Monday, February 23, 2015

Printer Sharing မှာ Firewall ကြောင့် Share မရခြင်း

Printer Sharing မှာ Firewall ကြောင့် Share မရခြင်း



ကျွန်တော်တို့ Printer Sharing မှာ ပုံမှန်အားဖြင့် သတိမထားမိ
တဲ့အချက်လေးတစ်ခုပြောချင်ပါတယ်။ ကျွန်တော်လည်း အရင်က
ရေးထားတဲ့ အကြောင်းအရာလေးတစ်ခုရှိပါတယ်။ Window တင်
ပြီးသွားရင် လုပ်ဆောင်ရမယ့်အချက် ဆိုပြီး Part I နဲ့ Part II ဆို
ပြီးရေးထားပေးပါတယ်။ အဲ့ထဲမှာ Window Firewall ကိုပိတ်ရမယ်
ဆိုပြီး ရေးသားထားခဲ့ဖူးပါတယ်။ ပိတ်ထားတယ်ဆိုတာ Disable
လုပ်တာမဟုတ်ပဲ Manual လုပ်ထားခဲ့ခြင်းကို ဆိုလိုတာပါ။ ဒီအခါ
မှာ ပြဿနာတက်တာကတော့ Printer ရှဲလ်တဲ့အခါမှာပဲ စတွေ့
တာပါ။ Firewall ကို Disable လုပ်ထားမယ်ဆိုရင် ရှဲလ်တဲ့အခါမှာ
ပြမယ့် Error ကအောက်ပါပုံအတိုင်းဖြစ်ပါတယ်။




Printer Sharing ဆိုတဲ့ Check box လေးကို နှိပ်ပြီး Apply နှိပ်
လိုက်ရင် အဲ့ဒီအပေါ်မှာပြထားတဲ့ Error Code ပဲပြနေတာဖြစ်ပါ
တယ်။ ဒီတော့ အဲ့ဒီပြဿနာကို ဘယ်လိုရှင်းမလည်းဆိုတော့
အရင်ဆုံး Run Box ကိုဖွင့်ပြီး



အထက်ပါပုံအတိုင်း Services.msc လို့ရိုက်လိုက်ပါမယ်။



ဒါဆိုရင် အထက်ပါပုံအတိုင်း Services Box ကျလာတဲ့အခါမှာ
Windows Firewall Services ကို Right Click နှိပ်လိုကပါမယ်



လက်ရှိမှာဆိုရင် Disabled ဖြစ်နေပါမယ်။ ဒါကို ကျွန်တော်တို့က
Automatic ကိုရွေးပေးလိုက်ပြီး Apply နှိပ်ပေးလိုကပါမယ်။



ဒီနောက်အထက်ပါပုံအတိုင်းပေါ်လာရင်တော့ Start ကို နှိပ်ပေးလိုက်ပါမယ်။
ဒါဆိုရင်တော့ Firewall Services ပွင့်သွားပြီဖြစ်လို့ Printer Sharing ကို
ပြန်စလုပ်ပါမယ်။ ဒီတော့ Start> Devices & Printers ထဲကိုဝင်ပြီး မိမိ
Share ချင်တဲ့ Printer ပေါ်မှာ Right Click ထောက်ပြီး Printer Properties
ကိုဝင်လိုက်ပါမယ်။



ဒီနောက် အထက်ပါပုံအတိုင်း Share This Printer ဆိုတာကို အမှန်
ခြစ်လေးရွေးပေးလိုက်ပြီး Apply နှိပ်ပေးလိုက်ပါမယ်။ ထို့နောက်



အထက်ပါပုံအတိုင်း Security Tab ထဲပြန်သွားပြီး Everyone
နေရာမှာ အမှန်ခြစ်လေးတွေကို တပ်ပေးလိုက်ပါမယ်။ ဒါဆိုရင်တော့
သင့် လှမ်းပြီးထုတ်ချင်တဲ့ ကွန်ပြူတာထဲကနေ Share ထားတဲ့ Printer
ကို



လှမ်းပြီး Connect… လုပ်လိုက်ပါမယ်။ဒါဆိုရင်တော့ သင်ထုတ်ချင်တဲ့
ဖိုင်ကို ဖွင့် Print လုပ်တဲ့အခါမှာ



အထက်ပါပုံအတိုင်း ခုနက Share ထားတဲ့ Printer ကိုရွေးပေးပြီး
လွယ်ကူစွာ Print ထုတ်နိုင်မှာဖြစ်ပါတယ်။ အားလုံးအဆင်ပြေမယ်လို့
ယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ဦးဇာနည်