Friday, January 10, 2014

CC Cleanner ထဲက လျှို့ဝှက်ချက်တစ်ခု



ကျွန်တော်တို့ ကွန်ပျူတာ အသုံးပြုသူတော်တော်များများ
CC Cleanner ဆိုပီး သုံးဖူးကြမှာပါ.. သူက ဘာလုပ်တဲ့
ကောင်လည်းဆိုတော့ မိမိကွန်ပျူတာထဲမှာရှိတဲ့ Temp
ဖိုင်တွေ Cookies တွေ၊ History တွေ၊ Recent ဖိုင်တွေကို
ရှင်းပေးတဲ့ကောင်လေးပါ..Version တွေအလိုက်လည်း
အသစ်အသစ်တွေထပ်ထွက်လာပါတယ်။ ဘယ်လိုပဲ
Version တွေ အသစ်ထွက်လာ ထွက်လာ မည်သည့်
Version မှာ မဆို ကျွန်တော်အခုပြောမယ့် နည်းလမ်း
လေးနဲ့ လုပ်လို့ရပါတယ်။ အခုကျွန်တော်ပြောမယ့်
လုပ်ဆောင်ချက်ကတော့ Drive Wipe Services
လေးအကြောင်းဖြစ်ပါတယ်။ အားလုံးပဲ Program
ကိုတော့ ကျွန်တော်မတင်ပေးတော့ပါဘူး.....
မည်သည့် Version ကို မဆိုသွင်းလိုက်ပါ။ ထို့နောက်
တော့ အောက်ပါပုံအတိုင်းမှ


Tools ထဲမှ တဆင့် Drive Wiper ကိုဝင်လိုက်ပါ။
ဒီ့နောက်တော့ညာဘက်ခြမ်းမှာရှိသောMode
သုံးခုထဲမှာမှ ပထမဆုံး Mode ဖြစ်သော Wipe ဆိုသော
နေရာမှာ Free Space Only ဆိုတာကိုပဲရွေးချယ်ပေးလိုက်
ပါ။ဒီနောက် ဒုတိယ Option ဖြစ်တဲ့ Security မှာ Simple
Overwrite (1 pass) ဆိုတာကိုပဲရွေးချယ်ပေးလိုက်ပါ။
နောက်ဆုံး Option တစ်ခုဖြစ်တဲ့ Drives မှာကတော့
System Partition ဖြစ်တဲ့ Local Disk C: ဆိုတာကို
Check Box လေးမှာ Enable လုပ်ပေးလိုက်ပါ။ ပီးသွားရင်
တော့ Wipe ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။ ဒီနေရာမှာ
Wipe မလုပ်ခင် ကွန်ပျူတာရဲ့ System Partition ဖြစ်တဲ့
Driv e မှာရှိသော Free Space ကို အောက်ဖော်ပြပါပုံအတိုင်း
ဖော်ပြချင်ပါတယ်။




မှင်အနီနဲ့ ၀ိုင်းပြထားတဲ့နေရာကတော့ ကျွန်တော့်ကွန်ပျူတာအတွင်း
ရှိ System Partition ဖြစ်သော Drive C ထဲက Free Space (လက်ရှိ)
ဖြစ်ပါတယ်။ ဒီနောက် ကျွန်တော်တို့ Wipe Servcies ပီးသွားတဲ့အခါမှာ
တော့အောက်ပါပုံအတိုင်း




Free Space တိုးလာတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒီနည်းဟာ
ကျွန်တော်တို့ Window Platform ရဲ့ Thirt Party Utilities ဖြစ်
တဲ့ Disk Defragement နဲ့လည်း အသွင်တူပါတယ်.....ကဲအားလုံး
ပဲ အဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ နောက်ပိုင်းမှာလည်း
CC Cleanner ရဲ့ ကောင်းကွက်တွေအများကြီးကို ထပ်မံပီးတော့
ဖော်ပြခွင့်ရမယ်ဆိုရင် ဖော်ပြချင်ပါသေးတယ်... စာဖတ်သူတွေရဲ့
တောင်းဆိုမှုကလေးသာ မြင်ပါရစေ......

မြန်မာ့ အိုင်တီလောက အလျှင်အမြန် တိုးတက်ပါစေ....
ဒီ Post လေး ဖြစ်မြောက်ဖို့အတွက် Idea ပေးသော ကျွန်တော့်
ဆရာ ဦးရဲကြီးအား ဂုဏ်ပြုလျှက်
Cristiano Zarni@ ဦးဇာနည်

No comments:

Post a Comment