Thursday, August 14, 2014

HardDrive Letter တွေကို ဖွက်ထားကြည့်ရအောင်



HardDrive Letter တွေကို ဖွက်ထားကြည့်ရအောင်

ဒီနည်းလမ်းလေးကတော့ အရင်ကလည်း ကျွန်တော်တွေ့ဖူး
သလိုပဲဗျ။ ဒါပေမယ့်သေချာတော့မဖတ်မိလိုက်ဘူး အခုတော့
ကျွန်တော်ကိုယ်တိုင်အသေအချာလေးရေးချင်တာကတစ်ကြောင်း
နောက်ပြီးတော့ကျွန်တော့်ရဲ့ ဘဒိုဆရာကြီးအောင်မျိုးအတွက်လည်း
ရေးပေးချင်တာကတစ်ကြောင်း ပေါ့ဗျာ... ကဲ အရင်ဆုံးဒီနည်းလမ်းကို
ဘာကြောင့်လုပ်ရတာလည်း အရင်ဆုံးဖြေရှင်းပေးပါရစေ။ ကျွန်တော်
တို့ အထူးသဖြင့် Internet Shop တွေ Game Shop တွေအများစုက
မိမိရဲ့ System Partition တွေ Data Partition တွေကို အသုံးပြုသူ
User တွေက မှားယွင်းမဖျက်မိရလေအောင်နှင့် ဗိုင်းရပ်စ်ကိုက်မှာကို
စိတ်ပူပင်ကြပြီး Defreezee အုပ်ထားတတ်ကြပါတယ်။ အခုအကြောင်း
အရာကတော့ System Partition ကိုပဲ Defrezee အုပ်ထားပြီး ကျန်ရှိ
တဲ့ Data Partition ကို ဒီအတိုင်း Game နဲ့ ပတ်သက်တဲ့ ဖိုင်တွေသိမ်း
ဆည်းလို့ရအောင် ဒီအတိုင်းထားကြတဲ့အခါမှာ ယူဇာတွေက မှားယွင်း
ဖျက်တောက်မိသွားမျိးတို့မရှိရလေအောင် လက်ရှိ My Computer မှာ
ပေါ်နေတဲ့ Drive Letter ကိုဖျောက်ထားမယ့်နည်းလမ်းဖြစ်ပါတယ်။
ကဲအရင်ဆုံးကျွန်တော်တို့ဘယ်ကနေသွားရမလည်းဆိုတော့ အရင်ဆုံး
Run Box ကိုဖွင့်လိုက်ပြီး “gpedit.msc” လို့ရိုက်လိုက်ပါမယ်။


ဒါဆိုရင်တော့အောက်ပါပုံအတိုင်း Group Policy Editor ပေါ်လာပါလိမ့်မယ်။


ဒီနောက်တော့ကျွန်တော်တို့ဆက်သွား၇မှာကတော့


အထက်ပါပုံအတိုင်းမှာ User Configuration အောက်က
Administrative Tamplates အောက်ထဲကနေ


Window Components ဆိုတဲ့ဆီကိုဆက်သွားပါမယ်။ ထို့နောက်
မှာတော့


Windows Explorer ရှိရာသို့ဆက်သွားပါမယ်။ ထိုမှတစ်ဖန်
ညာဘက်ခြမ်းမှာရှိသော


Hide this specified drive in My Computer ဆိုတာကို
Double Click နှိပ်ပေးလိုက်ပါမယ်။ ထို့နောက်သူ့မှာက
အထက်ပါပုံအတိုင်း Default အရ Not Configured ဖြစ်
နေပါမယ်။ ဒါကိုကျွန်တော်တို့က


Enabled ဆိုတာကိုရွေးချယ်ပေးလိုက်ပြီး Pcik one of the
Following combinations မှာ


မိမိက ဘယ် Drive ကို Hide လုပ်မှာလည်းဆိုတာကိုရွေး
ချယ်ပေးရပါမယ်။ ကျွန်တော်ကတော့ Drive Letter D:
ကို Hide လုပ်မှာဖြစ်သောကြောင့် Restrict D Drive only
ဆိုတာကိုရွေးချယ်ပေးလိုက်ပါတယ်။ ပြီးသွားရင်တော့
Apply နှိပ်ပြီး OK နှိပ်ပေးလိုက်ပါမယ်။ပြီးနောက်တော့သင့်ကွန်
ပျူတာထဲကိုဝင်ကြည့်လိုက်ပါဦးအောက်ပါအတိုင်းမြင်နေရဦးမှာပါ


ဒါဟာ GP Update မဖြစ်သေးတဲ့အတွက်ကြောင့်ပါ။ ထို့နောက်မိမိ
Hide လုပ်ထားသော Drive ကိုအသက်ဝင်အောင်လို့
မိမိရဲ့ Computer ကို Restart လုပ်ပေးရမှာဖြစ်ပါတယ်။Restart
လုပ်ပြီးသွားပြီဆိုရင်တော့သင့်ရဲ့ My Computer ကိုဖွင့်ကြည့်လိုက်
ပါ


သင်ရွေးချယ်ပြီး Hide လုပ်ထားတဲ့ Drive Letter D ကပျောက်နေပါ
လိမ့်မယ်။ ပျောက်သွားလို့လည်းမစိုးရိမ်ပါနဲ့ဦး ဘယ်လိုအလွယ်တကူ
ဖွင့်လို့ရမလည်းဆိုတာလေးပြောပါ့မယ်။ ဟဲဟဲ ဘီယာလေးတစ်ခွက်
လောက်တော့တိုက်နော် :P စတာပါ၊ နောက်တာပါ၊ အတည်ပြောတာ
ပါ။ Run Box ထဲကနေ


အထက်ပါပုံအတိုင်း “D:” လို့ရိုက်လိုက်ပါ။ ဒါဆိုရင်အောက်ပါပုံအတိုင်း


သင့်ကွန်ပျူတာ Drive Letter D: ထဲက Data တွေကထွက်လာမှာ
ဖြစ်ပါတယ်။ကဲ အားလုံးပဲအဆင်ပြေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

No comments:

Post a Comment