမယ်ထို့နောက်တော့
၎င်း ZIP ဖိုင်ကို ဖြည့်လိုက်ပီး သင့်စက်ထဲမှာ Run လိုက်ပါမယ်။ ဒါဆိုရင်
တော့အောက်ပါပုံအတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။



အထက်ဖော်ပြပါလေးထောင့်ကွက်ထဲမှာတော့ သင်ခုနက မှတ်ထားသော
နောက်ဆုံး အက္ခရာ ၃ လုံးကိုရိုက်ထည့်ပီး Search ဆိုတာကိုနှိပ်လိုက်ပါမယ်။
ထိုအခါမှာသင့်ဖုန်းအမျိုးအစားအတွက် ဘယ်နိုင်ငံက ထုတ်တဲ့ဖုန်းလည်းဆို
တာကို



အထက်ပါပုံအတိုင်းဖော်ပြပေးမှာဖြစ်ပါတယ်။ကျွန်တော်စမ်းသပ်လိုက်
တဲ့ဖုန်းအမျိုးအစားရဲ့ ထုတ်လုပ်ထားတဲ့ နိုင်ငံကတော့ United Arab
Emirats ကဖြစ်ပါတယ်။ ထိုထဲမှာပါသော Etisalat ဆိုတာကတော့
ထိုနိုင်ငံရဲ့ ဆက်သွယ်ရေး Operator Services Center ရဲ့ နာမည်
ဖြစ်ပါတယ်။ကဲ အားလုံးပဲ အဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
Samsung Phone နဲ့ ပတ်သက်ပီး Services Engineering  Test Code
များကို လိုအပ်ပါက ဒီနေရာမှာဆွဲယူပါ
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်