Monday, January 27, 2014

Desktop တစ်လုံးမှာဘယ်ဟာတွေမကောင်းသလည်းကိုယ်တိုင်စမ်းမယ်



Desktop တစ်လုံးမှာဘယ်ဟာတွေမကောင်းသလည်းကိုယ်တိုင်စမ်းမယ်



ကျွန်တော်တို့ ကွန်ပျူတာအသုံးပြုသူ End User တွေအတွက်အဓိက
ရည်ရွယ်ပီးရေးလိုက်တာပါ။ သာမာန်အားဖြင့် Hardware နဲ့ System
Administration Knowledge အခြေခံရှိသူတွေအတွက်ကတော့အဆင်
ပြေပေမယ့် တစ်ကယ့် End User တွေအတွက်ကတော့ ဒီအကြောင်းအရာ
တွေဟာခက်ခဲတဲ့ ကိစ္စတွေလို့ထင်ရပါမယ်။ ဒါပေမယ့် တစ်ကယ်တမ်း
မှာကဘာမှမခက်ခဲပါဘူး.. ကဲစလိုက်ရအောင်…

Mother Board ကောင်းမကောင်းစစ်မယ်
Mother Board ဆိုတာကတော့ ကွန်ပျူတာတစ်လုံးမှာလိုအပ်တဲ့
Deveiceတွေကို Direct and Indirect ချိတ်ဆက်ပီး Operation
System တစ်ခုလုံးအတွက် အလုပ်လုပ်ပေးတဲ့ လျှပ်စစ်ပြားကြီးတစ်ခုပါ
သူမကောင်းရင် ဘာမှ သုံးမရတော့ပါဘူး။မကောင်းဘူးဆိုပေမယ့်လည်း
လွှင့်မပြစ်ကြနဲ့ဦးဗျို့……. မြန်မာတွေထုံးစံအတိုင်းပြန်ပြင်သုံးလို့ရတယ်ဗျ
ပြင်လို့မရဘူးဆိုတဲ့ Board ဘာမှမရှိဘူး..ကဲသူ့ကိုကောင်းမကောင်းစမ်း
ဖို့ကတော့ Casing ပုံးကိုဖွင့်လိုက်ပါ။ Mother Board တိုင်းမှာမီးပါပါတယ်။
အကယ်လို့ Board ထဲကို မီးဝင်တယ်ဆိုရင်တော့ သာမာန်အားဖြင့်ကောင်း
တယ်လို့ ယူဆရပေမယ့် တစ်ကယ်တမ်း South Bridge Chipset or North
Bridge Chipset တွေမကောင်းဘူးဆိုရင်လည်း Board က မတက်ပါဘူး
တစ်ကယ်တမ်း Board ကောင်းတယ်ဆိုရင် သင့်ကွန်ပျူတာကို ပါဝါဖွင့်ဖွင့်
ချင်းမှာမော်နီတာမှာ Board အမျိုးအစားနဲ့ တပ်ဆင်ထားတဲ့ Device တွေ
ကို ပြဖို့ Post တက်ပါလိမ့်မယ်။မတက်ရင်တော့ အကြမ်းဖျဉ်း Board ကောင်း
ဘူးလို့ ခံယူပါ။ အဆုံးထိလည်းခံယူလို့မရပါဘူး။ ဘာလို့လည်းဆိုတော့
CPU သေသွားရင်လည်း Board အလုပ်မလုပ်လို့ပါ။ ဒါကြောင့် CPU စစ်
နည်းအကြောင်းမှာဆက်ဖတ်ပါ။ အကယ်လို့ CPU သေသွားတဲ့ကောင်ဆို
ရင်တော့ တစ်ခြားဘုတ်ကို Support လုပ်တဲ့ CPU တစ်ခုခုကိုထည့်ပီး
Post တက်၊ မတက်စမ်းသပ်လိုက်ပါ။

RAM ကောင်းမကောင်းစစ်မယ်



RAM (Random Access Memory) ဆိုတာကတော့ သင့်ကွန်ပျူတာမှာ
လုပ်ဆောင်ချက် Process တွေကို CPU ဆိုပို့လွှတ်ဖို့အတွက် ခဏတာ
သိမ်းဆည်းတွက်ချက်ပေးတဲ့ အရာဖြစ်ပါတယ်။ ဒီကောင်းမကာင်းဘူးဆို
တာကိုတော့ ကွန်ပျူတာကို ပါဝါဖွင့်လိုက်တာနဲ့ “ တီ….တီ…..တီ…. “
ဆိုပီးသုံးချက်မြည်ပါလိမ့်မယ်။ Board အများစုမှာ Build-In Speaker
ပါပါတယ်။ အကယ်လို့ မပါဘူးဆိုရင်လည်း Speaker လေးတစ်လုံးကို
Audio Port အသေးလေးမှာထိုးပီးစမ်းသပ်နိုင်ပါတယ်။ နောက်တစ်ချက်
က Memory Band မှာ Memory Loose ဖြစ်နေတတ်တာမျိုးလည်းရှိ
တတ်ပါတယ်။ ဒါကြောင့် RAM ကိုဖြုတ်ပီး ၄င်းမှာပါဝင်သော ကြေးပြား
လေးတွေကိုစက္ကူအဖြူသန့်သန့်လေး၊ သို့မဟုတ် တင်ဒါရေ၊ သွားပွတ်
တံသန့်သန့်ဖြင့် ဆေးကြေားသန့်စင်နိုင်သလို…. Slot အတွင်းကိုလည်း
သန့်ရှင်းအောင်လုပ်ကြည့်ပီး ပြန်ထည့်ကြည့်ဖို့လိုပါမယ်။နောက်တစ်ချက်
က Band ကြောင်သွားတာလည်းဖြစ်နိုင်တဲ့အတွက်ကြောင့် လက်ရှိထည့်
ထားတဲ့ Band အပြင် တစ်ခြား Band ထဲသို့လည်းထည့်သွင်းပီးစမ်းသပ်
နိုင်ပါတယ်။ MB တိုင်းမှာ RAM Band နှစ်ခုအမြဲတမ်းပါပါတယ်။….

CPU ကောင်းမကောင်းစစ်မယ်
CPU (Central Processing Unit) ဆိုတာကတော့ အဓိကအစိတ်အပိုင်းတစ်
ခုပါပဲ….သူမကောင်းရင်တော့ ဘယ်အရာမှ အလုပ်မလုပ်တော့ပါဘူး..ပထမ
တစ်ချက်အနေနဲ့ CPU မကောင်းရင် ဘုတ်ထဲကို ပါဝါ၀င်ပေမယ့်လည်း Power
Button ကိုဖွင့်လိုက်ပေမယ့် CPU Fan က မလည်တတ်ပါဘူး။ ဒါကြောင့် ကျွန်
တော်တို့က Heat Sink ကိုဖြုတ်ပီး CPU ပေါ် လက်မကလေးဖြင့် ထောက်ထားပါ
ပီးရင် ပါဝါကိုဖွင့်ကြည့်လိုက်ပါ။ CPU မှာအနွေးဓာတ်သို့မဟုတ် အပူချိန်လေး
တက်လာတယ်ဆိုရင်တော့ CPU ကောင်းတယ်လို့မှတ်ယူရပါမယ်။ ဘာ Effect
မှ မဖြစ်ဘူးဆိုရင်တော့ မကောင်းတော့ဘူးပေါ့… ဒီနေရာမှာတစ်ခုသတိထားရ
မှာက ၄င်းကဲ့သို့စမ်းသပ်သည့်အခါမှာသင်ဟာလျှပ်ကူးနိုင်သည့်နေရာတွင်
မနေမိစေဖို့ဖြစ်ပါတယ်။ ဆိုလိုတာကသံမံသလင်းပေါ်လိုနေရာမျိုးပေါ့….

VGA ကောင်းမကာင်းစစ်မယ်
VGA (Video Graphic Array) ကတော့ ရုပ်ထွက်ဖို့အတွက် အဓိကလုပ်
ဆောင်တဲ့ကောင်ပါ။သူ့အတွက်ကတော့ Board ပေါ်မူတည်ပါတယ်။
MB မှာ VGA အတွက် အခေါ်အဝေါ်နှစ်ခုရှိပါတယ်။ Sprit Board နဲ့
Build-in ဆိုပီးတော့ပါ Sprit Board ဆိုတာကတော့ MB မှာတစ်ခါတည်း
VGA Port မပါပဲ PCI Slot ကနေထပ်မံထပ်စိုက်ရတာကိုဆိုလိုတာပါ။
ဒါကတော့ အရင် PII, PIII တွေနဲ့ 478 လောက်အထိပါပဲ… အခုနောက်ပိုင်း
ဘုတ်အများစုကတော့ Build-in ပါတာတွေများပါတယ်။ အချို့ဆို Build-in
မှာတင်ကို DVI Port တွေပါ ပါလာတတ်ပါတယ်။အကယ်လို့များ Sprit
Board ဆိုရင်တော့ PCI Band ကိုပြောင်းစိုက်ပီးစမ်းလို့ရသလို Build-in
Board တွေမှာဆိုရင်တော့ VGA Card တစ်ခုခုကို PCI Slot မှာတပ်ပီး
စမ်းသပ်လို့ရပါတယ်။ သူ့အတွက်အချက်ပြမယ့် အသံ (Post တက်တက်
ချင်းမှာ)ကတော့ “ တီ “ ဆိုပီးအသံရှည်မြည်မှာဖြစ်ပါတယ်။

Power Supply ကောင်းမကောင်းစစ်မယ်



PSU (Power Supply Unit) ဆိုတာကတော့ စက်တစ်ခုလုံးလျှပ်စီးဖို့အတွက်
အဓိကအစိတ်အပိုင်းပါ။ သူ့မှာအမျိုးအစားအားဖြင့် 250W, 350W, 450W,
550W, 600W ဆိုပီးရှိကြပါတယ်။ ဒါတွေကတော့ မိမိသုံးထားတဲ့ Unit ရဲ့
Internal Specification တွေပေါ်မူတည်ပီး Walt တွေကိုရွေးချယ်တပ်ဆင်
ရမှာပါ။သူ့ကိုကောင်းမကောင်းစမ်းသပ်ဖို့ကတော့ သူ့မှာပါတဲ့ ၀ါယာကြိုး
အစိမ်းရောင် တစ်ပင်ရယ်၊ မည်သည့်အနက်ရောင်ကြိုးရယ်မဆိုကို Pin လေးတစ်
ခုကိုကွေးပီးတပ်ထားလိုက်ပါ။ ထို့နောက် မီးပလပ်ထိုးလိုက်ပါ။ PS ထဲက Fan
လည်လာတယ်ဆိုရင်တော့ PS ကောင်းတယ်လို့ အကြမ်းဖျဉ်းသတ်မှတ်လို့ရ
ပါတယ်။တစ်ကယ်တမ်းမှာက Volt Meter ဖြင့်ထောက်စမ်းတာကပိုမိုတိကျပါ
လိမ့်မယ်။ သူ့ထဲမှာပါတဲ့ အရောင်တန်ဖိုးတွေအတိုင်း Volt တွေကိုတော့ကျွန်တော့
ဘလော့ထဲမှာတစ်ချက်ရှာဖတ်ကြည့်ပါ တင်ထားပီးသားပါ။

HDD ကောင်းမကောင်းစစ်မယ်



HDD (Hard Disk Drive) ဆိုတာကတော့ Operation System Run ဖို့အတွက်နဲ့
Data တွေသိမ်းဆည်းထားဖို့လိုအပ်သော Device ဖြစ်ပါတယ်။ သူ့မှာအကြမ်း
အားဖြင့် IDE Port တွေမှာ 5400RPM နဲ့ SATA Port တွေမှာတော့ 7200 RPM
ရှိပါတယ်။ ဒီလိုတစ်မိနစ်မှာလည်ပတ်တဲ့ အကြိမ်ရေများတဲ့ အရာကိုရုတ်တရက်
လျှပ်စစ်ဓာတ်ပျက်တောက်မှု ခဏခဏကြုံတွေ့ရတဲ့အခါမျိုးတွေမှာ၊ Process တွေ
တအားယူသုံးတဲ့အချိန်တွေမှာ HDD က Crank ဖြစ်တတ်ပါတယ်။ ဆိုလိုတာက
Platter နဲ့ Arm တို့ ထောက်ညိသွားခြင်းကိုဆိုလိုတာပါ။ ဒီအခါမှာ HDD က ၀င်း
ဒိုးRunနေတဲ့အချိန်တွေ၊ Data တွေကို Transfer လုပ်နေတဲ့အချိန်တွေမှာ Hung
သွားတာမျိုးတို့ ကြာနေတာမျိုးတွေဖြစ်တတ်ပါတယ်။ နောက်တစ်ချက်က Bad
Sector ထောက်သွားတဲ့အခါမျိုးတွေမှာလည်းဖြစ်တတ်ပါတယ်။ Bad Sector
အတွက်ကတော့ Tools တွေကိုသုံးပီး ပြင်လို့ရပေမယ့် Crank ဖြစ်သွားတာမျိုး
အတွက်ကတော့ ပြင်ဖို့မလွယ်ကူတော့ပါဘူး။ဒါကြောင့် HDD ကိုတစ်လတစ်ခါ
လောက် Defragementလုပ်ပေးသင့်ပါတယ်။ အဓိကကတော့ အသံကိုနားထောင်
ပါ။ အသံလည်နှုန်းအရမ်းမြန်လာတယ်၊ အသံထွက်ကြမ်းလာတယ်ဆိုရင်တော့သင့်
HDD က သိပ်မကောင်းတော့ပါဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် Data တွေကိုတတ်နိုင်
သလောက် တစ်ခြား HDD ထဲကို Backup လုပ်ထားလိုက်ပါ။

CD Drive ကောင်းမကောင်းစစ်မယ်
ODD (Optical Disc Drive) ဆိုတာကတော့ ကျွန်တော်တို့ Media ပိုင်းနဲ့
Software တွေထပ်မံသွင်းယူခြင်း၊ Window Installation ပိုင်တွေအတွက်
အခွေထည့်တဲ့အရာဖြစ်ပါတယ်။ သူ့ကိုကောင်းမကောင်းကတော့ အခွေရွေး
လာရင်တော့ ကျိန်းသေပါပီ…. ဘာကြောင့် မကောင်းတော့တာလည်း…????
မေးစရာရှိလာပါတယ်။ လျှပ်စစ်ပစ္စည်းပဲဗျာ…….. မီးအားအတက်အကျ၊
အသုံးပြုသူရဲ့ ဂရုမစိုက်မှုတွေကြောင့် အဓိက ဖြစ်တာပါ။ ဆိုလိုတာက
အမြဲတမ်းအခွေပဲကွန်ပျူတာနဲ့ ကြည့်မယ်၊ CD/DVD တွေ တအား Burn
လုပ်မယ်ဆိုတဲ့အခါတွေများလာတဲ့အခါမှာ Drive ရဲ့ Speed တွေကျသွား
ပါတယ်။ ဒါကြောင့် အဖြစ်များတာပါ။ ဒီတော့ အခွေတစ်ခွေကိုကြည့်မယ်
ဆိုရင် စက်ထဲကိုအရင်ကူးထည့်ပီး ပြန်ကြည့်တာကပိုကောင်းပါတယ်။
ဆိုလိုတာကအခွေထဲကနေပီးတဲံအထိတောက်လျှောက်ကြည့်တဲ့အခါ
Drive Speed (Revolution) ရဲ့ ကြာချိန်နဲ့ စက်ထဲကိုကူးထည့်ပီးကြည့်
ရတဲ့အခါ အခွေအလုပ်လုပ်ရတဲ့ကြာချိန်ကိုစဉ်းစားကြည့်လိုက်ရင် အဖြေ
ထွက်လာမှာပါ။
ကဲအားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ဒီ Post ကတော့အကြမ်း
ဖျဉ်းလေးပေါ့..မော်တော်ကားမောင်းရင် ရုတ်တရက် စက်သေသွားတဲ့အခါ
အဖြေရှာကြည့်ခြင်းမျိုးဖြင့် အလားသဏ္ဍန်တူပါတယ်။…. ဆီပျောက်၊ မီးပျောက်
လောက်တော့ ကို့ဘာသာကိုယ် စစ်တတ်အောင်ဖြစ်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

1 comment:

  1. အကိုရေpdfလေးရေးပေးပါလား ဒေါင်းးထားချင်လို့ပါလိုင်းမကောင်းရင်ပြန်ရှာရခက်တယ်လေစာအုပ်နဲ့ ဆိုတော့ အချိန်မရွေးပြန်ဖတ်လေ့ လာချင်လို့ပါ

    ReplyDelete