Monday, September 29, 2014

Printer Sharing အကြောင်း

Printer Sharing အကြောင်း


Printer Sharing အကြောင်းကိုမပြောခင် ဘာကြောင့်
Printer Sharing ကိုအသုံးပြုရသလည်းဆိုတာလေးကို
အမြည်းပြောပြချင်ပါတယ်။ ကျွန်တော်တို့ ရုံးဌာနတစ်ခု
သို့မဟုတ် အဖွဲ့အစည်းတစ်ခုမှာ ကွန်ပျူတာတွေအသုံး
ပြုတယ်ဆိုတဲ့အခါမှာ ဘယ်ဌာနကမှ လက်ရှိရုံးထဲမှာရှိတဲ့
Computer တိုင်းအတွက် Printer တစ်လုံးစီ မ၀ယ်ပေးတတ်
ကြပါဘူး။ ဒီအခါမှာ ကျွန်တော်တို့က ဘယ်လောက်ပဲ ကွန်ပျူ
တာတွေများများ ရှိနေတဲ့ Printer တစ်လုံးတည်းကိုပဲ မျှဝေ
သုံးစွဲကြရပါတယ်။ ဒါကြောင့် မျှဝေသုံးစွဲခြင်းဆိုတဲ့ အခေါ်
အဝေါ်အရ Sharing ဆိုတာဖြစ်လာတာပါပဲ။ ကဲစလိုက်ရ
အောင် ဘယ်လို Printer အမျိုးအစားပဲဖြစ်ဖြစ် ယခုပြော
မယ့် အကြောင်းအရာအတိုင်းပဲလုပ်ဆောင်ဖန်တီးနိုင်ပါတယ်။
အရင်ဆုံး ကျွန်တော်တို့



Start ထဲက Devices and Printersဆိုတဲ့ထဲကိုဝင်လိုက်ပါမယ်။
ဒီနောက်မှာတော့ မိမိက Share ချင်တဲ့ Printer အမျိုးအစားပေါ်
မှာ Right Click ထောက်ပြီး Printer Properties ထဲဝင်လိုက်ပါမယ်။



ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း



မှ Sharing Tab ကိုသွားပါမယ်။ ထို့နောက် Share this printer
ဆိုတဲ့နေရာမှာ အမှန်ခြစ်လေးပေးလိုက်ပါမယ်။ဒါဆိုရင် မိမိကွန်ပျူတာ
မှနေပြီး Printer ကို Share ပြီးသွားပါပြီ။ ဒါဆိုရင် ကျွန်တော်တို့က
အခြားကွန်ပျူတာကနေ ၀င်ရောက်သုံးစွဲနိုင်ရန် လုပ်ဆောင်ရဦးမှာပါ
ဒါကြောင့် အခြားကွန်ပျူတာမှာအရင်ဆုံး Notepad ကိုဖွင့်လိုက်ပါ
မယ်။



ထို့နောက် ကီးဘုတ်ကနေပြီးတော့ Ctrl+P (Print) ကိုနှိပ်လိုက်ပါမယ်။



ထို့နောက် အထက်ပါပုံအတိုင်းမှ Find Printer ကိုနှိပ်လိုက်ပမယ်။



ဒါဆိုရင် ကျွန်တော်တို့က Network ထဲမှာ Printer Sharing ပေး
ထားတဲ့ စက်နာမည်ကိုရွေးလိုက်ပါမယ်။ ကျွန်တော့် Network ထဲ
မှာက MAYHNIN ဆိုတဲ့စက်ထဲမှာ Share ထားတာပါ ဒါကြောင့်
MAYHNIN ထဲကိုဝင်လိုက်ပါတယ်။


ဒီအခါမှာ ခုနက Share ထားတဲ့ Canon LBP2900 ဆိုတာကိုတွေ့
ပါပြီဒါကိုကျွန်တော်တို့က Select လုပ်ပေးလိုက်ပါမယ်။


ဒီအချိန်မှာတော့အထက်ပါပုံအတိုင်း သင့်ရဲ့ စက်ထဲကို MAYHNIN
စက်ထဲက Share ပေးထားတဲ့ Printer ကိုတွေ့ရမှာ ဒါဆိုရင် သင့်
စိတ်ကြိုက် Print ထုတ်တဲ့အခါ


အလွယ်တကူပဲ အဆင်ပြေပြေ Printing လုပ်နိုင်မှာဖြစ်ပါတယ်။
အားလုံးပဲအဆင်ပြေမယ်လို့လည်းယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်
CristianoZarni@ဦးဇာနည်