Thursday, August 14, 2014

HardDrive Letter တွေကို ဖွက်ထားကြည့်ရအောင်



HardDrive Letter တွေကို ဖွက်ထားကြည့်ရအောင်

ဒီနည်းလမ်းလေးကတော့ အရင်ကလည်း ကျွန်တော်တွေ့ဖူး
သလိုပဲဗျ။ ဒါပေမယ့်သေချာတော့မဖတ်မိလိုက်ဘူး အခုတော့
ကျွန်တော်ကိုယ်တိုင်အသေအချာလေးရေးချင်တာကတစ်ကြောင်း
နောက်ပြီးတော့ကျွန်တော့်ရဲ့ ဘဒိုဆရာကြီးအောင်မျိုးအတွက်လည်း
ရေးပေးချင်တာကတစ်ကြောင်း ပေါ့ဗျာ... ကဲ အရင်ဆုံးဒီနည်းလမ်းကို
ဘာကြောင့်လုပ်ရတာလည်း အရင်ဆုံးဖြေရှင်းပေးပါရစေ။ ကျွန်တော်
တို့ အထူးသဖြင့် Internet Shop တွေ Game Shop တွေအများစုက
မိမိရဲ့ System Partition တွေ Data Partition တွေကို အသုံးပြုသူ
User တွေက မှားယွင်းမဖျက်မိရလေအောင်နှင့် ဗိုင်းရပ်စ်ကိုက်မှာကို
စိတ်ပူပင်ကြပြီး Defreezee အုပ်ထားတတ်ကြပါတယ်။ အခုအကြောင်း
အရာကတော့ System Partition ကိုပဲ Defrezee အုပ်ထားပြီး ကျန်ရှိ
တဲ့ Data Partition ကို ဒီအတိုင်း Game နဲ့ ပတ်သက်တဲ့ ဖိုင်တွေသိမ်း
ဆည်းလို့ရအောင် ဒီအတိုင်းထားကြတဲ့အခါမှာ ယူဇာတွေက မှားယွင်း
ဖျက်တောက်မိသွားမျိးတို့မရှိရလေအောင် လက်ရှိ My Computer မှာ
ပေါ်နေတဲ့ Drive Letter ကိုဖျောက်ထားမယ့်နည်းလမ်းဖြစ်ပါတယ်။
ကဲအရင်ဆုံးကျွန်တော်တို့ဘယ်ကနေသွားရမလည်းဆိုတော့ အရင်ဆုံး
Run Box ကိုဖွင့်လိုက်ပြီး “gpedit.msc” လို့ရိုက်လိုက်ပါမယ်။


ဒါဆိုရင်တော့အောက်ပါပုံအတိုင်း Group Policy Editor ပေါ်လာပါလိမ့်မယ်။


ဒီနောက်တော့ကျွန်တော်တို့ဆက်သွား၇မှာကတော့


အထက်ပါပုံအတိုင်းမှာ User Configuration အောက်က
Administrative Tamplates အောက်ထဲကနေ


Window Components ဆိုတဲ့ဆီကိုဆက်သွားပါမယ်။ ထို့နောက်
မှာတော့


Windows Explorer ရှိရာသို့ဆက်သွားပါမယ်။ ထိုမှတစ်ဖန်
ညာဘက်ခြမ်းမှာရှိသော


Hide this specified drive in My Computer ဆိုတာကို
Double Click နှိပ်ပေးလိုက်ပါမယ်။ ထို့နောက်သူ့မှာက
အထက်ပါပုံအတိုင်း Default အရ Not Configured ဖြစ်
နေပါမယ်။ ဒါကိုကျွန်တော်တို့က


Enabled ဆိုတာကိုရွေးချယ်ပေးလိုက်ပြီး Pcik one of the
Following combinations မှာ


မိမိက ဘယ် Drive ကို Hide လုပ်မှာလည်းဆိုတာကိုရွေး
ချယ်ပေးရပါမယ်။ ကျွန်တော်ကတော့ Drive Letter D:
ကို Hide လုပ်မှာဖြစ်သောကြောင့် Restrict D Drive only
ဆိုတာကိုရွေးချယ်ပေးလိုက်ပါတယ်။ ပြီးသွားရင်တော့
Apply နှိပ်ပြီး OK နှိပ်ပေးလိုက်ပါမယ်။ပြီးနောက်တော့သင့်ကွန်
ပျူတာထဲကိုဝင်ကြည့်လိုက်ပါဦးအောက်ပါအတိုင်းမြင်နေရဦးမှာပါ


ဒါဟာ GP Update မဖြစ်သေးတဲ့အတွက်ကြောင့်ပါ။ ထို့နောက်မိမိ
Hide လုပ်ထားသော Drive ကိုအသက်ဝင်အောင်လို့
မိမိရဲ့ Computer ကို Restart လုပ်ပေးရမှာဖြစ်ပါတယ်။Restart
လုပ်ပြီးသွားပြီဆိုရင်တော့သင့်ရဲ့ My Computer ကိုဖွင့်ကြည့်လိုက်
ပါ


သင်ရွေးချယ်ပြီး Hide လုပ်ထားတဲ့ Drive Letter D ကပျောက်နေပါ
လိမ့်မယ်။ ပျောက်သွားလို့လည်းမစိုးရိမ်ပါနဲ့ဦး ဘယ်လိုအလွယ်တကူ
ဖွင့်လို့ရမလည်းဆိုတာလေးပြောပါ့မယ်။ ဟဲဟဲ ဘီယာလေးတစ်ခွက်
လောက်တော့တိုက်နော် :P စတာပါ၊ နောက်တာပါ၊ အတည်ပြောတာ
ပါ။ Run Box ထဲကနေ


အထက်ပါပုံအတိုင်း “D:” လို့ရိုက်လိုက်ပါ။ ဒါဆိုရင်အောက်ပါပုံအတိုင်း


သင့်ကွန်ပျူတာ Drive Letter D: ထဲက Data တွေကထွက်လာမှာ
ဖြစ်ပါတယ်။ကဲ အားလုံးပဲအဆင်ပြေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

Wednesday, August 13, 2014

သင့် Facebook Account ကိုတစ်ပါးသူဖွင့်ပေးတာလား ?



သင့် Facebook Account ကိုတစ်ပါးသူဖွင့်ပေးတာလား ?


ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကတော့ ဒီရက်ပိုင်း
နေရာတော်တော်များများမှာတွေ့နေရတဲ့ Facebook Account
ကို မြန်မာနိုင်ငံအနေအထားနဲ့အလွယ်တကူဖွင့်လို့မရလို့ (ပုံမှန်
User အနေဖြင့်ပါ) တတ်သိနားလည်တဲ့သူ၊ သို့မဟုတ် နိုင်ငံရပ်
ခြားမှ ဆွေမျိုး၊ မိသင်္ဂဟ များကိုအကူညီတောင်းပြီးဖွင့်ခိုင်းကြတာ
ကိုများစွာတွေ့ရပါတယ်။ ဒီလိုဖွင့်ခိုင်းတာ အကောင့်တစ်ခုရဖို့က
တော့အဆင်ပြေသွားတာပေါ့... ဒါပေမယ့် အဓိကကျတာကတော့
Security ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အချို့က FB
Account ကိုဝင်လို့ရရင်ပြီးရောဆိုပြီးတော့ လက်ခံအသုံးပြုကြ
လို့ပါ။ အဲဒီမှာအရေးကြီးတာတစ်ခုက E-mail Address နဲ့ Pass
Word ပဲဖြစ်ပါတယ်။ ဘာကြောင့်အရေးကြီးသလည်းဆိုတော့
အကယ်လို့ သင့်ရဲ့ Facebook Account က Lock ကျသွားတာ
ပဲဖြစ်ဖြစ်၊ တစ်ခုခုမှားယွင်းသွားတာပဲဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်
က၀င်သုံးတာပဲဖြစ်ဖြစ်၊ Hacked ခံလိုက်ပြီလို့ သံယ၀င်တာပဲဖြစ်
ဖြစ်၊ အဲ.....ပြောရင်းနဲ့ ဖြစ်ဖြစ် တွေများလာပြီ။ ဒီအချိန်မှာ မြန်မာ
နိုင်ငံအနေအထားနဲ့ Recover ပြန်လုပ်ဖို့က ဖုန်းနဲ့ ဘယ်လိုမှ
အဆင်မပြေနိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့
ချစ်သော မြန်မာ့ဆက်သွယ်ရေးက ပြည်ပမှ ၀င်ရောက် Message
များကို လက်ခံနိုင်စွမ်း မဖွင့်ထားသေးပါ။ ကျွန်တော်ကိုယ်တွေ့ပါ။
ကျွန်တော်သူများနိုင်ငံမှာတုန်းက မြန်မာပြည်ကို Message တစ်
စောင်လှမ်းပို့လိုက်တယ်။ ဖုန်းထဲမှာထွက်သွားတယ်။ ဘေလ်လည်း
ဖြတ်သွားတယ်။ ဒီဘက်ကိုမေးကြည့်တော့မရောက်ဘူးတဲ့။ Message
ဖိုးဆုံးသွားတယ်။ ဒါနဲ့ ကျွန်တော် နော်ဝေက သူငယ်ချင်းကို Message
ပြန်ပို့တယ်။ ရောက်တယ်ဗျ.... ဒါကတော့ မြန်မာပြည်ကို Messaging
Services မရဘူးဆိုတာကိုပြောချင်တာပါ။ ဒီတော့ ကျွန်တော်တို့ကဖုန်း
နဲ့ Recover ပြန်လုပ်ဖို့ အဆင်မပြေနိုင်တော့ ပြန်လုပ်နိုင်ရန် နည်းလမ်း
တစ်ခုတည်းရှိတာက E-mail Address ပဲဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ
တစ်ပါးသူကို Facebook Account ဖွင့်ခိုင်းမယ်ဆိုရင် E-mail Address နဲ့
Password ကို တောင်းဖို့မမေ့ပါနဲ့။ OK ! E-mail Address နဲ့ Password
ရပြီဆိုရင် လက်ရှိသင့် Facebook Account ကိုအရင်ဆုံး Password ကို
ပြန်လည်ပြောင်းလည်းထားလိုက်ပါ။ Password Strong ဖြစ်အောင်ဥပမာ
သင့် Password က “cristianozarnipassword” ဆိုပါစို့ “Cr!s7!@n0z
@rn!P@55w0rd” စသဖြင့် ပေးထားသင့်ပါတယ်။ ဘယ်လောက်ပဲ Pass
Strong ဖြစ်ဖြစ် တစ်ခုသတိထားရမှာက Keylogger မိတာတို့၊ SE ထိုးခံ
ရတာတို့၊ Fishing မိတာတို့ဆိုရင်တော့ ပါသွားမှာပဲနော်။ ဒါကတော့အ
သုံးပြုသူကိုယ်တိုင် ဆင်ချင်သင့်ပါတယ်။ကဲ E-mail ဘက်တစ်ဖက်ပြန်
လှည့်ရအောင် အရင်ဆုံး သင့် E-mail Address ကို Password ချိန်း
ထားပါ။ ပြီးနောက် 2 Step Verification ခံထားလိုက်ပါ သင့်ဖုန်းနဲ့ပေါ့..
2 Step Verification မှာ တစ်ရက်တည်းမှာ ဖုန်းနံပါတ်တစ်လုံးတည်းနဲ့
အကောင့် ၁၀ ခုကိုလုပ်ဆောင်နိုင်ပါတယ်။ ၁၀ခုထက်ကျော်သွားရင်တော့
အဲဒီနေ့အတွက်မရတော့ပါဘူး...2 Step အကြောင်းကိုဒီမှာလေ့လာပါမယ်။
အကယ်လို့ သင်ဟာ လက်ရှိ တစ်ပါးသူ
ဖွင့်ပေးထားတဲ့ E-mail ဟာ Gmail မဟုတ်ပဲ တစ်ခြားသော Domain Mail
တွေဖြစ်လို့ G-mail ပဲသုံးချင်တယ်ဆိုရင် G-mail တစ်ခုကိုအသစ်ဖွင့်လိုက်
ပါ။ G-mail ကတော့ဖွင့်ရတာလွယ်ပါတယ်။ ထိုအကောင့်ကိုလည်း 2 Step
ခံထားလိုက်ပါ။ ပြီးသွား၇င် လက်ရှိ Facebook Account ထဲမှာရှိတဲ့ တစ်ပါး
သူဖွင့်ပေးထားတဲ့ Primary E-mail Address ကို Remove လုပ်ပြီး သင်အခု
ဖွင့်လိုက်တဲ့ E-mail Address ကို ပြောင်းလည်းထည့်သွင်းလို့လည်းရပါတယ်။
အဲဒီ Primary E-mail Address ပြောင်းလည်းနည်းကိုတော့ ဒီမှာလေ့လာပါ။
ကဲ ဒီလောက်ဆိုရင်တော့ သင့်အကောင့်လုံခြုံရေးအတွက် အကြမ်းဖျဉ်းနား
လည်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

Kali Linux & Window 7 or 8 Dual Boot Methods



Kali Linux & Window 7 or 8 Dual Boot Methods


ကျွန်တော်တို့ Window 7 or 8 နဲ့ Kali Linux တို့ကို Dual Boot သွင်းချင်တဲ့ အခါ အများစုရေးထားတာ တွေတော့ရှိပါတယ်။ ဒါပေမယ့် အခြေခံအကျဆုံးနဲ့ အသေးစိတ်လေး ကို တိတိကျကျလေး ကျွန်တော့ စာအုပ် ကလေးဖတ်ပြီး အလွယ်တကူထည့်သွင်းနိုင်အောင် ပြန်လည်ရေးသားလိုက်ခြင်းဖြစ်ပါတယ်။ ဘာလို့လည်းဆို တော့ ကျွန်တော်လည်း ကိုယ်တိုင် ခံစားခဲ့ရလို့ပါ။ ဘာလို့လည်းဆိုတော့ ၀င်းဒိုးသွင်းတာကတော့ ထုံးလိုမွှေ ရေလိုနှောက်သွင်းနိုင်တယ်ဆိုပေမယ့် Kali နှင့် အတူတွဲပြီးတင်တဲ့အခါမှာ Option အရွေးမှားပြီး ကျွန်တော့်အ နှစ် နှစ်အလလ စုထားတဲ့ အရေးကြီးဒေတာတွေပျက်စီးဖူးလို့ နောင်လာနောင်သားများကို ကျွန်တော့်လိုအဖြစ် မျိုးမဖြစ်ရလေအောင် ရေးသားလိုက်ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခုပြောချင်တာက Kali နဲ့ Window ကိုတွဲ တင်မယ်ဆိုတဲ့အခါကျရင် အရင်ဆုံး Kernal Version နိမ့်တာကိုအရင်သွင်းရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က မိမိနှစ်သက်ရာ Microsoft Window ကိုအရင်ဆုံးထည့်သွင်းလိုက်ပါမယ်။ Partition အတွက် ကြိုတင်မပြင်ဆင်ခဲ့ဖူးဆိုရင်တောင်မှာ ရပါတယ်။ ကဲ..ဒီတော့ သင့်စက်ထဲမှာ Window တစ်ခုပဲသွင်းထားမယ်။ ပြီးတော့ Kali သွင်းဖို့ Partition မသတ်မှတ်ထားဘူးလို့ပဲ ကျွန်တော်သတ်မှတ်လိုက်တော့မယ် ။ စပြီနော်..
အရင်ဆုံး ၀င်းဒိုးပေါ်ကနေ လုပ်ဆောင်မှာဖြစ်ပါတယ်။ Run Box ထဲမှာ “diskmgmt.msc” လို့ရိုက်လိုက်ပါမယ် ဆက်လက်ဖတ်ရှုရန် ဒီမှာဒေါင်းပါ