Wednesday, August 14, 2013

Combofix ဆိုတာဘာလည်း ? ? ?

Combofix ဆိုတာဘာလည်း ?



ကျွန်တော် ဒီ Program လေးအကြောင်းမပြောခင်မှာ ဒီ Program
လေးကို ကျွန်တော် ၂၀၀၇ ခုနှစ်လောက်ကတည်းက စွဲစွဲမြဲမြဲသုံးခဲ့
ပါတယ်။ ဘာကြောင့် သုံး၇သလည်း ? WHY ? အဖြေကရှင်းပါတယ်။
သာမာန် Virus ကိုက်တာလောက်ကတော့ ဒီကောင်လေးနဲ့သာတစ်
ချက် Run လိုက် စက်ထဲမှာ ၀င်နေတဲ့ Virus ရဲ့ 50 % က သေသွား
အောင် ဒီကောင်လေးက စွမ်းဆောင်နိုင်ပါတယ်။နောက်တစ်ခုက ဒီ
ကောင်လေးမှာက သာမာန် Anti Virus တွေလိုပဲ အမြဲတမ်း Update
ထွက်နေပါတယ်။ ဒါကြောင့် တစ်ခါဒေါင်းထားရုံနဲ့ အမြဲသုံးလို့ရမယ်
လို့ မဆိုလိုပါဘူး။ ဖြစ်နိုင်ရင်အကောင်းဆုံးက တစ်ကယ်သုံးမယ့်အချိန်
ကျမှ ဒေါင်းလုပ်ဆွဲယူတာပိုကောင်းပါတယ် File Size အားဖြင့်လည်း
သေးငယ်တဲ့ ပမာဏ ဆိုတော့ မြန်မာပြည်ရဲ့ Connection အနေနဲ့
လည်း လွယ်ကူစွာဒေါင်းယူနိုင်ပါတယ်။ကဲ စကားစပြတ်သွားပီထင်ပ
ဒီကောင်လေး Run ပုံလေး အကြမ်းဖျဉ်းရှင်းပြချင်ပါတယ်။၎င်းကို
ဒေါင်းပီးသွားလို့ စပီး RUN ပီဆိုတာနဲ့ အောက်ပါပုံအတိုင်းပေါ်
လာမှာဖြစ်ပါတယ်။



ဒါကတော့ လိုအပ်တဲ့ Registry ပိုင်းတွေကို Auto Backup
လုပ်နေတဲ့ပိုင်းပါ။ အဲဒိမှာတစ်ခုပြောချင်တာက ဒီ Program
လေးကို Run နေတဲ့အချိန်မှာ တစ်ခြား Program တွေကို
ပိတ်ထားဖို့လိုပါမယ်။ Save လုပ်စရာရှိတာတွေလည်း Save
လုပ်ထားပီး ဒီတစ်ခုတည်းကိုပဲ RUN ပါ။ နောက်ပီး သူက
CLI Mode ကနေအလုပ်လုပ်ပါမယ်။ နောက်တစ်ချက်
Explorer.exe ကို Process Kill လုပ်မှာဖြစ်ပါတယ်။
ဘာကြောင့် explorer.exe ကို Process Kill လုပ်ရသလည်း
ဆိုတော့ အချို့သော Virus တွေက explorer ပေါ်မှာ ၀င်ပီး
နေရာယူနေတဲ့အတွက်ကြောင့် explorer ကို Porcess kill
လုပ်လိုက်တာပါ။ကဲဆက်ရအောင်…
ထို့နောက်မှာတော့ အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။



ဒီအပိုင်းကတော့ Window ရဲ့ Recovery Console အောက်ကနေပီး
Run မှာဖြစ်ပါတယ်။ နောက်တစ်ချက် YES နဲ့ NO ပါ သူကတော့
အင်တာနက်ကော်နက်ရှင်ရှိရှိ မရှိရှိ NO ကိုသာ အဓိကရွေးချယ်ပေးပါ
ဒါဆိုရင် အောက်ကပုံအတိုင်း



လိုအပ်တဲ့အ ပိုငးတွေကို Auto Scan စစ်ပီး တွေ့သမျှ Virusများကို
Auto Kill လုပ်နေပါမယ်။ ဒီနေရာမှတစ်ခုပြောချင်တာက Stage 1
ကနေစပီါ် Stage 46 အထိသွားပါတယ်။ အချို့ Stage တွေမှာ
Stage 1_A, Stage 1_B ဆိုပီး အော်တိုလုပ်ဆောင်နေမှာပါ။
အဓိက စောင့်ရမှာက Stage 46 ပီးသွားတဲ့အထိပါ။ ထို့နောက်
Stage ၄၆ ပီးသွားတဲ့အချိန်မှာ Virus များအတွက် Log ဖိုင်ထုတ်
နေသည်။ ကျေးဇူးပြု၍ စက်ကိုမပိတ်ပါနဲ့ဆိုပီးအောက်ဖော်ပြပါပုံ
အတိုင်း



တက်လာပီဆိုရင် Desktop ကွန်ပျူတာဆိုရင် ပါဝါကို ဆတ်ခနဲ
ဆွဲဖြုတ်လိုက်ပါ။ Laptop ကွန်ပျူတာမှာဆိုလည်း ပါဝါခလုတ်ကို
ဖိနှိပ်ထားပေးပါ။ ဘာကြောင့် ဒီလိုလုပ်ရသလည်း ???????????
အချို့ ဗိုင်းရပ်စ်တွေက ၄င်းဖော်ပြပေးမယ့် Log Report ဖိုင်နဲ့
အတူ ပြန်ပီး ကပ်ညိပါလာလို့ဖြစ်ပါတယ်။ ဒါကတော့ Save Side
ကနေလုပ်တာပါ။ အ၇မ်းဗိုင်းရပ်စ်အနေအထားဆိုးတယ်ဆိုမှဒီ
နည်းကိုလုပ်ဆောင်ပါ အကယ်လို့ သိပ်အဆိုးကြီးမဟုတ်ဘူးဆို
ရင်တော့ ၄င်း Log Reporting Service ကို လွှတ်ထားပေးလိုက်ပါ
ဒါဆိုရင် အောက်ပါပုံအတိုင်း



Combofix က သမလိုက်တဲ့ ဗိုင်းရပ်များကို Location များဖြင့်တကွ
အတိအကျဖော်ပြပေးမှာဖြစ်ပါတယ်။ဒါဆိုရင် သင်စက်ထဲဝင်နေတဲ့
ဗိုင်းရပ်စ် ၅၀% သေသွားပါပီ ဒီနောက်မှာတော့ တစ်ခြား အန်တီ
ဗိုင်းရပ်စ် Program တစ်မျိုးမျိုးဖြင့် သို့မဟုတ် ဗိုင်းရပ်စ်နာမည်သိ
တယ်ဆိုရင် ၄င်း ဗိုင်းရပ်စအတွက် Remover တစ်ခုခုနဲ့ ထပ်မံ
ရှင်းလင်းပါက ပိုမိုအဆင်ပြေနိုင်ပါတယ်။ယခင် ၀င်းဒိုး ၇ မပေါ်ခင်
တုန်းက XP မှာတုန်းကဆို ကျွန်တော့်လက်စွဲတော် နှစ်ခုတည်းမှာ
ဒီ Combofix လေးရယ် နောက်ထပ် Dial-a-fix ဆိုတဲ့ ကောင်လေး
နှစ်ခုကတော့ ဘယ်နေရာသွားသွား စီးကရက်နဲ့ မီးခြစ်ဆောင်သွား
သလို ထည့်သွားရပါတယ်။ အများကြီး အာရုဏ်စားမှုမရှိတော့ဘူးပေါ့
ဗိုင်းရပ်စ်ပြဿအတွက်…

Combofix Program ရဲ့ Update Link ကိုတော့ဒီနေရာကနေသွားယူမယ်
လေးစားစွာဖြင့်

အာရှသား

No comments:

Post a Comment