Saturday, October 12, 2013

mHotSpot ဆိုတာလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ


ကျွန်တောအရင်ကလည်း WiFi HotSpot လွှင့်တာနဲ့
ပတ်သက်ပီးတော့ အများကြီးတင်ပေးထားပါတယ်။
ဘာ Software မှမသုံးပဲ ကွန်ပျူတာကနေ WiFi ပြန်
လွှင့်နည်း၊ Software သုံးပြီး WiFi ပြန်လွှင့်နည်းစသဖြင့်
ပေါ့... အခုတစ်ခါ ပေးချင်တာလေးက ကျွန်တော်ကြုံရ
တာလေးတစ်ခုနဲ့ ယှဉ်ပီးပြောပြချင်ပါတယ်။ ကျွန်တော်
တို့ရုံးမှာက Internet Connection ကို Limited လုပ်ထား
ပါတယ်။ ဆိုလိုတာက Network Access အတွက် MAC
Address တွေနဲ့ သတ်မှတ်ထားတာပါ။ ဒီတော့ Password
ကိုသိတာတောင်မှ သူ့ Network ကို Connect တော့ဖြစ်သွား
မယ်ဒါပေမယ့် Internet Access ရမှာမဟုတ်ပါဘူး။ဒီတော့
ကျွန်တော့်အတွက် သုံးဖို့ Laptop တစ်လုံးကနေ ရတဲ့ အင်
တာနက်ကော်နပ်ရှင်လေးကို အခု ကျွန်တော်တင်ပေးမယ့်
mHotSpot ဆိုတာလေးနဲ့ Run ပီး ကျွန်တော့်ဖုန်းလေးကနေ
သုံးလို့ရအောင် ပြန်လုပ်ထားရပါတယ်။ ဒီကောင်လေးရဲ့
အားသာချက်က ကျွန်တော်တို့ Connectify တို့လို Network
အတွက် Process အများကြီးမယူထားတဲ့အတွက်ကြောင့်
ကွန်ပျူတာရဲ့ Performance ကိုလည်း လျော့နည်းသွားခြင်း
မရှိပါဘူး။ ကဲဆက်လိုက်ရအောင်လားဗျာ...... ဒီကောင်လေးကို
SSID Name သတ်မှတ်ဖို့နဲ့ Password သတ်မှတ်ဖို့ကလည်း
လွယ်ကူပါတယ် အောက်ပါပုံအတိုင်းမှ



HotSpot Name နေရာမှာတော့ မိမိ နှစ်သက်ရာအမည်ကို
သတ်မှတ်ပေးပီး Password နေရာမှာလည်း မိမိ နှစ်သက်ရာ
ကို သတ်မှတ်ပေးလို့ရပါတယ်။သူ့မှာ တစ်ခုအားသာချက်က
ဘာလည်းဆိုတော့ သင် Share ထားတဲ့ Network Access
ကို စက်အလုံးအရေအတွက်သတ်မှတ်ထားလို့ရပါတယ်။
၎င်းကိုသတ်မှတ်ဖို့အတွက်ကတော့ Max Clients ဆိုတဲ့
နေရာမှာ မိမိသတ်မှတ်ချင်တဲ့ အရေအတွက်ကိုသတ်မှတ်
ပေးရုံပါပဲ...သင့် Network ကို Link ရနေတဲ့စက်တွေကို
တော့ ညာဘက်ခြမ်းကနေ IP Address, MAC Address
စသဖြင့် အသေးစိတ်ဖော်ပြပေးမှာဖြစ်ပါတယ်။သုံးရတာ
လည်းလွယ်ကူသလို။ဖိုင်စိုက်ဒ်အားဖြင့်လည်း သေးငယ်
သောကြောင့် ဒေါင်းလုပ်ဆွဲရာမှာလည်း အဆင်ပြေမယ်
လို့ထင်ပါတယ်။ စိတ်ဝင်စားလို့ဒေါင်းချင်သပဆိုရင်တော့

No comments:

Post a Comment