Sunday, October 26, 2014

Skin Pack တွေသွင်းတဲ့အခါ Explorer လစ်သွားတဲ့ပြဿနာ ကို Task Manager အသုံးပြုပြီးရှင်းလင်းမယ်။

Skin Pack တွေသွင်းတဲ့အခါ Explorer လစ်သွားတဲ့ပြဿနာ
ကို Task Manager အသုံးပြုပြီးရှင်းလင်းမယ်။

ကဲ ဒီတစ်ခါ ကျွန်တော်ကိုယ်တိုင်ကော Services သမားအချို့
ကို မထင်မှတ်တဲ့ ပြဿနာလေးတစ်ခုကို ဘယ်လိုဖြေရှင်းမလဲ
ဆိုတာလေးကိုရေးပြချင်ပါတယ်။ Error ကို ဘယ်လိုရှင်းမလည်း
ဆိုတာမပြောခင်မှာ Error ဘယ်လိုကြောင့်တက်တယ်ဆိုတာကို
အရင်ဆုံးရှင်းပြပါ့မယ်။ ဒီလိုဗျ.......
ကျွန်တော်တို့ ကွန်ပျူတာ အသုံးပြုသူ ယောင်္ကျားလေးအများစု
ပေါ့ မိမိကွန်ပျူတာကို အလှဆင်ကြတာများပါတယ်။ အထူးသဖြင့်
Hacking စတိုင်လ်လေးတွေပေါ့.... ဒါကြောင့်အချို့က Skin Pack
တွေကိုသုံးကြပါတယ်။ အချို့ကတော့ Registry ကနေ ၀င်ပြီး
ပြင်ကြတာတွေရှိသလို၊ အချို့ကတော့ Software အချို့ကိုသုံး
ကြပါတယ်။ ဒီထဲမှာမှ Skin Pack အချို့ကြောင့် ၀င်းဒိုးပြဿနာ
ဖြစ်ကြတာများပါတယ်။ ကျွန်တော်ကြုံခဲ့တုန်းကတော့ Alien Ware
Skin Pack လေးပေါ့.. ကျွန်တော်ပြည်ပရောက်နေတဲ့အချိန်မှာဖြစ်
သွားတာလေးပေါ့ဗျာ.ယခင်ကလည်း တင်ပြီး သုံးတယ်။ ဒါပေမယ့်
တစ်ရက်ဝင်းဒိုးပြန်တင်ပြီးသုံးတဲ့အခါမှာ ပြဿနာကစတက်ပါလေ
ကော။ ၀င်းဒိုးပေါ်ကနေ Skin Pack ကို Install လုပ်တယ်။ အား
လုံးပြီးသွားတော့ System Reboot တောင်းတော့ ကျွန်တော်ပေး
လိုက်တယ်။ ဒါပေမယ့်ပြန်ပြီး တက်လာတော့ Window တက်လာ
တဲ့အထိဖြစ်ပြီး နောက်ဆုံးအဆင့်မှာ အမဲရောင် Screen ကြီးပဲပေါ်
ပြီး Explorer ပျောက်သွားတာဖြစ်ပါတယ်။ ဒါနဲ့ ကျွန်တော်လည်း
နည်းလမ်းပေါင်းစုံသုံးပြီး Explorer ကို ပြန်ခေါ်ပါတယ်။ စုံနေတာပါပဲ
Safe Mode တွေထဲကကော ၀င်လို့ရတဲ့ နေရပေါင်းစုံကနေပေါ့။
ဒါပေမယ့် အဆင်မပြေခဲ့ပါဘူး။ နောက်ဆုံး စဉ်းစားမရတဲ့အဆုံးဝင်း
ဒိုးအသစ်ပြန်တင်လိုက်ရတာရယ်၊ System Image Restore လုပ်လိုက်
ရတာနဲ့ရယ် ဖြေရှင်းလိုက်ရပါတယ်။ ဆိုလိုတာက ၀င်းဒိုးပြန်တင်လိုက်
ရတာပေါ့ ပထမဦးဆုံးအကြိမ်မှာ။ ဒါပေမယ့် အခုတော့ ၀င်းဒိုးပြန်တင်
စရာမလိုပဲ Task Manager ကိုသုံးပြီး ၀င်းဒိုးပြန်တင်စရာမလိုအောင်
ဖြေရှင်းနည်းလေးစပါမယ်။ ၀င်းဒိုးတက်တက်ချင်းမှာအောက်ပါပုံအတိုင်း



စခရင်နောက်ခံအမဲကြီးနဲ့ ပေါ်တဲ့အဆင့်ရောက်လာပါမယ်။ ဒီ
အချိန်မှာ ကျွန်တော်တို့က Explorer မရှိတဲ့အတွက်ကြောင့်
ဘယ်လိုပဲ Task Manager ထဲကနေ Explorer ကိုခေါ်ခေါ်
မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ထို Task Manager
ထဲကနေပဲ



File ထဲကနေ



Run New Task ကိုခေါ်လိုက်ပါမယ်။ထို့နောက်တော့



အထက်ပါပုံအတိုင်းပေါ်လာတဲ့အခါမှာတော့ ကျွန်တော်တို့က
Browse ကို နှိပ်လိုက်ပါမယ်။



ထို့နောက် ကျွန်တော်တို့က C: ထဲက Program Files
ဆိုတာထဲကိုဝင်လိုက်ပါမယ်ဒီနောက်တော့



ကျွန်တော်တို့က ယခုဖြစ်သွားတဲ့ Error က Matrix Skin Pack
သွင်းထားသောကြောင့်ဖြစ်တာကြောင့် ကျွန်တော်က Matrix
Skin Pack ဆိုတဲ့ Folder ထဲကိုဝင်လိုက်ပါတယ်။အကယ်လို့
သင်တို့ Matrix မှ မဟုတ်ဘူး ဘယ် Skin Pack ကိုပဲ သွင်းသွင်း
ထိုသို့ Error တက်ပြီဆိုရင် သက်ဆိုင်ရာ Skin Pack နာမည်ရှိ
တဲ့ Folder ထဲကိုဝင်လိုက်ပါမယ်။ပြီးရင်တော့



ကျွန်တော်တို့က uninst ဆိုတဲ့ Uninstall ဖိုင်ကို Double
Click နှိပ်လိုက်ပါမယ်။



ဒါဆိုရင်တော့ ခုနက Browse အနေနဲ့ ရှာထားတဲ့ Location
အတိအကျကို



အထက်ပါအတိုင်းဖော်ပြပေးမှာပါ။ ဒါဆိုရင် OK ကိုနှိပ်လိုက်ပါ့မယ်



ဒါဆိုရင် ကျွန်တော်တို့က Uninstall လုပ်ဖို့အတွက် ဘယ်ဖိုင်
တွေကိုလုပ်မှာလည်းလို့ရွေးပေးရတဲ့အပိုင်းဖြစ်ပါတယ်။ အားလုံးကို



အမှန်ခြစ်လေးပေးလိုက်ပါမယ်။



တစ်ကယ် Uninstall လုပ်မှာလားလို့ မေးလာတဲ့အခါ Yes ကို
ရွေးပေးလိုက်ပါမယ်။



အထက်ပါပုံအတိုင်း သက်ဆိုင်ရာ Skin Pack ရဲ့ ဖိုင်တွေအားလုံးကိုဖျက်ပြီး
မူရင်း ၀င်းဒိုးဖိုင်မှာရှိတဲ့ ဖိုင်တွေကို Restore ပြန်လုပ်နေတာကိုတွေ့ရပါမယ်



အားလုံးပြီးသွားရင်တော့  Next ကိုနှိပ်လိုက်ပါမယ်



ဒါကတော့ Reboot တောင်းတဲ့အပိုင်းပါ။ ကျွန်တော်တို့က Effect
ဖြစ်အောင် Reboot ပေးလိုက်ပါမယ်။ထို့နောက် ၀င်းဒိုးပြန်တက်လာ
တဲ့အခါမှာ နဂိုမူလ၀င်းဒိုးအတိုင်း အကောင်းပကတိပြန်တက်လာတာ
ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ချက်ရှင်းပြချင်သေးတာ
ရှိပါသေးတယ်။ အခုလို Skin Pack မှာ Explorer လစ်တဲ့ ပြဿနာ
ရဲ့ အခြေခံကတော့ OS Version မတူပဲ ထည့်သွင်းလိုက်ခြင်းကြောင့်
ဖြစ်ပါတယ်။ ဆိုလိုတာကတော့ သင်သွင်းမယ့် Skin Pack က Version
64 အတွက်ဖြစ်တဲ့အချိန်မှာ သင့်ကွန်ပျူတာက 32 Bit ဖြစ်သောအခါ
မှာအဓိကဖြစ်တာပါ။ ယခု Post ဖြစ်ဖို့အတွက် ကျွန်တော့သူငယ်ချင်း
စက်မှာ စမ်းသပ်ခဲ့တာ ၃ကြိမ်ဖြစ်ပြီး။ အိမ်က ကျွန်တော့် Laptop
လေးမှာ စမ်းသပ်ခဲ့တာ ၂ကြိမ်ဖြစ်ပါတယ်။ ထို့ကြောင့်မရှင်းလင်း
သည်များကိုလည်း အချိန်မရွေးမေးမြန်းနိုင်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ဦးဇာနည်