Thursday, May 21, 2015

သင့်ရဲ့ Thumb Drive ရဲ့ Data ကူးယူမှု Speed ကို စစ်ဆေးမယ်

သင့်ရဲ့ Thumb Drive ရဲ့ Data ကူးယူမှု Speed ကို စစ်ဆေးမယ်



ကွန်ပျူတာ အသုံးပြုရဲ့ အယောက် ၁၀၀ မှာ ၉၉.၉၉၉၉ ရာခိုင်နှုန်းက
Thumb Drive ကို အသုံးပြုပြီး Data တွေကိုကူးယူခြင်း ပြောင်းရွှေ့ခြင်း
များပြုလုပ်ကြပါတယ်။ Thumb Drive  နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ
Brand တွေက အာမခံချက်တွေအမျိုးမျိုးပေးထားကြပါတယ်။ အဲ့တာက
တော့ User Fault ကြော င့်မဟုတ်ပဲ Factory Fault ကိုသာ အာမခံချက်
ပေးကြတာပါ။ ဒီတော့ ကျွန်တော်တို့က Thumb Drive ကို မပျက်မချင်း
သုံးနေကြရတာပါ။ ဒါပေမယ့် စက်ပစ္စည်းဆိုတာမျိုးကတော့ တစ်ချိန်ချိန်မှာ
ပျက်စီးကြရမှာပဲလေ။ ဒါပေမယ့် Thumb Drive တွေက (အချို့) မပျက်ပဲ
Data Transfer Speed တွေကျသွားတာမျိုးတွေတွေ့ရတတ်ပါတယ်။
ဆိုလိုတာက Format အကြိမ်ကြိမ်ချမိခြင်း၊ Data တွေကို ဖျက်လိုက်၊
မှတ်လိုက်များခြင်းကြောင့်မျိုးတွေပါ။ ဒီတော့ Thumb Drive တွေကသူတို့ရဲ
Performance တွေကျသွားတတ်ပါတယ်။ ထိုအချိန်မှာ ကွန်ပျူတာကနေ
ဒေတာတွေကို ကူးယူတဲ့အခါမှာ အလွန်အမင်းကြာနေတာကို သတိထား
မိကြမှာပါ။ ဒီတော့ ကျွန်တော်တို့က မိမိရဲ့ Thumb Drive တွေမှာ
Writing Speed ၊ Read Speed တွေဘယ်လောက်ရှိလည်းဆိုတာကို
Per Ms နဲ့ စစ်ဆေးလို့ရပါတယ်။ Software ကောင်းလေးတစ်ခုတော့
လိုအပ်ပါတယ်။ လိုအပ်တာလေးကိုလည်း  ဒီနေရာမှာ ဒေါင်းယူလိုက်ပါ။
ပြီးသွားရင်တော့ မိမိကွန်ပျူတာထဲကို Install လုပ်လိုက်ပါမယ်။ပြီးသွားရင်
တော့ Program ဖွင့်လိုက်ရင်



အထက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။ ဒါဟာ သင့်ကွန်ပျူတာမှာ
Detected သိထားတဲ့ USB Port နဲ့ သက်ဆိုင်တာတွေကို ဖော်ပြ
ပေးထားတာပါ။ ဒီနေရာမှာ သင်က သင်စမ်းချင်တဲ့ Drive ကိုကွန်ပျူတာ
မှာ ချိတ်ဆက်ထားရမှာဖြစ်ပါတယ်။ဒါဆိုရင်



အခု ကျွန်တော်က SP 4 GB တစ်ချောင်းကို Test လုပ်ချင်တာဖြစ်
တဲ့အတွက်ကြောင့် ထို ဟာကို Selected လုပ်ထားပါတယ်။ ပြီးသွား
ရင်တော့




အထက်ပါပုံအတိုင်း File ထဲကနေ Speed Test ဆိုတာလေးကို
နှိပ်ပေးလိုက်ပါမယ်



ဒီနောက် Speed ကို စမ်းသတ်ဖို့အတွက် သင်စမ်းသပ်ချင်တဲ့ Drive
ရဲ့ Drive Letter ကိုရွေးချယ်ပေးပြီးရင် Start Test ဆိုတာလေးကို
နှိပ်ပေးလိုက်ရပါမယ်။ ဒါဆိုရင်တော့



အထက်ပါပုံအတိုင်း သင်စမ်းသပ်လိုက်တဲ့ Thumb Drive ရဲ့ Data Transfer
Speed ကို Write Speed နဲ့ Read Speed အလိုက်ဖော်ပြပေးမှာဖြစ်ပါတယ်။
ကဲ အားလုံးပဲ အဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ကျွန်တော်လည်း
ဘလော့မရေးဖြစ်တာကြာပီ နည်းပညာနဲ့ ပတ်သက်တာချည်းပဲ သီးသန့်တင်
ချင်တာကြောင့် Post  အတင်နှေးခြင်း၊ နည်းနေခြင်းများအား တောင်းပန်ပါတယ်။
ကျွန်တော့်ဘလော့လေးထဲရောက်လာရင်တော့ အသိပညာ ဗဟုသုတလေး
တစ်ခုခု ရသွားရင် ကျွန်တော်ကျေနပ်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ဦးဇာနည်