Wednesday, October 9, 2013

Hacker Themes For Android


ကဲ Hacker Themes နဲ့ပတ်သက်ပီးကျွန်တော် ကွန်ပျူတာ
အတွက်အရင်တစ်ခေါက်က တင်ပေးခဲ့ဖူးပါတယ်။အခုတစ်ခါ
ထပ်မံတင်ပေးမှာကတော့ Android Phone အတွက်ဖြစ်ပါတယ်။
Android Version အနိမ့် 2.3.6 Up to ရပါတယ်။ အရင်ဆုံးလို
အပ်တဲ့ဖိုင်တွေကိုတော့ ဒီမှာဒေါင်းမယ် မှာဒေါင်းလိုက်ပါ ပီးသွားရင်တော့
Next Luncher.apk ဆိုတာလေးကိုအရင် Install လုပ်လိုက်ပါ။
ထို့နောက်မှာတော့ Android 4.3 HD Next Theme.apk ကိုလည်း
ထပ်မံ Install လုပ်လိုက်ပါ။ ဒီ့နောက် နောက်ဆုံးတစ်ခုဖြစ်တဲ့
Black Theme Pro.apk ကိုလည်း ထပ်မံသွင်းလိုက်ပါ ။ ဒါဆိုရင်
အားလုံးသွင်းပီးပီလို့ ကျွန်တော်ယူဆလိုက်ပါမယ်။ ဒီနောက်
သင့်ဖုန်းအား Restart တစ်ချက်လောက်ချလိုက်ပါ။ ပြန်ပီးတက်
လာပီဆိုရင်တော့ Next Luncher ကိုဖွင့်လိုက်ပါ။ ပီးနောက် သင်
Home Screen က Next Luncher ရဲ့ Themes ဖြစ်နေပါမယ်။
ဒီနောက်တော့ သင်ပြောင်းချင်တဲ့ Dock Icon ကို ခဏလေး
( ၂စက္ကန့်လောက်) ဖိထားလိုက်ပါ ဒါဆိုရင် အောက်ပါပုံအတိုင်း
ပေါ်လာပါလိမ့်မယ်



ဒီနောက်တော့ မှင်အနီရောင်ဝိုင်းပြထားတဲ့နေရာလေးကိုနှိပ်လိုက်ပါ
ဒါဆိုရင် အောက်ပါပုံအတိုင်းထပ်မံပေါ်လာမှာဖြစ်ပါတယ်။



အထက်ပါပုံရဲ့ပထမအပေါ်မျှားနေရာကို Tap တစ်ချက်နှိပ်လိုက်ပါ
ပါက ပုံပါအတိုင်း UT2.0, Classic Theme, Android 4.3 H.., Black
Thems ဆိုပီး ပေါ်လာရင် မျှားအနီရောင်လေးပြထားတဲ့နေရာဖြစ်သော
Black Theme ကိုရွေးလိုက်ပါမယ်ဒီနောက်တော့ အောက်ပါပုံအတိုင်း
ထပ်မံပေါ်လာတဲ့အခါမှာတော့



မိမိစိတ်ကြိုက် Icon များကိုရွေးချယ်သတ်မှတ်ပေးလိုက်ရုံပါပဲ
မိမိစိတ်ကြိုက်သတ်မှတ်ပီးသွားတဲ့အခါမှာတော့ အောက်ဖော်
ပြပါပုံအတိုင်း Dock Setting ကိုမြင်ရမှာဖြစ်ပါတယ်



အားလုံးပဲ အဆင်ပြေမယ်လို့ယုံကြည်မျှော်လင့်ပါတယ် Hacker
Themes For Android အတွက် လိုအပ်သော Wallpaper ကိုလည်း
ZIP File အတွင်းထည့်သွင်းပေးထားပါတယ်။ ဖိုင်ဆိုက်ဒ်ကတော့
16MB ရှိပါတယ်။ ယခု Post လေးဖြစ်မြောက်ဖို့အတွက် ကူညီပေး
သော အိုင်တီဝါသနာရှင်များဂရုမှ Admin ဦးရဲသက်ပိုင် အားအထူး
ပင်ကျေးဇူးတင်ရှိပါတယ်။


No comments:

Post a Comment