Tuesday, August 19, 2014

အရေးပေါ်ကွန်ပျူတာ Services တစ်ခုပြုလုပ်ခြင်း (How to self services your computer)



အရေးပေါ်ကွန်ပျူတာ Services တစ်ခုပြုလုပ်ခြင်း (How to self services your computer)

ကျွန်တော်ဒီ Post ကို ရေးသင့်၊မရေးသင့် စဉ်းစားမိပါတယ်။ပုံမှန်အတိုင်းဆိုရင် ရေးဖြစ်မှာမဟုတ်ပါဘူး။ ဘာလို့လည်းဆို တော့ ယခု Post အောက်မှာရေးထားမယ့်အကြောင်းအရာများ က မည်သည့် Computer Services သမားကိုမှ အားမကိုးပဲ မိမိကိုယ်တိုင် မိမိကွန်ပျူတာကို ပြုပြင်ထိန်းသိမ်းနိုင်အောင်ရေးသားပေးမှာ ဖြစ် ပါတယ်။ ရေးမယ်လို့ဆုံးဖြတ်မိတာကတော့ ကျွန်တော့်ညီလေးအချို့ကလည်း ဒီကွန်ပျူတာပြုပြင်ခြင်း လောကထဲကိုဝင်လာမယ်လို့ ကျွန်တော့်ကိုအသိပေးလာလို့ ကျွန်တော့်ညီတွေ Customer Site ထဲမှာ အဆင် ပြေပြေနဲ့ Error Solution ပြုလုပ်နိုင်အောင်ရည်ရွယ်ပြီးရေးသားလိုက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်ဖြစ်တတ်တဲ့ ပြဿလေးတွေကိုခေါင်းစဉ်တစ်ခုချင်းစီ တည်ဆောက်ပြီး ဖြေရှင်းနည်းကိုအသေးစိတ်ရေးသားပေးပါ့မယ်။
Window ကမတက်ပဲ အမဲရောင်နောက်ခံကြီးဖြစ်ပြီးဆက်မတက်လာခြင်း
          ဒီ ပြဿနာက Customer Choice လို့ပြောရမလားပဲဗျ။ ကျွန်တော်ကြုံဖူးတဲ့ Customer Site တော်တော် များများမှ ခဏခဏတွေ့ရတဲ့ပြဿနာပါ။ ဘာကြောင့်ဖြစ်ရသလည်းဆိုတာကိုအရင်ပြောပါရစေ ပြီးတော့မှ ဘယ်လိုရှင်းရမလည်းဆိုတာပြောရင် မှတ်မိလွယ်မယ်ထင်တယ်။အိုခေ ဘာကြောင့်ဖြစ်ရသလည်း ဆိုတဲ့အကြောင်းအချက်တွေက အများကြီးပါ ဒီအထဲကမှ ကောက်နှုတ်ပြီးပြောရမယ်ဆိုရင်
v  ၁။       Virus ကိုက်သွားခြင်း။
v  ၂။       HDD Cable လွတ်သွားခြင်း။
v  ၃။       RAM Loose ဖြစ်ခြင်း။
ဒါတွေကတော့ ဖြစ်တတ်တဲ့ အခြေခံအကြောင်းပြချက်တွေပါ။ ဒီအထဲမှာမှ Virus ကိုက်သွားတာက ပိုများပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဒီလိုအခြေအနေရောက်လာပြီဆိုရင် အရင်ဆုံး သင့်ကွန်ပျူတာရဲ့ BIOS Setting ထဲကိုဝင်လိုက်ပါ။ သင်ဟာ Desktop Computer အသုံးပြုသူတစ်ဦးဆိုရင် ကီးဘုတ်ကနေ DEL ခလုတ် ကိုနှိပ်ပြီးဝင်ရောက်နိုင်ပါတယ်။ သင်ဟာ Laptop Computer အသုံးပြုသူတစ်ဦးဆို၇င်တော့ F2 သို့မဟုတ် F10 တို့ကိုနှိပ်ပြီးဝင်ရောက်နိုင်ပါတယ်။ ထို့နောက်တော့ ကျွန်တော်တို့က Exit Tab မှာ Load Factory Reset ဆိုတာကိုနှိပ်ပေးလို့ရသလို၊ ကီးဘုတ်ကနေ F7 ကိုနှိပ်ပြီးတော့လည်းလုပ်ဆောင်နိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ပြီးပြီဆိုရင်တော့ Boot Tab ထဲကို ပြန်သွားပြီး Boot Order မှာ Boot Device ကို First Boot နေရာ၌ သင့်ကွန်ပျူတာရဲ့ Operation System ထည့်သွင်းထားတဲ့ HDD ကိုရွေးချယ်ပေးပြီး ကီးဘုတ်ကနေ F10 နှိပ်ပြီး Enter ခေါက်ပေးလိုက်ပါ။ ဒါဆိုရင်ပုံမှန်အားဖြင့်ပြန်တက်လာပါမယ်။
          အကယ်လို့မတက်သေးဘူးလား? ရတယ် ....နောက်တစ်ခေါက်စက်ကို Restart ချလိုက်ပါ။ ပြီးသွားရင် ကျွန်တော်တို့က ကီးဘုတ်ကနေ F8 Key ကိုနှိပ်ထားပြီး Safe Mode ထဲကိုဝင်ပါမယ်။ ဘာကြောင့် Safe Mode ထဲဝင်ရသလည်းဆိုတော့ Safe Mode ဆိုတာက OS system ရဲ့ အချို့သော Driver တွေကို ဖြုတ်ချန်ထားခဲ့ပြီး OS Run နိုင်ဖို့ တစ်ကယ်လိုအပ်တဲ့ Driver တွေ Boot File တွေကိုပဲဖတ်ပြီး တက်တဲ့ စနစ် နေရာဖြစ်ပါတယ်။ OK Safe Mode ကနေ၀င်လို့ရတယ်ဆိုရင် ကျွန်တော်တို့က အရင်ဆုံး Run Box ထဲကနေ
“msconfig” လို့ရိုက်လိုက်ပါမယ်။ ထို့နောက်တော့ Startup Type မှာ.......
ဆက်လက်ဖတ်ရှုရန် ဒီနေရာကိုနှိပ်ပါ
လေးစားစွာဖြင့်
CristianoZarni@ဦးဇာနည်

No comments:

Post a Comment