Saturday, August 23, 2014

System Shutdown ကျသွားနိုင်တဲ့အချက်အချို့......



System Shutdown ကျသွားနိုင်တဲ့အချက်အချို့......

ကျွန်တော်တို့ ကွန်ပျူတာ Operation System တစ်ခု ရုတ်တရက်
Shutdown ကျသွားတယ်ဆိုရင် အများစုကအထင်မျိုးမျိုးနှင့်ဆုံးဖြတ်
တတ်ကြပါတယ်။ပုံမှန်အားဖြင့် Normal Decided တွေကတော့ CPU
Over heat, Electricity Un-stable, Bad Powersupply စသဖြင့်
ဆုံးဖြတ်ပြီး အဖြေရှာကြပါတယ်။ အခုကျွန်တော်ပြောမှာလေးတွေက
တော့ အချက်အလက်အချို့နဲ့ တစ်ခုချင်းစီပြောပြပါမယ်။
IRQ Conflict
IRQ ဆိုတာကတော့  Hardware သမားတိုင်းအလွယ်တကူသိနိုင်မှာပါ။
Interrupt Request Channel ဆိုတာကတော့ မိမိကွန်ပျူတာရဲ့ Device
တိုင်းမှာ သက်ဆိုင်ရာ Port Channel တွေရှိပါတယ်။ ဆိုလိုတာကတော့
Keyboard ဆိုရင် သူ့ရဲ့ IRQ နံပါတ်က 1 ဖြစ်ပြီး ၊ Printer ဆိုရင် IRQ7
Mouse ဆိုရင် IRQ12 စသဖြင့် သက်ဆိုင်ရာ Channel နံပါတ်တွေနဲ့ လုပ်
ဆောင်ကြတာဖြစ်ပါတယ်။ မိမိကွန်ပျူတာထဲမှာ ဘယ် Devices ကဘယ်
IRQ လည်းဆိုတာကိုသိနိုင်ဖို့အတွက်ကတော့ကျွန်တော်တို့ Run Box
ထဲကနေပြီးတော့ “devmgmt.msc” ဆိုပြီး Device Manager ကိုရိုက်
လိုက်ပါမယ်။




ထို့နောက်တော့ View Tab ထဲကနေပြီးတော့လက်ရှိ Devices by type
ဆိုတာကနေ Resources by type ဆိုတာကိုပြောင်းလိုက်ပါမယ်။


ထို့နောက်တော့ Interrupt request (IRQ) ဆိုတဲ့နေရာမှာနှိပ်လိုက်ပြီး
မိမိ System မှာမည်သည့် Devices က ဘယ် Channel Port တွေနဲ့
အလုပ်လုပ်နေသလည်းဆိုတာသိနိုင်ပါတယ်။ တစ်ခါတစ်လေ ထိုအထဲ
က Channel တွေတူညီနေတဲ့အခါမျိုးမှာလည်း System ကရုတ်တရက်
Shutdown ကျသွားတတ်ပါတယ်။ ဘယ်လိုအနေအထားမှာ Conflict
ဖြစ်တတ်သလည်းဆိုတော့ External Mouse, Kayboard, NIC စသည်
တို့ ထပ်မံ Extend လုပ်ပြီးသုံးစွဲတဲ့အခါမျိုးမှာလည်း Conflict ဖြစ်တတ်
ပါတယ်။
Bad RAM

OMG! ဒါကတော့ အဓိကပြဿနာတွေထဲကတစ်ခုပါပဲ။ အများစုဖြစ်တတ်
တဲ့ Blue Screen of Death ဖြစ်တတ်တာက ဒီပြဿနာများပါတယ်။ အ
ကြောင်းမူကား ကျွန်တော်တို့ Random Access Memory မှာ တစ်ကယ်
အလုပ်လုပ်တာက GHz နဲ့အလုပ်လုပ်ပါတယ်။ အဲဒီ GHz နဲ့အလုပ်လုပ်
တယ်ဆိုတာကလည်း  Seconds အရဆိုရင် Nano Second တွေနဲ့အလုပ်
လုပ်တာပါ။ ဥပမာ- 70ns နဲ့ အလုပ်လုပ်နေတဲ့ Memory က သက်တမ်း
ကြာလာတာနဲ့အမျှ၊ သို့မဟုတ် RAM Slot နဲ့ RAM Stick တိုကအကြား
Dusty ဖြစ်လာတယ်ဆိုရင်လည်း ns တွေကကျဆင်လာပြီး စက်ကိုရုတ်
တရက်ရပ်တန့်သွားစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ RAM copper
Pin တွေနဲ့ Band တွေကို သန့်စင်အောင်လုပ်ပြီး Replacement ပြန်
လုပ်ပေးရပါတယ်။ အကောင်းဆုံးသန့်စင်ပစ္စည်းကတော့ Eraser (ခဲဖျက်)
သို့မဟုတ် A4 Paper Plain သန့်စင်သော စက္ကူစတို့ဖြင့် ကြေးပြားလေး
တွေကိုပွတ်တိုက်ပေးရပါတယ်။ ဒီနေရာမှာ အရေးကြီးမှာစရာရှိတာကတော့
ကြေးပြားလေးတွေကိုပွတ်တိုက်တဲ့အချိန်မှာသတိထားရပါမယ်။ ဘာကြောင့်
လည်းဆိုတော့ ၄င်းတို့က ကြာလာတာနဲ့အမျှ Processing များလာမှုကြောင့်
Heat တက်ပြီး ကြွတက်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီလိုအနေအထားမှာ
သင်ဟာ အသာအယာ ပွတ်တိုက်မှုမဟုတ်ပဲ၊ ကြမ်းတမ်းစွာလုပ်ဆောင်မယ်
ဆိုရင် ကြေးပြားလေးတွေကွာသွားပြီး သုံးမရအောင်ဖြစ်တတ်ပါတယ်။
Hard Disc Error

ရုတ်တရက် BOSO ဖြစ်တတ်တဲ့ ပြဿနာထဲမှာ ဒီအကောင်ကလည်းဒုတိ
ယအရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်တာလည်းဆိုတော့
ပထမအချက်က Casing ထဲမှာ ဖုန်မှုတ်များနေခြင်း၊ HDD Arm Crunk
ဖြစ်ထားခြင်း၊ Cable Loose ဖြစ်ခြင်းစသည်တို့ကြောင့်ဖြစ်ပါတယ်။ HDD
Arm Crunk ဘယ်အချိန်မှာဖြစ်တတ်သလည်းဆိုတော့ ကျွန်တော်တို့ပုံ
မှန် HDD မှာ သူ့ရဲ့ RPM က IDE တွေမှာဆို 5400 rpm ရှိပြီး SATA
တွေမှာဆိုရင်တော့ 7200 rpm ရှိပါတယ်။ ဒီလိုမျိုး တစ်မိနစ်မှာလည်နေ
တဲ့ အပတ်အရည်အတွက် 5400 တို့ 7200 တို့က ရုတ်တရက် လျှပ်စစ်
ဓာတ်ပြတ်တောက်သွားတဲ့အခါမှာ Platter နဲ့ Arm က ညိသွားတဲ့အခါ
မျိုးမှာ Bad Sector ဖြစ်သွားတတ်ပါတယ်။ ဆိုလိုတာကတော့ Physical
Error ပေါ့.. ဒီလို Bad Sector တွေများလာတဲ့အခါမျိုးမှာဘာတွေဖြစ်
တတ်သလည်းဆိုတော့ Window Operation System က Run နေပေ
မယ့်လည်း Performance ကျတတ်ပါတယ်။ ဆိုလိုတာက Drive Letter
တွေကိုဖွင့်ရင် ကြာနေတာမျိုးတွေ Data တွေကော်ပီကူးတဲ့အခါကြာတာ
မျိုးတွေဖြစ်တတ်ပါတယ်။ဒါကြောင့် HDD ကိုလည်း Cable Connection
တွေကိုစစ်ဆေးရပါမယ်။ Cable တွေကောင်းသလား၊ Connector တွေ
ကောင်းသလားဆိုတာကိုစစ်ပြီး Replacement ပြန်လုပ်ပေးရပါမယ်။
OE Exceptions and VXD Errors

OE Exception and VXD Error ဆိုတာကတော့အဓိကကတော့
Video Card Error ပဲဖြစ်ပါတယ်။ ဒီလိုအနေအထားမှာဖြစ်တယ်
ဆိုရင်တော့ အများစုက VGA (Video Graphic Array) ကြွသွား
တာများပါတယ်။ဒါကလည်း သင်မြင်ရတဲ့ BOSO ရဲ့ Code မှာ
VGA ကိုရည်ညွန်းမှပါ။ Build In VGA ဆိုရင်တော့ PCI Express
Card ကိုထည့်စိုက်ပြီးသုံးသင့်ပါတယ်။ Sprit Board ဆို၇င်လည်း
လက်ရှိ တပ်ထားတဲ့ VGA Card ကိုလည်းပြီးသုံးသင့်ပါတယ်။
အချို့က ရှိပါတယ်။ MB (Mother Board) ပေါ်မှာလည် On
Board VGA ပါပါတယ်။ ဒါပေမယ့် ထိုပါတဲ့ On Board ရဲ့ VGA
Size ကိုထပ်တိုးသုံးချင်တဲ့အတွက်ကြောင့် PCI Card တွေစိုက်ပြီး
ထပ်သုံးကြပါတယ်။ အထူးသဖြင့် Game ဆိုင်တွေပေါ့....ဒီအခါမှာ
အပေါ်မှာပြောတဲ့ IRQ Conflict ဖြစ်ခြင်းမျိုးတွေဖြစ်ပြီး System
Shutdown ဖြစ်တတ်ပါတယ်။
ဒါတွေကတော့ အများစု သတိမထားမိတဲ့အချက်လေးတွေလည်းပါ
ပါတယ်။ Computer Service သမားလုပ်မယ်ဆိုရင်တော့ အတွေ့
အကြုံများမှဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ကတော့ အများ
စုကို ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ပြဿနာလေးတွေကိုတင်
ပေးပြီး အချိန်တိုအတွင်း တက်မြောက်စေရန်ရည်ရွယ်လိုက်ပါတယ်။
လေးစားစွာဖြင့်
CristianoZarni@ဦးဇာနည်

Tuesday, August 19, 2014

အရေးပေါ်ကွန်ပျူတာ Services တစ်ခုပြုလုပ်ခြင်း (How to self services your computer)



အရေးပေါ်ကွန်ပျူတာ Services တစ်ခုပြုလုပ်ခြင်း (How to self services your computer)

ကျွန်တော်ဒီ Post ကို ရေးသင့်၊မရေးသင့် စဉ်းစားမိပါတယ်။ပုံမှန်အတိုင်းဆိုရင် ရေးဖြစ်မှာမဟုတ်ပါဘူး။ ဘာလို့လည်းဆို တော့ ယခု Post အောက်မှာရေးထားမယ့်အကြောင်းအရာများ က မည်သည့် Computer Services သမားကိုမှ အားမကိုးပဲ မိမိကိုယ်တိုင် မိမိကွန်ပျူတာကို ပြုပြင်ထိန်းသိမ်းနိုင်အောင်ရေးသားပေးမှာ ဖြစ် ပါတယ်။ ရေးမယ်လို့ဆုံးဖြတ်မိတာကတော့ ကျွန်တော့်ညီလေးအချို့ကလည်း ဒီကွန်ပျူတာပြုပြင်ခြင်း လောကထဲကိုဝင်လာမယ်လို့ ကျွန်တော့်ကိုအသိပေးလာလို့ ကျွန်တော့်ညီတွေ Customer Site ထဲမှာ အဆင် ပြေပြေနဲ့ Error Solution ပြုလုပ်နိုင်အောင်ရည်ရွယ်ပြီးရေးသားလိုက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်ဖြစ်တတ်တဲ့ ပြဿလေးတွေကိုခေါင်းစဉ်တစ်ခုချင်းစီ တည်ဆောက်ပြီး ဖြေရှင်းနည်းကိုအသေးစိတ်ရေးသားပေးပါ့မယ်။
Window ကမတက်ပဲ အမဲရောင်နောက်ခံကြီးဖြစ်ပြီးဆက်မတက်လာခြင်း
          ဒီ ပြဿနာက Customer Choice လို့ပြောရမလားပဲဗျ။ ကျွန်တော်ကြုံဖူးတဲ့ Customer Site တော်တော် များများမှ ခဏခဏတွေ့ရတဲ့ပြဿနာပါ။ ဘာကြောင့်ဖြစ်ရသလည်းဆိုတာကိုအရင်ပြောပါရစေ ပြီးတော့မှ ဘယ်လိုရှင်းရမလည်းဆိုတာပြောရင် မှတ်မိလွယ်မယ်ထင်တယ်။အိုခေ ဘာကြောင့်ဖြစ်ရသလည်း ဆိုတဲ့အကြောင်းအချက်တွေက အများကြီးပါ ဒီအထဲကမှ ကောက်နှုတ်ပြီးပြောရမယ်ဆိုရင်
v  ၁။       Virus ကိုက်သွားခြင်း။
v  ၂။       HDD Cable လွတ်သွားခြင်း။
v  ၃။       RAM Loose ဖြစ်ခြင်း။
ဒါတွေကတော့ ဖြစ်တတ်တဲ့ အခြေခံအကြောင်းပြချက်တွေပါ။ ဒီအထဲမှာမှ Virus ကိုက်သွားတာက ပိုများပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဒီလိုအခြေအနေရောက်လာပြီဆိုရင် အရင်ဆုံး သင့်ကွန်ပျူတာရဲ့ BIOS Setting ထဲကိုဝင်လိုက်ပါ။ သင်ဟာ Desktop Computer အသုံးပြုသူတစ်ဦးဆိုရင် ကီးဘုတ်ကနေ DEL ခလုတ် ကိုနှိပ်ပြီးဝင်ရောက်နိုင်ပါတယ်။ သင်ဟာ Laptop Computer အသုံးပြုသူတစ်ဦးဆို၇င်တော့ F2 သို့မဟုတ် F10 တို့ကိုနှိပ်ပြီးဝင်ရောက်နိုင်ပါတယ်။ ထို့နောက်တော့ ကျွန်တော်တို့က Exit Tab မှာ Load Factory Reset ဆိုတာကိုနှိပ်ပေးလို့ရသလို၊ ကီးဘုတ်ကနေ F7 ကိုနှိပ်ပြီးတော့လည်းလုပ်ဆောင်နိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ပြီးပြီဆိုရင်တော့ Boot Tab ထဲကို ပြန်သွားပြီး Boot Order မှာ Boot Device ကို First Boot နေရာ၌ သင့်ကွန်ပျူတာရဲ့ Operation System ထည့်သွင်းထားတဲ့ HDD ကိုရွေးချယ်ပေးပြီး ကီးဘုတ်ကနေ F10 နှိပ်ပြီး Enter ခေါက်ပေးလိုက်ပါ။ ဒါဆိုရင်ပုံမှန်အားဖြင့်ပြန်တက်လာပါမယ်။
          အကယ်လို့မတက်သေးဘူးလား? ရတယ် ....နောက်တစ်ခေါက်စက်ကို Restart ချလိုက်ပါ။ ပြီးသွားရင် ကျွန်တော်တို့က ကီးဘုတ်ကနေ F8 Key ကိုနှိပ်ထားပြီး Safe Mode ထဲကိုဝင်ပါမယ်။ ဘာကြောင့် Safe Mode ထဲဝင်ရသလည်းဆိုတော့ Safe Mode ဆိုတာက OS system ရဲ့ အချို့သော Driver တွေကို ဖြုတ်ချန်ထားခဲ့ပြီး OS Run နိုင်ဖို့ တစ်ကယ်လိုအပ်တဲ့ Driver တွေ Boot File တွေကိုပဲဖတ်ပြီး တက်တဲ့ စနစ် နေရာဖြစ်ပါတယ်။ OK Safe Mode ကနေ၀င်လို့ရတယ်ဆိုရင် ကျွန်တော်တို့က အရင်ဆုံး Run Box ထဲကနေ
“msconfig” လို့ရိုက်လိုက်ပါမယ်။ ထို့နောက်တော့ Startup Type မှာ.......
ဆက်လက်ဖတ်ရှုရန် ဒီနေရာကိုနှိပ်ပါ
လေးစားစွာဖြင့်
CristianoZarni@ဦးဇာနည်

သင့်စက်ထဲမှာ Backdoor ၀င်နေပြီလို့ထင်နေပြီလား ?



သင့်စက်ထဲမှာ Backdoor ၀င်နေပြီလို့ထင်နေပြီလား ?

ကျွန်တော်တို့ ကွန်ပျူတာအသုံးပြုသူတိုင်း ဗိုင်းရပ်စ်ဝင်တဲ့
ဓာဏ်ကိုတော့ အနည်းနှင့်အများကြုံဖူးကြမှာပါ။ သို့ပေသော်
ညာလည်း သင့်ကွန်ပျူတာကို Virus ၀င်ယုံပဲဆိုရင် Program
တွေသုံးလို့မရတာ၊ ဆင့်ပွားတာလောက်ပဲ တိုက်ခိုက်ခံရမယ်
ဆိုပေမယ့် အကယ်လို့များ Backdoor ဆိုတာကြီးဝင်နေပြီဆို
ရင်တော့ အဲဒီထက်ဆိုးသွမ်းပြီး သင့်ကွန်ပျူတာထဲက ကိုယ်ရေး
ကိုယ်တာအချက်အလက်တွေကို သင်မသိတဲ့ နောက်ဖေးပေါက်
ကနေ Attacker ဆီကို အချိန်ပြည့်သင်အင်တာနက်သုံးလိုက်တိုင်း
Report လုပ်နေမယ့်ကောင်ဖြစ်ပါတယ်။မြန်မာစကားပုံဘာနဲ့တူ
သလည်းဆိုတော့ ပလိုင်းပေါက်နဲ့ဖားကောက်နေသလိုပါပဲ။ သင်
ကတော့ သင့်ကွန်ပျူတာထဲကို ဒေတာတွေထည့်သွင်းတယ်။ သင်
မမြင်တဲ့ အပေါက် (Port တစ်ခုဖန်တီး၍) သင့်ရဲ့ ဒေတာတွေကို
ခိုးယူနေတာဖြစ်ပါတယ်။ အရင်ဆုံး ဘယ်လိုဝင်လာနိုင်သလည်း
ဆိုတာလေးကိုအရင်ရှင်းပြပါရစေ။ သင့်ရဲ့ ကွန်ပျူတာ System
ထဲသို့ ၀င်ရောက်နိုင်မှုအခြေအနေများကတော့
၁။Instant Messenger  Applications
၂။IRC (Internet Relay Chat)
၃။Attachments
၎။Physical Access
၅။Browser & E-mail Software Bugs
၆။Fake Programs
၇။Untructed site Programs
၈။ Hacking Tools
စသဖြင့် အကြမ်းဖျဉ်းရှိတဲ့ထဲမှာမှ အများဆုံး ထိကြတဲ့အနေ
အထားကတော့ Fake Program တွေအသုံးပြုခြင်း၊ Hacking
Tools အချို့မှတဆင့်ကူးဆက်ခြင်း၊ Browser & Mail မှတဆင့်
ကူးဆက်ခြင်း နှင့် Physical Access တို့မှ အလွယ်တကူကူးဆက်
တတ်ကြပါတယ်။ဒီလိုကူးဆက်ပြီဆိုရင် ဘယ်လိုအလွယ်တကူသိ
နိုင်မလည်းဆိုတာကို ပြောပါရစေ။သင့်ရဲ့ Computer အတွင်းမှာ
TaskManager ကိုဖွင့်ကြည့်လိုက်ပါ။ conhost.exe လိုမျိုးနောက်
Net.exe လိုမျိုး စသဖြင့် နောက်တစ်ခုကတော့ 874333.exe စသဖြင့်
ကိန်းဂဏန်းတွေနဲ့လည်း Process အချို့ Run နေမှာဖြစ်ပါတယ်။ အို
ခေ ဘယ်လိုသတ်မလည်း ? အဖြေကလွယ်လွယ်လေးပါ။ အချို့က
AVG မှာမိပါတယ်။ အချို့က Symatic မှာမိပါတယ်။ ဒါပေမယ့် Anti-
Virus ဆိုတာက ရည်းစားထားရသလိုပါပဲ။ ဘာကြောင့်လည်းဆိုတော့
ရည်းစားဆိုတာလည်း ကြာလာတာနဲ့အမျှ နားပူနားစာတွေအ၇မ်းလုပ်
ပါတယ်။ ဒီလိုပဲ Anti-Virus ဆိုတာလည်း သူ့ကို တစ်မျိုးတည်းစွဲစွဲမြဲမြဲ
သုံးတယ်ဆိုရင် Update တွေတောင်းလာတယ်။ System ကို ပြန်လည်
ဖျက်စီးမယ် စသဖြင့်ပေါ့.... ဒီတော့ ကျွန်တော်တို့က ရည်းစားကို အတည်
မထားသလိုပဲ Anti-Virus Tools တွေကို အရေးပေါ်အခြေအနေမျိုးမှသာ
Official ဒေါင်းပြီး Run တာအကောင်းဆုံးဖြစ်ပါတယ်။ ကဲ ဘယ်ဟာကို
သုံးမလည်းဆိုတာလာပါပြီ adw Cleanner ပဲဖြစ်ပါတယ်။ သူ့ကိုရရှိ
နိုင်တဲ့ Official နေရာကတော့ www.bleepingcomputer.com ကနေပဲ
ဖြစ်ပါတယ်။ ဖိုင်စိုက်ဒ်ကလည်း 1MB ကျော်ကျော်လေးပဲရှိပါတယ်။ ကဲ
သင်တို့ကိုဒေါင်းပြီးပြီလို့သတ်မှတ်လိုက်ပါပြီ ဒီတော့ ကျွန်တော်တို့ဒီကောင်
ကို စတင်ပြီး Run လိုက်တဲ့အခါမှာတော့

အထက်ပါပုံအတိုင်းမှ Scan ကိုနှိပ်ပေးလိုက်တဲ့အခါမှာ မိမိကွန်ပျူတာ
System ရဲ့ Size ပေါ်မူတည်ပြီးတော့ ကြာမြင့်မှာဖြစ်ပါတယ်။အားလုံး
Scan လုပ်ပြီးသွားပြီဆိုရင်တော့

Folder တို့၊ Files, registry, firefox, chrome တို့မှာ သင်အဓိက
တွေ့ရမှာဖြစ်ပါတယ်။ ဘယ်လို ဗိုင်းရပ်စ်အမျိုးအစားပဲလာလာ၊ ဘယ်
လို Backdoor ပဲလာလာ သူက Registry String Value မှာကပ်နေတာ
တွေ Firefox တို့ Chrome တို့မှာ ကပ်ညိနေတာတွေ၊ Folders တွေမှာ
ကပ်ညိနေတာတွေကို အလွယ်တကူ ဖော်ပြပေးမှာဖြစ်ပါတယ်။

အားလုံးပြီးသွားပြီဆိုရင် ကျွန်တော်တို့က Clean ဆိုတာကိုနှိပ်
ပေးလိုက်ပါမယ်။ Clean လုပ်တာပြီးသွားပြီဆိုရင် သင့် System
က Effect ဖြစ်ဖို့အတွက် Restart ချခိုင်းပါလိမ့်မယ်။ စိတ်မပူပါ
နဲ့ ချပေးလိုက်ပါ။ သင့်ဝင်းဒိုးစနစ်ပြန်လည်တက်လာတဲ့အခါမှာ
တော့ 

အထက်ပါပုံအတိုင်း Log File ကို Text ဖိုင်ဖြင့်ဖော်ပြပေးမှာဖြစ်
ပါတယ်။ ဒါကတော့ ထို adwCleanner ကရှင်းလိုက်တဲ့အချက်
အလက်တွေကို Report လုပ်ပေးတာဖြစ်ပါတယ်။ကဲဒီလောက်ဆို
အဆင်ပြေမယ်လို့ထင်ပါတယ်။ယခု Post နှင့်ပတ်သက်ပြီးတော့
မရှင်းလင်းချက်များကိုမေးမြန်းလိုပါက Comment တွင်ဖြစ်စေ
ကျွန်တော့် Facebook အကောင့်မှာဖြစ်စေအချိန်မရွေးမေးမြန်း
နိုင်ပါတယ်။လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်