Tuesday, August 19, 2014

သင့်စက်ထဲမှာ Backdoor ၀င်နေပြီလို့ထင်နေပြီလား ?



သင့်စက်ထဲမှာ Backdoor ၀င်နေပြီလို့ထင်နေပြီလား ?

ကျွန်တော်တို့ ကွန်ပျူတာအသုံးပြုသူတိုင်း ဗိုင်းရပ်စ်ဝင်တဲ့
ဓာဏ်ကိုတော့ အနည်းနှင့်အများကြုံဖူးကြမှာပါ။ သို့ပေသော်
ညာလည်း သင့်ကွန်ပျူတာကို Virus ၀င်ယုံပဲဆိုရင် Program
တွေသုံးလို့မရတာ၊ ဆင့်ပွားတာလောက်ပဲ တိုက်ခိုက်ခံရမယ်
ဆိုပေမယ့် အကယ်လို့များ Backdoor ဆိုတာကြီးဝင်နေပြီဆို
ရင်တော့ အဲဒီထက်ဆိုးသွမ်းပြီး သင့်ကွန်ပျူတာထဲက ကိုယ်ရေး
ကိုယ်တာအချက်အလက်တွေကို သင်မသိတဲ့ နောက်ဖေးပေါက်
ကနေ Attacker ဆီကို အချိန်ပြည့်သင်အင်တာနက်သုံးလိုက်တိုင်း
Report လုပ်နေမယ့်ကောင်ဖြစ်ပါတယ်။မြန်မာစကားပုံဘာနဲ့တူ
သလည်းဆိုတော့ ပလိုင်းပေါက်နဲ့ဖားကောက်နေသလိုပါပဲ။ သင်
ကတော့ သင့်ကွန်ပျူတာထဲကို ဒေတာတွေထည့်သွင်းတယ်။ သင်
မမြင်တဲ့ အပေါက် (Port တစ်ခုဖန်တီး၍) သင့်ရဲ့ ဒေတာတွေကို
ခိုးယူနေတာဖြစ်ပါတယ်။ အရင်ဆုံး ဘယ်လိုဝင်လာနိုင်သလည်း
ဆိုတာလေးကိုအရင်ရှင်းပြပါရစေ။ သင့်ရဲ့ ကွန်ပျူတာ System
ထဲသို့ ၀င်ရောက်နိုင်မှုအခြေအနေများကတော့
၁။Instant Messenger  Applications
၂။IRC (Internet Relay Chat)
၃။Attachments
၎။Physical Access
၅။Browser & E-mail Software Bugs
၆။Fake Programs
၇။Untructed site Programs
၈။ Hacking Tools
စသဖြင့် အကြမ်းဖျဉ်းရှိတဲ့ထဲမှာမှ အများဆုံး ထိကြတဲ့အနေ
အထားကတော့ Fake Program တွေအသုံးပြုခြင်း၊ Hacking
Tools အချို့မှတဆင့်ကူးဆက်ခြင်း၊ Browser & Mail မှတဆင့်
ကူးဆက်ခြင်း နှင့် Physical Access တို့မှ အလွယ်တကူကူးဆက်
တတ်ကြပါတယ်။ဒီလိုကူးဆက်ပြီဆိုရင် ဘယ်လိုအလွယ်တကူသိ
နိုင်မလည်းဆိုတာကို ပြောပါရစေ။သင့်ရဲ့ Computer အတွင်းမှာ
TaskManager ကိုဖွင့်ကြည့်လိုက်ပါ။ conhost.exe လိုမျိုးနောက်
Net.exe လိုမျိုး စသဖြင့် နောက်တစ်ခုကတော့ 874333.exe စသဖြင့်
ကိန်းဂဏန်းတွေနဲ့လည်း Process အချို့ Run နေမှာဖြစ်ပါတယ်။ အို
ခေ ဘယ်လိုသတ်မလည်း ? အဖြေကလွယ်လွယ်လေးပါ။ အချို့က
AVG မှာမိပါတယ်။ အချို့က Symatic မှာမိပါတယ်။ ဒါပေမယ့် Anti-
Virus ဆိုတာက ရည်းစားထားရသလိုပါပဲ။ ဘာကြောင့်လည်းဆိုတော့
ရည်းစားဆိုတာလည်း ကြာလာတာနဲ့အမျှ နားပူနားစာတွေအ၇မ်းလုပ်
ပါတယ်။ ဒီလိုပဲ Anti-Virus ဆိုတာလည်း သူ့ကို တစ်မျိုးတည်းစွဲစွဲမြဲမြဲ
သုံးတယ်ဆိုရင် Update တွေတောင်းလာတယ်။ System ကို ပြန်လည်
ဖျက်စီးမယ် စသဖြင့်ပေါ့.... ဒီတော့ ကျွန်တော်တို့က ရည်းစားကို အတည်
မထားသလိုပဲ Anti-Virus Tools တွေကို အရေးပေါ်အခြေအနေမျိုးမှသာ
Official ဒေါင်းပြီး Run တာအကောင်းဆုံးဖြစ်ပါတယ်။ ကဲ ဘယ်ဟာကို
သုံးမလည်းဆိုတာလာပါပြီ adw Cleanner ပဲဖြစ်ပါတယ်။ သူ့ကိုရရှိ
နိုင်တဲ့ Official နေရာကတော့ www.bleepingcomputer.com ကနေပဲ
ဖြစ်ပါတယ်။ ဖိုင်စိုက်ဒ်ကလည်း 1MB ကျော်ကျော်လေးပဲရှိပါတယ်။ ကဲ
သင်တို့ကိုဒေါင်းပြီးပြီလို့သတ်မှတ်လိုက်ပါပြီ ဒီတော့ ကျွန်တော်တို့ဒီကောင်
ကို စတင်ပြီး Run လိုက်တဲ့အခါမှာတော့

အထက်ပါပုံအတိုင်းမှ Scan ကိုနှိပ်ပေးလိုက်တဲ့အခါမှာ မိမိကွန်ပျူတာ
System ရဲ့ Size ပေါ်မူတည်ပြီးတော့ ကြာမြင့်မှာဖြစ်ပါတယ်။အားလုံး
Scan လုပ်ပြီးသွားပြီဆိုရင်တော့

Folder တို့၊ Files, registry, firefox, chrome တို့မှာ သင်အဓိက
တွေ့ရမှာဖြစ်ပါတယ်။ ဘယ်လို ဗိုင်းရပ်စ်အမျိုးအစားပဲလာလာ၊ ဘယ်
လို Backdoor ပဲလာလာ သူက Registry String Value မှာကပ်နေတာ
တွေ Firefox တို့ Chrome တို့မှာ ကပ်ညိနေတာတွေ၊ Folders တွေမှာ
ကပ်ညိနေတာတွေကို အလွယ်တကူ ဖော်ပြပေးမှာဖြစ်ပါတယ်။

အားလုံးပြီးသွားပြီဆိုရင် ကျွန်တော်တို့က Clean ဆိုတာကိုနှိပ်
ပေးလိုက်ပါမယ်။ Clean လုပ်တာပြီးသွားပြီဆိုရင် သင့် System
က Effect ဖြစ်ဖို့အတွက် Restart ချခိုင်းပါလိမ့်မယ်။ စိတ်မပူပါ
နဲ့ ချပေးလိုက်ပါ။ သင့်ဝင်းဒိုးစနစ်ပြန်လည်တက်လာတဲ့အခါမှာ
တော့ 

အထက်ပါပုံအတိုင်း Log File ကို Text ဖိုင်ဖြင့်ဖော်ပြပေးမှာဖြစ်
ပါတယ်။ ဒါကတော့ ထို adwCleanner ကရှင်းလိုက်တဲ့အချက်
အလက်တွေကို Report လုပ်ပေးတာဖြစ်ပါတယ်။ကဲဒီလောက်ဆို
အဆင်ပြေမယ်လို့ထင်ပါတယ်။ယခု Post နှင့်ပတ်သက်ပြီးတော့
မရှင်းလင်းချက်များကိုမေးမြန်းလိုပါက Comment တွင်ဖြစ်စေ
ကျွန်တော့် Facebook အကောင့်မှာဖြစ်စေအချိန်မရွေးမေးမြန်း
နိုင်ပါတယ်။လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်

No comments:

Post a Comment