Saturday, October 12, 2013

mHotSpot ဆိုတာလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ


ကျွန်တောအရင်ကလည်း WiFi HotSpot လွှင့်တာနဲ့
ပတ်သက်ပီးတော့ အများကြီးတင်ပေးထားပါတယ်။
ဘာ Software မှမသုံးပဲ ကွန်ပျူတာကနေ WiFi ပြန်
လွှင့်နည်း၊ Software သုံးပြီး WiFi ပြန်လွှင့်နည်းစသဖြင့်
ပေါ့... အခုတစ်ခါ ပေးချင်တာလေးက ကျွန်တော်ကြုံရ
တာလေးတစ်ခုနဲ့ ယှဉ်ပီးပြောပြချင်ပါတယ်။ ကျွန်တော်
တို့ရုံးမှာက Internet Connection ကို Limited လုပ်ထား
ပါတယ်။ ဆိုလိုတာက Network Access အတွက် MAC
Address တွေနဲ့ သတ်မှတ်ထားတာပါ။ ဒီတော့ Password
ကိုသိတာတောင်မှ သူ့ Network ကို Connect တော့ဖြစ်သွား
မယ်ဒါပေမယ့် Internet Access ရမှာမဟုတ်ပါဘူး။ဒီတော့
ကျွန်တော့်အတွက် သုံးဖို့ Laptop တစ်လုံးကနေ ရတဲ့ အင်
တာနက်ကော်နပ်ရှင်လေးကို အခု ကျွန်တော်တင်ပေးမယ့်
mHotSpot ဆိုတာလေးနဲ့ Run ပီး ကျွန်တော့်ဖုန်းလေးကနေ
သုံးလို့ရအောင် ပြန်လုပ်ထားရပါတယ်။ ဒီကောင်လေးရဲ့
အားသာချက်က ကျွန်တော်တို့ Connectify တို့လို Network
အတွက် Process အများကြီးမယူထားတဲ့အတွက်ကြောင့်
ကွန်ပျူတာရဲ့ Performance ကိုလည်း လျော့နည်းသွားခြင်း
မရှိပါဘူး။ ကဲဆက်လိုက်ရအောင်လားဗျာ...... ဒီကောင်လေးကို
SSID Name သတ်မှတ်ဖို့နဲ့ Password သတ်မှတ်ဖို့ကလည်း
လွယ်ကူပါတယ် အောက်ပါပုံအတိုင်းမှ



HotSpot Name နေရာမှာတော့ မိမိ နှစ်သက်ရာအမည်ကို
သတ်မှတ်ပေးပီး Password နေရာမှာလည်း မိမိ နှစ်သက်ရာ
ကို သတ်မှတ်ပေးလို့ရပါတယ်။သူ့မှာ တစ်ခုအားသာချက်က
ဘာလည်းဆိုတော့ သင် Share ထားတဲ့ Network Access
ကို စက်အလုံးအရေအတွက်သတ်မှတ်ထားလို့ရပါတယ်။
၎င်းကိုသတ်မှတ်ဖို့အတွက်ကတော့ Max Clients ဆိုတဲ့
နေရာမှာ မိမိသတ်မှတ်ချင်တဲ့ အရေအတွက်ကိုသတ်မှတ်
ပေးရုံပါပဲ...သင့် Network ကို Link ရနေတဲ့စက်တွေကို
တော့ ညာဘက်ခြမ်းကနေ IP Address, MAC Address
စသဖြင့် အသေးစိတ်ဖော်ပြပေးမှာဖြစ်ပါတယ်။သုံးရတာ
လည်းလွယ်ကူသလို။ဖိုင်စိုက်ဒ်အားဖြင့်လည်း သေးငယ်
သောကြောင့် ဒေါင်းလုပ်ဆွဲရာမှာလည်း အဆင်ပြေမယ်
လို့ထင်ပါတယ်။ စိတ်ဝင်စားလို့ဒေါင်းချင်သပဆိုရင်တော့

Friday, October 11, 2013

SCREEN SHOOT ကောင်းလေးမို့လို့ တင်ပေးပါရစေ

ကျွန်တော် Screen Shoot Application ပေါင်းစုံသုံးခဲ့ဖူးပါတယ်
အခုကောင်လေးကတော့ အမှန်တိုင်းဝန်ခံရရင် ကျွန်တော်
Android ဖုန်း စကိုင်ကတည်းက One Mobile ကနေဒေါင်းလုပ်
ဆွဲပီး သုံးထားတဲ့ကောင်လေးပါ... သူက သင့်ဖုန်းကို Root
Access ရှိစရာမလိုပါဘူး။ ဒီ Application လေးကို သင့်ဖုန်းထဲ
သွင်းထားတယ်ဆိုရင်ဖြင့် အောက်ပါပုံအတိုင်းမှ

Shake the phone to take a screenshot ဆိုတာလေးကိုအမှန်ခြစ်
လေးလုပ်ထားရုံဖြင့် သင် Capture ဖမ်းချင်တဲ့ Screen နေရာကိုရောက်
တဲ့အခါမှာတော့ သင့်ဖုန်းအား တစ်ချက် လှုပ်လိုက်ရုံဖြင့် Auto Screenshot
ရိုက်သွားမှာဖြစ်ပါတယ်။သင်သိမ်းချင်တဲ့ ပုံအမျိုးအစားကိုလည်း အောက်ပါ
အတိုင်းသတ်မှတ်လို့အလွယ်တကူရရှိနိုင်ပါတယ်

ဖိုင်စိုက်ဒ်အားဖြင့်လည်း Kilobyte သာရှိသောကြေ င့် မြန်မာပြည်ရဲ့
ကော်နပ်ရှင်အရ အလွယ်တကူ ဒေါင်းလုပ်ဆွဲယူနိုင်မှာဖြစ်ပါတယ်။
Android Version အနေဖြင့် အနိမ့်ဆုံး 2.3.6 Up to ဖြစ်သော
ကြောင့်ဖုန်းအားလုံးနှင့်လည်း သဟဇာတဖြစ်မယ်လို့ယုံကြည်ပါ
တယ်။ စိတ်ဝင်စားလို့ဒေါင်းချင်သပဆိုရင်တော့....ဒီမှာဒေါင်းမယ်


Mtarot ဆိုတဲ့ တားရော့ဗေဒင် APK လေးနဲ့ မိတ်ဆက်ပေးပါရစေ

ကျွန်တော်ကိုယ်တိုင်လည်းဗေဒင်ကိုဝါသနာမပါခဲ့သလို၊
ယုံလည်းမယုံကြည်ခဲ့ပါဘူး။မှန်ပါတယ်ဆိုတဲ့ဗေဒင်ဆရာ
တွေကိုလည်းမေးခွန်းတစ်ခုအတွက်ကြောင့် စကားခဏခဏ
များခဲ့ဖူးပါတယ်။အိုခေ ထားလိုက်ပါ ကျွန်တော်တို့ Application
အကြောင်းလေးဆက်ပြောရအောင်....
တားရော့ဆိုတာကတော့လူအများစုသိကြမှာပါ။ အရင်ကတော့
Card တွေနဲ့ မေးရတဲ့အရာတစ်ခုပါ။ တားရော့မှာ ကဒ်ဆွဲမယ့်
သူ (မေးမြန်းသူ) ရဲ့ လက်တွေကလည်း သန့်စင်နေရမည်ဖြစ်
သလို ကဒ်ပေးမယ့်သူ (အဖြေထုတ်ပေးသူ) ကလည်း သန့်ရှင်း
နေရပြီး မေးမယ့်မေးခွန်းတစ်ခုကို အာရုံဏ် စူးစိုက်ပီး ယုံကြည်စွာ
နဲ့ မေးရတာပါ။ အခုကျွန်တော်ပေးမယ့် APK လေးကတော့ Android
Phone ကနေ Touch တစ်ချက်နဲ့  Card တစ်ကဒ်ဆွဲရမှာဖြစ်ပါတယ်။
အောက်ပါပုံအတိုင်းမှ



Yes or No Question ကတော့ မိမိမေးလိုတဲ့မေးခွန်းအတွက် အဖြေ
က ဖြစ်မည်၊ မဖြစ်မည် နှစ်မျိုးတည်းသာထုတ်ပေးမှာဖြစ်ပီး။ Overview
Question ကတော့ သင်မေးလိုက်တဲ့ မေးခွန်းအတွက် Detail Result
အဖြေထုတ်ပေးမှာဖြစ်ပါတယ်။သင့်မေးခွန်းအတွက် Draw a Card


လို့ နှိပ်လိုက်တဲ့အခါမှာတော့ အောက်ပါပုံအတိုင်း


ရုပ်ပုံကားချပ်ထွက်လာမှာဖြစ်ပီး၊ ၄င်း ကိုအပေါ်ဘက်သို့ Drag လုပ်
လိုက်တဲ့အခါမှာတော့ အဖြေကို အောက်ဘက်နားမှာမြင်တွေ့ရမှာ
ဖြစ်ပါတယ်။ မယုံကြည်ဘူးဆိုရင်တောင် Emotional Relax လုပ်လို့
ရပါတယ်။ ဒီ Application လေးကိုတော့ မြန်မာ Devloper တစ်ဦး
ဖြစ်တဲ့ Zaw Min Tin ကရေးသားထားတာဖြစ်ပါတယ်။ ဖိုင်စိုက်ဒ်
အားဖြင့်   12MB သာရှိသောကြောင့်ဒေါင်းလုပ်လုပ်ရာမှာလည်း အဆင်
ပြေမယ်လို့မျှော်လင့်ပါတယ်။ စိတ်ဝင်စားလို့ ဒေါင်းချင်သပဆိုရင်

Wednesday, October 9, 2013

Hacker Themes For Android


ကဲ Hacker Themes နဲ့ပတ်သက်ပီးကျွန်တော် ကွန်ပျူတာ
အတွက်အရင်တစ်ခေါက်က တင်ပေးခဲ့ဖူးပါတယ်။အခုတစ်ခါ
ထပ်မံတင်ပေးမှာကတော့ Android Phone အတွက်ဖြစ်ပါတယ်။
Android Version အနိမ့် 2.3.6 Up to ရပါတယ်။ အရင်ဆုံးလို
အပ်တဲ့ဖိုင်တွေကိုတော့ ဒီမှာဒေါင်းမယ် မှာဒေါင်းလိုက်ပါ ပီးသွားရင်တော့
Next Luncher.apk ဆိုတာလေးကိုအရင် Install လုပ်လိုက်ပါ။
ထို့နောက်မှာတော့ Android 4.3 HD Next Theme.apk ကိုလည်း
ထပ်မံ Install လုပ်လိုက်ပါ။ ဒီ့နောက် နောက်ဆုံးတစ်ခုဖြစ်တဲ့
Black Theme Pro.apk ကိုလည်း ထပ်မံသွင်းလိုက်ပါ ။ ဒါဆိုရင်
အားလုံးသွင်းပီးပီလို့ ကျွန်တော်ယူဆလိုက်ပါမယ်။ ဒီနောက်
သင့်ဖုန်းအား Restart တစ်ချက်လောက်ချလိုက်ပါ။ ပြန်ပီးတက်
လာပီဆိုရင်တော့ Next Luncher ကိုဖွင့်လိုက်ပါ။ ပီးနောက် သင်
Home Screen က Next Luncher ရဲ့ Themes ဖြစ်နေပါမယ်။
ဒီနောက်တော့ သင်ပြောင်းချင်တဲ့ Dock Icon ကို ခဏလေး
( ၂စက္ကန့်လောက်) ဖိထားလိုက်ပါ ဒါဆိုရင် အောက်ပါပုံအတိုင်း
ပေါ်လာပါလိမ့်မယ်



ဒီနောက်တော့ မှင်အနီရောင်ဝိုင်းပြထားတဲ့နေရာလေးကိုနှိပ်လိုက်ပါ
ဒါဆိုရင် အောက်ပါပုံအတိုင်းထပ်မံပေါ်လာမှာဖြစ်ပါတယ်။



အထက်ပါပုံရဲ့ပထမအပေါ်မျှားနေရာကို Tap တစ်ချက်နှိပ်လိုက်ပါ
ပါက ပုံပါအတိုင်း UT2.0, Classic Theme, Android 4.3 H.., Black
Thems ဆိုပီး ပေါ်လာရင် မျှားအနီရောင်လေးပြထားတဲ့နေရာဖြစ်သော
Black Theme ကိုရွေးလိုက်ပါမယ်ဒီနောက်တော့ အောက်ပါပုံအတိုင်း
ထပ်မံပေါ်လာတဲ့အခါမှာတော့



မိမိစိတ်ကြိုက် Icon များကိုရွေးချယ်သတ်မှတ်ပေးလိုက်ရုံပါပဲ
မိမိစိတ်ကြိုက်သတ်မှတ်ပီးသွားတဲ့အခါမှာတော့ အောက်ဖော်
ပြပါပုံအတိုင်း Dock Setting ကိုမြင်ရမှာဖြစ်ပါတယ်



အားလုံးပဲ အဆင်ပြေမယ်လို့ယုံကြည်မျှော်လင့်ပါတယ် Hacker
Themes For Android အတွက် လိုအပ်သော Wallpaper ကိုလည်း
ZIP File အတွင်းထည့်သွင်းပေးထားပါတယ်။ ဖိုင်ဆိုက်ဒ်ကတော့
16MB ရှိပါတယ်။ ယခု Post လေးဖြစ်မြောက်ဖို့အတွက် ကူညီပေး
သော အိုင်တီဝါသနာရှင်များဂရုမှ Admin ဦးရဲသက်ပိုင် အားအထူး
ပင်ကျေးဇူးတင်ရှိပါတယ်။