ခေါင်းစဉ်လေးကတော့
စိတ်ဝင်စားဖို့ကောင်းပါတယ်... ဒီရက်ပိုင်းလည်း
ကျွန်တော်
အားရကျေနပ်မိတာလေးတစ်ခုရှိပါတယ်...ဘာလို့လည်းဆိုတော့
ကျွန်တော်တို့
မြန်မာနိုင်ငံမှာ Hacker တွေစထက်တပိုး တိုးပွားလာပါတယ်..
ဒါဟာတိုင်းပြည်ရဲ့
အိုင်တီနည်းပညာတိုးတက်လာတယ်လို့ ဆိုလိုနိုင်ပါတယ်
ဟက်ကာတွေတိုးပွားလာတာဟာ
ကောင်းတဲ့ဘက်နေပဲ ကျွန်တော်ကြည့်ပါရစေ
သူတို့မှာ
တိုင်းပြည်ချစ်စိတ်အပြည့်ရှိကြပါတယ်။ မိမိတိုင်းပြည်က နိုင်ငံတော်ပိုင်
Web
Site တွေ ၀န်ကြီးဌာနပိုင် Web Site တွေအတိုက်ခံရပီဆိုရင် ၄င်းတိုက်ခိုက်
ကြသော
Attacker များကို ငါတို့ နိုင်ငံမှာလည်း ဟက်ကာတွေရှိတယ်ဆိုတဲ့
အကြောင်းသိအောင်
သူတို့ နိုင်ငံရဲ့ နိုင်ငံပိုင် Web Site တွေကို ပြန်လည်တိုက်
ခိုက်ကြခြင်းဖြင့်
Cyber War သဖွယ် ဖြစ်ပျက်နေတာကတော့ကြာပါပီ... အခုဆို
လိုချင်တာက
ထိုကဲ့သို့ Web Site တွေအတိုက်ခိုက်ခံလိုက်ရပီဆိုရင် ဘာတွေ
အမြန်လုပ်ရမလည်းဆိုတာကို
ကျွန်တော်လေးစားရတဲ့ Team တစ်ခုဖြစ်တဲ့
Ghost
Area ကနေ တဆင့် ကူးယူဖော်ပြပေးလိုက်ပါတယ်။ဘာလို့လည်းဆို
တော့
အများစုကတော့ DDos နည်းတွေနဲ့ တိုက်တယ်... Script တွေ Injected
လုပ်ပီးတိုက်တယ်...
Shell တွေ Hesh တွေလွှတ်ပီး တိုက်ခိုက်ကြပါတယ်..
တစ်ကယ်တိုင်း
ကိုယ်ပိုင်တဲ့ စိုက်ဒ်တွေကိုကော ကာကွယ်မှုအဆင့်ဘယ်လောက်
ရှိပီးပီလည်းလို့
မေးကြည့်လိုက်ရင်ကော.. ထို Attacker များ မည်သို့ ပြန်လည်
ဖြေကြားမည်နည်း.............
ကဲစလိုက်ရအောင်
Developer
တော်တော်များများကြုံဖူးမှာပေါ့။ ဟာ ငါ့ ဆိုဒ်ကြီးဟက်ခံလိုက်ရ
တယ်။
ဒါမှမဟုတ်ကိုယ့်ဘာသာကိုယ် Share ချင်တယ့် စိတ်လေးရှိလို့ Blog
လေးရေးတယ်။
Blog လေး နာမည်ရလာတော့ မှဟက်ခံလိုက်ရတော့ လူက
ငိုချင်သလိုလို ဒေါသတွေလိမ့်ထွက်နေမှာပေါ့။ ဟက်ခံရတယ်ဆိုကတည်းက
သိသိချင်း
recover ယူရမှာပေါ့။ မဟုတ်ရင် ကိုယ်ကြိုးစားခဲ့တယ့် ဟာလေးတွေ
အလကားဟဿပျက်စီးကုန်မှာကိုး။ဒေါသထွက်နေမယ့်
အစား စိတ်အေးအေးနဲ့
ပြန်ပြင်မယ်။အိုကေ First Step ကိုလေးစလိုက်ရအောင်
၁.ကိုယ်သုံးနေတယ့်
PC ကို Anti-virus နဲ့စစ်ပါ
Attacker
ဟာ Website ရဲ့ exploit ကနေ ဖောက်တယ်လို့ပဲ
မယူဆထားသင့်ဘူး။
ဥပမာ Attacker က ကိုယ့်ကိုkeylogger
သော်လည်းကောင်း
Remote access trojan (RAT) ထည့်ထား
ခဲ့မယ်ဆိုရင်
လဲ ဆိုဒ်ရဲ့ loginpassword တွေပါသွားနိုင်တာပဲ။
ဒါကြောင့်ကိုယ့်စက်ကိုယ်
အရင်ဆုံး Anti-virus နဲ့ အရင်ဆုံးစစ်
သင့်ပါတယ်။Avast
လို မျိုးနဲ့စစ်ပေါ့။
၂.ကိုယ့်
Website က Infected ဖြစ်မဖြစ်လဲ စစ်ကြည့်ပါ
Attacker
က PC malware တွေနဲဟက်တာလား ဒါမှမဟုတ်
website exploit ကနေ injection ထိုးသွားတာလဲဖြစ်နိုင်တာပဲ။
အဲ့တော့
ဘာပဲပြောပြော ကိုယ် website ကို patch လုပ်လို့ရ
အောင်တော့စစ်သင့်တယ်။
အဲ့ကျမှကိုယ် website က ဘာတွေ
ပေါက်နေတယ်ဆိုတာသိနိုင်တာပေါ့။
ဘာတွေနဲ့စစ်မလဲ။ Online
site scannerတွေရှိပါတယ် Sucuri Monitor လိုမျိုး
ပေါ့။ Shell
စစ်ဆိုတဲ့သဘောပါ
။
၃.ကိုယ့်
site ကို Back up ပြန်လုပ်လိုက်ပါ
အမှန်ဆို
တစ်ပတ်ကို တစ်ခါလောက်တော့ Back up ယူယူထားပါ။
တစ်ပတ်မဟုတ်ရင်တော့တစ်လတစ်ခါလောက်တော့
ယူထားသင့်
ပါတယ်။
ဟက်ခံရတယ့် အချိန်မှာတော့ website ကို SSH နဲ့ host
ကိုဝင်နိုင်သေးရင်တော့
ဆိုဒ်ထဲမှာရှိတယ့် directory တွေအားလုံးကို
Backup
location ထဲကို ကူးပေါ့။ SSH နဲဝင်တာမဟုတ်ဘူး SFTP
ဒါမဟုတ်
Web-based file manager နဲ့တင်တယ်ဆိုရင်လဲ ကူးလို့ရ
ရင်
back upလုပ်ပါ။WordPress CMS ကိုသုံးရင်တော့ ” Tools >
Export > All content ကနေပြီး Admin အနေနဲ့
download
ချလို့ရပါတယ်။
၎.ကိုယ်
host ဝယ်ထားတယ့် Host provider နဲ့စကားပြောပါ
တစ်ခါတစ်လေမှာ
Host ကနေ ထိတာတွေလဲရှိတယ်။ အဲ့ကျတော့
တစ်ချို့ host တွေက သူတို့ ဆီကဝယ်ထားတယ့် Data
base တွေ
ကို backup ချထားပေးတတ်တာတွေရှိပါတယ်။ အကယ်၍ များ
ကံကောင်းစွာနဲ့သူတို့ဆီမှာ
infected မဖြစ်သေးတယ့် back up
ရနိုင်ပါတယ်။
သူတို့က ကိုယ့်ကို vulnerability တွေပါဖြေရှင်းနည်း
တွေပါပေးတတ်ပါတယ်။ Unfortunately တစ်ခုမှ အဆင်မပြေခဲ့ရင်…
၅.ပြုပြင်ဖို့ပြင်ဆင်ပါ
အပေါ်က
နည်းတွေတစ်နည်းမှ အဆင်မပြေခဲ့ရင်တော့.. ကိုယ်ဆိုဒ်
က ဘယ်လို
ထိတာလဲဆိုတာကိုသိသင့်ပါတယ်။ ဥပမာ Tim Thumb
လိုမျိုး ပေါ့။ သိပြီဆိုရင်တော့ google သာပြေးပေတော့။
CMS
လိုမျိုးသုံးရင်တော့
သူများထိရင် ကိုယ်လဲထိဖို့သေချာပါတယ်။ WP
မှာဆိုရင်တော့ တစ်ချို့ pulgin တွေကကယ်တင်ကောင်းကယ်တင်နိုင်
မယ်။
ဘယ်လို ထိတာလဲ ဆိုတာကိုတော့ Acunetix လိုမျိုး PC based tool
သော်လည်းကောင်း
Sucuri Scanner လို Online Scanner တွေ နဲ့ စစ်ကြည့်ပေါ့
၆.ဆိုဒ်ကိုပိတ်ချလိုက်ပါ
ဒီအဆင့်က
တော့ ဘာမှ ကယ်မရတော့ပါဘူး ဆိုရင်တော့ PHP
bad code တွေကိုဖယ်မယ် ဆိုဒ်ကြီးကိုဒေါင်းပစ်လိုက်ပါ
။
နောက်မှ ပြန်တင်ပါ။ အားလုံး ကို မတင်သေးပဲ စမ်းကြည့်နေပါ။
အားလုံး clear ဖြစ်ရင်တော့ တင်လိုက်ပါ။ကိုယ်သိက္ခာဆယ်ချင်
ရင်တော့
Under construction လေးတင်ထားပေါ့လေ။
၇.Change
Password
အိုဘားမားလိုပေါ့
ဗျာ Change Change။ အားလုံး Database
password
။ SSH password။ C-panel Passwordအားလုံးလုံး ပြောင်းပါ။
၈.အားလုံးအပြီးသတ်ပြန်စစ်ပါ
(၁)PC ကိုစစ်
(၂)
Back up ရှိရင် Backup ကို တင်
(၃)
Vulnerability တွေရှိမရှိ စစ်
(၄)
Plugin တွေပြန်စစ်
(၅)
Data base မှာ malware ရှိမရှိစစ်ပါ
Credit to : GhostArea
No comments:
Post a Comment