Wednesday, August 13, 2014

သင့် Facebook Account ကိုတစ်ပါးသူဖွင့်ပေးတာလား ?



သင့် Facebook Account ကိုတစ်ပါးသူဖွင့်ပေးတာလား ?


ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကတော့ ဒီရက်ပိုင်း
နေရာတော်တော်များများမှာတွေ့နေရတဲ့ Facebook Account
ကို မြန်မာနိုင်ငံအနေအထားနဲ့အလွယ်တကူဖွင့်လို့မရလို့ (ပုံမှန်
User အနေဖြင့်ပါ) တတ်သိနားလည်တဲ့သူ၊ သို့မဟုတ် နိုင်ငံရပ်
ခြားမှ ဆွေမျိုး၊ မိသင်္ဂဟ များကိုအကူညီတောင်းပြီးဖွင့်ခိုင်းကြတာ
ကိုများစွာတွေ့ရပါတယ်။ ဒီလိုဖွင့်ခိုင်းတာ အကောင့်တစ်ခုရဖို့က
တော့အဆင်ပြေသွားတာပေါ့... ဒါပေမယ့် အဓိကကျတာကတော့
Security ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အချို့က FB
Account ကိုဝင်လို့ရရင်ပြီးရောဆိုပြီးတော့ လက်ခံအသုံးပြုကြ
လို့ပါ။ အဲဒီမှာအရေးကြီးတာတစ်ခုက E-mail Address နဲ့ Pass
Word ပဲဖြစ်ပါတယ်။ ဘာကြောင့်အရေးကြီးသလည်းဆိုတော့
အကယ်လို့ သင့်ရဲ့ Facebook Account က Lock ကျသွားတာ
ပဲဖြစ်ဖြစ်၊ တစ်ခုခုမှားယွင်းသွားတာပဲဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်
က၀င်သုံးတာပဲဖြစ်ဖြစ်၊ Hacked ခံလိုက်ပြီလို့ သံယ၀င်တာပဲဖြစ်
ဖြစ်၊ အဲ.....ပြောရင်းနဲ့ ဖြစ်ဖြစ် တွေများလာပြီ။ ဒီအချိန်မှာ မြန်မာ
နိုင်ငံအနေအထားနဲ့ Recover ပြန်လုပ်ဖို့က ဖုန်းနဲ့ ဘယ်လိုမှ
အဆင်မပြေနိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့
ချစ်သော မြန်မာ့ဆက်သွယ်ရေးက ပြည်ပမှ ၀င်ရောက် Message
များကို လက်ခံနိုင်စွမ်း မဖွင့်ထားသေးပါ။ ကျွန်တော်ကိုယ်တွေ့ပါ။
ကျွန်တော်သူများနိုင်ငံမှာတုန်းက မြန်မာပြည်ကို Message တစ်
စောင်လှမ်းပို့လိုက်တယ်။ ဖုန်းထဲမှာထွက်သွားတယ်။ ဘေလ်လည်း
ဖြတ်သွားတယ်။ ဒီဘက်ကိုမေးကြည့်တော့မရောက်ဘူးတဲ့။ Message
ဖိုးဆုံးသွားတယ်။ ဒါနဲ့ ကျွန်တော် နော်ဝေက သူငယ်ချင်းကို Message
ပြန်ပို့တယ်။ ရောက်တယ်ဗျ.... ဒါကတော့ မြန်မာပြည်ကို Messaging
Services မရဘူးဆိုတာကိုပြောချင်တာပါ။ ဒီတော့ ကျွန်တော်တို့ကဖုန်း
နဲ့ Recover ပြန်လုပ်ဖို့ အဆင်မပြေနိုင်တော့ ပြန်လုပ်နိုင်ရန် နည်းလမ်း
တစ်ခုတည်းရှိတာက E-mail Address ပဲဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ
တစ်ပါးသူကို Facebook Account ဖွင့်ခိုင်းမယ်ဆိုရင် E-mail Address နဲ့
Password ကို တောင်းဖို့မမေ့ပါနဲ့။ OK ! E-mail Address နဲ့ Password
ရပြီဆိုရင် လက်ရှိသင့် Facebook Account ကိုအရင်ဆုံး Password ကို
ပြန်လည်ပြောင်းလည်းထားလိုက်ပါ။ Password Strong ဖြစ်အောင်ဥပမာ
သင့် Password က “cristianozarnipassword” ဆိုပါစို့ “Cr!s7!@n0z
@rn!P@55w0rd” စသဖြင့် ပေးထားသင့်ပါတယ်။ ဘယ်လောက်ပဲ Pass
Strong ဖြစ်ဖြစ် တစ်ခုသတိထားရမှာက Keylogger မိတာတို့၊ SE ထိုးခံ
ရတာတို့၊ Fishing မိတာတို့ဆိုရင်တော့ ပါသွားမှာပဲနော်။ ဒါကတော့အ
သုံးပြုသူကိုယ်တိုင် ဆင်ချင်သင့်ပါတယ်။ကဲ E-mail ဘက်တစ်ဖက်ပြန်
လှည့်ရအောင် အရင်ဆုံး သင့် E-mail Address ကို Password ချိန်း
ထားပါ။ ပြီးနောက် 2 Step Verification ခံထားလိုက်ပါ သင့်ဖုန်းနဲ့ပေါ့..
2 Step Verification မှာ တစ်ရက်တည်းမှာ ဖုန်းနံပါတ်တစ်လုံးတည်းနဲ့
အကောင့် ၁၀ ခုကိုလုပ်ဆောင်နိုင်ပါတယ်။ ၁၀ခုထက်ကျော်သွားရင်တော့
အဲဒီနေ့အတွက်မရတော့ပါဘူး...2 Step အကြောင်းကိုဒီမှာလေ့လာပါမယ်။
အကယ်လို့ သင်ဟာ လက်ရှိ တစ်ပါးသူ
ဖွင့်ပေးထားတဲ့ E-mail ဟာ Gmail မဟုတ်ပဲ တစ်ခြားသော Domain Mail
တွေဖြစ်လို့ G-mail ပဲသုံးချင်တယ်ဆိုရင် G-mail တစ်ခုကိုအသစ်ဖွင့်လိုက်
ပါ။ G-mail ကတော့ဖွင့်ရတာလွယ်ပါတယ်။ ထိုအကောင့်ကိုလည်း 2 Step
ခံထားလိုက်ပါ။ ပြီးသွား၇င် လက်ရှိ Facebook Account ထဲမှာရှိတဲ့ တစ်ပါး
သူဖွင့်ပေးထားတဲ့ Primary E-mail Address ကို Remove လုပ်ပြီး သင်အခု
ဖွင့်လိုက်တဲ့ E-mail Address ကို ပြောင်းလည်းထည့်သွင်းလို့လည်းရပါတယ်။
အဲဒီ Primary E-mail Address ပြောင်းလည်းနည်းကိုတော့ ဒီမှာလေ့လာပါ။
ကဲ ဒီလောက်ဆိုရင်တော့ သင့်အကောင့်လုံခြုံရေးအတွက် အကြမ်းဖျဉ်းနား
လည်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

No comments:

Post a Comment