Thursday, January 30, 2014

Audio CD ကို MP3 အလွယ်ဆုံးနည်းနဲ့ ပြောင်းမယ်




ကျွန်တော်တို့ တစ်ခါတစ်ရံမှာ သီချင်းနားထောင်တာ
တွေကို သတိထားမိမှာပါ။ အဲဒါတွေကတော့ MP3 ခွေ
နဲ့ Audio CD ခွေရယ်ဆိုပီးတော့ပါ။ Audio CD ခွေထဲ
က သီချင်းဖိုင်တွေကိုတော့ မိမိစက်ထဲကို ရိုးရိုးတန်းတန်း
Copy & Paste လုပ်ပီးကူးယူလို့မရနိုင်ပါဘူး ဘာလို့လည်း
ဆိုတော့ သူက


*.cda တွေမို့လို့ပါ။ ဒီအတိုင်းပုံမှန်ကူးယူလိုက်ပီးပြန်ဖွင့်တဲ့အခါမှာ
တော့ ဘယ်လိုမှ ပွင့်မှာမဟုတ်ပါဘူး။ဒါကြောင့် ကျွန်တော်တို့က
Window System မှာ Default ပါဝင်တဲ့ Window Media Player
ကိုအသုံးပြုပီး Convert လုပ်ပါမယ်။ ဒါကြောင့် အရင်ဆုံး သင့် Drive
ထဲကို Audio CD ခွေကိုထည့်လိုက်ပါအောက်ပါပုံအတိုင်းပေါ့


ဒီအခါမှာတော့ ကျွန်တော်တို့က ODD Drive ကို Double Click
နှိပ်လိုက်တဲ့အခါမှာတော့ Window Media Player နဲ့ တက်လာမှာ
ဖြစ်ပါတယ်။


ဒီအခါမှာကျွန်တော်တို့က အနီရောင်လေးထောင့်ကွက်ထဲက
Rip CD ဆိုတာကို နှိပ်ပေးရမှာဖြစ်ပီး အကွက်သေးလေးထဲမှာ
တော့အားလုံးကို Rip လုပ်မှာဖြစ်သောကြောင့် အမှန်ခြစ်လေး
ထည့်ပေးလိုက်ရုံပါပဲ ဒါဆိုရင်တော့အောက်ပါပုံအတိုင်း


Audio Format ကနေပီးတော့ *.wma Format ကို ပြောင်းနေ
ပါပီ။ အားလုံးပီးသွားတဲ့အခါမှာတော့ သူ့ရဲ့ Location ကတော့


My Music ထဲမှာ Unknown artist အမည်နဲ့ ဖိုဒါလ်ထဲမှာရှိနေမှာဖြစ်
ပါတယ်။ ဒီအဆင့်ဟာဆိုရင် *.wma ပဲဖြစ်ပီးတော့ MP3 ပြန်ပြောင်း
ဖို့အတွက်ကတော့ မိမိ နှစ်သက်ရာ Media Converter ကိုအသုံးပြု
နိုင်ပါတယ်။ ကျွန်တော်ကတော့ Any Video Converter ကိုအသုံးပြု
ပါတယ်။ ဘာကြောင့် Format Factory ကို မသုံးသလည်းလို့မေးလာ
တဲ့အခါမှာတော့ တိကျပြတ်သားတဲ့အဖြေတစ်ခုကတေ Quality ပိုင်းကို
ပဲ လက်ထောက်ပြမှာဖြစ်ပါတယ်။ ကဲ ဆက်လိုက်ရအောင် ဒီတော့ ကျွန်
တော်တို့က ခုနက ပြောင်းထားတဲ့ *.wma Format တွေကို Any Video
Converter ထဲကို အောက်ပါပုံအတိုင်း


Drag ဆွဲထည့်လိုက်ပီး MP3 Audio (*.mp3) Format ကိုရွေးပေးပီး
Convert Now! ဆိုတာကိုနှိပ်လိုက်ပီး ပြောင်းလိုက်ပါတယ်။ဒါဆိုရင်
တော့ Audio CD Format (*.cda) ကနေ MP3 (*.mp3) Format
ကိုပြောင်းလည်းလိုက်ပီးသွားပါပီ.. 



နောက်ထပ်တစ်နည်းကတော့ မည်သည့် Media Converter ကိုမှ
မသုံးပဲ Window ရဲ့ Default ပါတဲ့ Window Media Player ထဲမှာ
ပဲ တန်းလုပ်နိုင်မယ့်နည်းပါ… ဟဲဟဲ စာဖတ်သူတွေကို မျက်စိမှောက်
အောင်တော့တစ်ချက်လုပ်လိုက်ဦးမယ် အပေါ်ဆုံးတစ်ချက်လောက်ပြန်
တက်ကြည့်လိုက်ပါဦး…ကျွန်တော်တို့ Audio CD ကိုထည့်ပီးတဲ့နောက်
RIP CD… မလုပ်ခင်မှာ သူ့ဘေးမှာ အောက်ပါပုံအတိုင်း


ပါတဲ့ RIP Settings ကိုသွားပီး အထက်ပါပုံအတိုင်း အဆင့်ဆင့်
ဝင်သွားပီး Converting Settings မှာ *.mp3 ကိုရွေးပီးတော့
လည်း တန်းပြောင်းနိုင်ပါကြောင်း……………..
အားလုံးပဲ အဆင်ပြေကြမယ်လို့
ယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

No comments:

Post a Comment