Saturday, March 15, 2014

ဘာ Software မှမသုံးပဲ USB Stick ဖြင့် ၀င်းဒိုးတင်နည်း



ဘာ Software မှမသုံးပဲ USB Stick ဖြင့် ၀င်းဒိုးတင်နည်း
ကျွန်တော်တို့ Window Installation မှာ အများစုက CD or DVD ဖြင့်တင်ကြတာ များပါတယ်။ ဒီလိုအနေအထားကလည်း Object (မိမိ တင်မယ့် စက်မှာ) CD or DVD Rom  ပါနေမှပဲဖြစ်မှာပါ။ အကယ် လို့ မပါဘူးဆိုရင်တော့ USB Stick ဖြင့် တင်တဲ့နည်း လမ်း ပေါင်းစုံရှိပါတယ်။ ဂရုတော်တော်များများမှာလည်း ရေးထားတာကို အလွယ်တကူရှာဖွေတွေ့ရှိနိုင်မှာပါ။ ထိုနည်းတွေကလည်း Window ကို အရင်ဆုံး ISO လုပ်ပီးမှ ကြားခံဖြစ်သော Program တစ်ခုခုဖြင့် Stick ကို Bootable ဖြစ်အောင် အရင်လုပ်ပီးတော့မှ ဆွဲထည့်တဲ့ နည်းတွေများပါတယ်။ အခုကျွန်တော်ပြောမယ့်အကြောင်းအရာလေး ကတော့ Window CD တစ်ချပ်ပဲရှိပါစေ ရပါတယ်။ ကြားခံ ဘာ Software မှ မလိုပဲ Command Line ထဲကနေ USB Stick ကို Bootable ဖြစ်အောင် MBR (Master Boot Record)တွေ၊ Partition တွေသတ်မှတ်ပီး အလွယ်ဆုံးလုပ်ဆောင်စေပီးနောက် ၀င်းဒိုးအခွေ ထဲမှ ဒေတာအားလုံးကို ကော်ပီ Paste လုပ်လိုက်ရုံနဲ့ ရမယ့်နည်း ဖြစ်ပါတယ်။ ဒီနည်းကိုလုပ်ဆောင်ဖို့အတွက် Memory Stick ရဲ့ Size ကတော့ အနည်းဆုံး 4GB ရှိဖို့လိုအပ်ပါမယ်။ ကဲစလိုက်ရ အောင်လားဗျာ...အရင်ဆုံး သင့် USB ကို ကွန်ပျူတာနဲ့ ဆက်သွယ် လိုက်ပါ။ 


ဒီနောက်တော့ သင့်ရဲ့ Drive Letter, Size တို့ကို တိကျသေချာ စွာမှတ်သားထားဖို့လိုပါတယ်။ အ၇မ်းလည်းအရေးကြီးပါတယ်။ အကယ်လို့ Driveletter and size ကို မှားယွင်းသွားတယ်ဆိုရင် ၀င်းဒိုးရဲ့ စနစ်တစ်ခုလုံးကိုပါထိခိုက်နိုင်လို့ပါ (အရမ်းအရေးကြီး)။
ထို့နောက် ကျွန်တော်တို့က Start ထဲမှာ run လို့ရိုက်ပီး Right Click နှိပ်၍ run as administrator အနေဖြင့် ၀င်လိုက်ပါမယ်။ ဒါဆို ရင်တော့ အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။


ထို့နောက်တော့ ရိုက်ရမယ့် Command ကတော့ diskpart ဆိုတာ ဖြစ်ပါတယ်။


၃စက္ကန့်လောက်စောင့်ပီး DISKPART> - ဆိုတာဖြစ်တဲ့အထိ တစ် ချက်စောင့်လိုက်ပါ့မယ်။ အထက်ပါပုံအတိုင်းပေါ့.... ပီးသွားရင်တော့ ကျွန်တော်တို့က လက်ရှိ ၀င်းဒိုးမှာ Detected ဖြစ်နေတဲ့ Drive တွေ ကိုကြည့်မှာဖြစ်တဲ့အတွက်ကြောင့်ရိုက်ရမယ့် Command ကတော့ List disk ဖြစ်ပါတယ် အောက်ပါပုံအတိုင်းပေါ့..


အထက်ပါပုံအတိုင်းမှာ သေချာရှင်းပြချင်ပါတယ်။ ဘာလို့လည်း ဆိုတော့ ဒီနေရာမှာ ကျွန်တော်တစ်ခါတုန်းက စမ်းတုန်းကဆို Disk ရွေးချယ်မှုမှားယွင်းသွားတာကြောင့် ၀င်းဒိုးက လုံးဝကို ဒေါင်းသွား တယ်ဗျ။ ဘယ်လိုမှလည်း Recover လုပ်လို့မရတော့လို့ ၀င်းဒိုး ပြန် တင်ရတဲ့အနေအထားအထိအောင်ရောက်သွားလို့ ဒီနေရာက အ အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် မိမိရဲ့ Window တင်မယ့် Disk ကို သေချာအောင် ကြည့်စေလိုပါတယ်။ အထက်ပါပုံအတိုင်းနဲ့ ကျွန်တော်ရှင်းပြပါ့မယ်။ အခုလက်ရှိ Disk အရ 0, 1 , 2 ဆိုပီးရှိ ပါတယ်။ 0 ဆိုတာကတော့ ကျွန်တော့် ကွန်ပျူတာထဲမှာရှိတဲ့ HDD Size 320 ကိုညွှန်းတာဖြစ်ပါတယ်။ Disk 1 ကတော့ 16GB ရှိတဲ့ Memory Stick တစ်ခုဖြစ်ပီး၊ Disk 2 ဆိုတာကတော့ ကျွန်တော် ၀င်းဒိုး တင်ဖို့စမ်းသပ်မယ့် Stick ဖြစ်ပီး Size အားဖြင့် 4GB သာရှိ ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ Disk 2 နဲ့ အလုပ်လုပ် မှာ ။ သင်တို့ကတော့ မိမိ Drive ရဲ့ Size ကို သေချာစစ်ဖို့လိုပီးရွေးချယ် ရမှာဖြစ်ပါတယ်။ကဲဆက်လိုက်ရအောင်ကျွန်တော်က Disk 2 ကိုရွေး ချယ်မှာဖြစ်တဲ့အတွက်ကြောင့် ရိုက်မယ့် Command က select disk 2 ဆိုပီးဖြစ်ပါတယ်။


ဒါဆိုရင်တော့ Disk 2 ကိုရွေးချယ်ပီးသွားပီဖြစ်ပါတယ်။ဒီနောက် ဆက် ရိုက်ရမယ့် Command ကတော့ clean ဆိုတာဖြစ်ပါတယ်။


ဒါဆိုရင်တော့ ကျွန်တော်တို့က Stick ထဲက ဒေတာတွေကို ဖျက်စီး လိုက်တဲ့အပိုင်းဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ MBR သတ် မှတ်ဖို့ဖြစ်ပါတယ်။ထို့နောက်ထပ်မံရိုက်ရမယ့် Command ကတော့ create partition primary ဖြစ်ပါတယ်။


ဒီအပိုင်းကတော့သင့်ရဲ့ Stick ကို Partititon တစ်ခုအဖြစ် လုပ်ဆောင် တဲ့အပိုင်းဖြစ်ပါတယ်။ ထို့နောက် ကျွန်တော်တို့ဆက် ရိုက်ရမယ့် Command ကတော့ select partition 1 ဆိုတာဖြစ် ပါတယ်။


ထို့နောက် ဆက်လက်ပီးတော့ရိုက်ရမယ့် Command က active ဆိုတာဖြစ်ပါတယ်။


ဒါကတော့ အခုလက်ရှိသင်ရွေးချယ်သတ်မှတ်ထားတဲ့ Partition ကို အသက်ဝင်အောင်လုပ်လိုက်တာဖြစ်ပါတယ်။ထို့နောက်ရိုက်ရမှာက
Format fs=ntfs ဆိုတာဖြစ်ပါတယ်။


ဒါကတော့ အခုလက်ရှိ Partition ကို NTFS File System အဖြစ် Format ချလိုက်တာဖြစ်ပါတယ်။ ဒီအချိန်မှာ သင်ဟာ My Computer ထဲမှာသွားကြည့်တဲ့အခါမှာတော့ သင့်ရဲ့ Stick ကအောက် ပါပုံအတိုင်း


Busy Mode အနေဖြင့် ပြနေမှာပါ။ Formatting လုပ်နေတဲ့အချိန်မှာ အနည်းဆုံး ၁၀ မိနစ်နဲ့ ၁၅ မိနစ်ကြားမှာကြာတဲ့အတွက်ကြောင့် သင်ဟာ ဆေးလိပ်သောက်တတ်သူဆိုရင် အပြင်မှာ ဆေးလိပ်တစ် လိပ်လောက် သွားသောက်ချိန်ရပါတယ်။ :P အားလုံးပီးသွားတဲ့အခါ မှာတော့အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။


ဒါဆိုရင်တော့ သင့်ရဲ့ Stick ကို Formated ဖြစ်သွားပါပီ ထို့နောက် ထပ်ရိုက် ရမယ့် Command ကတော့ assign ဖြစ်ပါတယ်။


ထို့နောက် တော့ လုပ်ဆောင်ချက် တစ်ဆင့်ပီးသွားပီဖြစ်တဲ့အတွက် ကြောင့် exit လို့ရိုက်လိုက်ပါမယ်။ဒီနေရာမှ လုပ်ဆောင်ချက် ပြီးသွား ပီဆိုပီးတော့ မပိတ်လိုက် ပဲနဲ့ Minimize ခဏလုပ် ထားလိုက်ပါ။ ကျွန်တော်တို့လုပ်ဆောင်ရ မယ့်အပိုင်းတွေကျန် ပါသေးတယ်။ ထို့နောက် သင့်ရဲ့ CD Drive ထဲကို ၀င်းဒိုး 7 သို့မဟုတ် Window 8 အခွေကိုထည့်လိုက်ပါမယ်။ ကျွန်တော်က တော့ Window7 ကို ထည့်လိုက်ပါတယ်။ ဒီနေရာမှာ တစ်ခု မှတ်ထားရမှာက (အရေးကြီး) သင့်ရဲ့ CD Drive Letter နဲ့ သင့်ရဲ့ Memory Stick Drive Letter တို့ပဲဖြစ်ပါတယ်။ ကျိန်းသေ အောင် ကျွန်တော်တို့က My Computer ထဲကနေသွားကြည့်ထား ပါမယ်။


CD Drive ရဲ့ Drive Letter က အနီရောင်အကွက်ထဲက F ဖြစ်ပီး တော့ သင့် Stick ရဲ့ Drive Letter ကတော့ I ဖြစ်ပါတယ်။ဒီတော့ ကျွန်တော်တို့ရိုက်ရမယ့် Command ကတော့ F: CD BOOT ဖြစ် ပါတယ်။


ဒါဆိုရင်သူက Drive Letter F (CD ROM) ထဲကိုရောက်သွားပါပီ။ ဒီနောက်တော့ ကျွန်တော်တို့ထပ်ပီးရိုက်ရမယ့် Command ကတော့ CD BOOT ဖြစ်ပါတယ်။


ဒါဆိုရင်တော့ အခွေထဲမှာရှိတဲ့ Boot Location ထဲကိုရောက်သွား ပါပီ။ထို့နောက် ဆက်ရိုက်ရမယ့် Command ကတော့ bootsect.exe /nt60 I: ဖြစ်ပါတယ်။


ဆိုလိုတာကတော့ 


အထက်ပါပုံအတိုင်းမှာ F:/boot ဆိုတဲ့ Folder ထဲက bootsect.exe ကိုအသုံးပြုပီး သင့်ရဲ့ USB Stick ကို BOOTMGR ကို compatible ဖြစ်အောင် လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။ ဒါမှလည်း သင့်ရဲ့ Stick က Bootable ဖြစ်ပီး အထဲမှ Data တွေကိုဖတ်နိုင်မှာဖြစ်ပါ တယ်။ ဒီအဆင့်တွေအားလုံးပီးသွားပီဆိုရင်တော့သင့်ရဲ့ Stick ထဲကို ၀င်းဒိုး အခွေထဲမှာပါတဲ့ Data တွေအားလုံးကို ရိုးရိုး သာမာန် Copy လုပ်ပီး Pate လုပ်လိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ Stick ထဲမှာ Window 7 Installation အတွက် အားလုံးအဆင်သင့်ဖြစ်သွားပါ ပီ။ ကျွန်တော်တို့က ၄င်း Stick ဖြင့်ဝင်းဒိုးတင်ချင်တဲ့အခါမှာတော့ BIOS ထဲမှာ First Boot Device ကို USB Stick ကိုရွေးချယ်ပေးပီး Post တက်ခြင်းဖြင့် ၀င်းဒိုး စနစ်ကြီးတစ်ခုလုံးကို အခွေဖြင့် သွင်းသလို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ယခုဖော်ပြပါ Post နှင့် ပတ်သက်ပီး မရှင်းလင်းမှုများရှိပါက Comment တွင်ဖြစ်စေ ကျွန်တော့ရဲ့ FB တွင်ဖြစ်စေ ၀င်ရောက်မေးမြန်း ဆွေးနွေး အကြံပြု နိုင်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

Thursday, March 13, 2014

သင့် Laptop ကို ခေါက်လိုက်ရင်တောင် သီချင်းဆက်ပီးနား ထောင်ရ အောင် (Lid Fuction on Window7)



အခုကျွန်တော်ပြောမယ့် နည်းပညာအကြောင်းလေးကတော့ တော်တော် လည်းလေးလည်း နောက်ကျနေတယ်ဆိုပေမယ့် အများစု သတိမထားမိ တဲ့အချက်လေးတစ်ချက်ဖြစ်ပါတယ်။ ဘာအကြောင်းအရာလည်းဆိုတော့ အထူးသဖြင့် Laptop ကိုင်တဲ့သူတွေအတွက်ဖြစ်ပါတယ်။ နောက်တစ်ချက် ကလည်း Window7 မှာပဲစမ်းသပ်ထားတဲ့နည်းလေးဖြစ်ပါတယ်။ဆိုလိုတာ က ကျွန်တော်တို့ iPad တွေ အရမ်းခောတ်စားလာတဲ့အချိန်မှာ အများစုက သာမာန် Tablet လေးသုံးတာက အစ Ear Peace လေးနဲ့ တွဲသုံးလာတာ များကြပါတယ်။ အခုကတော့ iPad တွေ Tablet တွေထက် အများကြီးကြီး တဲ့ Laptop နဲ့ Portable Player ပုံစူံမျိုးလေးလုပ်ဆောင်မှာဖြစ်ပါတယ်။ ကဲ စလိုက်ရအောင် စမ်းသပ်ကြည့်မှပဲ ဘယ်လို အသုံးဝင်မယ်ဆိုတာကို အသေးစိတ်သိနိုင်မှာဖြစ်ပါတယ်။ သင်တို့လည်း စမ်းသပ်ကြည့်လိုက်ပါဦး အရင်ဆုံး ထုံးစံအတိုင်းပေါ့ Start, Control Panel ထဲကနေသွားကြပါ မယ်။ ထိုအထဲကမှ Power Option ဆိုတဲ့နေရာကို အောက်ပါပုံအတိုင်း သွားပါမယ်


ထို့နောက်တော့


မှင်အနီရောင်လေးဝိုင်းပြထားတဲ့နေရာဖြစ်တဲ့ Change when the com puter sleeps ဆိုတဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါမယ်။


ထို့နောက်အလားတူပဲ မှင်အနီရောင်လေးဝိုင်းပြထားတဲ့နေရာဖြစ်တဲ့ Change advanced power settings ကို နှိပ်လိုက်ပါမယ်။ ဒါဆိုရင်တော့ အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။


အဓိက ကတော့ Power buttons and lid ဆိုတဲ့ Main Menu ထဲကို Expend လုပ်လိုက်ပါမယ်။ ဒါဆိုရင်တော့ Lid close action နှင့်ပတ်သက် တဲ့ Sub Menu နှစ်ခုထပ်မံပီးတော့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီနောက် တော့


အထက်ပါပုံအတိုင်းမှာမြင်ရမယ့်အတိုင်း Lid close action ဆိုတဲ့နေရာမှာ ရွေးချယ်စရာ Menu နှစ်ခု ထပ်မံပြီးတော့ပေါ်လာမှာဖြစ်ပါတယ်။ ဒီအထဲမှာ On Battery ဆိုတာရယ် Plugged in ဆိုတာရယ်ဆိုပီး နှစ်မျိုးရှိပါတယ်။ On Battery ဆိုတာကတော့ သင့် Laptop ကို Power ကြိုးမထိုးထားပဲ အလွတ်သုံးနေတဲ့အနေအထားကို ဆိုလိုပီးတော့ Plugged in ဆိုတာက တော့ သင့်ရဲ့ Laptop ကို Power ကြိုးတပ်ပီးသုံးနေတဲ့ အနေအထားကို ဆိုလိုတာဖြစ်ပါတယ်။ဒီနေရာ နှစ်ခုလုံးမှာ Default အနေအထားအရ Sleep Mode ဖြစ်နေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီအနေအထားကို ကျွန်တော်တို့က ပြောင်းပေးရမှာကတော့ Do nothing ဆိုတာကို နှစ်ခုလုံး မှာရွေးပေးရမှာဖြစ်ပါတယ်။ အားလုံး ရွေးပေးပီးသွားတဲ့အခါမှာတော့ Apply, OK ဆိုတာကို နှိပ်ပေးလိုက်ရမှာဖြစ်ပါတယ်။ ဒီလိုအနေအထားကို ရွေးပေးပီးသွားပီဆိုရင်တော့ သင်က ဥပမာအနေနဲ့ သင့်ရဲ့ Laptop ထဲကနေ Player တစ်ခုခု သို့မဟုတ် အထူးသဖြင့် IDM နဲ့ Data တစ်ခုခု ကို Downloading လုပ်နေရင်တောင် ၄င်းရဲ့ Process က ရပ်မသွားပဲ  ဆက်လက်အလုပ်လုပ်နေမှာဖြစ်ပါတယ်။ ဒီနည်းလမ်းဖြင့် တစ်ခြား အကြိုး ရှိမယ့် အကြောင်းအရာတွေကိုလည်း သင်ကိုယ်တိုင်ဆက်လက်တွေ့ရှိနိုင် ပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်
လေးစွာဖြင့်
Cristiano Zarni@ ဦးဇာနည်