Friday, August 16, 2013

BCCode 0x000000D1 ဖြင့် ၁၀ မိနစ်ကခုန်ခြင်း

အားလုံးလည်းကြားဖူးမှာပါ ကွန်ပျူတာ Screen မှာ အပြာ
ရောင်ကြီးပေါ်လာတယ်။ စာတွေလည်းအများကြီးပဲဘာဒွေ
မှန်းလည်းမသိဘူးဆိုတဲ့အရာကိုခေါ်တာကတော့ Blue
Screen of Dead ဖြစ်ပါတယ်။ သူ့ကို အတိုကောက်ကတော့
BSOD လို့ခေါ်သလို Code တွေကိုပြောချင်ရင်တော့ BCCode
လို့ပြောပါတယ်။သူ့မှာတစ်ချက်မှတ်သားရမယ့် Code နံပါတ်
ကတော့ 0x ဆိုတာကတော့ သာမာန်နံပါတ်ပါတယ် တစ်ကယ်
တန်းဖြေရှင်းချက်အတွက်အလုပ်လုပ်မယ့် Code ကတော့
နောက်ဆုံး Digit  နှစ်လုံးဖြစ်ပါတယ်။ ဒါကြောင့် Blue Screen
Error တက်လာပီဆိုရင် Services သမားအများစုသိချင်တာက
နောက်ဆုံး ကုဒ်နံပါတ် နှစ်လုံးကိုဖြစ်ပါတယ်။ အခုကျွန်တော်ပြော
မယ့် Error Code အကြောင်းကတော့ D1 ဖြစ်ပါတယ်။ရှင်းလင်း
မယ့်ပုံစံကတော့ သင့်ကွန်ပျူတာရဲ့ ပါဝါကိုဖွင့်လိုက်ပါ ပီးသွားရင်
ကီးဘုတ်ကနေ F8 ကီးကိုနှိပ်ပီး အောက်ပါပုံအတိုင်း Window
Diagonastic Mode ထဲကိုဝင်ပေးပါ ပီးသွားရင်တော့ အောက်
ဖော်ပြပါအတိုင်း


Last Known Good Configuration Mode ထဲကိုဝင်ပီး ၀င်းဒိုး
တက်လိုက်ပါ။ ဒါဆိုရင် သင့်ဝင်းဒိုး System ထဲကို ရောက်သွား
ပါလိမ့်မယ်။ ဘာကြောင့်  Blue Screen တက်လာတာကို RAM
HDD Replacement မလုပ်သလည်းလို့ မေးကောင်းမေးနိုင်ပါ
တယ်။ ဒီနေရာမှာတစ်ခုပြောချင်တာက Blue Screen Error
တက်လာတိုင်း Memory Dump ဖြစ်တာမဟုတ်ပါဘူ။ အများစု
ကတော့ ဒီလို ပြဿနာပေါ်လာပီဆိုရင် Memory ဖြုတ်ပီး ပြန်
တပ်လိုက်ကောင်းသွားမယ် လို့ပဲ ပြောတာများပါတယ်။ အခု
ဒီ ပြဿနာမှာ ဒီလို Memory Replacement လုပ်လို့ ပြန်
မကောင်းနိုင်ပါဘူး ဒါကြောင့် ကျွန်တော်က Safe Mode ကနေ
တစ်ဆင့် Last Known Good Configuration Mode ထဲကို
ဝင်ခိုင်းတာပါ.. ကဲ ဆက်လိုက်ရအောင်....
ခုနက သင်ဝင်လိုက်တဲ့ Mode ကနေတဆင့် ၀င်းဒိုးတက်လာပီ
ဆိုရင် ဘာတွေလုပ်ဆောင်ရမလည်းဆိုတော့ အရင်ဆုံး Start
ထဲကနေ CMD ကို Right Click နှိပ်ပီး Run As Administrator
အနေနဲ့ Run လိုက်ပါ။ ပီးသွားရင်တော့ >sfc /scannow  ဆို
ပီး အောက်ပါပုံအတိုင်းရိုက်ထည့်ပီး Enter ခေါက်လိုက်ပါ။


သူ့မှာ လုပ်ဆောင်ချက်က 100% ပီးအောင်လုပ်ဆောင်နေပါလိမ့်မယ်
ပီးရာနှုန်းပြည့်လုပ်ဆောင်ပီးသွားပီဆိုရင်တော့ မိမိစက်ထဲမှာ ရှင်းစရာ
ရှိတာရှင်း လင်းစရာရှိတာလင်းပီး စက်ကို Restart ချလိုက်ပါ။ ဒါဆိုရင်
သူခုနက မြင်ရမယ့် BCCode 0x000000D1 ဆိုတဲ့ အပြာရောင်
မျက်နှာပြင်ကြီးနဲ့ Error တက်လာမှာမဟုတ်တော့ပါဘူး...ဒီလောက်ဆို
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ နောက်များမှာလည်း ကျွန်တော့ရဲ့
အာရှသားဘလော့လေးထဲမှာ ကျွန်တော်ကြုံသမျှ Error များကို ဘယ်လို
ဖြေရှင်းခဲ့တယ်ဆိုတာလေးကို အလျင်းသင့်လျင်သင့်သလို တင်ပေးသွား
မှာဖြစ်ပါတယ်။ ဘာလို့လည်း ဆိုတော့ ကျွန်တော်က အ၇မ်းစမ်းလို့ပါ။
အခုဒီ Post ကိုရေးတာတောင် မရေးခင်မှာ Master Boot Record(MBR)
 ကို ကလိရင်းကနေ ကျွန်တော့် ကွန်ပျူတာလေး ဂေါက်သွားလို့ မနည်း
ပြန်လုပ်ထားတာပါ။ ကဲ အားလုံးပဲ နည်းပညာတွေဒီထက်မက တိုးတက်
ပါစေလို့ဆုမွန်ကောင်းတောင်းရင်း......

အာရှသား
Cristiano Zarni@ ဦးဇာနည်

No comments:

Post a Comment