သင်သုံးနေတဲ့
Firefox Browser ထဲ Add-on တွေပစ်ထည့်မခံရအောင်
ဟုတ်ကဲ့ အင်တာနက်အသုံးပြုသူအများစုရဲ့
ပျှမ်းမျှ 80% လောက်က
Mozila Firefox ကိုအသုံးပြုကြတာများပါတယ်။
ဘာကြောင့်သုံးရသလည်း
ဆိုရင် ပေါ့ပါးတယ်။ သုံးရတာ အဆင်ပြေတယ်ပေါ့ဗျာ….
နောက်ပီး တစ်ခြား
ဘရောက်ဇာတွေထက်စာရင်လည်း Plug-In တွေအများကြီးနဲ့
အလုပ်လုပ်
နိုင်တယ်။ ဥပမာ VPN ကျော်တာမျိုးတို့….
IP Hide တာမျိုးတို့ကို Software
ထပ်သွင်းစရာမလိုပဲ Add-On တွေ ထည့်ပီး
အလွယ်တကူ အသုံးပြုနိုင်ပါတယ်။
အဲ့မှာစတွေ့မှာက Hacker….
(Attacker, Stealer) တွေက သင်သုံးနေကျဖြစ်
တဲ့ Mozila Firefox ထဲကို RAT တွေလှမ်းပစ်မယ်၊
Keylogger တွေကိုAdd-on
အသွင်ဖြင့် လှမ်းထည့်မယ်။ ဒီနည်းလမ်းနဲ့
သင်ဟာ သင့်ရဲ့ Browser ကနေ
သုံးသမျှ ရိုက်သမျှ အချက်အလက်တွေဟာ
Add-on လှမ်းပစ်ပီး ယူနေတဲ့
Hacker ဟုတ်ပါဘူး Stealer တွေရဲ့လက်ထဲကို
အချက်အလက်တွေ ပို့
လွှတ်နေသလိုဖြစ်နေမှာပါ။ ဒီတော့ ကျွန်တော်တို့က
ဒီလိုမျိုး အားနည်းချက်
ဖြစ်နေတဲ့ Add-on တွေထည့်သွင်းထပ်မံသွင်းခြင်းကို
ပိတ်ပင်ဖို့အတွက်
လိုအပ်လာပါပြီ။ ကဲ ဘယ်လိုပိတ်မလည်းဆိုတော့…….အရင်ဆုံး
သင်ဖွင့်
ထားတဲ့ Firefox Browser ကို ပိတ်လိုက်ပါ။
ပြီးသွားရင်တော့….
အရင်ဆုံး Notepad ကိုဖွင့်လိုက်ပါမယ်။
ထို့နောက်အောက်မှာရေးထားတဲ့
စာသားလေးတွေကိုကော်ပီကူးပီး Paste လုပ်လိုက်ပါ။
pref("general.config.obscure_value",
0);
pref("general.config.filename",
"mozilla.cfg");
ထို့နောက်တော့
ဖိုင်နာမည်ကို
‘local-settings.js’ အဖြစ် သိမ်းလိုက်ပါမယ့်။
ပြီးသွားရင် နောက်ထပ် Notepad တစ်ခုကိုဖွင့်လိုက်ပါမယ်။
ထည့်ရမယ့်စာက
//Firefox Default Settings
//Disable add-on installation
lockPref("xpinstall.enabled",
false);
ဖြစ်ပါတယ်။ပြီးသွားရင် သိမ်းရမယ့် ဖိုင်နာမည်က ‘mozilla.cfg’
ဖြစ်ပါတယ်။
ကဲ ဒီတော့ ကျွန်တော်တို့က ထို ဖိုင် ၂ခုကို သိမ်းထားပြီးတော့
ဘယ်နေရာတွေမှာသွားထားမှာလည်း ?...... အကယ်လို့ သင်ဟာ
32 Bit OS ကိုသုံးနေတယ်ဆိုရင်
Local-settings.js ဆိုတဲ့ဖိုင်ကို ထည့်ရမယ့်လိပ်စာက
C:\Program Files\Mozilla
Firefox\defaults\pref ဆိုတဲ့နေရာကိုသွားထည့်
ရမှာဖြစ်ပြီး mozilla.cfg ဆိုတဲ့ဖိုင်ကိုတော့
C:\Program
Files\Mozilla Firefox
ဆိုတဲ့နေရာမှာထည့်ရမှာဖြစ်ပါတယ်။
အကယ်လို့သင်ဟာ 64 Bit OS ကိုသုံးမယ်ဆိုရင်
Local-settings.js ဆိုတဲ့ဖိုင်ကို C:\Program
Files(x86)\Mozilla Firefox\defaults\pref
ဆိုတဲ့နေရာဖြစ်ပြီး Mozilla.cfg
ကိုတော့ C:\Program Files (x86)\Mozilla
Firefox
ဆိုတဲ့ဖိုလ်ဒါထဲကို ထည့်ရမှာဖြစ်ပါတယ်။ အားလုံးပြီးသွားလို့ သင်ဟာ
Add-on ကိုစမ်းပြီါ်သွင်းတဲ့အခါမှာ ဖော်ပြမယ့် Message က
ကဲ ဒီလောက်ဆို သင့် Firefox ထဲ Add-on လှမ်းပစ်ခံရခြင်း မှ ကင်းဝေးကြ
မယ်လို့ ထင်ပါတယ်။ ဆက်လက်ကြိုးစားပါဦးမည်
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်
No comments:
Post a Comment